Myat Htet SOE Digital Business

Myat Htet SOE Digital Business Digital businessကိုစတင်ထားခြင်းသည်ငါ့ဘဝကိုအမှန်တကယ်ပြောင်းလဲတော့မယ်ဆိုတာယုံကြည်တယ်👍💪🏆🏆🏆

ဘယ်သူစားရဲလဲကျွန်တော်တော့အလကားကျွေးမယ်ဆိုတောင်မစားရဲဘူး😁😁
16/02/2026

ဘယ်သူစားရဲလဲကျွန်တော်တော့အလကားကျွေးမယ်ဆိုတောင်မစားရဲဘူး😁😁

25/09/2025

အရမ်းသတိရတယ်၊အတူတူနေဖို့ဖေဖေနဲ့မေမေကြိုးစားနေတယ်နော်🥰🥰

'ငတေ' မာလူတချို့အကြားသီလတွေ ကျိုးကြေနေတော့လောဘ ကြီးတဲ့လူ့အောက်တန်းစားများတမူရမ်းကား ဪ...နေစဉ်ရက်ဆက်ပါလား😡'သောက' အလုအယက်န...
10/12/2024

'ငတေ' မာလူတချို့အကြား
သီလတွေ ကျိုးကြေနေတော့
လောဘ ကြီးတဲ့လူ့အောက်တန်းစားများ
တမူရမ်းကား ဪ...နေစဉ်ရက်ဆက်ပါလား😡
'သောက' အလုအယက်နဲ့
ရှင်သန်ချိန်တွေ အပြေးအလွှား
နေ့လဲမအား ညလဲမအား ငါ့ဘဝပါလားကွာ....😥
'ဗျာပါဒ' တစ်စုတစ်စည်းနဲ့
ဆင်းရဲခြင်းတွေ ပိုလျှံနေတော့
အငိုသန်တဲ့ အဖေ့သမီးလေးလဲ
ငိုရန်မေ့နေခဲ့ပေါ့😥

-7 #အလူအချင်းချင်း လှဲ့ပါတ်ချင်းကင်းဝေးကြပါစေ🙏

ဒီအသက်အရွယ်နဲ့မင်းဘာတတ်လဲမေးရင်ဟုတ်ကဲ့🥰ကျွန်တော်ကိုယ်ချင်းစားတတ်ပါတယ်ခင်ဗျာ🥰🤝
21/11/2024

ဒီအသက်အရွယ်နဲ့
မင်းဘာတတ်လဲမေးရင်
ဟုတ်ကဲ့🥰
ကျွန်တော်ကိုယ်ချင်းစားတတ်ပါတယ်ခင်ဗျာ🥰🤝

ဝါဆိုလပြည့်နေ့မှာအိမ်ကဘုရားကိုပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပြီးခုနှစ်ရက်သားသမီး၊မိတ်ဆွေ၊သူငယ်ချင်းများအတွက်ကုသိုလ်ပြု  ...
20/07/2024

ဝါဆိုလပြည့်နေ့မှာအိမ်ကဘုရားကို
ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပြီး
ခုနှစ်ရက်သားသမီး၊မိတ်ဆွေ၊သူငယ်ချင်းများအတွက်ကုသိုလ်ပြု
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏
ဘေးရန်ကင်းကွာကိုယ်ကျန်းမာစွာနဲ့
လိုရာဆန္ဒတွေကိုယ်စီပြည့်နိုင်ကြပါစေ🙏🙏🙏🙏🙏

🙏💐💐🥰

CR7လူသားအားလုံးအေးချမ်းကြပါစေ🙏🙏🙏🥰🥰🥰
18/07/2024

CR7လူသားအားလုံးအေးချမ်းကြပါစေ🙏🙏🙏🥰🥰🥰

17/07/2024

Warmly welcome my Digital business page 🙏🤗🙏🤗🙏🤗🙏

"လူတယောက်အကြောင်း"==================ကျွန်တော်နေတဲ့မြို့မှာနေတုန်းက...အလုပ်အတူတူလုပ်နေတဲ့ အသိမိတ်ဆွေတယောက်က ပိုက်ဆံငါး‌ ထ...
17/07/2024

"လူတယောက်အကြောင်း"
==================

ကျွန်တော်နေတဲ့မြို့မှာနေတုန်းက...
အလုပ်အတူတူလုပ်နေတဲ့ အသိမိတ်ဆွေတယောက်က
ပိုက်ဆံငါး‌ ထောင်လာချေးဖူးတယ်။

အလုပ်အတူတူလုပ်နေရင်း ရင်းနီးနေတာဆိုပေမယ့်
ပိုက်ဆံချေးရလောက်တဲ့ အနေအထားတော့မဟုတ်။

သူလည်း ကိုယ့်ဆီက တခါမှ ငွေမချေးဖူး။
ဒီတခါ ဒီနိုင်ငံမှာမွေးပြီးရွာကိုပြန်ပို့ထားတဲ့သူ့သမီးလေးဆေးရုံတက်ဖို့ ငွေလိုအပ်နေလို့..
ကိုယ့်ဆီက ရလိုရငြား အကူအညီတောင်းတဲ့သဘော
ထင်ပါရဲ့။
ချေးတဲ့ငွေကလည်း သိပ်တော့မများ။

လကုန်ရက်ကျ ပြန်ပေးမယ် ပြောနေပေမယ့်...
သူတပါးကို ‌အကူအညီပေး ငွေချေးလိုက်တိုင်း
ပြန်မရ၊မိတ်‌ဆွေပျက် တဲ့ ကိုယ့်ဇာတာကြောင့်...
ချေးဌားဖို့ စိတ်ကတော့မရဲ။

နောက်တော့လည်း....
သားသမီးချင်းကိုယ်ချင်းစာနာမှုကြောင့်
သူတောင်းတဲ့ငွေကို ထုတ်ချေးခဲ့မိလိုက်ပါတယ်။

နှစ်ရက်သုံးရက်ကြာတော့....
အဲ့သူငယ်ချင်းမိတ်ဆွေကကျွန်တော်စီ
ဖုန်းတွေဆက် ၊ အိမ်ရောက်လာပြီး
ငွေလာ ပြန်ဆပ်ပါရော။

တကယ်ဆို သူငွေချေးတုန်းကပြောတဲ့ လကုန်ရက်ရောက်ဖို့ အများကြီးလိုနေသေးတာမို့
အဆင်ပြေရဲ့လားမေးကြည့်မိတော့....

သူပြန်ပြောပြတာ စိတ်လှုပ်ရှားစရာ။

"မင်းစီကငွေချေးပြီးနောက်တရက်‌ေလာက်က ...
ငါအလုပ်ကပြန်ငါတို့အဆောင်လမ်းထဲကလမ်းဘေးနားမှာပိုက်ဆံအိပ်တစ်လုံး
ကောက်တွေ့မိတယ်၊ ဖွင့်ကြည့်တော့
ဖုန်းတစ်လုံးနဲ့ ပိုက်ဆံတစ်သိန်းနီးပါး‌ေလာက်ရှိမယ်ထင်တယ်ကွာ၊ပြီး‌ေတာ့ဘဏ်ကပ်နဲ့တခြားစာရွက်အချို့လည်းပါ‌ေသးတယ်။"

"ပိုင်ရှင်ကို
ဘယ်လိုဆက်သွယ်ရမှန်းလည်းမသိ
ကျွှန်တော့မှာ ဗျာ ငွေလိုနေတဲ့အချိန် ....
ချီတုံချတုံ စိတ်ထဲ ယူရမလို ၊ပြန်ပေးရမလို
လွန်ဆွဲနေတာဗျ"တဲ့။

နောက်ဆုံးတော့ သူ့နေရာမှာ ငါသာဆိုတဲ့ စိတ်က အချောင်လို ချင်နေတဲ့ စိတ်ကို အနိုင်ယူပြီး ငါပြန်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။
မကြာပါဘူးခနနေတော့၊အဲ့ဒီအိပ်ထဲကဖုန်းဝင်လာလို့ကိုင်းလိုက်ပြီးအကျိုးအကြောင်းပြောပြီးအဲ့နားမှာပဲဆောင့်နေလိုက်တယ်။

"ခနကြာတော့ဆိုင်ကယ်တစ်စီးနဲ့အသက်ငါးဆယ်ကျော်လင်းမယားနှစ်‌‌ေယာက်လာယူတယ်။

လင်းမယားနှစ်ယောက်စလုံးအရမ်းဝမ်းသာပြီး၊
ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြော၊
ဘာစားမလဲ၊ဘာသောက်မလဲမေးပြီး၊ဧည့်ခံမလို့ လုပ်နေတာ...
ရပါတယ်ဗျာ၊ဟုတ်ကဲ့ဆိုပြီးကျွန်တော်ပြန်ခဲ့လိုက်တယ်၊‌လင်းမယားနှစ်ယောက်နောက်ကနေအတင်းလိုက်ပြီးငွေတစ်သောင်းခွဲလက်ထဲထိုးထည့်ပေးခဲ့ပြီး၊ကျေးဇူးအများတင်ပါတယ်ဆိုတဲ့စကား
ပါးစပ်ကတဖွတဖွပြောရင်းဆိုင်ကယ်မောင်းထွက်သွားခဲ့လို့....
မင်းစီပိုက်ဆံလာဆပ်တာပါ"တဲ့။

"မနေ့ကတည်းက အကြွေးလာဆပ်ချင်နေခဲ့ပေမယ့်
ငါလဲအချိန်ပိုဆင်း‌ေနတာနဲ့
အလုပ်ရှုပ်သွားလို့ ဒီနေ့မှလာတာ"လို့
ပြောပြတဲ့
မိတ်ဆွေရဲ့စကားအဆုံး
သူ့အပေါ်ကြည်နူးဂုဏ်ယူမှုက
ကျွှန်တော့်ရင်ထဲတဖွားဖွား။

လောကကြီးမှာ...
ငွေကြေးအတွက်ဆို .....
မိတ်ဆွေပျက်ခံ၊ရင်းနီးမှု အပျက်ခံ
ဂုဏ်သိက္ခါမဲ့ ပြီး လူစိတ်ကင်းသွားတဲ့ "လူ "အမည်ခံတွေ
အများကြီး တွေ့ခဲ့ဖူးသလို...

အခက်အခဲဖြစ် ဒုက္ခရောက်နေတဲ့ အချိန်မှာတောင်
ရိုးသားမှု၊ဂုဏ်သိက္ခာနဲ့ အကျင့်စာရိတ္တကို အပျက်မခံတဲ့
သူ့လို လူစားမျိုးကို
မိတ်ဆွေဖြစ်ပြီး အကူအညီပေးခဲ့ရတာလည်း...
အမှတ်တရ....
သင်ခန်းစာတွေ အများကြီးရခဲ့ဖူးတယ်။
ဆရာတစ်ယောက်ရဲ့စကားလေးကို
သွားသတိရမိတယ်၊

"လူကြီးမင်းခင်ဗျ၊ ထမင်းစားတိုင်းလူမဖြစ်နိုင်ပါ"ဆိုတဲ့ စကားလေးတွေးရင်း...

သူ့လိုလူတွေသာ ....အများကြီးရှိရင်.🤔🤔🤔....
..............

ဒီအဖြစ်အပျက်လေးက
လူတွေကြားထဲကလူတယောက်အကြောင်းပါပဲ....

လူ့ဂုဏ်သိက္ခာ၊ကိုယ်ကျင့်တရားနဲ့
ကျွှန်တော်လေးစားမိခဲ့တဲ့ လူတယောက်။

ူသားအားလုံးအေးချမ်းကြပါစေ🙏🙏🙏🥰🥰🥰 #

မူးရင်းကိုလေးစားလျှက်🙏🙏🙏

ကျေးဇူးပါPkarရေကိုယ့်ကိုကိုယ်ဘယ်လိုလူလည်းဆိုတာပြန်မြင်ရသလိုပါပဲ🙏🙏🙏👍👍👍💪💪💪
17/07/2024

ကျေးဇူးပါPkarရေကိုယ့်ကိုကိုယ်ဘယ်လိုလူလည်းဆိုတာပြန်မြင်ရသလိုပါပဲ🙏🙏🙏👍👍👍💪💪💪

တန်ဖိုးထားခံရခြင်းနဲ့ မထားခံရခြင်းက ကိုယ်ရွေးချယ်လိုက်တဲ့ သူနဲ့ပဲဆိုင်တယ် . . . ။ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ပုံစံ ကိုယ...
16/07/2024

တန်ဖိုးထားခံရခြင်းနဲ့ မထားခံရခြင်းက
ကိုယ်ရွေးချယ်လိုက်တဲ့ သူနဲ့ပဲဆိုင်တယ် . . . ။

ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ပုံစံ
ကိုယ့်အပြုမူတွေနဲ့မဆိုင်ပါဘူး . . . ။
ကိုယ်‌ရွေးချယ်ထားတဲ့လူက ကိုယ့်ကိုချစ်လား
မချစ်လားဆိုတာနဲ့ပဲ ဆိုင်တယ် . . . ။

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်ဘယ်လိုပုံစံဖြစ်ဖြစ်
ဘယ်လိုနေနေ ချစ်မှာပါပဲ ။
ကိုယ်ကအမှားတွေရှိရင်တောင်အမှန်
​ေတွပြင်ပေးပြီးချစ်ပါလိမ့်မယ် ။
တန်ဖိုးထားပါလိမ့်မယ် . . . . . . ။

ကိုယ့်ကိုမချစ်တဲ့သူကတော့ ကိုယ်ကဘယ်လောက်ပဲ
ကောင်းအောင်နေပါစေ . . . .
ဘယ်လောက်ပဲ‌ချောနေလှနေပါစေ . . . .
ကိုယ့်ကိုချစ်မှာမဟုတ်ပါဘူး ။
တန်ဖိုးထားမှာလဲမဟုတ်ပါဘူး . . . . ။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကိုချစ်ပေးမဲ့သူ
ကိုယ့်ရဲ့အတိတ်ကိုနားလည်ပေးမဲ့သူ
ကိုယ့်ကိုပျော်ရွင်အောင်ထားမဲ့သူမျိုးကိုရွေးပါ ။

ချစ်ခြင်းမေတ္တာဟာလူရွေးမှန်သွားတဲ့အခါ
သိပ်ကိုပျော်ရွှင်စရာကောင်းပါတယ် ။
လူ ‌ရွေး မှန် ပါ ‌စေ . . . . . ။
-AT
CR7🥰🥰🥰

ที่อยู่

KANTANA
Bangkok
11140

เบอร์โทรศัพท์

+66948015970

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myat Htet SOE Digital Businessผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myat Htet SOE Digital Business:

แนะนำ

แชร์