25/07/2024
ထိုင်း နိုင်ငံရှိ International School နှင့် College များတွင် ကျောင်းအပ်ပြီး ကောင်းမွန်သည့် ပညာရေးကို လေ့လာသင်ယူလို့ ရနေပါပြီရှင်...
ကျောင်းအပ်ရာတွင် ကျောင်းသားများစိတ်၀င်စားပြီး သင့်တော်သည့်ကျောင်းကို ရွေးချယ်နိုင်စေရန်အတွက် ကျောင်းများရဲ့ တည်နေရာ၊ သင်ကြားပေးမည့် Curriculums၊ ပျမ်းမျှကျောင်းစရိတ် အပြင် ကျောင်း၀န်းအတွင်း ဘော်ဒါဆောင်များတည်ရှိခြင်း အစရှိသည့် အကြောင်းများကို လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
⏬ Brighton College Bangkok
ဘန်ကောက်မြို့တွင်တည်ရှိသည့် Brighton College Bangkok ရဲ့ campus ဟာဆိုရင် ကျောင်းသားများအတွက် အဆင့်တန်းပြည့်မီသော ပညာရေးကို သင်ကြားပေးနိုင်ရန် တည်ဆောက်ထားတာဖြစ်ပြီး British Curriculum ကိုသင်ကြားပေးနေသည့် ထိုင်းနိုင်ငံရှိတစ်ခုတည်းသောကျောင်းဖြစ်ပါတယ်။
Curriculum များအနေဖြင့် Grades 6-10 အတွက် IGCSE Programme နှင့် Grades 11-12 အတွက် A level Programme များကို သင်ကြားပေးနေတာဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်လျှင် ပျှမ်းမျှ ကျောင်းစရိတ်မှာတော့ Year 7 အတွက် $23,600 နှင့် Year 12-13 အတွက် တစ်နှစ်လျှင် $ 27,100ကုန်ကျမှာဖြစ်ပါတယ်။ Brighton College Bangkok တွင် ကျောင်းသားများအတွက် ဘော်ဒါဆောင်ဝန်ဆောင်မှုမရှိသေးပါဘူး။
⏬ Regent's International School
Regent's International School ဟာဆိုရင် bangkok မြို့မှာတည်ရှိပြီး IB စာမေးပွဲတွင် အောင်မြင်မှု ရာနှုန်းပြည့်100% ရရှိထားတာဖြစ်ပြီး ပျမ်းမျှအမှတ် 37.1ရရှိထားတဲ့ ကျောင်းဖြစ်ပါတယ်။ IB သင်ရိုးကို သင်ကြားပေးပြီး အောင်မြင်သောကျောင်းသားများကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
ပျှမ်းမျှ ကျောင်းစရိတ်မှာတော့Years 7-9 အတွက်တစ်နှစ်ကို $19,200 ၊ Years 10-13 အတွက် တစ်နှစ်ကို $19,600 ကုန်ကျမှာဖြစ်ပါတယ်။
Regent's မှာဆိုရင် ကောင်းမွန်သောပညာရေးသာမက နေထိုင်ရန်အတွက် ဘော်ဒါဆောင်များပါ အဆင်ပြေအောင်ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။
⏬ KIS International School Reignwood Park
ဘန်ကောက်မြို့ရဲ့မြောက်ဘက်ရှိ KIS International School Reignwood Park ဟာဆိုရင် Grades 6-10 အတွက် IB Middle Years Programme နှင့်သင်ကြားပေးနေပြီး Grades 11-12 အတွက် IB Diploma Programme (သို့) IB Career-Related Programme ကိုသင်ကြားပေးနေတာ ဖြစ်ပါတယ်။
KIS International School Reignwood Park တွင် ပျှမ်းမျှ ကျောင်းစရိတ်မှာတော့ Grades 6-10 အတွက်တစ်နှစ်လျှင် $22,000 , Grade 11 အတွက် $23,600 ကုန်ကျမှာ ဖြစ်ပါတယ်။ Reignwood Park တွင် Grade 12 အတွက် $22,700 ကျသင့်မှာ ဖြစ်ပါတယ်။
KIS Reignwood Park တွင် ဘော်ဒါဆောင်ထားရှိထားပါတယ်။
campus အသစ်ဖြစ်သည့် KIS Reignwood Park ကိုတော့ August 2024 တွင် စတင်ပြီးဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
⏬ International School Bangkok (ISB)
International School Bangkok (ISB) ဟာ Bangkok ရဲ့ မြို့ပြင် Soi Nichada Thani မှာတည်ရှိပြီး နာမည်ကြီးသင်ရိုးများဖြစ်တဲ့ IB နှင့် AP သာမက မိမိစိတ်ကြိုက်သင်ရိုးများကို ရွေးချယ်တတ်ရောက်နိုင်တဲ့ ကမ္ဘာ့ထိပ်တန်း International School တစ်ခုဖြစ်ပါတယ်။ ပျှမ်းမျှ ကျောင်းစရိတ်မှာတော့ Years 6-8 အတွက် တစ်နှစ်လျှင် $30,000 နှင့် Years 9-12 အတွက်တစ်နှစ်လျှင် $31,000 တို့ဖြစ်ပါတယ်။
ISB မှာတော့ ကျောင်းသားများအတွက် ဘော်ဒါဆောင် ဝန်ဆောင်မှုမရှိသေးပါဘူး။
⏬ KIS International School Bangkok
ဘန်ကောက်မြို့တွင်တည်ရှိသည့် KIS International School Bangkok ဟာဆိုရင် Grades 6-10 အတွက် IB Middle Years Programme နှင့်သင်ကြားပေးနေပြီး Grades 11-12 အတွက် IB Diploma Programme (သို့) IB Career-Related Programme ကိုသင်ကြားပေးနေတာ ဖြစ်ပါတယ်။
KIS International School Bangkok တွင် ပျှမ်းမျှ ကျောင်းစရိတ်မှာတော့ Grades 6-10 အတွက်တစ်နှစ်လျှင် $22,000 , Grade 11 အတွက် $23,600 ကုန်ကျမှာ ဖြစ်ပါတယ်။ KIS Bangkok တွင် ဘော်ဒါဆောင်မရှိပါ။
campus အသစ်ဖြစ်သည့် KIS Reignwood Park ကိုတော့ August 2024 တွင် စတင်ပြီးဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
⏬ PREM Tinsulanonda International School
PREM Tinsulanonda International School ဟာဆိုရင် 100ဧက ကျယ်ဝန်းသော Chiang Maiတွင် တည်ရှိပြီး အရှေ့တောင်အာရှတွင် အသန့်ရှင်းဆုံးနှင့် အစိမ်းလန်းဆုံး Campus တစ်ခုဖြစ်ပါတယ်။ IB သင်ရိုးကိုသင်ကြားပေးနေပြီး ပျှမ်းမျှ ကျောင်းစရိတ်မှာတော့ Grades 6-7 အတွက်တစ်နှစ်လျှင် $19,000 , Grade 8 အတွက် $20,000 နှင့် Grades 9-12 အတွက် တစ်နှစ်လျှင် $20,300 တို့ဖြစ်ပါတယ်။ PREM တွင် ဘော်ဒါဆောင်ဝန်ဆောင်မှုလည်းရှိပါသည်။
🧳တိကျမှန်ကန်သော ၀န်ဆောင်ခ -
လွယ်ကူ မြန်ဆန်သော ၀န်ဆောင်မှု များကို
အရယူလိုက်ပါ...
၀န်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက...
Bangkok office Ph /viber
📲 +669 50480450
📲 +669 64346910
YGN OFFICE Ph/Viber:
📲 +959 450 4600 28
📲 +959 450 4600 38
📧 bangkoksolutionsby
[email protected]
အထက်ဖော်ပြပါ Contact Ph No.များအပြင် Bangkok Solutions by Zillion Page Messenger မှလဲဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။