MYAN SIAM Easy Visa Consultancy

Agent က 100% Visa အာမခံပေးနိုင်လား?Visa လျှောက်မယ့်သူတွေဆီကနေ အမြဲကြားရတဲ့ စကားတစ်ခုရှိပါတယ် —“ဒီ Agent က 100% အောင်အောင...
21/02/2026

Agent က 100% Visa အာမခံပေးနိုင်လား?
Visa လျှောက်မယ့်သူတွေဆီကနေ အမြဲကြားရတဲ့ စကားတစ်ခုရှိပါတယ် —
“ဒီ Agent က 100% အောင်အောင် လုပ်ပေးနိုင်တယ်”

တကယ်တော့… 🤧

ဒီ Content လေးကတော့ Agent နဲ့ Client တွေကြားမှာ အမြဲ conflict နေကျဖြစ်တဲ့ မတူညီတဲ့ အမြင်တွေ နှင့် သိထားသင့်တဲ့ Visa အမှန်းတရားလေးတွေအကြောင်းပါ။

❌ Myth: Agent က Visa ကို အာမခံပေးနိုင်တယ်...

Client အများစုက �"Agent များသည် Embassy နဲ့ ချိတ်ဆက်ထားကာ အထူးအခွင့်အရေးရှိတယ်လို့ထင်နေကြပြီး �Visa Approval ကိုလည်း ထိန်းချုပ်နိုင်တယ်လို့ မှားယွင်းထင်မြင်တတ်ကြပါတယ်။

တကယ်တော့ ဒါက မမှန်ကန်တဲ့ သတင်းအချက်လက်ဖြစ်ပါတယ်။
Agent သည် အတွေ့ကြုံများနှင့် လေ့လာထားသောအရာများကိုပေါင်းဆပ်ကာ Visa လျှောက်မည့်သူအတွက် ကောင်းမွန်သောအကြံညာဏ်များ၊ ပြီးပြည့်စုံသော စာရွက်စာတမ်းပြင်ဆင်မှုများ နှင့် သက်ဆိုင်ရာ Embassy ရဲ့သဘောသဘာ၀များကို သုံးသပ်ကာ Visa Applicationအား အမှားအနည်းဆုံဖြစ်အောင် ကူညီလုပ်ဆောင်ပေးရသော Assistance သာဖြစ်ပါတယ်။

✅ Fact: Visa Approval ကို Embassy ပဲ ဆုံးဖြတ်ပါတယ်...

Visa approval / refusal ကို Embassy (သို့မဟုတ် Consular Officer) ကပဲသီးသန့် ဆုံးဖြတ်ပါတယ်။

မည်သည့် Agent မဆို Visa Decisionအား ပြောင်းလဲနိုင်သည့် Authority မရှိပါဘူးခင်ဗျ။

❌ Myth: ပိုက်ဆံပိုပေးရင် Approval ပိုလွယ်တယ်...

တချို့က Service fee မြင့်ရင် Approval rate မြင့်မယ်လို့ ယုံကြည်ကြပါတယ်။
မည်သည့် Visa Approval ကိုမှ ပိုက်ဆံပိုပေး၍ ၀◌ယ်လို့မရနိုင်ပါဘူးခင်ဗျ။

✅ Fact: Visa Approval ရဲ့ အခြေခံသဘောတရားက Documents & Profile ပေါ်မှာပဲဖြစ်ပါတယ်...

Embassy မှ ဒီအချက်တွေပေါ်မှာပဲ ဆုံးဖြတ်ချက်ချပါတယ်။
✔ Financial stability
�✔ Travel purpose clarity
�✔ Strong home ties�
✔ Document consistency�
✔ Applicant credibility

Fee မဟုတ်ပါဘူး။

❌ Myth: Agent ပြောသလို လုပ်လိုက်ရင် 100% Safe...

အပေါ်မှာပြောခဲ့သလိုပဲ Agentသည် Visa Preparation Assistance သာဖြစ်ပြီး လျှောက်ထားမည့် Applicant ဖက်မှလည်း ကိုယ်ပိုင်အချက်လက်များအား ကိုယ်တိုင်စစ်ဆေးမှုများပြုလုပ်ဖို့လိုပါတယ်။ ၁၀၀% Agent ပေါ်မှီခို၍ မရနိုင်ပါ။

✅ Fact: Applicant ရဲ့ Information မှန်ကန်မှုသည်သာ အရေးကြီးဆုံး...

Agent သည် preparation & guidance ပဲပြုလုပ်ပေးနိုင်ပါတယ်။

Applicant ဖက်မှ အချက်အလက်မှားယွင်းခြင်းများ (Fake documents,Inconsistent statements) ရှိပါက Visa Reject ဖြစ်နိုင်ပါတယ်။

📌 Agent ရဲ့တကယ့် အခန်းကဏ္ဍ...

Professional Consultant တစ်ယောက်အနေနဲ့ _

�✔ Document review လုပ်ပေးခြင်း
�✔ Weak point တွေ identify လုပ်ပေးခြင်း
�✔ Strategy ပြင်ဆင်ပေးခြင်း
�✔ Risk လျှော့ချပေးခြင်း

တို့ကိုသာလုပ်ဆောင်နိုင်ပြီး Decision ကို မဆုံးဖြတ်နိုင်ပါဘူးခင်ဗျ။

Visa Approval ဆိုတာ Relationship မဟုတ်ပဲ System & Assessment ပဲဖြစ်ပါတယ်။

Visa များလျှောက်ထားသည့်အခါ Transparency + Preparation + Honesty တို့က အရေးကြီးဆုံးပါခင်ဗျ။

Think First. Apply Right.
MyanSiam Visa Consultancy

Consult Before You Apply ✔🧐Think First. Apply Right.MyanSiam Visa Consultancy
16/02/2026

Consult Before You Apply ✔
🧐
Think First. Apply Right.
MyanSiam Visa Consultancy

Japan Visit Visaက ခက်လား? မလျှောက်ခင် ဘာတွေသိထားသင့်လဲ?ပြောရမယ်ဆိုရင်တော့... JAPAN VISA က Europe/UK စတဲ့နိုင်ငံတွေရဲ့ VI...
16/02/2026

Japan Visit Visaက ခက်လား?
မလျှောက်ခင် ဘာတွေသိထားသင့်လဲ?
ပြောရမယ်ဆိုရင်တော့... JAPAN VISA က Europe/UK စတဲ့နိုင်ငံတွေရဲ့ VISA Process လောက် ရှုပ်ထွေးမနေပဲ သူ့ ​Process ကရိုးရှင်းလွယ်ကူပါတယ်။

But..... ❗

ရိုးရှင်းတယ်...စည်းစနစ်ကြီးတယ်... တိကျမှရပါမယ်။

2023/2024 လောက်ထိ ကျနော်တို့ Myanmar Passport Holders တွေ အနေနဲ့ Japan Visit Visa ဟာ လွယ်လင့်တကူနဲ့ လျှောက်လို့ရပြီး အချက်လက် စုံလင်ခိုင်မာရင် Visa ပေးပါတယ်။

2025နောက်ပိုင်းမှာတော့ Japan Visit Visa တွေဟာ တဖြည်းဖြည်းကြပ်လာပီး လူငယ်ပိုင်းတွေ Individually လျှောက်တဲ့အခါမှာတော်တော်များများ Visa မပေးတာမျိုးတွေရှိလာပါတယ်။

ဒါဟာ Embassy အနေနဲ့ Overstay Risked Country ဖြစ်နေတဲ့အတွက် "နိုင်ငံကို ပြန်လာနိုင်သလား" ဆိုတဲ့ မေးခွန်းပေါ်မှာ အများကြီး Focusထားပီး သေချာ စီစစ်၊ စစ်ဆေးပြီးမှ Visa ပေးတော့တဲ့ အနေထားပါ။

ဒါကြောင့် လူငယ်တော်တော်များများက နီးစပ်ရာ ထိုင်းနိုင်ငံမှတဆင့် Education Visa ကဲ့သို့ Long Term Status တခုခုယူပြီး လျှောက်ကြာတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း 100% Visa ရနေကြတာမျိုးမဟုတ်ပဲ တချို့သာလျှင် Visa ရကြပါတယ်။

"ဒါကြောင့် လောလောဆယ်မှာတော့ Japan Visa က ခက်သလားဆိုရင် ခက်နေတဲ့ အနေထားမဟုတ်ပဲ သေချာစစ်ဆေးပြီးမှ ပေးတယ်ဆိုတဲ့ အနေထားပါ။"

ဘာပဲဖြစ်ဖြစ် Japan Visit Visa ကို Individually Try ချင်တဲ့သူများအတွက် မလျှောက်ခင် သိထားသင့်တဲ့ Tips လေးတွေ ပြောပြထားပေးပါ့မယ်ခင်ဗျ။

1️⃣ Documents Accuracy အရေးကြီးပါတယ်။

Japan Embassy တိုင်းက စာရွက်စာတမ်းတွေကို တိကျစွာ စစ်ဆေးပါတယ်။

✔ Application form မှန်ကန်မှု
✔ Hotel booking & schedule တိကျမှု
✔ Sponsor relationship ရှင်းလင်းမှု

ကိုယ်​​ဖြည့်လိုက်တဲ့ Informations တခုခုမှားသွားတာနဲ့ Reject ဖြစ်နိုင်ပါတယ်။
နောက်ပြီး သံရုံးက ဖုန်းဆက်လို့ ပြန်ဖြေတဲ့အခါမှာ ကိုယ့်အဖြေတွေက သံသယ​ဝင်စရာ​ သဘာဝမကျနေတာမျိုးဆိုရင်လဲ Rejected ဖြစ်နိုင်ပါတယ်။ ရိုးသားစာ ပြန်ဖြေပေးပါ။

2️⃣ Financial Proof သေချာပြနိုင်ရမယ်
Japan Visa မှာ Bank balance ထက် Income stability ကို ပိုကြည့်ပါတယ်။

🔎 Regular income ရှိ/မရှိ
🔎 Sudden deposit ရှိ/မရှိ
🔎 Trip expense ကို လုံလောက်စွာ ထောက်ပံ့နိုင်/မနိုင် စတဲ့
Financial movement ​တွေ သဘာဝမကျရင်လည်း Risk ရှိပါတယ်။ Bank ထဲမှာ လူတဦးကို မြန်မာငွေ သိန်း ၂၀၀ လောက် ၊ ၁လလောက် အနည်းဆုံးရှိနေရပါမယ်။ ဒါမှ Visa Refuse risk နည်းမှာပါ။

3️⃣ Travel Plan သေချာပြရပါမယ်

Daily schedule (Day by Day plan) အရေးကြီးပါတယ်။
✔ ဘယ်နေ့ ဘယ်နေရာ သွားမလဲ
✔ ဘယ်ဟိုတယ်မှာ နေမလဲ
✔ ဘယ်လို transportation သုံးမလဲ

Clear & realistic ဖြစ်ရပါမယ်။

4️⃣ Return Intention

Embassy အနေနဲ့ ဒီ Applicant ဟာ “Japan မှာ Overstay နေနိုင်သလား” ဆိုတဲ့အချက်ကို သေသေချာချာလေး စစ်ဆေးပါတယ်။
ဒါကြောင့်
✔ Stable job
✔ Business
✔ Family ties

စသည့် ပြန်လာမယ်ဆိုတဲ့ အထောက်အထားကို တိကျရှင်းလင်းစွာ သက်သေပြနိုင်ရပါမယ်။

❗ အရေးကြီးဆုံးအချက်

❌ Fake documents မလုပ်ပါနဲ့ (လုံးဝ မလုပ်ပါနဲ့) စစ်ဆေးတွေ့ရှိသွားပါက life time banned လုပ်ခံရနိုင်ပါတယ်။

ဒါ​ကြာင့် Japan Visa ကခက်တယ်ဆိုတာထက် Preparation သေချာမလုပ်နိုင်ပဲ လျှောက်လိုက်တာက ပိုပြဿနာဖြစ်ပါတယ်။

Think First. Apply Right.
MyanSiam Visa Consultancy

🇪🇺 Schengen Visa ကို ပထမဦးဆုံးလျှောက်မည့်သူများ အတွက် Tips & Tricks ✔MYANMAR Passport ကိုင်ဆောင်ထားပြီး Schengen Visa က...
15/02/2026

🇪🇺 Schengen Visa ကို ပထမဦးဆုံးလျှောက်မည့်သူများ အတွက် Tips & Tricks ✔

MYANMAR Passport ကိုင်ဆောင်ထားပြီး Schengen Visa ကိုပထမဦးဆုံး စလျှောက်မည့်သူများအတွက် အကြံပေးလိုတာကတော့ Schengen Visa ဆိုတာ လိုအပ်တဲ့စာရွက်လေးတွေစုပြီးတင်လိုက်တာမျိုးမဟုတ်ဘူးဆိုတာပါပဲ။

Visa Approval ဆိုတာကလည်း ကံမကောင်းလို့ / ကံကောင်းလို့ ဆိုတဲ့အပေါ် မူတည်နေတာမျိုးလည်း မဟုတ်ပါဘူးခင်ဗျ။

✔ Financial Stability
✔ Strong Home Ties
✔ Document Consistency
✔ Clear Travel Purpose

စသည့် အချက်တွေပေါ်မှာ များစွာမူတည်ပါတယ်။

☑ မှန်ကန်သော Embassy ကို ရွေးချယ်ပါ...

• ကိုယ်သွားရောက်လည်ပတ်မည့် နိုင်ငံတွေထဲမှာ အများဆုံး နေထိုင်လည်ပတ်မည့် နိုင်ငံရဲ့ Embassy မှတဆင့်လျှောက်ပါ။ (ဥပမာ- France,Italy,Germany မှာ ကိုယ်က ပြင်သစ်မှာလည်ပတ်မည့်ရက် များမယ်ဆိုရင် France Embassy မှတဆင့် လျှောက်ရပါမယ်။)

• ဒါမှမဟုတ် လည်ပတ်မည့်နိုင်ငံများက ရက်အတူတူဖြစ်နေမယ်ဆိုရင် First Entry Country ကို လျှောက်ရပါမယ်။

NOTE : Embassy မှားလျှောက်ခြင်းကြောင့်လည်း Reject ဖြစ်နိုင်ပါတယ်။

☑ Financial Proof (အရေးကြီးဆုံးအချက်ပါ)

Embassy ​တွေအနေနဲ့ အဓိကထားကြည့်တာက...

🔎 Bank statement ၆ လ
🔎 Regular income ရှိ/မရှိ
🔎 ​Large amount deposits တွေ ရုတ်တရက်ဝင်လာတာရှိ/မရှိ
🔎 Trip အတွက် လုံလောက်တဲ့ balance ရှိ/မရှိ ကိုသေချာစစ်ဆေးပါတယ်။

NOTE: Bank Statment ထဲမှာ Balance အများကြီးရှိနေတာမျိုးတခုထဲ မလုံလောက်ပါဘူး။ Transaction History ကလည်း ပိုအရေးကြီးပါတယ်။

☑ Myanmar ကို ပြန်လာမယ်ဆိုတဲ့ ခိုင်လုံသည့်အထောက်အထား❗

ယခုချိန်မှာ Myanmar ဟာ Overstay Risk မြင့်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့အတွက် Embassy က Return Intention ကို အထူးစစ်ဆေးပါတယ်။

✔ Stable Job
✔ Business
✔ Family Responsibility
✔ Property

စတဲ့ပြန်လာမယ်ဆိုတဲ့အချက်တွေကို ခိုင်လုံအောင် သေသေချာချာပြနိုင်ရပါမယ်။

☑ Documents များကိုက်ညီမှုရှိ/မရှိ

Travel Dates
Hotel Booking
Flight Reservation
Application Form တွင် ထည့်သွင်းထားသောအချက်လက်များအားလုံး ကိုက်ညီမှုရှိရပါမည်။အချက်အလက် သေးသေးလေးတခု မှားလိုက်တာနဲ့
Doubt ဖြစ်နိုင်ပါတယ်။

❗Reject ဖြစ်ပြီးသားသူများအတွက် Recovery Guide...💪

အကယ်၍ Reject ဖြစ်သွားရင် အရမ်းစိတ်မပူပါနဲ့။

"Reject = Ban မဟုတ်ပါဘူး။"

ဒါပေမယ့် ပြန်လျှောက်မယ့်အခါ မပြင်ဆင်ဘဲ လျှောက်မယ်ဆိုရင်တော့ ဒုတိယအကြိမ် ထပ်ပြီး Reject ဖြစ်နိုင်ချေများပါတယ်။

Step 1: Rejection Letter ကို သေချာဖတ်ပါ
အများဆုံးတွေ့ရသော အကြောင်းရင်းများ —

❌ Financial Not Sufficient
❌ Doubt About Return
❌ Unclear Travel Purpose
❌ Inconsistent Information

စတဲ့ တကယ့်အားနည်းချက်တွေကို သိနေရပါမယ်။

Step 2: Profile ကို Strong ဖြစ်အောင် ကောင်းကောင်းပြန်လည်ပြင်ဆင်ပါ။

✔ Bank movement ကို တည်ငြိမ်အောင် ပြုလုပ်ပါ
✔ Employment documents update လုပ်ပါ
✔ Travel plan ကို ပိုရှင်းလင်းအောင် ပြင်ဆင်ပါ
✔ All documents consistency စစ်ပါ

NOTE : Profile အားကောင်းလာမှ ပြန်လျှောက်သင့်ပါတယ်။

🚫 မလုပ်သင့်တာများ

❌ Fake Documents
❌ Edited Bank Statement
❌ Rush Reapply

Fraud ဖြစ်ပါက Long-Term Ban ဖြစ်နိုင်ပါတယ်။ ❗❗❗❗

Schengen Visa အောင်မြင်ဖို့က
"Preparation + Strategy + Transparency " စတဲ့အရာတွေလိုအပ်ပါတယ်ခင်ဗျ။

ဒါကြောင့် Visa မလျှောက်ခင်မှာ အလုံးစုံကိုသေသေချာချာလေး လေ့လာ စစ်ဆေးပြီးမှ လျှောက်ကြဖို့ အထူးအကြံပေးချင်ပါတယ်ခင်ဗျ။

Think First. Apply Right.
MyanSiam Visa Consultancy

Why rejected?ဘာလို့ Visa Rejected ဖြစ်ရတာလဲ?ထပ်လျှောက်လို့ရောရနိုင်သေးလား?တခါ Rejected ဖြစ်ပြီးရင် ဘယ်ချိန်မှာ ပြန်လျှော...
15/02/2026

Why rejected?
ဘာလို့ Visa Rejected ဖြစ်ရတာလဲ?
ထပ်လျှောက်လို့ရောရနိုင်သေးလား?
တခါ Rejected ဖြစ်ပြီးရင် ဘယ်ချိန်မှာ ပြန်လျှောက်ရမလဲ?...
ဆိုတဲ့ မေးခွန်းတွေနဲ့အတူ "စိတ်ဖိစီးမှုတွေ" ဖြစ်ပြီး "ကံမကောင်းဘူး"လို့ အတွေးမှားတွေဝင်လာတတ်ကြတယ်။ 🥺💪
တကယ်တော့ Visa Reject ဖြစ်တာက "ကံမကောင်း"လို့မဟုတ်ပါဘူး။
ကိုယ်လျှောက်မဲ့ Visa အကြောင်း၊ အခြေအနေ နဲ့ ရည်ရွယ်ချက်တို့ကို သေချာ မပြင်ဆင်နိုင်ခဲ့လို့ပါ။

ယေဘဘုယျအားဖြင့် ဒီလိုအချက်တွေကြောင့်ဖြစ်တတ်သလို

🔸 စာရွက်စာတမ်း မပြည့်စုံခြင်း
🔸 အချက်အလက်မှားယွင်းခြင်း
🔸 ခရီးသွားရည်ရွယ်ချက် မရှင်းလင်းခြင်
🔸 Finanical လုံလုံလောက်လောက်မပြနိုင်ခြင်းတွေကြောင့် ဖြစ်တတ်သလို...

ကျနော်တို့ဟာ မလျှောက်ခင်မှာ စဥ်းကိုစဥ်းစာထားသင့်တဲ့ အရေးကြီးအချက်လက်တွေကို ဂရုမစိုက်ပဲ လျှောက်လိုက်ခြင်းတွေကြောင့်လဲ များသောအားဖြင့် Rejected ဖြစ်လေ့ရှိကြပါတယ်။

ဥပမာ - ကိုယ်တည်ဆောက်လိုက်တဲ့ ကိုယ့်ရဲ့ Profile, Presentation နဲ့ Embassyကို ကိုယ်တကယ်ပြောချင်တဲ့ အကြောင်းရာ၊ ခရီးသွားရည်ရွယ်ချက် နှင့် စာရွက်စာတမ်းတွေက ရှေ့နောက်မညီ ကမောက်ကမနဲ့ visa officer ကို ရှုပ်ထွေးစေပြိီး အဓိပ္ပါယ်မရှိဘူးလို့ ခံစားစေရတဲ့ အကြောင်းအရင်းတွေကြောင့်လည်း လူကြီးမင်းတို့၏ Visa Application ဟာ Rejected ဖြစ်နိုင်ပါတယ်။

❌ စာရွက်စာတမ်း အတုလုပ်ခြင်း ❌

အရမ်းအရေးကြီးဆုံးအချက်ပါ။ ❗

ကျနော်တို့လို့ Risked Country အနေနဲ့ Fake Document တွေလုပ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း Embassy တွေက သိထားသလို ယခုနောက်ပိုင်း Visa စစ်ဆေးတဲ့အခါမှာ ဒါတွေကို ပိုပီး ဂရုတစိုက် စစ်ဆေးကြပါတယ်။ Applicant ဟာ အေကြာင်းအမျိုးမျိုးကြောင့်သော်လည်ကောင်း၊ Visa အတွက် Chance များနိုင်တယ်လို့ စဥ်းစားမိပြီး တကယ်မရှိတဲ့ အကြောင်းရာတခုကိုတည်ဆောက်ပြီး စာရွက်စာတမ်း အတု ပြုလုပ်လိုက်ခြင်းကလည်း ကိုယ့်ရဲ့ Visa အခွင့်ရေးဆုံးရှုံးမှုသာမက နောင်တွင်လည်း Visa လျှောက်ထားနိုင်မှာမဟုတ်​ပဲ Banned List ထဲရောက်သွားနိုင်ပါတယ်။ (Please Don't)

အသေးစိတ်အချက်လေးတစ်ခုမှားသွားတာနဲ့
Result ကြီးတစ်ခု ထိခိုက်နိုင်ပါတယ်။

Visa လျှောက်တာက Form ဖြည့်ရုံမဟုတ်ပဲ
Strategy လိုပါတယ်။ Preparation လိုပါတယ်။

Visa တခါကျသွားရင်လည်း စိတ်ဓာတ်မကျပဲ နောက်တကြိမ်လျှောက်တဲ့ အခါမှာ Refused Reason ကို သေချာပြုပြင်ပြီး ကိုယ်တည်ဆောက်မဲ့၊ တင်ပြမဲ့ အကြောင်းများကို ရိုးသားစွာသိရှိနားလည်းကာ လျှောက်တင်ရန် အကြံပေးလိုပါတယ်ခင်ဗျ။

👉 မလျှောက်ခင် အကြံဉာဏ်ယူပါ။
👉 မမှားခင် စစ်ဆေးပါ။

Think First. Apply Right.
MyanSiam Visa Consultancy

Apply With Strategy ဆိုတဲ့အတိုင်း ကျနော်တို့ဟာ Visa တင်တဲ့အချိန်မှာ ကိုယ်လျှောက်မည့် နိုင်ငံရဲ့ Visa အခြေနေနဲ့ အမျိုးစား...
15/02/2026

Apply With Strategy ဆိုတဲ့အတိုင်း ကျနော်တို့ဟာ Visa တင်တဲ့အချိန်မှာ ကိုယ်လျှောက်မည့် နိုင်ငံရဲ့ Visa အခြေနေနဲ့ အမျိုးစားပေါ်မူတည်ပြီး လိမ်မာပါးနပ်စွာ လျှောက်တတ်ဖို့လိုပါတယ်ခင်ဗျ။

အချို့နိုင်ငံသေး Visa များအတွက်ကတော့ အခက်ခဲအရမ်းမရှိပေမဲ့ Europe, UK, Canada စသည့် နိုင်ငံကြီးတွေရဲ့ Visa များကိုတော့ သေချာလေး လေ့လာပြီးမှ လျှောက်ဖို့လိုအပ်ပါတယ်ခင်ဗျ။

နောက်ပြီး Visa လျှောက်တဲ့ အခါမှာအရေးကြီးဆုံးဖြစ်တဲ့ Fake Document များဖြင့် Visa လျှောက်ခြင်းကလည်း လူကြီးမင်းတို့၏ Visa Application အပေါ်မှာ အများကြီး ကြိုးသက်ရောက်နိုင်သလို furture မှာလည်း Visa ရရှိနိုင်တဲ့ အခွင့်ရေးများ ဆုံးရှုံးတတ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ Visa လျှောက်တဲ့အခါ Right Decision, Right Way ဖြစ်စေဖို့ နဲ့ အမှားအယွင်းအနည်းဆုံး​​​ဖြစ်ဖို့ ​​​လိုအပ်သည့် Preparation များကို ကျနော်တို့ MyanSiam Visa Consultancy မှ assist လုပ်ပေးရန် အဆင်သင့်ပါပဲခင်ဗျ။

ကျနော်တို့ MyanSiamမှာ ရနိုင်တဲ့ Service တွေကတော့...

1. International Tourist/Visit Visa Assistance Service
2. Visa Consultation Only Service
3. Student Visa Assistance Service
4. Work Visa Preparation & Assistance Service
5. Internationl Booking & Reservation Assistance Service

အသေးစိတ်သိရှိလိုပါက Page Messeger မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

Visa Consultation များအတွက် 0842084670 သို့ဆက်သွယ်ပြီး Appointment ကြိုယူနိုင်ပါတယ်ခင်ဗျ။

MyanSiam Visa Consultancy
Easy Visa Assistance

Student Visa Assistance
15/02/2026

Student Visa Assistance

Work Visa Assistance
15/02/2026

Work Visa Assistance

Hello...Hello... Can We Talk?Visa Applcation ပြင်ဆင်ဖို့ ဆွေးနွေဖို့လိုနေတာလား? ဒါမှမဟုတ် ဘယ်ကစပြင်ဆင်ရမလဲ ခေါင်းစားနေတာ...
15/02/2026

Hello...Hello... Can We Talk?
Visa Applcation ပြင်ဆင်ဖို့ ဆွေးနွေဖို့လိုနေတာလား?

ဒါမှမဟုတ် ဘယ်ကစပြင်ဆင်ရမလဲ ခေါင်းစားနေတာလား?

ဒါဆိုရင်တော့ ကျနော်တို့ MyanSiam (မြန်ဆန်) Visa Consultancy Service ကနေ Assist လုပ်ပေးပါရစေခင်ဗျာ။

Europe Visa အတွက်ပဲဖြစ်ဖြစ်၊ UK,Japan,China,Hong Kong,Korea... အစရှိတဲ့ Visa လိုအပ်တဲ့ နိုင်ငံတွေအတွက် လိုအပ်တဲ့ Preparation နဲ့ Consultationကို လူကြီးမင်းတို့အတွက် အမှားအယွင်းနည်းအောင် Expericenced Professional Coordinator မှ သေသေချာချာ ဆွေးနွေးတိုင်ပင် ပေးပါတယ်ခင်ဗျ။

ဘယ် Visaပဲလျှောက်လျှောက် သက်ဆိုင်ရာ Visa Type ပေါ်မှာ မူတည်တဲ့ လိုအပ်သည့်/ သိသင့်သည့် Visa Tips,Well Preparation, Right Advise များနှင့်တကွ လူကြီးမင်းတို့၏ Visa applcationများအတွက် Success ဖြစ်ဖို့ ကူညီဆောင်ရွက်ပေးပါတယ်ခင်ဗျ။

ကျနော်တို့ MyanSiamမှာ ရနိုင်တဲ့ Service တွေကတော့...

1. International Tourist/Visit Visa Assistance Service
2. Visa Consultation Only Service
3. Student Visa Assistance Service
4. Work Visa Preparation & Assistance Service
5. Internationl Booking & Reservation Assistance Service

Service များအား အသေးစိတ်သိရှိလိုပါက Page Messeger မှတဆင့် တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

Visa Consultation များအတွက် 0842084670 သို့ဆက်သွယ်ပြီး Appointment ကြိုယူနိုင်ပါတယ်ခင်ဗျ။

MyanSiam Visa Consultancy
Easy Visa Assistance

ที่อยู่

Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MYAN SIAMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์