28/09/2026
🕯️ Marubozu Candle ဆိုတာဘာလဲ?
မိတ်ဆွေတို့ Chart ကြည့်ရင်း Body အရှည်ကြီးပြီး Wick မရှိသလောက်သေးတဲ့ Candleကို တွေ့ဖူးကြမှာပါ။
ဒီလို Candle ကို Marubozu Candle လို့ခေါ်ပါတယ်။
Marubozu Candle ဆိုတာ Buyer ဒါမှမဟုတ် Seller တစ်ဖက်က အားကောင်းနေတယ် ဆိုတာကို အချက်ပြပေးတဲ့ Candle အမျိုးအစားပဲ ဖြစ်ပါတယ်။
🟢 Bullish Marubozu
အစိမ်းရောင် Body ကကြီးပြီး Wick တိုတတ်ပါတယ်။
ဒါက Seller တွေ အားနည်းလာပြီး Buyer တွေ ပြန်ဝင်လာပြီဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
🔴 Bearish Marubozu
အနီရောင် Body ကကြီးပြီး Wick တိုတတ်ပါတယ်။
ဒါက Buyer တွေ အားနည်းလာပြီး Seller တွေ ပြန်ဝင်လာပြီဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Marubozu Candle တစ်တုံးတွေ့တာနဲ့ ချက်ချင်း Buy / Sell ဝင်သင့်တယ်လို့ မဆိုလိုပါဘူး။
အရေးကြီးတာက ဒီ Candle က ဘယ်နေရာမှာ ပေါ်လာတာလဲ ဆိုတာပါ။
ဥပမာ Resistance နားမှာ Bullish Marubozu ပေါ်လာတာနဲ့ Trend အလယ်မှာ ပေါ်လာတာဟာ အဓိပ္ပာယ်တူတူ မဖြစ်နိုင်ပါဘူး။
📌 ဒါကြောင့် Marubozu ကို ကြည့်တဲ့အခါ
Trend၊ Support / Resistance နဲ့ နောက် Candle ဘယ်လိုဆက်ဖြစ်လာလဲ ဆိုတာတွေကိုပါ တွဲကြည့်သင့်ပါတယ်။
📩 Trading Account ဖွင့်လှစ်လိုပါက Telegram မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Telegram :