SLM ထိုင်းမြန်မာငွေလွှဲဝန်ဆောင်မှု

โทร เส้นทาง

SLM ထိုင်းမြန်မာငွေလွှဲဝန်ဆောင်မှု ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก SLM ထိုင်းမြန်မာငွေလွှဲဝန်ဆောင်မှု, 55 Soi Supha Phong, Chan Kasem, Chatuchak, Bangkok 10900, Bangkok

တော်သေးတယ် …….ငလျင်ကြောကို ဘက်ဖိုးနဲ့ကုတ်ပီ ပင်လယ်ထဲ ပစ်ချလို့မရဝူးလား မမေးလို့ …..မလုပ်ရဲတာလည်း တခုမှမရှိဝူးလုပ်တတ်တာလည...
10/04/2025

တော်သေးတယ် …….

ငလျင်ကြောကို

ဘက်ဖိုးနဲ့ကုတ်ပီ

ပင်လယ်ထဲ

ပစ်ချလို့မရဝူးလား မမေးလို့ …..

မလုပ်ရဲတာလည်း တခုမှမရှိဝူး

လုပ်တတ်တာလည်း တခုမှမရှိဝူး…….

လိုအပ်သည့်နေရာဒေသများသို့ လိုအပ်သလို လှူဒါန်းနိုင်ကြပါစေ 🙏🏻🙏🏻🙏🏻
07/04/2025

လိုအပ်သည့်နေရာဒေသများသို့
လိုအပ်သလို
လှူဒါန်းနိုင်ကြပါစေ 🙏🏻🙏🏻🙏🏻

ကျနော့်ကို လာလှူတဲ့ သူအားလုံးက
အရမ်းချစ်ဖို့ ကောင်းတယ်

အလှူငွေကို ဘယ်လိုသုံးပေးရမလဲ လို့မေးရင်
လှူတဲ့ ပုံစံ ၃ မျိုးပဲရှိတယ်

၁- ဆရာ ကြိုက်တဲ့နေရာသုံးပါ လို့ ပဲ ပြောကြတယ်

နောက် ၂ မျိုးက

၂- အစ္စလာမ်ဘာသာဝင် အလှူရှင် မိတ်ဆွေက

သူ့အလှူကို အစ္စလာမ်ဘာသာဝင် မဟုတ်သူအတွက်
လှူပေးပါတဲ့

၃- ဗုဒ္ဓဘာသာဝင် အလှူရှင် မိတ်ဆွေက

သူ့အလှူကို အစ္စလာမ်ဘာသာဝင် တွေအတွက်
လှူပေးပါတဲ့

ဘယ်လောက် ချစ်ဖို့ကောင်းလိုက်လဲဗျာ

ဒီနေ့မှာလဲ Scope အင်ဂျင်ဝိုင် ကုမ္ပဏီက
ဟာဂျီဆပ် မိသားစုက
ဆရာ ရေ လောလောဆယ် သိန်း ၃၀ လွဲလိုက်မယ်
အဲဒီငွေကို ဗုဒ္ဓဘာသာဝင်တွေ အတွက် လှူပေးပါတဲ့

နောက်ရက် အလှူငွေ ထပ်ပေးပါမယ်တဲ့

မြန်မာတနိုင်ငံလုံးမှ
အလှူရှင်တွေအားလုံး နဲ့ ကူညီပေးနေသူတွေအားလုံး
စိတ်ထားမွန်မြတ်ပြီး လူသားဆန်မှုကို
တန်ဖိုး ထားကြတဲ့သူတွေချည်းပါပဲ

တနိုင်ငံလုံးမှ အလှူရှင်များ
ကူညီဆောင်ရွက်ပေးနေသူများ
ကျန်းမာချမ်းသာကြပါစေ
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေခင်ဗျာ

#မိုင်မိုင်းနမ့်စန်

Papua New Guinea နိုင်ငံအနီးတွင် မနေ့ကတရက်တည်း အင်အားကြီးငလျင် 15 ခုခန့်မနည်း လှုပ်ခတ်ခဲ့သည် အဆိုပါလှုပ်ခတ်မှုကြောင့် မီ...
05/04/2025

Papua New Guinea နိုင်ငံအနီးတွင် မနေ့ကတရက်တည်း အင်အားကြီးငလျင် 15 ခုခန့်မနည်း လှုပ်ခတ်ခဲ့သည် အဆိုပါလှုပ်ခတ်မှုကြောင့် မီးတောင်ပေါက်ကွဲမှု အခြေအနေကို အထူးစောင့်ကြည့်နေသည် ဆူနာမီသတိပေးမှု မထွက်ရှိသေးသော်လည်း အထူးသတိပြုစောင့်ကြည့်နေရသည်ဟု သိရှိရသည် လွန်ခဲ့သော၁၀ ရက်ခန့်ကကမ္ဘာတဝှမ်း အင်အားပြင်းငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့သည် ကမ္ဘာလုံးဆိုင်ရာ ငလျင်ဖိအားလည်း ဆက်တိုက်မြင့်တက်နေသည်

Ref : International News

မန္တလေးတိုင်းမှာ ရှိတဲ့ နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။*** CHINESE MEDICAL Team လမ်း ၃၀ / ၇...
04/04/2025

မန္တလေးတိုင်းမှာ ရှိတဲ့ နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။

*** CHINESE MEDICAL Team
လမ်း ၃၀ / ၇၂လမ်းနှင့်၇၃လမ်းကြား၊ မန္တလေး

*** India Medical team
ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်း၊ မန္တလေး

*** Bhutan Medical Team
ပေါင်းလောင်းအားကစားကွင်း၊ ပျဉ်းမနား

*** RUSSIA MEDICAL Team
၆၈လမ်းနှင့်၁၀၇ လမ်းထောင့်၊ မန္တလာသီရိဘောလုံးကွင်း၊ မန္တလေး

*** Japan Medical Team ရှိ(4.04.2025)
🚨 4.04.2025 Update သတင်းပါ 🚨
၂၆ လမ်း ၇၁လမ်းနှင့်၇၂ လမ်းကြားမှာ
( မြို့တော်စည်ပင်သာယာရေးရုံးထဲ)
Japan Medical Team ရှိပါတယ်
ဒီနေ့မှရောက်တာပါ
(4.4.2025) ဒီနေ့ဆိုရင်တော့
နေ့လည် (၁)နာရီမှ စ ကုသလို့ရပါတယ်

နောက်ရက်တွေကိုတော့
မနက် ၉နာရီမှ ညနေ ၅နာရီအထိ ရပါမယ်

*** အခမဲ့ဆေးကုသိုလ်မန္တလေး
လမ်း80, 39လမ်း ၊ အလက(၂)မှာ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ဆေးအခမဲ့ကုသပေးလျက်ရှိနေပါတယ်။ လိုအပ်သည့် နေရာများကိုလည်း အုပ်စုခွဲကာ ကုသပေးလျက်ရှိပါတယ်။

နေ့၁၂:၀၀~ ၅:၀၀နာရီထိ April 1-10ထိ
ဆက်သွယ်ရန်
Aye kyi
-09755799893
Aanandar
09755549360
Thidar Naywin
09799203437
ThanThanswe
0975242879
Dr Aung Htet ko
Dr Sai Thiha zaw

လက်ရှိအချိန်ထိ သိရတဲ့ information များဖြစ်ပြီး တော်ရုံ Operation တွေထိ ကုသနိုင်လို့ ပြောကြပါတယ်။ လိုအပ်တဲ့ ကိုယ့်မိတ်ဆွေ အသိတွေကိုလမ်းညွှန်လို့ရအောင်ပါ။

ရန်ကုန်တိုင်းတွင်း ပထမဆုံးအကြိမ်ငလျင်ငယ်တခုလှုပ်ခတ်ရန်ကုန်တိုင်း တိုက်ကြီးမြို့မြောက်ဘက်တနေရာကို အခြေပြု၍ အင်အားရစ်ချက်တ...
03/04/2025

ရန်ကုန်တိုင်းတွင်း ပထမဆုံးအကြိမ်ငလျင်ငယ်
တခုလှုပ်ခတ်

ရန်ကုန်တိုင်း တိုက်ကြီးမြို့မြောက်ဘက်တနေရာကို အခြေပြု၍ အင်အားရစ်ချက်တာစကေး ၃.၃
ပြင်းအားရှိ ငလျင်ငယ်တခု လှုပ်ခတ်သွားသည်

 #မြန်မာနိုင်ငံအတွင်းကလူ​တွေဖတ်သင့်ပါတယ်။ဆရာဦးဝင်းနိုင်ကတော့ အင်အားကြီးငလျင် မလာနိုင်လောက်ဘူးပြောပေမယ့် ဒီတစ်ယောက် ရေးထာ...
03/04/2025

#မြန်မာနိုင်ငံအတွင်းကလူ​တွေဖတ်သင့်ပါတယ်။
ဆရာဦးဝင်းနိုင်ကတော့ အင်အားကြီးငလျင် မလာနိုင်လောက်ဘူးပြောပေမယ့်
ဒီတစ်ယောက် ရေးထားတာကောင်းလို့ copy ယူလာပါတယ်။ Emotionally ရေးသားထားတာမဟုတ်လို့ Panic ဖြစ်​စေမှာမဟုတ်ပါဖူး။

အချုပ်အားဖြင့် ပြတ်ရွေ့ကြောတလျှောက်မတည်ငြိမ်သေးဘူးလို့ ကောက်ချက်ချမိပါတယ်
------------------------
ငလျှင်ကြီး တစ်ခုပြီးတိုင်း aftershocks ငလျှင်ငယ်တွေလာတယ် ။ ဒါထုံးစံ ၊ အဲ့မှာမှ ၂ မျိုးထပ်ခွဲတယ် ။
1. ပုံမှန် aftershocks ( အန္တရာယ်မရှိ)
2. ပုံမှန် မဟုတ်တဲ့ Aftershocks ( အန္တရာယ်ရှိ)

1. ပုံမှန် Aftershocks တွေဆိုတာ ငလျှင်ပြီးတဲ့အခါ နောက်ငလျှင်အသေးတွေမှာ ပြင်းအားတဖြည်းဖြည်း လျော့ကျလာမယ်။ ပြီးရင် တစ်ခုနဲ့ တစ်ခုကြား လှုပ်တဲ့အချိန် တဖြည်းဖြည်း ဝေးသွားမယ်။ ဥပမာ နာရီဝက်ခြားကနေ ၁ နာရီခြားတခါ ၊ အဲ့ကနေမှ ၂ နာရီခြားတစ်ခါ ။ ဆိုလိုတာက ပြတ်ရွေ့ကတဖြည်းဖြည်း တည်ငြိမ်စပြုလာတယ် ။ ပြီးရင် ပြန်ငြိမ်ကျသွားမယ်။ အန္တရာယ် မရှိတော့ဘူး။

2. ပုံမှန်မဟုတ်တဲ့ Aftershocks တွေဆိုတာ ကျတော့ ခုလို 7.7 ပြီးသွားတဲ့အခါ ၊ ငလျင်ငယ်တွေက ပြင်းအားမတည်ငြိမ်ဘူး 2.3M နဲ့လှုပ်မယ် ပြီးကျ 4.3 M နဲ့လှုပ်မယ် တခါ 3.0 ထပ်လှုပ်မယ်။ ပြီးကျ လှုပ်တဲ့အချိန်တွေက တောက်လျှောက်စိတ်နေမယ် ။တခါတလေ ၁ နာရီလောက်ကြာမယ် ။ ပြီးကျ ၁၀ မိနစ်ခြားတခါ ၁၅ မိနစ်ခြားတခါပြန်လှုပ်မယ်။ ဒါ့အပြင် 4.M ကျော်တွေ 5.M အကျော်တွေကလည်း ကြားထဲလှုပ်ဦးမယ်ဆိုရင် ဒါတအားစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ပြတ်ရွေ့ကြီး မတည်ငြိမ်နေဘူး။ အဆိုးဆုံး ဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခဲ့တဲ့ 7.7 Mဆိုတာ အဓိကငလျှင်တောင်မဟုတ်ဘူး။ အဲ့တာ ရှေ့ပြေးငလျင်ကြီး ဖြစ်နိုင်တယ် ။ အဲ့တာအမှန်ပဲ.. ။

တစ်ခုရှိတာက စစ်ကိုင်းပြတ်ရွေ့က ဟိမဝန္တာတောင်တန်းတွေက စတယ် ။ မုတ္တမကွေ့နားမှာ ဆုံးတယ်။ အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှိတယ် ။

အန္တရာယ်အရှိဆုံးက မုတ္တမကွေ့။ သူကျ စစ်ကိုင်းပြတ်ရွေ့နဲ့ တခြားပြတ်ရွေ့တွေလာပေါင်းတဲ့တဲ့ zone ။ အဲ့တော့ အဲ့ဒီနေရာသာ ထလှုပ်ရင် အနည်းဆုံးက 8M ပဲ။ ဖျာပုံ နားက လှုပ်တဲ့ ငလျှင် 5.0M ဆိုရင်လည်း Indian Plate နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တိုးဝှေ့မှူ ဖြစ်နေတယ် ဆိုတာ ပြတာပါ။ ထိုင်းကပြတဲ့ video အတိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မြေသားတွေက မြောက်ဘက်ကိုတိုးနေပြီး အရှေ့ဘက်မြေသားတွေက တောင်ဘက်ကို တိုးနေပါတယ် ။ ဆူနာမီ အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ ကျွန်မတို့ ရန်ကုန် သတိကြီးကြီး ထားဖို့ လိုပါပြီ။ အဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုုပ်ရှားမှုဟာ တခြားပြတ်ရွေ့တွေကိုပါ အကျိုးသက်ရောက်စေတယ် ဆိုတဲ့ သဘောပါပဲ။ အန္တရာယ် အရမ်းရှိနေတဲ့ အခြေအနေပါ။

ဆက်ပြင်းမလား… အားပျော့လာမလား ဒါတော့ ဘုရားပဲသိပါမယ် ။

ငလျှင်ကို လူသားတွေ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကြိုသိတဲ့ သတ္တဝါတွေရှိပါတယ် ။

ခွေး၊ ကြောင် ( အနည်းလေး ၁၅ မိနစ်ကနေ ၅ မိနစ် ကြိုသိကြတယ် ။ သူတို့ အမူအရာ မူမမှန်တော့ရင် ပြေးလွှားနေရင် သတိထားပါ။ ငလျှင်မလာခင် အရင်လာတဲ့ မီသိန်း အနံ့ကို သူတို့ကြိုရလို့ပါ။)

ငှက်များ ( အနည်းလေး နာရီဝက် နဲ့ ၁၅ မိနစ် ကြိုသိကြပါတယ်။ ငလျှင်ရဲ့ တုန်ခါမှူ ကို ခံစားရလို့ပါ။ ငှက်အော်သံတွေ ဆူညံလာရင် ပြေးဖို့ပြင်ပါ)
မြွေ ( ငလျင်ကို အစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ။ ၃ ရက်ကြိုသိပါတယ်။ ငလျှင်လာခါနီး မြွေတွေ အများကြီး မြေကြီးပေါ် တတ်လာတတ်ပါတယ်။ )

ကြိုတင်ပြင်ဆင်မှု

1. ငလျှင်လှုပ်ပြီလို့ သိတာနဲ့ ပြေးဖို့ ကံမကောင်းရင် စက္ကန့် ၃၀ ၊ ကံကောင်းရင် ၁ မိနစ် အချိန်ရပါတယ်။ ရန်ကုန်လို အနေအထားနဲ့ကတော့ ဘယ်အောက်မှ မဝင်ပါနဲ့ ပြေးပါ။ ခုကတည်းက ငါဘယ်နားပြေးရင် အဆောက်အဦး ၊ ဓါတ်ကြိုး ၊ တွေနဲ့ လွတ်မလဲ ကြိုစဉ်းစားထားပါ။ ကြောက်လန့်ပြီး ထိုင်ချ နဲနဲငြိမ်မှ ထပြေးတဲ့သူတွေ အန္တရာယ်အများဆုံးပါ။ သူတို့အထွက် တိုက်အပြိုပါပဲ။ ဒါမဟုတ်လဲ ကြောက်ပြီး ထိုင်နေရင်း ပိသွားတာပါပဲ။

2. အရေးပေါ်အိတ် အိမ်တိုင်းပြင်ထားပါ။ မြင်သာတဲ့နေရာမှာ ရေတစ်ဗူး ထောင်ထားပါ။ သိမ့်ခနဲဖြစ်ရင် လှမ်းကြည့် ရေလှုပ်တာနဲ့ တန်းပြေးပါ။ အထပ်မြင့် ကွန်ဒို နေတဲ့သူတွေ ၊ အမြန် မဆင်းနိုင်တဲ့ လူကြီးတွေ ဆိုင်ကယ်စီး ဦး ထုတ် ကောင်းကောင်းဆောင်ထားပါ။ မွေ့ယာ ၂ ထပ်နဲ့အိပ်ပါ။ တဖက်ကို အသေချုပ်ထားပါ တဖက်ကို အဖွင့်ထားပါ ။ အရေးအကြောင်းဆို ဆိုင်ကယ်စီး ဦးထုတ်စွပ် ၊ မွေ့ယာ ၂ ခုကြား မှောက်ရက်အနေအထားနဲ့ငြိမ်သာနေလိုက်ပါတော့ ။ ပြိုကျသွားတောင် ပြေးဆင်းတာထက် အသက်ရှင်ဖို့ chance များပါတယ် ။ မဖြစ်မနေ ပြေးဆင်းရလည်း ဦးထုတ်ပါတော့ ပို safe ဖြစ်ပါတယ် ။

3. ဓါတ်လှေကား မသုံးပါနဲ့ ။ မီးပျက်တာနဲ့ ရောက်တဲ့နေရာ ရပ်ပြီး ပြိုတဲ့အထဲ ပါသွားမှာပါ။ ကားမသုံးပါနဲ့ ။ ကိုယ့်လို ကားသုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာ အထပ်မြင့်ပြိုရင် အုပ်လိုက်ပါသွားမှာပါ။

4. လမ်းပေါ်အခြေအနေဆိုးပြီး ပြေးပေါက်ရှာမတွေ့ရင် အမှိုက်ပုံ ၊ အမှိုက်ကန်ထဲ ဒိုင်ဗင်ပစ်ဝင်ပါ။ နဲနဲ နံနိုင်ပေမယ့် အမှိုက်အိတ်စုံက သင့်ကို air bag တွေလို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ် ။

5. ငလျှင်ဟေ့ ဆိုတာနဲ့ ထပြေးပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြေးသာပြေးပါ။ တကယ် ဟုတ်ခဲ့ရင် လွတ်ပါမယ် ။ မဟုတ်ခဲ့ရင် အစမ်းလေ့ကျင့်ရာ ရောက်ပါတယ် ။ နောက်တခါ ဘယ်လိုပြေးရင် ပိုမြန်မယ် ။ ဘယ်နေရာ သွားထိုင်ရင် ဘေးပိုကင်းမယ် ဘာညာ ကိုယ့်ဘာသာ ပြင်ဆင်လို့ရပါတယ် ။ သူများနိုင်ငံမှာ ကလေးဘဝကတည်းကသင်ရတာပါ။ ကိုယ်တွေက အခုလေ့ကျင့်ကြတာပေါ့။

6. ဘယ်သူဘာပြောနေနေ အိပ်ရေးဝအောင်အိပ်ပါ။ စားစရာရှိတာစားပါ။ ကူနိုင်တာ ကူပါ။လာမယ့်ဘေးဆို .. တွေးကြောက်နေလို့အပိုပါပဲ။ ပြေးဖို့နေရာ တွေးထားတာရှိပြီ။ အရေးပေါ်အိတ် ပြင်ထားပြီ။ Earthquake alarm 🚨 ON ထားပြီ။ (Phone Silent လုပ်မထားပါနဲ့)ရေဗူးထောင်ထားမယ်။ အဲ့တာဆို စိတ်ချလက်ချအိပ်ပါ။
ဒါမှ သူများကပြေးဟေ့ဆို အားနဲ့ ပြေးနိုင်မှာပါ။
စဉ်းစားလို့ရတာ ထပ်ဖြည့်ပါမယ်။

Crd

ที่อยู่

55 Soi Supha Phong, Chan Kasem, Chatuchak, Bangkok 10900
Bangkok
10140

เบอร์โทรศัพท์

+66619586862

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ SLM ထိုင်းမြန်မာငွေလွှဲဝန်ဆောင်မှု โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

ได้รับการสนับสนุน

แชร์