Ma Su Myat - Daily&Lifestyle

Ma Su Myat - Daily&Lifestyle แปลข่าวสารต่างๆไทยเป็นภาษาเมียนมา
นำเสนอให้กับคนพม่าได้รับรู้
Thai Newsနှင့်ဗဟုတုတသတင်းများတင်ဆက်ပေးသည်

 #အရေးကြီးသတင်း ဒီကနေ့ 23/2/2026 ညနေ 6:00နာရီသတင်းတက်လာတယ်ကလေးကိုတွေ့ရှိချိန်ဒေသခံတဦးမှပို့စ်တင်ပီးကူညီစောက်ရှောက်ရေးအဖွ...
23/02/2026

#အရေးကြီးသတင်း
ဒီကနေ့ 23/2/2026 ညနေ 6:00နာရီသတင်းတက်လာတယ်
ကလေးကိုတွေ့ရှိချိန်ဒေသခံတဦးမှပို့စ်တင်ပီးကူညီစောက်ရှောက်ရေးအဖွဲ့စည်များနှင့် တာဝန်ရှိများအားအကြောင်းကြားခဲ့တယ်

မိဘဆွေမျိုးများကလေးပျောက်နေရင် မူစွန် ဘန်းကလပ် အံဖေနွန်ဒိုခေါ် စရဘူလီမြို့ ကရဲစခန်းကိုအမြန်ဆုံးအကြောင်းကြားပေးပါဟု တာဝန်ရှိများကသတင်းထွက်ဆိုထားသည်

ကလေးကဘာလူမျိုးလဲတော့မသိရသေးပါ
အသက်၅နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တဦးတောချုံထဲရှိရေချောင်းဘေးမှာ ပစ်ချခံထားရတဲ့ပုံစံမျိုးနဲ့ဒေသခံတဦးကတွေ့ရှိခဲ့တယ်

ကလေးမလေးဟာအသက်မရှိတော့ဘူးအလောင်းအဖြစ်နဲ့တေဆုံးနေတာခန့်မှန်းခြေ ၅-၆ရက်လောက်ရှိပီဟုသိရတယ်

ကလေးမလေးဟာ ဘောင်းဘီခြေရှည် ခြေစွပ်အပြာရောင် အနွေးထည်အကျီပန်းရောင်ဝတ်ဆင်ထားတယ်
ပီးတော့စောင်ပိုင်းသေးသေးလေးကတထည်ကိုယ်ဘေးမှာရှိနေတယ်လို့သိရတယ်

ရက်စက်လိုက်တာကွယ် ကလေးလေးသနားလိုက်တာ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ကျားဖြန့်တွေပဲဖြစ်ဖို့များတယ်မြန်မာတွေကတော့မပါမဖြစ်လိုဖြစ်နေပီတရုတ်နဲ့မြန်မာပူးပေါင်းစုစုပေါင်း၈ဦး 15/2/2026 ရက်နေ့က ထ...
15/02/2026

#ကျားဖြန့်တွေပဲဖြစ်ဖို့များတယ်မြန်မာတွေကတော့မပါမဖြစ်လိုဖြစ်နေပီ
တရုတ်နဲ့မြန်မာပူးပေါင်းစုစုပေါင်း၈ဦး 15/2/2026 ရက်နေ့က ထိုင်းနိုင်ငံ ပရာကျင်ဘူလီမြို့ကအဝေးပြေးလမ်းမပေါ်toyota ကားတစီးကိုတာဝန်ရှိမင်္သကာလို့လိုက်လံစစ်ဆေးခဲ့တယ်

ကားမှန်ကအမဲရောင်ချပီးကားဘီးလေးတဲ့ပုံစံဖြစ်နေလို့အဝေးပြေးမိန်းမလမ်းမှာပဲစစ်ဆေးခဲ့ရာတရားမဝင်မှောင်ခိုတွေဖြစ်နေတယ်

ကားထဲမှာပိတ်ဆို့ကြပ်ပီးထိုင်နေတာထဲမှာတရုတ်လူမျိုးနဲ့မြန်မာလူမျိုးတွေ တရုတ်လူမျိုး၆ယောက်မြန်မာ ၁ယောက် ဖြစ်တယ် ကားသမားထိုင်းလူမျိုးကတယောက် အဲ့ထဲမှာ တရုတ်တွေထဲ တရုတ်မ၁ယောက်ပဲစာရွက်စာတမ်းအပြည့်စုံရှိတယ် ကျန်လူဘာအထောက်ထားမှမတွေ့ရှိပါ

ကျန်တဲ့မြန်မာ၁ဦးကယောကျာ်လေး passportရှိပီးလဝကတံဆိပ်မထုထားကြောင်းသိရတယ်
နောက်သူတို့တွေကပထုံဌာနီကနေရာတခုကိုပို့စေခဲ့တယ်

တာဝန်ရှိတွေစစ်ဆေးမေးမြန်းရာ ထိုင်းလူမျိုးအသက်၃၇နှစ် ကားမောင်သူကို ဘတ်၁၀၀၀၀နဲ့ငှါးလာတယ်
ဒီတရားမဝင်လူများကို စာ့ကယ်ဝ်မြို့ကနေကြိုလာတယ်လို့ပြောတယ်

ကားထဲကစ္စည်းတွေစစ်ဆေးရာမှာ ကျောဘိုးအိတ်9လုံး ဖုန်းအလုံးပေါင်း 283လုံး အားသွင်းကြိုး 118ခု notebook 2လုံးစတဲ့တခြားပစ္စည်းအသေးမွှားလေးတွေတွေ့ရှိခဲ့တယ်

တာဝန်ရှိတွေထိန်းသိမ်းဖမ်းဆီးလိုက်ပီဖြစ်တယ် နောက်ထပ်လူတွေရှိသေးလားမေးတော့ ပထုံဌာနီကဟော်တယ်လ်တခုမှာ နောက်ထပ်မြန်မာလူမျိုး ၅ဦးကိုလာတေရာက်တွေ့ရှိဖမ်းဆီးခဲ့တယ်
ဘယ်သူမှတရားဝင်အထောက်ထားမတွေ့ရှိခဲ့ပါ

တာဝန်ရှိများကစစ်ဆေးပီးဦးဆောင်သူပွဲစားအားလာရောက်ရင်ဆိုင်ဖို့သတင်းအမိန့်တင်လာတယ်

ဒီတရားမဝင်လူတွေကိုတော့ဥပဒေအတိုင်းစီရင်ဆောင်ရွက်သွားမည်ဟုသိရပါတယ်

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ရွှေစျေးတက်လေရွှေဆိုင်ဓမြတိုက်ခံရပြန်ပီဒီကနေ့ 15/2/2026 ရက်နေ့ လည် 2:15အချိန်တွင် ထိုင်းနိုင်ငံ ခွန်ကယ်မြို့မှာဖြစ်သွာ...
15/02/2026

#ရွှေစျေးတက်လေရွှေဆိုင်ဓမြတိုက်ခံရပြန်ပီ

ဒီကနေ့ 15/2/2026 ရက်နေ့ လည် 2:15အချိန်တွင် ထိုင်းနိုင်ငံ ခွန်ကယ်မြို့မှာဖြစ်သွားတယ်

ရွှေဆိုဓမြတိုက်တဲ့အမျိုးသား အမဲရောင်တကိုယ်လုံးဝတ်ဆင်ထားပီး ရွှေဆိုင်ကဝန်ထမ်းကိုခြိမ်းခြောက်ကာ ပါလာတဲ့ ရွှေတွေထုတ်ယူခိုင်းတယ်

ဒီဓမြဟာဆိုရင်ထိုင်းလူမျိုး အီစံလိုစကားပြောတယ် ငါ့က်ိုရွှေတွေထုတ်ယူပေး မပေးရင်သနတ်နဲ့ပစ်မယ်ပြောတယ်

ဝန်ထမ်းမိန်းကလေးကလဲအရမ်းထိတ်လန့်ပီးပေးလိုက်တယ် ဓမြလွယ်လာတဲ့လွယ်အိတ်အမဲရောင်ထဲရွှေတွေထည့်ဘူသွားတယ်

သံဒုတ်ချောင်းရှည်နဲ့ရွှေပြခန်းမှန်တွေကိုထုဖြိုကာ ရွှေဆွဲကြိုးအကြီးကြီးတွေစုစုပေါင်း ၂၆ကျပ်သားပါသွားတယ်လို့သိရတယ်

ငွေတန်ဖိုးနဲ့ဆိုရင်ဘတ်ငွေစုစုပေါင်း ၂သန်းလောက်ရှိတယ်ဟုသိရတယ်

ဒီဓမြဟာရွှေလုယက်မှုအပေါကိုတင်ပဆင်ထားပုံရတယ်
ရွှေတွေလုပီးစီးလာတဲ့ဆိုနံပါတ်မပါဆိုင်ကယ်မောင်းပီးထွက်ပြေးသွားတယ်

ထွက်ပြေးလမ်းတွေကရပ်ကွက်လမ်းကြိုလမ်းကြားကနေသွားတယ်

တာဝန်ရှိတွေခြေရာခံလိုက်လံဖမ်းစီးနေဆဲ cctvမှတ်တမ်းများစုဆောင်းနေတယ်လို့သိရတယ် မကြာခင်ဖမ်းဆီးနိုင်မယ်ဟုတာဝန်ရှိများပြောဆိုတယ်

ဒီကနေ့ခွန်ကယ်ကရဲစခန်းတာဝန်ရှိများသတင်းပို့လာတယ်လို့သိရပါတယ် ရွှေဆိုင်ပိုင်ရှင်ကတော့ဥပဒေအတိုင်းအရေးယူမယ်ဟုသိရတယ်

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ရွှေဝတ်ပီးသွားလာသူများသတိထားဂရုစိုက်ကြပါမနေ့က 14/2/2026 က ဘန်ကောက်မြို့ထဲလမ်း၄ဆုံမီးပွိုင့်မှာရွှေဆွဲကြိုးအလုခံရတဲ့သတင...
15/02/2026

#ရွှေဝတ်ပီးသွားလာသူများသတိထားဂရုစိုက်ကြပါ

မနေ့က 14/2/2026 က ဘန်ကောက်မြို့ထဲလမ်း၄ဆုံမီးပွိုင့်မှာရွှေဆွဲကြိုးအလုခံရတဲ့သတင်းဒီနေ့မှတက်လာတယ်

နစ်နာသူမှရဲစခန်သွားရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်

တရားခံကိုတာဝန်ရှိများက cctv မှတ်တမ်းအရခြေရာခံလိုက်လံဖမ်းဆီနေကြောင်းသိရတယ်

နစ်နာသူဖြစ်တဲ့ထိုင်းအကိုကြီးအသက် ၄၆နှစ်ဟာ နခွန်စဝမ် မြိ့ုမှာနေကြတယ်

ဇနီးဖြစ်သူနဲ့ဆံသဆိုင်တဆိုင်စီဖွင့်လစ်လုပ်ကိုင်ကြတယ်
သူ့မိသားစုဖြစ်တဲ့ဇနီးနဲ့သားရယ်သားရဲ့သူငယ်ချင်းသူတို့၄ယောက်ကဘန်ကောက်တက်လာကြတယ်

သားဖြစ်သူနဲ့သားရဲ့သူငယ်ချင်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလာဖြေရင်း ဘန်ကောက်ကဟော်တယ်တခုမှာတည်းကြတယ်

နေ့လည်ပိုင်းသူတို့၄ဦးကမိုးပျံရထားစီးလာပီး MBK ကုန်တိုက်ကနေစျေးဝယ်အပြန် တခုခုသွားစားဖို့ ရာဝရာ့ဘက်ကိုသွားမို့ ၃ဘီးတုတုငှါးစီးခဲ့တယ်

နစ်နာသူအကိုကတော့တုတုအနောက်ခုံရဲ့ညာဘက်မှာထိုင်တယ်

အဲချိန်မှာ မဟာနခွန်ဘန်ကောက်ထဲကမီးပွိုင့်မိလို့ တုတုနားနေချိန် ဘေးကဆိုင်ကယ်သမားဓမြဟာ ဦးထုပ်အလုံပိတ်ဝတ်ဆင်ထားတယ် ဂျက်ကက်အင်္ကျီလက်ရှည်အပြာရောင် ဘောင်းဘီအမဲရောင်ဝတ်ဆင်ထားတယ်

ဒီတရားခံဟာတုတုအနားကပ်မောင်းပီးဆိုင်ကယ်ဘေးကနေနစ်နာသူအကိုဆီကရွှေဆွဲကြိုး၁၀ကျပ်သားဆွဲလုခဲ့တယ် လည်ပင်းမှာခြစ်ရာဒဏ်ရာတခုရခဲ့တယ်

ဆွဲကြိုးနဲ့အတူ ဘုရားလောကပ်လဲပါသွားတယ်
အဲဒီဘုရားလော်ကပ်ကသူ့ဘဝအတွက်အရေးပါဆုံးဖြစ်လို့ ပြန်ရချင်တယ်ဆိုပီးရဲစခန်းချက်ချင်းသွားတိုင်ခဲ့တယ်

ဒီတရားခံကိုတွေ့ရှိမိသူလည်းပြန်လည်အကြောင်းကြားလာပေးဖို့တောင်းဆိုခဲ့တယ်
တွေ့ရှိပါက ဘတ်ငွေ၁၀၀၀၀ကျေးဇူးဆပ်မယ်လို့လည်းပြောခဲ့တယ်

ကြောက်စရာကြီးလူဘာမှမဖြစ်လို့ ထိုင်းလူမျိုးတောင်ထိနေတာ ထိုင်းရောက်မြန်မာတွေလဲအသွားလာဂရုစိုက်ကြပါလို့သတိပေးချင်ပါတယ်ရှင်

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ဘေးကင်းကြပါစေလူဦးရေအယောက်ပေါင်း၅၂စီးနှင်လာတဲ့ပူကစ်-ဘေတော်၂ထပ်ကားဘတ်စ်ကားကြီးမှောက်ခဲ့တယ်သတင်းအခင်းဖြစ်တဲ့နေ့က မနေ့ညက 1...
15/02/2026

#ဘေးကင်းကြပါစေ
လူဦးရေအယောက်ပေါင်း၅၂စီးနှင်လာတဲ့ပူကစ်-ဘေတော်၂ထပ်ကားဘတ်စ်ကားကြီးမှောက်ခဲ့တယ်သတင်း

အခင်းဖြစ်တဲ့နေ့က မနေ့ညက 14/2/2026 ဘေတော်-ရလာမြို့ကိုသွားဖို့ ည22:00အချိန်မှာပူကစ်ကနေခရီးစထွက်လာတယ်

11:30 အချိန်မှာပဲရလာမြို့ကိုရောက်ချိန် ကားနဲ့ပါလာသူလူဦးရေစုစုပေါင်း 52ဦး ခရီးသည် 49ဦး ကားမောင်းသူ 1ဦး ကားစပယ်ရာဝန်ထမ်း၂ဦးအပါဝင်ဖြစ်ကြတယ်

15/2/2026ညသန်ခေါင်ယံအချိန်မှာတရန်မြို့ကိုရောက်တော့တာဝန်ရှိများက ကားမှောက်အက်စီဒက်ဖြစ်တဲ့သတင်းကိုရရှိပီး ကယ်ဆယ်ရေးဆေးရုံကားများအစီးပေါင်း၂၀လောက်ကိုလာရောက်ကူညီခဲ့ကြတယ်

အပြင်းထန်ဒဏ်ရာရရှိသူ၁၀ယောက် နည်းနည်းပါးပါးထိရှဒဏ်ရာရသူအယောက်၃၀ နဲ့အတူ ကားမောင်းသူ စီလိချိုင် ထိုင်းလူမျိုး အသက် ၅၂နှစ် ကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်ခြေထောက်ပြတ် ခေါင်းကွဲ သတိရှိစကားပြောနိုင်သေးတယ်

ကားသမားပြောချက်အရဆိုင်ကယ်တစီးကားရှေ့ကဖြတ်လာတာရှောင်ရင်းလက်ကိုင်ဟန်ချက်ပျက်ပီးဖြစ်သွားတယ်ပြောတယ်

ခရီးသည်ထဲကတယောက်ကလဲ ဒူးခေါင်းရိုးကွဲအရိုးပါပေါ်သွားပီးအပြင်းထန်ဒဏ်ရာရှိတယ်လို့သိရတယ်

ဒီဘဏ်ကားကြီးဟာဆိုရင်မမှောက်ခင်အချိန်မှာ ၈၀မီတာအကွာဝေးလောက်မှာထဲကယိုင်ပီး အိမ်စီးကားတစီးကိုပါဝင်တိုက်ပီးကားမှန်ကြေမွပျက်စီးသွားခဲ့တယ်ဟုသိရတယ်

ခရီးသည်တဦးပြောချက်အရကားမောင်းသမားဟာဆိုရင်ကားမောင်းပီးအိပ်ပျော်သွားလို့ခုလိုဖြစ်ရတာဟုပြောတယ်

ထိုလူတွေကိုလဲဆေးရုံမှာကုသမှုခံရယူနေကြပီဖြစ်တယ်

နောက်ဆက်တွဲသတင်းကတော့ဥပဒေနဲ့အညီတာဝန်ရှိတွေလုပ်ဆောင်သွားကြမည်ဟုသိရတယ်

#စိတ်မကောင်းဖြစ်လိုက်တာသတင်း ဘတ်စ်ကားစီးရတောင်ကြောက်လာပီ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ဆိုင်ကယ်ဖြေးဖြေးမောင်းကြပါစိတ်မကောင်းမစရာသတင်း ဒီကနေ့ ၁၅/၂/၂၀၂၆ ထိုင်းနိုင်ငံနခွန်စီထမရားမြို့ရဲ့လမ်းမကြီးဘေးကတိုက်ခတ်...
15/02/2026

#ဆိုင်ကယ်ဖြေးဖြေးမောင်းကြပါစိတ်မကောင်းမစရာသတင်း

ဒီကနေ့ ၁၅/၂/၂၀၂၆ ထိုင်းနိုင်ငံနခွန်စီထမရားမြို့ရဲ့လမ်းမကြီးဘေးကတိုက်ခတ်မှု မနက်စောစော ၅:၄၅မိနစ်အချိန်အသံကျယ်လောင်စွာကြားလိုက်ရတယ်ဟုဒေသခံများပြောဆိုခဲ့တယ်

မနက်ကျတော့အာဏာပိုင်များနှင့်ကူးဖိုင်တာဝန်ရှိများလာရောက်စစ်ဆေးရာ လမ်းမကြီးရဲ့ဘေးမန်းကျည်းပင်အောက်မှာ လူငယ်၃ဦးဟာပါးစပ် နှာခေါင်း နားထဲကတွေးတွေထွက်ကာ လည်ပင်းကျိုးလျက်တန်းစီပီးတေဆုံးနေတာတွေ့ရတယ်

အလောင်းရှိနေရာ မီတာ၂၀အကွာဝေးမှာ တိုက်ခတ်မှုအပြင်းထန်ရရှိထားတဲ့Honda ဆိုင်ကယ်အနီမဲနံပါတ် 2กฐิน-8137 တစီးလဲတွေ့ခဲ့တယ်

ဒီထဲမှာဒေသခံရဲ့သားသမီးတွေဖြစ်ကြတဲ့ အသက် ၁၇အရွယ်လူငယ်လေးတဦး ထိုင်းလူမျိုးဟုသိရတယ်

ကျန်တဲ့၂ဦးကတော့ခုချိန်ထိဘယ်သူဘယ်ဝါ မသိရသေးပါ စုံစမ်းစစ်ဆေးချက်အရဒီလူငယ်လေးတွေဟာလူငယ်သူငယ်ချင်းတွေဖြစ်ကြတယ်

ဒေသံခံတွေပြောချက်အရ မနက်စောစောအချိန် ဆိုင်ကယ်တိုက်တဲ့အသံကျယ်လောင်စွာကြားတယ်လို့ပြောတယ်

အဲချိန်မှာထွက်ကြည့်တော့ အခင်းဖြစ်တဲ့နေရာမှာ အမှိုက်ပုံးကိုဝင်တိုက်ထားပီး မန်းကြည်းပင်ကိုတိုက်ရိုက်တိုက်ခတ်ထားတဲ့အနေထားနဲ့အတူဒေသခံရဲ့အိမ်ခြံကိုလဲတိုက်ထားတယ်လို့သိရတယ်

ဘယ်လိုတောင်တိုကတာလဲကွယ် စိတ်မကောင်းလိုက်တာ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #စိတ်မကောင်းဖြစ်လိုက်တာသတင်းဒီကနေ့ ၁၁/၂/၂၀၂၆ မနက် ၆နာရီခွဲအချိန်လောက်မှာ ထိုင်းနိုင်ငံမဲဆောက်မြို့ လိုတပ်ကုန်တိုက်ကြီးအ...
11/02/2026

#စိတ်မကောင်းဖြစ်လိုက်တာသတင်း

ဒီကနေ့ ၁၁/၂/၂၀၂၆ မနက် ၆နာရီခွဲအချိန်လောက်မှာ ထိုင်းနိုင်ငံမဲဆောက်မြို့ လိုတပ်ကုန်တိုက်ကြီးအနီးဘန်းကြီးကျောင်းနားရောက်တော့ နားထားတဲ့၁၀ဘီးကုန်တင်ကားကြီးကိုဝင်တိုက်တာပါ

အိမ်စီးကားနဲ့မောင်းနှင်လာတဲ့သူကမြန်မာလူမျိုးဖြစ်တယ်
ကားထဲမှာစုစုပေါင်း၃ဦးပါတယ်
ကားမောင်းသူအိပ်ငိုက်ပီးမိုက်ကျတဲ့အချိန်ကားဟန်ချက်ပျက်ပီးကားကြီးကိုဝင်တိုက်ရာမှ ၂ဦးကသတိမေ့ပွဲချင်းပီးဆုံးသွားတယ်ဟုသိရတယ်

မောင်းနှင်သူကတော့ဝင်တိုက်ချိန်မှာထိတ်လန့်ပီးအပြင်းထန်ဒဏ်ရာရရှိသွားတယ်

တာဝန်ရှိတွေမှအမြန်ဆုံးရောက်လာပီး ဆေးရုံပို့ဆောင်စစ်ဆေးကြောင်းဖြစ်စဉ်အသေးစိတ်စဉ်ဆေးနေဆဲဟုသိရတယ်

ေ ဆုံးသူ၂ဦးတွက်မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ် အဖြစ်ပျက်ဆိုးနောက်ဘဝတွေလွတ်ကင်းပါစေ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

ဒီကနေ့ ၁၁/၂/၂၀၂၆ ထိုင်းနိုင်ငံ နခွန်ဖနွန်ရဲစခန်းကတာဝန်ရှိတွေက ကလေးသူငယ်စောက်ရှောက်ရေးဖောင်ဒေးရှင်းတခုမှသတင်းပို့လာပီး အသ...
11/02/2026

ဒီကနေ့ ၁၁/၂/၂၀၂၆ ထိုင်းနိုင်ငံ နခွန်ဖနွန်ရဲစခန်းကတာဝန်ရှိတွေက ကလေးသူငယ်စောက်ရှောက်ရေးဖောင်ဒေးရှင်းတခုမှသတင်းပို့လာပီး အသက် ၃၈နှစ်အရွယ်ဖခင်အားသွားရောက်ဖမ်းဆီခဲ့တယ်

ဖခင်ဖြစ်သူဟာအသက်၇နှစ်အရွယ်သမီးအရင်းအား ရိုက်နက်ကာအိမ်တွင်းအကြမ်းဖက်ခဲ့တယ်

ကျောင်းပထမတန်းတက်နေတဲ့ထိုင်းကျောင်းသူဖြစ်တဲ့သမီးအားလိင်ပိုင်းဆိုင်ရာအကြိမ်ကြိမ်ပြုကျင့်ဖို့ကြိုးစားတယ်လို့ကလေးဖြစ်သူမှပြောလာတယ်

ထိုအချိန်တွေဟာဖခင်ဖြစ်သူသည်အရက်မူးရူးနေချိန်ဖြစ်တယ်ဟုသိရတယ်

ရဲအရာရှိများအိမ်သို့သွားရောက်ဖမ်းဆီးရာ ဖခင်ဖြစ်သူဟာထွက်ပြေးဖို့ကြိုးစားပြင်ဆင်နေချိန်ဖမ်းမိသွားပါတယ်

ဖခင်ဟာမူးယစ်ဆေးဝါးအများပြားကိုလဲအိပ်ယာအောက်မှာဝှက်ထားတာတွေလဲတွေ့ရှိခဲ့ရတယ်

သူ့အားဆီးစစ်ချိန်မှာလဲ ဒီမူးယစ်ဆေးဝါးသုံးစွဲမှုပေါ်လာတယ််
ဆေးတပြား ၅၀ဘတ်ဖြင့်ဝယ်လာတယ်ဆိုတာလဲဝန်ခံခဲ့တယ်
သမီးလေးအားလိင်ပိုင်းဆိုင်ရာပြုကျင့်ခဲ့သော်လည်းငြင်းဆိုခဲ့တယ်

သမီးလေးဟာကျောင်းမှာလဲလူစိမ်းတွေဆိုကြောက်ရွံ့မှုရှိပီးစိတ်ဒဏ်ရာရောလူရောအားနည်းခဲ့ရတယ်

ခုဆိုရင်ကလေးကိုတာဝန်ရှိများကူညီစောက်ရှောက်မှုအောက်မှာစိတ်နဲနဲသက်သာလာတယ်လို့သိရတယ်

ကလေးကိုဆေးရုံကုသမှုခံယူပီးကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးအဖွဲ့ကထိန်းသိမ်းထားတယ်ဟုသိရတယ်

ဖခင်ကတော့ဆေးကြောင်မူးရူးပီးကိုယ့်သွေးသားအရင်းကိုလုပ်ရက်လိုက်တာ ကြောက်စရာကြီး ဆေးစစ်ချက်ထွက်ရင် ကလေးကိုပြုကျင့်မကျင့်ကြောင်းကိုထပ်မံပီးတရားဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟုသိရတယ်

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲရှိ ချတူဂျက်စျေးကိုလူတိုင်းသိမှာပါ အရမ်းစည်ကားတဲ့စနေတနင်္ဂနွေအားလပ်ရက်စျေးလေးပေါ့မနေ့ညက ၉/၂/...
10/02/2026

ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲရှိ ချတူဂျက်စျေးကိုလူတိုင်းသိမှာပါ အရမ်းစည်ကားတဲ့စနေတနင်္ဂနွေအားလပ်ရက်စျေးလေးပေါ့

မနေ့ညက ၉/၂/၂၀၂၆ ညအချိန် 23:15မိနစ်အချိန်မှာ အထည်ဆိုင်တခုကအစမီးလောင်မှုဖြစ်ပွါးခဲ့တယ်

အာဏာပိုင်များမှသတင်းရလို့ မီးသတ်တာဝန်ရှိများကိုစေလွတ်ခဲ့တယ်

မီးပျံ့နှ့မှုအရမ်းမြန်တာကြောင့်အထည်တန်း၂တန်းစုစုပေါင်း၂၈ဆိုင်အားမီးငြိမ်းရာအချိန်ပေါင်းမိနစ်၄၀ကြာမီးငြိမ်းနိုင်ခဲ့ပါတယ်

ဘယ်သူတယောက်မှထိခိုက်ဒဏ်ရာရခြင်းမရှိပါ မီးလောင်မှုဘယ်ကဘယ်လိုစလောင်လဲဆိုတာတာဝန်ရှိများကစစ်ဆေးဆောင်ရွက်ဆဲပါ

အခင်းဖြစ်နေရာတွေကိုတော့ကြိုးတားဆောင်ရွက်မှုတွေနဲ့လုပ်ဆောင်နေပါတယ်

“သင့်ကြောင့်မီးမလောင်စေနှင့်” ဆိုတဲ့စကားပုံအတိုင်းမီးလောင်တဲ့အမှုကြီးတယ်နော် ဂရုစိုက်ကြပါ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

ထိုင်းနိုင်ငံ ဥထိုင်ဌာနီရှိ ဘုန်းကြီးကျောင်းတကျောင်းက ဘုန်းကြီးတပါး သက်တော် ၆၂ဝါ ရှိပီဒီကနေ့ ၇/၂/၂၀၂၆ နေ့လည် ၁၂ခွဲအချိန်...
07/02/2026

ထိုင်းနိုင်ငံ ဥထိုင်ဌာနီရှိ ဘုန်းကြီးကျောင်းတကျောင်းက ဘုန်းကြီးတပါး သက်တော် ၆၂ဝါ ရှိပီ

ဒီကနေ့ ၇/၂/၂၀၂၆ နေ့လည် ၁၂ခွဲအချိန် ဘုန်းကြီးကျောင်းအနောက်ဘက်ကရေကန်တခုထဲရဟန်းတပါးရဲ့ရုပ်အလောင်းတခုတွေ့ရလို့ဒေသခံများက ကယ်ဆယ်ရေးတွေနဲ့တာဝန်ရှိများကိုအကြောင်းကြားကာလာရောက်စစ်ဆေးစေခဲ့တယ်

ဦးဇင်းဟာဆိုရင် မနေ့က ၆/၂/၂၀၂၆ ညနေပိုင်းမှာ ရေကန်အနီးရှိရေစုပ်​မော်တာစက်ကိုပြုပြင်ရင်း ရေထဲကျရေနစ်သေဆုံးခဲ့တယ်

ကယ်ဆယ်ရေးများသည် ရေကန်စွန်းမှ ၁၅မီတာအကွာဝေးရှိတဲ့ရေကန်ထဲပေါင်းပင်များအား မက်ခိုကားဖြင့်အလောင်းကိုရှာဖွေကယ်ဆယ်ခဲ့ရတယ်

ဦးဇင်းရဲ့မိသားစုများကလဲဝမ်းနည်းကြေကွဲခဲ့ရတယ်
ဦးဇင်းအားပျံတော်မူခဲ့တယ်ရုပ်ကလပ်အားဘာသာရေးစျာပနာအတိုင်းပြုလုပ်ဆောင်ရွက်သွားပါမည်
ကောင်းရာသုဂတိလားပါစေဘုရား

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

 #ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ဘဝမလွယ်ပါလားကွယ် စိတ်မကောင်းစရာတွေပဲထိုင်းနိုင်ငံ ဘန်ကောက် စူကိုဝစ် စွယ်၂၁ လမ်းမှာ ပရံ...
07/02/2026

#ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ဘဝမလွယ်ပါလားကွယ် စိတ်မကောင်းစရာတွေပဲ

ထိုင်းနိုင်ငံ ဘန်ကောက် စူကိုဝစ် စွယ်၂၁ လမ်းမှာ ပရံကော်ဆန်းဆောက်လုပ်ရေး တခုမှာ ဒီကနေ့ ၇/၂/၂၀၂၆ မနက် 10နာရီကျော်လောက်က ကရိန်းပြိုကျမှုကြောင့် မြန်မာအလုပ်သမား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်

ကျား၁ဦး မ၁ဦး လို့သိရတယ်
ဘယ်သူဘယ်ဝါမဖော်ပြထားပါဘူး အကိုကသတိပြန်လည်ရလာပီးအရေးပေါ်ဆေးရုံပို့ဆောင်သွားခဲ့တယ်

အမကတော့ ဘယ်ဘက် ခြေထောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရတယ်

ဘေးကင်းကြပါစေရှင် ခုလိုသတင်းတွေတက်လာရင်ရင်ထဲမကောင်းဘူး

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလိုင်းကားစီးသူတွေသတိထားကြနော် လူစိမ်းဘာကျွေးကျွေး မစားမိစေနဲ့ဒီဖြစ်စဉ်ဟာ ပီးခဲ့တဲ့ ၂၈/၁/၂၀၂...
07/02/2026

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလိုင်းကားစီးသူတွေသတိထားကြနော် လူစိမ်းဘာကျွေးကျွေး မစားမိစေနဲ့

ဒီဖြစ်စဉ်ဟာ ပီးခဲ့တဲ့ ၂၈/၁/၂၀၂၆ကဖြစ်သွားတယ်
သတင်းဒီနေ့မှတက်လာတယ်
အသက်၈၄နှစ်အရွယ်အဖိုးအိုတယောက်ဟာလိုင်းကားအမှတ် ၅၁၁ ပေါ်မှာသတိလစ်မေ့မျှောနေတာကိုကားစပယ်ရာတဦးမှတွေ့ရှိခဲ့တယ်

ဘယ်လိုနှိုးနှိုးမနိုးခဲ့ဘူးဆိုတော့ကူညီရေးအဖွဲ့ကိုအကြောင်းကြားပီးဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်

ဆေးရုံရောက်တော့ဆရာဝန်စစ်ဆေးပီးနောက်မိသားစုဆွေမျိုးတွေကိုစုံစမ်းစေခါ်ယူစေခဲ့တယ်
ဆက်လက်စစ်ဆေးစုံစမ်းရာ အဖိုးကတကိုယ်တည်းဘာပစ္စည်းမှမပါလာခဲ့ဘူး

အဖိုးရဲ့လက်ဝတ်ပစ္စည်းငွေသားအပါဝင် စုစုပေါင်း ၂၅၀၀၀၀ဘတ်ဆုံးရှုံးမှုရှိခဲ့ကြောင်းတွေရှိခဲ့တယ်

မိသားစုတွေကလည်းအဖိုးဟာမကောင်းတဲ့အဖြစ်ပျက်တခုခုကြုံလိုက်ရပီဆိုပီးချက်ချင်းသံသယဝင်သွားတယ်

အဖိုးဟာ ၃ရက်တိုင်တိုင်သတိမေ့နေခဲ့တယ်
အဖိုးသတိရလာတဲ့နေ့မှာပဲ အဖိုးကိုမေးတော့ အဖိုးဟာပါနမ်ကားမှတ်တိုင်မှကားစောင့်နေခဲ့တာလို့ပြောတယ်

လူတယောက်ကအဖိုးကိုမိတ်ဖွဲ့ကာရင်းနှီးမှုယူပီးနို့ချဉ်တဗူးတိုက်ခဲ့တယ်

ကားပေါ်ဆွဲခေါ်တင်ပီးပုံမှန်သက်ကြီးရွယ်အိုကူညီတဲ့ပုံစံနဲ့ကားနောက်ဆုံးခုံမှာထိုင်ခဲ့တယ်
ပီးတော့အဖိုးမေ့မျောချိန်မှာပဲအဖိုးရဲ့ရွှေဆွဲကြိုး လက်ဝတ်လက်စားငွေသားအားလုံးခိုးယူသွားတယ်

အဲမှာပဲတာဝန်ရှိတွေကဒီအမှုကိုစတင်ရှာဖွေဖမ်းဆီးခဲ့တယ်
ဒီလူကို cctvမှတ်တမ်းအရခြေရာခံလိုက်လှံဖမ်းဆီးခဲ့တယ်

တရားခံဟာ အသက် ၆၉ နာမည်က ပရာ့စက်လို့ခေါ်တယ်
ဇာတိကနခွန်စီထမရာ့မြို့သားဖြစ်တယ်

အကြောင်းရာစစ်ဆေးရှာဖွေရာ တရားခံရဲ့အိမ်ပြန်လမ်း ဖဟောရိုထီ ၃၀မှာဖမ်းဆီးမိသွားတယ်

ကြောက်စရာကြီးပါ ဘယ်သူတွေဘာကြွေးကြွေးယုံပီးမစားမိစေနှင့် သတိရှိပါ

#မူရင်းရေးသားသူမဆုမြတ်
#ထိုင်းသတင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ma Su Myat - Daily&Lifestyleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์