Kokyaw Bangkok KBK VISA&WORKPERMIT SERVICE CO,LTD
ရုံံးချိန် 09:00 18:00
ရုံးဖုန်း-094 361 8562 (Line)ရှိ
ရုံးဖုန်း-094 991 3450
Linie id,kokyaw1992

15/06/2026

#ထိုင်းရောက်မြန်မာများသိထားသင့်တဲ့ကလေးမှီခိုဘတ်အကြောင်း

အကြောင်းအမျိုးမျိုးကြောင့် မြန်မာ ပြည်မှာ မွေးတဲ့ ကလေးတွေကို

ထိုင်းကို ခေါ်လာပါက ကလေးတွေ အတွက် မဖြစ်မနေလုပ်ပေးရမှာက ကလေး မှီခိုဘတ် ဖြစ်ပါသည်

ကလေး မှီခိုဘတ် သည် လူကြီး ဘတ်ပန်းရောင်ကဒ်လို သက်တမ်း (10)နှစ် ရသည်

သို့သော်-ကလေးမှီခိုဘတ်လုပ်ရန် အဖေ သို့မဟုတ် အမေ မှာ အလုပ်လုပ်ခွင့် WORKPERMIT နှင့် ဘတ် ပန်းရောင်ကဒ်ရှိရပါမည်

အဖေ သို့မဟုတ် အမေ ရဲ့ WORKPERMIT သက်တမ်း ကုန်လို့ သက်တမ်းတိုးပြီးတိုင်း

ကလေး မှီခိုဘတ်ရဲ့ ထော်လော်(38)စာရွက်ကို update တစ်ခါ တင်ရမည်
========================================
#အသိပေးချက်
ကလေးဖြစ်ဖြစ် လူကြီး ဖြစ်ဖြစ် (10)နှစ်ခံ ပန်းရောင်ကဒ်ကို တစ်နှစ်တစ်ခါ Update တင်ကြရပါသည်

#ကြော်ငြာ Update တင်ခ ကျနော်တို့ KBK ရုံးမှ(500)ဘတ် ကောက်ခံပါသည်
လူလာစရာမလိုပါ
------------------------------------------------------
ဆိုတော့ ကလေး မှီခိုဘတ်အကြောင်းကို ပြန်ဆက်ရေးပါမည်

ကလေးမှီခိုဘတ် ဆိုတာ အဖေ သို့မဟုတ် အမေမှာအလုပ်လုပ်ခွင့် (WORKPERMIT)ရှိရမှ လုပ်လို့ရပါသည်

တကယ်လို့ ကလေးမှာ အကြောင်းအမျိုးမျိုးကြောင့် အမေ အဖေ နှင့် ဝေးကွာနေရပါက

ကလေးရဲ့ ဦးဦးဒေါ်ဒေါ် သို့မဟုတ် မိသားစု အသိမိတ်ဆွေ တစ်ယောက်ယောက် ကို အဖေ သို့မဟုတ် အမေ နေရာ ထားပြီးလည်း
ကလေးမှီခိုဘတ် လုပ်လို့ရပါသည်

သို့သော် ထို ကလေးရဲ့ ဆွေမျိုး တော်စပ်သူ မိသားစုဝင်မှာ
(workpermit) နှင့် ဘတ် ပန်းရောင်ကဒ်ရှိရပါမည်

ကလေးမှီခိုဘတ် ရရှိထားပါက ထိုကလေးသည်
ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင် သွားလာလို့ ရတဲ့အပြင်

ထိုင်းအစိုးရ ကျောင်းကိုလည်း တရားဝင် တက်ရောက်နိုင်ပါသည်

ကလေး အသက် -18-နှစ်မပြည့်မချင်း ထို 10 နှစ်ခံ ဘတ်ပန်းရောင်ကဒ် နှင့် တရားဝင်နေထိုင်းသွားလာ နိုင်ပါသည်

❌အလုပ်လုပ်ခွင့်တော့မရှိပါ❌

ထိုကလေးတွင် မြန်မာ နိုင်ငံမှ Passport ပါလာပါက
ကလေးမှီခို ဗီဇာလည်းကျနော် Kbk ရုံးမှ ထည့်ပေးပါသည်

ထိုကလေး ဗီဇာ သည် မိဘ ရဲ့ WORKPERMIT သက်တမ်းရှိသလောက်ရပါမည်

မိဘ ဗီဇာ ဝေါ့ပါမစ် သက်တမ်း တိုးတိုင်း ထိုကလေး၏
ဗီဇာ ကိုလည်း သက်တမ်း တိုးရပါမည်

သို့သော် ကလေးရဲ့ ဘတ် ပန်းရောင်ကဒ်ကိုတော့ သက်တမ်းတိုးစရာ မလိုပါ

တစ်နှစ်တစ်ခါ (Update) လုပ်ထားရင် ကလေးရဲ့ ဘတ်ပန်းရောင်ကဒ်က (10)နှစ် အထိ အသုံးပြုလို့ရပါသည်

ကလေးမှီခိုဘတ်အကြောင်း စိတ်ဝင်စားလို့
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက

KBK VISA&WORKPERMIT SERVICE CO,LTD ၏
ရုံးဖုန်း နံပါတ်များသို့ -မနက်-09:00 16:00 အတွင်း

095-126-3857 /094-361-8562 /094-991-3450 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#ကိုကျော် ဘန်ကောက်
SERVICE

15/06/2026

ကလေးမှီခိုဘတ် ကလေးမှီခို ဗီဇာ
သက်ကြီးမှီခို ဗီဇာ လုပ်လိုသူများ
Cb မှာဆက်သွယ်ပယ

ပြည်မာပြည်က ခေါ်တင်လာပြီး ကလေးတွေကို ထိုင်းမှာ မွေးစရင်း မလိုပဲ ကလေးမှီခိုဘတ် (ခေါ်) ၁၀ နှစ်ခံပန်းရောင်ဘတ် ကို နေ့ချင်းရ...
14/06/2026

ပြည်မာပြည်က ခေါ်တင်လာပြီး ကလေးတွေကို

ထိုင်းမှာ မွေးစရင်း မလိုပဲ ကလေးမှီခိုဘတ် (ခေါ်)

၁၀ နှစ်ခံပန်းရောင်ဘတ် ကို နေ့ချင်းရ ဝန်ဆောင်မှုဖြင့် ဆောရွက်ပေးနေပါတယ်

အဖေ (သို့မဟုတ်) အမေမှာ ဝေါ့ပါမစ်ကဒ်နှင့် ပန်းရောင်ကဒ်ရှိရပါမယ်နော်

ဒါမှ မဟုတ် မှီခိုဘတ် တင်မဲ့ ကလေးမှာ မိဘ မရှိဘူးဆိုလျှင်

မိသားစုဝင်ထဲက တစ်ဦး တစ်ယောက်ကိုမှီခိုပြီးတင်မယ် ဆိုလဲ ရပါတယ်

Cb ကနေတဆင့်လဲ ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်နော်

ရုံးဖုန်း ကို ဆက်သွယ်လိုပါက

09 49913450
09 43618562 (Line ရှိ)
Line id , kokyaw1992

16.6.2026 ဝေါ့ပါမစ်ကဒ်ထုတ်ရမည့် နာမည်စာရင်းပါသူများဖြစ်ပါတယ်ရှင့် ဝေါ့မစ်ကဒ်ထုတ်မဲ့ရုံးသို့ မနက် 10:00 နာရီအရောက်သွားပေး...
14/06/2026

16.6.2026 ဝေါ့ပါမစ်ကဒ်ထုတ်ရမည့် နာမည်စာရင်းပါသူများဖြစ်ပါတယ်ရှင့်

ဝေါ့မစ်ကဒ်ထုတ်မဲ့ရုံးသို့ မနက် 10:00 နာရီအရောက်သွားပေးပါရှင့်

ဝေါ့ပါမစ်ကဒ် ထုတ်ရန်

နွန်ထဘူရီရုံး တည်နေရာ👇
https://maps.app.goo.gl/JFfttBEWr8tLKDtf9?g_st=al

13/06/2026

အပတ်စဥ် စနေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့်

9.6.2026 အင်္ဂါနေ့ CI စာအုပ်လုပ်ထားသူများ ဗီဇာ တစ်တုံး ထုပြီးပါပြီ စာအုပ်များ  ရုံးသို့ လာရောက်ယူလို့ရပါပြီ မြို့ဝေးသူမျ...
12/06/2026

9.6.2026 အင်္ဂါနေ့ CI စာအုပ်လုပ်ထားသူများ ဗီဇာ
တစ်တုံး ထုပြီးပါပြီ စာအုပ်များ

ရုံးသို့ လာရောက်ယူလို့ရပါပြီ မြို့ဝေးသူများ
Kokyaw Bangkok ရုံး{ Page } သို့ လိပ်စာချပေးပါရန်

ရုံးဖုန်း👇🏻👇🏻
0950450942
0943618562
0949913450


#ကိုကျော်ဘန်ကောက်
ကိုကျော် ဘန်ကောက်
ကိုကျော် ပန်းရောင်ကဒ် နှင့် ဘဏ်အကောင့်ဖွင့် ဝန်ဆောင်မှု
ကိုကျော် ဗီဇာ ဝေါ့ပါမစ် အကျိုးဆောင်ရုံး
fans

10/06/2026

မြန်မာပြည်က ခေါ်တင်လာတဲ့ ကလေးတွေကို
ထိုင်းမှာမွေးစာရင်းမလိုပဲ ကလေးမှီခို

ဘတ်(ခေါ်) 10နှစ်ခံ ပန်းရောင်ဘတ် နေ့ချင်းရလုပ်ပေးပါသည်

အဖေ သို့မဟုတ် အမေမှာ ဝေါ့ပါမစ်နှင့်ပန်းရောင်ကဒ်ရှ်ိရပါမည်

094-361-8562/095-126-3857 သို့ ဖုန်းခေါ်ပြီး

သို့မဟုတ် အထက်ပါ ဖုန်းနံပါတ် နှစ်လုံကို
(Line) အပ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါသည်

09/06/2026

ကလးမှီခိုဘတ်လုပ်လိုသူများ
ဆက်သွယ်လာပါ
အဖေ သို့မဟုတ် အမေမှာ ဝေါ့ပါမစ်ရှိရပါမည်

ကျန့်အော်+ကျန့်ခေါက် ဆိုတာ-ဘာလဲ,? ဘယ်လဲ,?ထိုင်းရောက်ရွေ့ပြောင်းအလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားများအနေဖြင့်အလုပ်လုပ်ခွ...
08/06/2026

ကျန့်အော်+ကျန့်ခေါက် ဆိုတာ-ဘာလဲ,? ဘယ်လဲ,?

ထိုင်းရောက်ရွေ့ပြောင်းအလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားများအနေဖြင့်

အလုပ်လုပ်ခွင့် Workpermit ရှိရမည်ဆိုတာ လူတိုင်းအသိပင်ဖြစ်သည်

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပါက
တရားဝင် အလုပ်လုပ်ခွင့် ရရန်

ဘတ်(ခေါ်) ( workpermit ) က မဖြစ်မနေလုပ်ကြရပါသည်

ဘတ်လုပ်ကြတဲ့အခါ မိမိ ကိုယ်တိုင်အလုပ်လုပ်နေတဲ့

အလုပ်ရှင် ပုဂ္ဂလိက သူဌေးနာမည်ဖြင့် (သို့မဟုတ်)

စက်ရုံ အလုပ်ရုံမှ ကုမ္ပဏီ နာမည်ဖြင့် လုပ်ကြသည်

သို့သော်-သူဌေး မကောင်း အလုပ်မကောင်း သို့မဟုတ် အလုပ်မရှိ သူဌေးမရှိသေးသူများသည်

ပွဲစား (သို့မဟုတ်)အေဂျင်စီ ရုံးတို့တွင် သူဌေးအငှားဖြင့် ဘတ်လုပ်ကြသည်

တချို့ ပွဲစားများ ရုံးများသည် သူဌေး အငှားကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပေးသော ဘတ်(ခေါ်) WORKPERMIT သက်တမ်း ပေးသလောက်

သူဌေးအငှားနာမည်ဖြင့် ကျန့်အော်(ခေါ်) အလုပ်ထွက်စာ မထွက်ပဲ ထားပေးကြသည်

တချို့ ပွဲစားများ-ရုံးများမှာ (Workpermit) ရပြီး (3-4)လ သို့မဟုတ် ကျန်းမာရေးအာမခံ ပကန်(6)လ သက်တမ်းရှိသလောက်ထိ ထားပေးထားပြီး

ကျန်းမာရေးအာမခံ ပကန်ကုန်တာနဲ့ ကျန့်အော်(ခေါ်)အလုပ်ထွက်စာကို ထုတ်ပစ်လိုက်ကြသည်

ကျန့်အော်(ခေါ်)အလုပ်ထွက်စာ၏သက်တမ်းမှာ

(2)လ ဖြစ်ပြီး ကျန့်အော်(ခေါ်)အလုပ်ထွက်စာ ထုတ်ပြီး

(2)လ မပြည့်ခင် အလုပ်ရှင် အသစ်နာမည့်သို့
မဖြစ်မနေ ပြောင်းကြရသည်

အကယ်၍ (2)လအတွင်း အလုပ်ရှင်အသစ်နာမည်သို့ မပြောင်းထားပါက ကျန့်အော်(ခေါ်)အလုပ်ထွက်စာ
သက်တမ်းကုန်သွားတဲ့ အတွက်

နောက်ထပ် သူဌေးသို့ပြောင်းရန် အလွန်ခက်ခဲသွားမှာဖြစ်ပြီး
အကယ်၍ ပြောင်းလို့ ရခဲ့ရင်တောင်မှ

ကျန့်အော်(ခေါ်)အလုပ်ထွက် သက်တမ်း မကုန်ခင်ပြောင်းတာထက် နှစ်ဆပ် အကုန်အကျများသွားနိုင်ပါသည်

သို့ဖြစ်ပါ၍ အလုပ်ဟောင်း စက်ရုံးဟောင်းမှ အလုပ်ထွက်လာပါက

(2)လမပြည့်ခင် အလုပ်ရှင် အသစ်ရှာပြီးဖြစ်ဖြစ်
အကျိုးဆောင် ပွဲစားများ-အကျိုးဆောင်ရုံး များတွင်

သူဌေးငှားဖြင့် အလုပ်ရှင်အသစ် မရသေးမချင်း သူဌေးပြောင်းထားကြရပါမည်

အလုပ်ရှင် အသစ်ရမှ မိမိ တို့ သူဌေး အငှားဖြင့်
သူဌေးပြောင်းထားသော ပွဲစားများ+ရုံးများ မှ
ဘိုင်ကျန့်အော်(ခေါ်)အလုပ်ထွက်စာ တောင်းပြီး

သူဌေးပြန်ပြောင်းကြရပါမည်

အလုပ်ရှင် အသစ် နာမည်သို့ ပြောင်းခြင်းကို
ကျန့်ခေါက် သည်ဟုခေါ်သည်

အလွယ်အကူဆုံးနားလည်အောင်ပြောရရင်
(ကျန့်ခေါက်)ဆိုတာ သူဌေးပြောင်းတာဖြစ်ပြီး

ကျန့်အော် ဆိုတာ အလုပ်ထွက်စာခွင့်ပြုချက်စာရွက်ကို
ခေါ်သည်

အခုလောက်ဆိုရင် ဒီစာကို ဖတ်မိသော ထိုင်းရောက် ရွေ့ပြောင်းမြန်မာ များအနေဖြင့်

အထက်ပါ ခေါင်းစဥ် အတိုင်း
ကျန့်ခေါက်+ကျန့်အော် ဆိုတာ ဘာလဲ,? ဘယ်လဲ,?

ဆိုတာကို နားလည် သဘောပေါက်သွားကြလိမ့်မည်လို့
ကျနော် မျှောလင့် မိပါသည်

အကယ်၍ မိတ်ဆွေများ အနေဖြင့် ကောင်းစွာနားမလည်ပါက

ကျနော်တို့ရဲ့

KBK.VISA& WORKPERMIT SEVICE CO,LTD (သို့)

မနက် (09:00 18:00) အထိ

094-361-8562/ 095-126-3857/094-991-3450
ဖုန်းနံပါတ်များတွင်၄င်း

Line,id kokyaw1992.kbk1992 များတွင်၄င်း

အသေးစိတ်ကို ဆက်သွယ်မေးများနိုင်ပါသည်

ကြော်ငြာဝင်၏😁
စာဖတ်သူမိတ်ဆွေများ အနေဖြင့် အလုပ်ရှင်အဟောင်းမှ
ကျန့်အော်(ခေါ်)အလုပ်ထွက်စာ မရလာလို့
ကျန့်အော်လိုချင်တာပဲ ဖြစ်ဖြစ်

ကျန့်အော် ထုတ်လာပြီး အလုပ်ရှင်အသစ်ရှာမရသေးလို့
ကျန့်ခေါက်ထားချင်တာပဲ ဖြစ်ဖြစ်

ကျနော်တို့ရဲ့ Kokyaw Bangkok Page Cb တွင်
ဆက်သွယ်ပြီး
ယုံကြည် စိတ်ချစွာဖြင့် အလုပ် အပ်နှံနိုင်ပါသည်

အလုပ်အပ်တဲ့အခါ ငွေလွှဲလိုပါက

ကုမ္ပဏီ ဘဏ်အကောင့်
228-294-8756
K.BANK - KBK
VISA & WORKPERMIT SERVICE CO.LTD

ဘဏ်အကောင့် နံပါတ်သို့ ယုံကြည်စိတ်ချစွာလွှဲပေးနိုင်ပါသည်

လေးစားစွာဖြင့် -08/06/2026
#ကိုကျော်ဘန်ကောက်

ที่อยู่

บางบอน
Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kokyaw Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์