Thai-Myanmar Western Union

Thai-Myanmar Western Union 🙏🤝ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့WUဖြင့်အခမဲ့ငွေလွဲဝန်ဆောင်
မှု့ မှကြိုဆိုပါတယ်ဗျ🤝🙏

ငွေလွှဲခ (0)ဘတ်ဖြင့်ထိုင်းမှမြန်မာနိုင်ငံသို့ငွေလွှဲမယ်ဆို Western Union KYCစမတ်ချင်ရင်chat boxသို့လာခဲ့ပါ��

03/07/2026

🌈 ICONSIAM 🌈 Drone မီးအလှ

16/05/2026

ထိုးထားတာနဲ့ထွက်တာတခြားစီဘဲ😂🤣😂

10/04/2026

စိတ်ထားတတ်မှကုသိုလ်ရ🙏🙏

27/09/2025

Wu ဖြင့်ထိုင်းKTB ဘဏ်မှ KBZဘဏ်အကောက်ထဲတိုက်ရိုက်ငွေလွဲနည်း

04/07/2025

QR Code ဖြင့်ငွေချေခြင်း ပြန်လည်ရရှိဖို့ အနည်းဆုံး 15ရက်မှ ၁လ ကြာပါမယ်ခင်ဗျာ။ လောလောဆယ် Kasikorn ဘဏ်နဲ့သာ တိုက်ရိုက်ငွေချေနိုင်ပါမယ်။.

😩😩😩
01/07/2025

😩😩😩

 #အိမ်တစ်အိမ်  #ဘာလို့ဆင်းရဲရတာလဲ-?********************ဖတ်ကြည့်နော်... #အိမ်တစ်အိမ်ကို ဆင်းရဲစေတဲ့အချက်( ၅ )ချက် ရှိပါတယ...
01/07/2025

#အိမ်တစ်အိမ်
#ဘာလို့ဆင်းရဲရတာလဲ-?
********************
ဖတ်ကြည့်နော်...

#အိမ်တစ်အိမ်ကို ဆင်းရဲစေတဲ့
အချက်( ၅ )ချက် ရှိပါတယ်။

၁။ခေါင်က မလုံတဲ့ အိမ်
*********************
#အိမ်တစ်အိမ်မှာ ခေါင်က မလုံရင်...
မိုးယိုမယ်။
ဒုက္ခရောက်မယ်။

ဒီသဘော အတိုင်းပါပဲ။
ခေါင်နဲ့ တူတဲ့ မိဘ အကြီးအကဲတွေ
အသုံးမကျတဲ့ အိမ်ဟာလည်း
ဆင်းရဲမှာပါပဲ။

အ ဖေ လုပ်တဲ့သူက
အရက်ကလေး တမြမြနဲ့
ဇိမ်ကျနေမယ်။

အ မေ လုပ်သူက
နှစ်လုံး သုံးလုံး တွက်ပြီး
ထိုးကွက် ရှာနေမယ်ဆိုရင်တော့...
သေချာပါတယ်
အဲဒီအိမ်မှ မမွဲရင်
ဘယ်အိမ်မှ မွဲမှာ မဟုတ်တော့ပါဘူး။

၂။မီးဖိုချောင် မလုံတဲ့ အိမ်
**********************
ငွေထွက်ပေါက် အစ
မီးဖိုချောင်ကလို့ ဆိုပါတယ်။

#အိမ်တစ်အိမ်မှာ...
ငွေထွက်အများဆုံး နေရာဟာ
မီးဖိုချောင်ပါ။

စား ဝတ် နေရေး သုံးပါးမှာလည်း
အစားက
ထိပ်ဆုံးနေရာမှာ ပါနေပါတယ်။

အဝတ် မရှိဘူးလား ??
ရှိတာလေးနဲ့
လှအောင်ဝတ်လို့ ရပါတယ်။

နေတဲ့အိမ်
ဘယ်လောက်ပဲ စုတ်စုတ်
ကျောတစ်ခင်းစာ ရှိရင်
အဆင်ပြေပါတယ်။

ဒါပေမဲ့
အစာ မစားဘဲကျတော့
နေလို့ မရဘူးလေ။

ဒီတော့ မီးဖိုချောင်က
ငွေထွက်အများဆုံးနေရာ ဖြစ်နေတာ
မဆန်းပါဘူး။

ဒီလို
ငွေထွက်အများဆုံးနေရာဖြစ်တဲ့
မီးဖိုချောင်ကို
သေသေချာချာ မစီမံနိုင်
မခန့်ခွဲနိုင်တဲ့ အိမ်ဟာလည်း
ဆင်းရဲမှာပါပဲ။

၃။မိသားစုထဲမှာ
ရေသာခိုလိုက်နေတဲ့သူတွေ ရှိတဲ့အိမ်
******************************
#ကျွန်တော်တို့ အဘိုး အဘွားတွေ
ခေတ်က...
အဘိုးတစ်ယောက်တည်း ငွေရှာရုံနဲ့
ကျန်တဲ့ တစ်မိသားစုလုံး
စားလို့ "ရ"ခဲ့ပါတယ်။

ဒီနေ့ ကုန်စျေးနှုန်းနဲ့ ဆိုရင်တော့
ဒီအကြောင်းတွေက
ယုံတမ်း ပုံပြင်တွေ ဖြစ်ကုန်ပါပြီ။

ဒီနေ့ခေတ်ကတော့...
အိမ်ရှိလူကုန်
အလုပ်ကိုယ်စီ လုပ်နေတာတောင်
မနည်း လောက်ငှအောင်
သုံးစွဲနေရတဲ့ ခေတ်ပါ။

ဒီလို ခေတ်ကြီးထဲမှာ...
ကြီးကောင်ကြီးမားနဲ့
မိဘလုပ်စာ ထိုင်စားနေတဲ့သူတွေ
ညီအစ်ကို မောင်နှမတွေရဲ့ လုပ်စာကို
အားမနာတမ်း စားဝင်နေတဲ့
လက်ကျောမတင်းသူတွေ
ရှိနေတတ်ပါတယ်။

ဒီလိုလူတွေ ရှိနေတဲ့ အိမ်ဟာလည်း
ချမ်းသာဖို့ ခက်နေတတ်ပါတယ်။

၄။ညီ အစ်ကို မောင် နှမတွေ
မညီညွတ်တဲ့ အိမ်
************************
#ညီ အစ်ကို မောင် နှမတွေတော့
ရှိကြပါရဲ့။
အလုပ်တွေလည်း ကိုယ်စီ ကိုယ်စီနဲ့ပါပဲ။

ဒါပေမဲ့...
တစ်ယောက်နဲ့ တစ်ယောက်
အမြဲတွက်ကပ်
စကားတွေ များ
မျက်နှာချင်း ဆိုင်လိုက်တာနဲ့
တကျက်ကျက် ဖြစ်နေတဲ့ အိမ်ဟာလည်း
တိုးတက်ဖို့ မလွယ်တဲ့ အိမ်ပါ။

၅။အိမ်တွင်း သူခိုးတွေ ရှိနေတဲ့ အိမ်
******************************
#ကြောက်စရာ အကောင်းဆုံး
သူခိုးတွေထဲမှာ...
အိမ်တွင်း သူခိုးက အဆိုးဆုံးပါ။

အပြင်က လာတဲ့သူခိုးက...
တစ် ခါ တ လေ မှ
သင့်အိမ်ကို လာချောင်းမှာ ဆိုပေမဲ့
အိမ်တွင်းသူခိုးကတော့...
အချိန်ပြည့်ကို
ခိုးဖို့ ချောင်းနေတာပါ။

အလုပ်မရှိ အကိုင်မရှိနဲ
အမြဲငွေလိုနေတတ်တဲ့
အိမ်သားတစ်ယောက်ဟာ
အိမ်တွင်းသူခိုးပါ။

#အဲဒီလို လူတွေဟာ...
အလုပ်လည်း
လက်ကျောတင်းအောင် မလုပ်ချင်၊

အလုပ်မလုပ်တော့
ဝင်ငွေက မရှိ၊

ဝင်ငွေ မရှိတော့
ငွေလိုလာတဲ့အခါ...
အိမ်မှာ ရှိတဲ့ပစ္စည်းတွေ
ငွေတွေကိုပဲ
ဘယ်ဟာကို လစ်ရမလဲ
ဘယ်ဟာကို ခိုးရမလဲ ဆိုတာ
အချိန်ပြည့် စောင့်ကြည့်နေတဲ့
အိမ်တွင်း သူခိုးတွေပါ။

ဒီလို အိမ်တွင်းသူခိုးတွေ
ရှိနေတဲ့ အိမ်ဟာလည်း
ဆင်းရဲတွင်းထဲမှာ
နစ်မြဲ နစ်နေတတ်ပါတယ်။

#ဒါတွေကတော့...
အိမ်တစ်အိမ်ကို ဆင်းရဲစေတဲ့
အချက်( ၅ )ချက် ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ အိမ်တွေမှာလည်း
ဒီအချက်တွေ ဖြစ်နေရင်
အမြန်ဆုံး အဖြေရှာပြီး ပြင်ဆင်ကြဖို့
အကြံပြုပါရစေ။

လေးစားစွာ Crd ပေးပါသည်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

 #မင်းလိုချင်တဲ့ အရာထက် လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်ခဏတာကို မကြည့်နဲ့ တစ်ဘဝစာကို ကြည့်တတ်ပါစေတစ်ချို့ အရာတွေက လိုချ...
29/06/2025

#မင်းလိုချင်တဲ့ အရာထက် လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့ တစ်ဘဝစာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက လိုချင် တပ်မက်ဖို့ကောင်းတယ် ဒါပေမယ့်...

မင်းအတွက် အားမခံချက်မရှိဘူး အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘဝကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘဝဆိုတာပြိုလဲဖို့ လွယ်ကူသလောက် ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါ

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့် အကောင်ထည် ဖော်ဖို့အတွက်တော့ အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့ ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့ အခါ

သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန် သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ

သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...

ထီးမပါတဲ့ကလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါ တယ်

ဦးတည်ချက်မရှိတဲ့လူဟာ ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ် အရည်အချင်းဆိုတာ ငွေတံဆိပ် လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ် လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျားကောင်းဟာမြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို

မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရ ပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါ ဘူး

စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘဝအခက်အခဲကို ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေး မဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ ဝမ်းနည်းမှု့ အဆင်မပြေမှု့နဲ့ကြုံတိုင်းသာ ကမ္ဘာမြေဆွဲ

အားကို အပြစ်ဖို့နေမယ်ဆိုရင် ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

Credit မူရင်း

On Hold Emailများကို myid သို့ပို့စရာမလိုတော့ပါ။ westernunion@central.co.th ကို ပို့ပေးလို့ရပါပြီ။ အရင်လိုမကြာတော့အောင်လ...
08/06/2025

On Hold Emailများကို myid သို့ပို့စရာမလိုတော့ပါ။ [email protected] ကို ပို့ပေးလို့ရပါပြီ။ အရင်လိုမကြာတော့အောင်လည်း ဝန်ထမ်းများအားသွန်ခွန်စိုက် တကယ်လုပ်ပေးနေပါတယ်။

Emailပို့ရင် စာတွေအရှည်ကြီးမရေးပါနဲ့

Subject မှာ On Hold: MTCN နံပါတ်ထည့် (ဒါပဲထည့်ပါ Sir တွေ Madam တွေ Dear တွေ မရွပါနဲ့)

စာကိုယ် မှာ On Hold တစ်လုံးပဲရေးပါ။ ကျန်တာ မိမိငွေလက်ခံသူရဲ့ နာမည်၊ နေရပ်လိပ်စာ၊ မွေးဖွားရာ မြို့နယ်နဲ့ နိုင်ငံ
ဒါတွေပဲရေးပေးပါ။

ပုံမှာ ငွေလွှဲသူရဲ့ ပတ်စပို့ပုံ နဲ့ ငွေလက်ခံသူရဲ့ မှတ်ပုံတင်ပဲထည့်ရင်ရပါပြီ။

On Hold သို့ Refund ဖြစ်လျှင် ပထမဆုံးလုပ်ရမှာကတော့ Emailပို့ရပါမယ်ခင်ဗျာ။ ပုံမှာတော့ Refund အတွက်လုပ်ပြထားပေမယ့် On Hold...
07/06/2025

On Hold သို့ Refund ဖြစ်လျှင် ပထမဆုံးလုပ်ရမှာကတော့ Emailပို့ရပါမယ်ခင်ဗျာ။

ပုံမှာတော့ Refund အတွက်လုပ်ပြထားပေမယ့် On Hold ဆိုရင် Refunded နေရာမှာ On Hold လို့ပြောင်းထည့်ပါခင်ဗျာ။

To(သို့) မှာ [email protected] ကိုရိုက်ပါ။

Subject (အကြောင်းအရာ) မှာ
MTCN needed for Refund : မိမိMTCN နံပါတ်ရိုက်ထည့်ပါ။
ဒီနေရာမှာ On Hold ဆို On Holdလို့ရေးပါ။

စာကိုယ်မှာစီရမယ့်စာကတော့ ပုံမှာထောက်ကြည့်ပေးပါ။

ပြီးရင် ပင်ချိတ်ပုံသဏ္ဏန်လေးကို နှိပ်ပြီး မိမိထုတ်မရသည့်စလစ်နဲ့ ငွေပို့သူ passport ကိုတွဲထည့်ပေးပါ။ပုံ ၂ခုပါရမယ်။ On Hold ဆိုရင် ငွေလက်ခံသူမှတ်ပုံတင်အရှေ့နဲ့ အနောက်ပုံပါ တွဲထည့်ပေးပါခင်ဗျာ။ မစုံရင်မရပါဘူး။ ပြီးရင်မြှားလေးကိုနိုပ်လိုက်ပါ။
ပြီးရင်ရပါပြီ။

ที่อยู่

Bang Rakam
73120

เวลาทำการ

จันทร์ 00:00 - 13:00
20:00 - 22:30
อังคาร 00:00 - 13:00
20:00 - 22:30
พุธ 00:00 - 13:00
20:00 - 22:30
พฤหัสบดี 00:00 - 13:00
20:00 - 22:30
ศุกร์ 00:00 - 13:00
20:00 - 22:30
เสาร์ 00:00 - 13:00
20:00 - 22:30
อาทิตย์ 00:00 - 13:00
17:00 - 22:30

เบอร์โทรศัพท์

+66944866198

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thai-Myanmar Western Unionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Thai-Myanmar Western Union:

ทางลัด

แชร์