Ong Bangkok

Ong Bangkok ⛱️ 𝙔𝙤𝙪𝙧 𝙏𝙧𝙪𝙨𝙩 𝙏𝙧𝙖𝙫𝙚𝙡𝙡𝙞𝙣𝙜 𝙋𝙖𝙧𝙩𝙣𝙚𝙧 ✈️ ငွေလဲငွေထုတ်နှင့် ထိုင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း

🇹🇭 ဘန်ကောက်မြို့ရှိ ကြီးမားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ အခမဲ့ဝင်ရောက်နိုင်သော ဘုရားကျောင်း ✨Wat Arun မှာ ခ...
08/06/2026

🇹🇭 ဘန်ကောက်မြို့ရှိ ကြီးမားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ အခမဲ့ဝင်ရောက်နိုင်သော ဘုရားကျောင်း ✨

Wat Arun မှာ ခရီးသွားလူအုပ်ကြီး တိုးလို့ခွေ့လို့ ဝပြီဆိုရင် ယခု Wat Paknam Phasi Charoen ဘုရားကျောင်းကို သွားကြည့်ပါ။ ဘုရားကျောင်းသည် 100% အခမဲ့ဝင်ရောက်နိုင်ရုံသာမက ရင်သပ်ရှုမောဖွယ်ကောင်းသော ၆၉ မီတာအမြင့်ရှိ ဧရာမရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ သီတင်းသုံးရာလည်းဖြစ်သည်။

ဘုရားကျောင်းဝင်းအတွင်းသို့ အခမဲ့ဝင်လို့ရသော်လည်း Big Buddha ၏ အရွယ်အစားကို ဖူးမျှော်ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းမှာ တူးမြောင်းတစ်လျှောက် ရိုးရာလှေစီးခြင်းပဲ ဖြစ်ပါသည်။

⛵️လှေစီးမယ်ဆို ဘတ် ၅၀၀ ခန့်အကုန်အကျခံရုံနဲ့ ရှေးဟောင်းတူးမြောင်းများတစ်လျှောက် လှည့်လည်ကြည့်ရှုပြီး ဘုရားကြီး၏ အကောင်းဆုံး Photo Scene ရှုထောင့်များကို ရှုခင်းကောင်းကောင်းဖြင့် လှေပေါ်မှာ စိတ်အေးလက်အေး ဖူးမျှော်နိုင်ပါမည်။

🚇MRT နဲ့ဆိုရင် Blue line ကိုစီးပြီး Bang Phai ဘူတာ (Exit 2) တွင် ဆင်းပါ။
ထိုမှ မိနစ် ၁၂ ခန့် လမ်းလျှောက်၍ သို့မဟုတ် တုတ်တုတ်စီး၍ ဘုရားကျောင်းဝင်ပေါက်သို့ ရောက်နိုင်ပါသည်။

နောက်ဆုံးပုံမှာ မင်မင် အဇမ်းချောနေတာလေးတော့ မပါမဖြစ်မို့ ခွင့်လွှတ်ပါ။😜

ဘန်ကောက်ကွန်ဒို 2 Bedrooms နှစ်ခန်းရက်တိုအငှားအားပေးတဲ့ ချစ်ဧည့်သည်အဖွဲ့နဲ့အမှတ်တရလေးပါ။ ဘန်ကောက်မှာ ဆေးလာကုရင်း ကျောင်း...
07/06/2026

ဘန်ကောက်ကွန်ဒို 2 Bedrooms နှစ်ခန်းရက်တိုအငှားအားပေးတဲ့ ချစ်ဧည့်သည်အဖွဲ့နဲ့အမှတ်တရလေးပါ။
ဘန်ကောက်မှာ ဆေးလာကုရင်း ကျောင်းတက်နေတဲ့ ကလေးတွေနဲ့လည်း ဆုံရင်း အရမ်းခင်တတ်တဲ့ တို့ရဲ့ Customer ကြီးတွေ၊😚 ခုလိုသိခွင့်ရတာလည်း ဝမ်းသာမိပါတယ်။

ကျန်းမာသက်ရှည်ပြီး နောက်ထပ်ဘန်ကောက်ခရီးစဉ်တွေမှာလည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ခင်မျာ။👋👋

(ပုံများယူသုံးခွင့်မပြုပါ။ ဧည့်သည်ခွင့်ပြုချက်ဖြင့်သာ အမှတ်တရတင်ပါသည်။)

🌧🌧 🌧🌧 🌧🌧
ဧည့်သည်တော်များအနေနဲ့ ယခုမိုးတွင်းကာလမှာ မဖြစ်မနေ ထိုင်းနိုင်ငံသို့လာရောက်မည်ဆိုပါက ... ခရီးစဉ်တွေချောချောမွေ့မွေ့နဲ့ အေးချမ်းစွာအနားယူနိုင်ဖို့ ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ထားဖို့တော့ လိုမယ်နော်။
လေယာဉ်လက်မှတ်မှစ၍ အနားယူတည်းခိုဖို့ တိုက်ခန်း/ကွန်ဒိုခန်းရက်တိုအငှားများ၊ မြို့တွင်းမြို့ပြင်လည်ပတ်ရင်နှင့် လေဆိပ်ကြိုပို့ကားစင်းလုံးငှားများ၊ နေ့ချင်းပြန်ခရီးစဉ်များ Join Tour များကို တစ်နေရာထဲမှာ စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ခင်မျာ။ 🤗💞
အသေးစိတ် လိုအပ်သည်များကိုလည်း Page Chatbox မှာ မေးမြန်းစုံစမ်းနိုင်ပါပြီ။ 🥳
ကျနော်တို့ Tour နဲ့ ချိတ်ဆက်လည်ပတ်ဖူးတဲ့ ဧည့်သည်တွေရဲ့ Reviews တွေကိုလည်း Page ထဲ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ 🥳🤩

ပုဂံ Pre Wedding တွေ၊ ကလော Pre Wedding တွေခေါက်ထားလိုက်🤔ဘန်ကောက်မှာ ဒါမျိုးထိုင်းရိုးရာအထည်လေးတွေနဲ့ ဆယ်ဘတ်တန်ဘုရား (Wat...
05/06/2026

ပုဂံ Pre Wedding တွေ၊ ကလော Pre Wedding တွေခေါက်ထားလိုက်🤔
ဘန်ကောက်မှာ ဒါမျိုးထိုင်းရိုးရာအထည်လေးတွေနဲ့ ဆယ်ဘတ်တန်ဘုရား (Wat Arun) မှာ အမှတ်တရစုံတွဲပုံရိုက်သွားကြည့်ပါလား။😍

ဝင်ကြေး+ဝတ်စုံဖိုး+Camera Man ငှားခအပြီးစီးမှတစ်ယောက်စာ ဘတ်တစ်ထောင်တောင်မကျဘူး။ အရမ်းတန်😱အရမ်းမိုက်☺️မင်မင်တော့ ကိုယ့်ဧည့်သည်လေးတွေကြည့်ပြီး အရမ်းသဘောကျနေရောပဲ။

Ticket ဝယ်ချင်တဲ့သူတိုင်းကိုလည်း ဒီ Combo မပါမဖြစ်ညွှန်းဖြစ်ပါတယ်။ ဘန်ကောက်ရောက်ရင် Try ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်။😘

(ပုံများယူသုံးခွင့်မပြုပါ။ ဧည့်သည်ခွင့်ပြုချက်ဖြင့်သာ အမှတ်တရတင်ပါသည်။)

🌧🌧 🌧🌧 🌧🌧
ဧည့်သည်တော်များအနေနဲ့ ယခုမိုးတွင်းကာလမှာ မဖြစ်မနေ ထိုင်းနိုင်ငံသို့လာရောက်မည်ဆိုပါက ... ခရီးစဉ်တွေချောချောမွေ့မွေ့နဲ့ အေးချမ်းစွာအနားယူနိုင်ဖို့ ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ထားဖို့တော့ လိုမယ်နော်။
လေယာဉ်လက်မှတ်မှစ၍ အနားယူတည်းခိုဖို့ တိုက်ခန်း/ကွန်ဒိုခန်းရက်တိုအငှားများ၊ မြို့တွင်းမြို့ပြင်လည်ပတ်ရင်နှင့် လေဆိပ်ကြိုပို့ကားစင်းလုံးငှားများ၊ နေ့ချင်းပြန်ခရီးစဉ်များ Join Tour များကို တစ်နေရာထဲမှာ စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ခင်မျာ။ 🤗💞
အသေးစိတ် လိုအပ်သည်များကိုလည်း Page Chatbox မှာ မေးမြန်းစုံစမ်းနိုင်ပါပြီ။ 🥳
ကျနော်တို့ Tour နဲ့ ချိတ်ဆက်လည်ပတ်ဖူးတဲ့ ဧည့်သည်တွေရဲ့ Reviews တွေကိုလည်း Page ထဲ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ 🥳🤩

04/06/2026

Just a normal in Bangkok🇹🇭
ဘန်ကောက်ကို မိုးတွင်းလာပြီး Google Map လေး တကြည့်ကြည့်နဲ့ ဒီလိုနေရာမျိုးတွေရောက်မသွားချင်ရင် ကျွန်တော်တို့ဆီ ကြိုချိတ်ထားမှ စိတ်ချမ်းသာရလိမ့်မယ်ဗျာ😜

🌧🌧 🌧🌧 🌧🌧
ဧည့်သည်တော်များအနေနဲ့ ယခုမိုးတွင်းကာလမှာ မဖြစ်မနေ ထိုင်းနိုင်ငံသို့လာရောက်မည်ဆိုပါက ... ခရီးစဉ်တွေချောချောမွေ့မွေ့နဲ့ အေးချမ်းစွာအနားယူနိုင်ဖို့ ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ထားဖို့တော့ လိုမယ်နော်။
လေယာဉ်လက်မှတ်မှစ၍ အနားယူတည်းခိုဖို့ တိုက်ခန်း/ကွန်ဒိုခန်းရက်တိုအငှားများ၊ မြို့တွင်းမြို့ပြင်လည်ပတ်ရင်နှင့် လေဆိပ်ကြိုပို့ကားစင်းလုံးငှားများ၊ နေ့ချင်းပြန်ခရီးစဉ်များ Join Tour များကို တစ်နေရာထဲမှာ စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ခင်မျာ။ 🤗💞
အသေးစိတ် လိုအပ်သည်များကိုလည်း Page Chatbox မှာ မေးမြန်းစုံစမ်းနိုင်ပါပြီ။ 🥳
ကျနော်တို့ Tour နဲ့ ချိတ်ဆက်လည်ပတ်ဖူးတဲ့ ဧည့်သည်တွေရဲ့ Reviews တွေကိုလည်း Page ထဲ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ 🥳🤩

02/06/2026

🌈တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခမ်းနားစွာ ကျင်းပမယ့် ၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံရဲ့ Pride Month ပွဲတော်များ

ထိုင်းနိုင်ငံဟာ LGBTQIAN+ အသိုင်းအဝိုင်းရဲ့ မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့် ဇွန်လ Pride Month အထိမ်းအမှတ်ပွဲတွေကို ဘန်ကောက် အပါအဝင် နိုင်ငံတစ်ဝန်းက ဒေသအသီးသီးမှာ အုန်းအုန်းကျွက်ကျွက် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်မှာတော့ "Patch the World with Pride" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အရောင်စုံလင်စွာပါဝင်မယ့် စီတန်းလှည့်လည်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ အနုပညာပြပွဲတွေနဲ့ ဆွေးနွေးပွဲတွေကို ကဏ္ဍစုံ လှုပ်ရှားမှုတွေနဲ့ တစ်လလုံး စည်ကားသိုက်မြိုက်စွာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ဒေသအလိုက် ပွဲတော်ကျင်းပမယ့် ရက်စွဲနဲ့ တည်နေရာ အချက်အလက် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘန်ကောက်
🔶Bangkok Pride Festival 2026: မေလ ၃၁ ရက် (မွန်းလွဲ ၂ နာရီမှ ည ၁၀ နာရီ)။ Nararom လမ်းဆုံ၊ Thaniya လမ်းသွယ် (Silom လမ်း)၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ Siam Paragon နှင့် Lido Connect (ရာမ ၁ လမ်း)တို့မှ အသီးသီး ထွက်ခွာပြီး Thephasadin Stadium သို့ ချီတက်မည်။
🔶BANGKOK PRIDE 2026 — Awards & Forum: မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်အထိ။ Siam Paragon ၊ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာ (BACC)၊ NEXTOPIA၊ SCBX နှင့် Siam Center
🔶CentralwOrld WE ARE MANY: PROUD TO BE PRIDE: မေလ ၃၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ။ CentralwOrld ကုန်တိုက်။
🔶ONE BANGKOK ONE PRIDE ONE RUN 2026: ဇွန်လ ၇ ရက်။ One Bangkok။
🔶Dontri Seri Phet: ဇွန်လ ၁၃ ရက် (မွန်းလွဲ ၂ နာရီမှ ည ၈ နာရီ)။ ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာ (BACC) ၁ ထပ်။
🔶We All Pride Thailand 2026 @ Bangkapi: ဇွန်လ ၂၀ ရက်။ NIDA အင်စတီကျုမှ The Mall Lifestore Bangkapi အထိ။

အလယ်ပိုင်းဒေသ
🔶Ayutthaya Pride 2026: ဇွန်လ ၁၃ ရက် (ညနေ ၄ နာရီမှစ၍)။ အယုဒ္ဓယစက်မှုနည်းပညာကောလိပ်မှ အယုဒ္ဓယမြူနီစီပယ်ရုံးရှေ့အထိ။
မြောက်ပိုင်းဒေသ
🔶Phayao Pride Festival 2026: ဇွန်လ ၂၆ ရက်မှ ၂၇ ရက်အထိ။ Phayao ၊ Mueang Phayao ခရိုင်၊ Kwan Phayao

အရှေ့မြောက်ပိုင်းဒေသ
🔶Loei Pride Month 2026: ဇွန်လ ၆ ရက်။ Loei ၊ Mueang Loei ခရိုင်၊ K*t Pong ပန်းခြံ
🔶Pride of ISAN @ The Mall Korat: ဇွန်လ ၆ ရက်မှ ၇ ရက်အထိ။ Nakhon Ratchasima ၊ The Mall Korat ကုန်တိုက်။

အရှေ့ပိုင်းဒေသ
🔶Circuit Festival Asia 2026: ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ။ ချွန်ပူရီ ၊ ပတ္တရားရှိ The Zign Hotel။
🔶Pattaya International Pride Festival 2026: ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ။ ချွန်ပူရီ၊ ပတ္တရားကမ်းခြေလမ်း။

တောင်ပိုင်းဒေသ
🔶Phuket Pride Festival 2026 (နေရာစုံ): မေလ ၂၉ ရက်မှ ၃၁ ရက်အထိ - ဖူးခက်၊ Kathu ခရိုင်၊ Patong ကမ်းခြေ ရဲကင်းဘေးကွင်းပြင်။
ဇွန်လ ၄ ရက် - Simon Cabaret Phuket။
ဇွန်လ ၅ ရက် - Jungceylon Shopping Mall။
ဇွန်လ ၇ ရက် - Patong ကမ်းခြေ ။
🔶Trang Pride 2026: ဇွန်လ ၁၃ ရက်။ Trang ၊ Mueang Trang ခရိုင်၊ Robinson Trang
🔶Krabi Pride 2026: ဇွန်လ ၂၀ ရက်။ Krabi
🔶Hat Yai Pride Festival 2026: ဇွန်လ ၂၇ ရက်မှ ၂၈ ရက်အထိ။ Songkhla ၊ Hat Yai ခရိုင်ရှိ Diana Cineplex။



🌧🌧🌧🌧🌧🌧
ကျွန်တော်တို့၏ ဧည့်သည်တော်များအနေနဲ့ ယခုကာလမှာ မဖြစ်မနေ ထိုင်းနိုင်ငံသို့လာရောက်မည်ဆိုပါက ...
💞Flight Ticket များ စောစောစီးစီးအမြန်ကြိုဝယ်ပါ။
💞Show Money (or) ထိုင်းနိုင်ငံတွင်းသုံးဖို့ ဘတ်ငွေများကြိုလဲထားကြပါ။
💞ရှေရှည်နေမည့်သူများ Visa ကိစ္စများအတွက် အမြန်ဆောင်ရွက်ပါ။
💞ရေတိုနေမည့်သူများ Booking Accommodation များ အမြန်စီစဉ်ကြပါ။
ကျွန်တော်တို့ Tour မှ Flight Ticket ဝယ်မည့်ဧည့်သည်များ၊ အခန်ငှားဘိုကင်တင်မည့်ဧည့်သည်တော်များအနေနဲ့လည်း ကိုယ့်ရဲ့ Trip plan confirm ပြီဆိုရင် အမြန်လေး Confirm လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ 🫩
ကွန်ဒို တိုက်ခန်းငှားမည့်ဧည့်သည်များအနေနဲ့လည်း ဘတ်ဈေးအရမ်းမတက်ခင် ငွေချေစရာရှိတာချေထား၊ ဘတ်လဲစရာရှိတာလဲထားကြပါဦးခင်မျာ။ တိုင်ပင်ဦးမယ့်သူတွေ၊ ချန်ခိုင်းထားတဲ့သူတွေထပ် ပိုကျိန်းသေမယ့်ဧည့်သည်ကို ဦးစားပေးရတာတွေကိုလည်း နားလည်ပေးစေလိုပါတယ်။🙏
အသေးစိတ်သိရှိလိုသည်များကိုလည်း Page Chatbox မှာ မေးမြန်းစုံစမ်းနိုင်ပါပြီ။ 🥳
ကျနော်တို့ Tour နဲ့ ချိတ်ဆက်လည်ပတ်ဖူးတဲ့ ဧည့်သည်တွေရဲ့ Reviews တွေကိုလည်း Page ထဲ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ 🥳

🇲🇲 မင်္ဂလာပါ 🇹🇭 ဆဝါဒီခ 🙏လတစ်လရဲ့ ပထမဆုံးရက်လေးမှာ ဘတ်အရောင်းအဝယ်ပြန်စပါပြီခင်မျာ🙏💸ယနေ့ June 1st, 2026 (Monday) ဘတ်ဈေး Up...
01/06/2026

🇲🇲 မင်္ဂလာပါ 🇹🇭 ဆဝါဒီခ 🙏
လတစ်လရဲ့ ပထမဆုံးရက်လေးမှာ ဘတ်အရောင်းအဝယ်ပြန်စပါပြီခင်မျာ🙏

💸ယနေ့ June 1st, 2026 (Monday) ဘတ်ဈေး Update 🇹🇭
📈 ဘတ်​ပေး ကျပ်ယူ 766ဘတ် = 1 သိန်း ကျပ်
📈 ကျပ်ပေး ဘတ်ယူ 1 သိန်း ကျပ် = 754 ဘတ်

🇹🇭 ယနေ့ထိုင်းထီထိုးထားသူများလည်း ဘတ်သန်းဆုကြီးပေါက်ကြပါစေ 🇹🇭
⚠️ ဈေးနှုန်းများသည် နေ့စဉ်အပြောင်းအလဲရှိနိုင်ပါသဖြင့် ငွေမလွှဲခင် ဈေးနှုန်းပြန်မေးပေးပါ ခင်မျာ။ အများစျေးရှိပါတယ်။ 🙏
⚠️ ကျွန်တော့်ဆီမှ ဘတ်ငွေပဲဖြစ်ဖြစ် ကျပ်ငွေပဲဖြစ်ဖြစ် ငွေသန့်ကြောင်းအာမခံပါတယ်ခင်ဗျာ။ အကောင့်ပိတ်တာဘာညာလုံးဝမရှိလို့ ယုံကြည်စိတ်ချစွာ လဲလှယ်နိုင်ပါတယ်ခင်မျာ။
💳 ဘာကြောင့်ပိုယုံကြည်သင့်လဲဆိုရင် Face to Face လဲပေးတဲ့အတွက်ကြောင့်ပါ။ ဘတ်ငွေသောင်းဂဏန်း မြန်မာငွေသိန်းရာဂဏန်းအထိ အမြန်ဆုံးရအောင်ဆောင်ရွက်ပေးသေးတယ်နော်။
🛡️ဒီထပ်ပိုပြီး ယုံကြည်ရမရကိုတော့ Page ထဲသာ ဝင်ရောက်လေ့လာကြည့်လိုက်ပါတော့ခင်မျာ။

☎️Contact: +66 81 082 8081, +959 762654397
🏫Address: Soi Bangna-Garden 4, Bangna-Trat Road, Ban Bang Sao Thong, Thailand, 10540.
#ကျပ်လဲ #ဘတ်လဲ

16/05/2026

ဘန်ကောက်မှာ ကုန်တင်ရထားနှင့် ခရီးသည်တင် Bus ကား တိုက်မိပြီး Bus ကားမီးလောင်မှုဖြစ်ပွား၊ Bus ကားပေါ်မှ အနည်းဆုံးခရီးသည် လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ🥶😱

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Asoke - Rama 9 လမ်းပိုင်း၊ Makkasan ရပ်ကွက်အတွင်းရှိ လေဆိပ်ရထားလိုင်း (Airport Rail Link) တံတားအောက်တွင် ယနေ့ မွန်းလွဲပိုင်းက ကုန်တင်ရထားတစ်စီးနှင့် ခရီးသည်တင် Bus ကားတစ်စီး ပြင်းထန်စွာ တိုက်မိပြီး လိုင်းကား မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန် ကုန်တင်ရထားနှင့် တိုက်မိခဲ့သည့် Bus ကားမှာ အရှိန်လွန်ကာ တံတားတိုင်ကို ပြင်းထန်စွာ ဝင်တိုက်မိခဲ့ပြီးနောက် ကားတစ်စီးလုံး မီးကူးစက်လောင်ကျွမ်းကာ ကောင်းကင်ယံသို့ မီးခိုးလုံးကြီးများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အနီးနားရှိ အရပ်သားပိုင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်အမြောက် အမြားကိုပါ ရထားတိုက်မှုအရှိန်ကြောင့် ရိုက်ခတ်မိကာ ထိခိုက်ပျက်စီးမှုများနှင့် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာကာ မီးငြှိမ်းသတ်ခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရသည်။
ကနဦး စစ်ဆေးချက်များအရ Bus ကားပေါ်တွင် ပါရှိသည့် ခရီးသည်များအနက် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကိုမူ အနီးနားရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
လက်ရှိတွင် အာဏာပိုင်များက အဆိုပါ ရထားလမ်းဆုံ၌ တိုက်မိရသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။ 🙏

BANGKOK - Today (May 16, 2026) at 3:42 PM, a bus caught fire near Makkasan Airport Rail Link station on Asoke-Din Daeng Road following a train collision. Several people were initially reported injured or trapped.

Credit to: Stay in Thailand

14/05/2026

🌧🌧 မိုးတွင်းမှာ ဘန်ကောက်ကိုလာမယ်ဆိုရင် တမျိုးလေးပျော်ဖို့ကောင်းတာမှန်ပေမဲ့ ခရီးစဉ်တွေချောချောမွေ့မွေ့နဲ့ အေးချမ်းစွာအနားယူနိုင်ဖို့ ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ထားဖို့တော့ လိုမယ်နော်။

လေယာဉ်လက်မှတ်မှစ၍ အနားယူတည်းခိုဖို့ တိုက်ခန်း/ကွန်ဒိုခန်းရက်တိုအငှားများ၊ မြို့တွင်းမြို့ပြင်လည်ပတ်ရင်နှင့် လေဆိပ်ကြိုပို့ကားစင်းလုံးငှားများ၊ နေ့ချင်းပြန်ခရီးစဉ်များ Join Tour များကို တစ်နေရာထဲမှာ စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ခင်မျာ။ 🤗💞

အသေးစိတ် လိုအပ်သည်များကိုလည်း Page Chatbox မှာ မေးမြန်းစုံစမ်းနိုင်ပါပြီ။ 🥳
ကျနော်တို့ Tour နဲ့ ချိတ်ဆက်လည်ပတ်ဖူးတဲ့ ဧည့်သည်တွေရဲ့ Reviews တွေကိုလည်း Page ထဲ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ 🥳🤩

12/05/2026

ထီးမမေ့ကြနဲ့နော်⛈️☔

ဒီရက်တွေအတွင်း ထိုင်းတစ်နိုင်ငံလုံး မိုးသက်လေပြင်းကျခြင်းနှင့် မိုးကြီးခြင်းများကို အထူးဂရုပြုရန် လိုအပ်နေပါသည်။ တရုတ်နိုင်ငံဘက်မှ တိုးဝင်လာသော လေဖိအားကြီးရပ်ဝန်းသည် အရှေ့တောင်ဘက်မှ လေပူများနှင့် ထိတွေ့မိရာမှ ထိုင်းနိုင်ငံအထက်ပိုင်းတွင် မိုးသက်လေပြင်းများ ကျရောက်စေမည်ဖြစ်ပြီး၊ တောင်ဘက်ပိုင်းတွင်လည်း အနောက်တောင်မုတ်သုံလေကြောင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း၊ ထို့အပြင် မိုးနှင့်ပူပြင်းသော ရာသီဥတု အကူးအပြောင်းကြောင့် ကျန်းမာရေး ထိခိုက်မှုမရှိစေရန်လည်း အထူးဂရုစိုက်သင့်ကြောင်း သတင်းများအရ သိရပါသည်။ 💦🌧

Address

Soi Bangna-Garden 4, Bangna-Trat Road
Mogaung
10540

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 13:00

Telephone

+959966109110

Website

Alerts

Be the first to know and let us send you an email when Ong Bangkok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share