Htea  Hter  Army Let lead the future

18/08/2022

စကေး

CRD;သေနတ်ဘေးအန္တာရယ်ကင်းရှင်းရေး အတွက်စက်ပစ်ကွင်း စည်းမျဉ်းများ ၁ ... သေနတ်ကို လုံခြုံမှူ့ ရှိတဲ့ ဦးတည်ရာကို ထားပါ ။ ကို...
17/08/2022

CRD;
သေနတ်ဘေးအန္တာရယ်ကင်းရှင်းရေး အတွက်
စက်ပစ်ကွင်း စည်းမျဉ်းများ

၁ ... သေနတ်ကို လုံခြုံမှူ့ ရှိတဲ့ ဦးတည်ရာကို ထားပါ ။
ကိုင်ဆောင်စဉ်နဲ့ ချထားစဉ်မှာတောင် ပြောင်းကို လူဘက်လှည့်ထားတာ မလုပ်ပါ နဲ့ ။

၂... ပစ်ခတ်ရန်အသင့်ဖြစ်သည့်တိုင်အောင် သင့်ရဲ့ လက်ကို ခလုပ်ထဲ မထည့်ထားပါနဲ့ ။

၃ ... ပစ်ခတ်ရန်အသင့်ဖြစ်သည့်တိုင်အောင် ကြိုတင် ကျည်မထိုးထားပါနဲ့ ။

၄... ပစ်ခတ်မည့် ပစ်မှတ်နှင့် သူ့နောက်မှ အရာတွေကို သိထားပါ ။ ကျည်ကျ သက်ရောက်မှူ့ဧရိယာအား ရှင်းလင်းနေပါစေ။ ။

၅... သေနတ်ကို မည်သို့ လုံခြုံစွာ နဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိထားပါ ။

၆ ... ပစ်ခတ်အသုံးချရန်အတွက် သေနတ်ဟာ ကောင်းစွာ ဘေးကင်းစွာ ရှိ‌နေသည်ကို သေချာအောင်စစ်ပါ ။

၇ ... သင့်ရဲ့ သေနတ်အတွက် မှန်ကန်သော ခဲယမ်းတစ်ခုတည်းကိုသာ အသုံးချပါ ။ ( အချို့က ပစ္စတိုဆိုရင် +p /++p တို့ သုံးကြသလိုမျိုးအတွက်ပါ ခံနိုင်ရည် ရှိမရှိ တက်ကျွမ်းသူနဲ့ တိုင်ပင်ပါ)

၈... မျက်လုံးနှင့် နားကို သင့်လျော်သလို အကာအကွယ် ဝတ်ဆင်ပါ။ ( ခဲယမ်းက ပြောင်းရင်းမှာ close မဟုတ်ပဲ ကွဲရင် အစအန လာစင်မှာ ကာကွယ်ဖို့နဲ့ သေနတ်ပစ်ရာမှာ ထွက်တဲ့အသံကြောင့် နားအူမှာကို ကာကွယ်ဖို့)

၉ ... သေနတ်မပစ်ခင်နဲ့ ပစ်ခတ်စဉ်မှာ အရက်သေစာနဲ့ မူးယစ်ဆေး အသုံးမပြုပါနဲ့ ။

၁၀ ... ပိုင်ရှင်မဲ့သေနတ်များကို တရားဝင်ခွင့်ပြုချက်မရှိသူများထံ သုံးခွင့် ရှိမ‌နေသင့်ပါ ။

ဒီအချက်တွေကို အမေရိကန်အမျိုးသား ရိုင်ဖယ်အသင်း NRA /USA ကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ် ။ NRA အသင်းကို ၁၈၇၁ ခုနှစ်မှာ တည်ထောင်ထားတာဖြစ်လို့ အတော်လေး ရှေးကျသလို လက်ရှိ အမေရိကန်ပြည်တွင်း လက်နက်ရေးမှာ အတော်လေး ဩဇာကြီးတဲ့ အသင်းလည်း ဖြစ်နေပါတယ် ။

Trigger discipline အပစ်ခလုပ်နဲ့ပက်သက်တဲ့ စည်းမျဉ်းဥပဒေသကို ယခင်က ရေးဖူးပါတယ် ။
ပြန်ဖတ်လိုသူများအတွက်
https://m.facebook.com/story.php?story_fbid=735142087874611&id=112721710116655

https://m.facebook.com/story.php?story_fbid=697950811593739&id=112721710116655

စည်းကမ်းလိုက်နာ ဘေးကင်းကွာ
ကျင့်ကြံ ဆောင်ပုဒ်များ



➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🚫 သတိပြုရန် 🚫
ကျွန်ုပ်တို့Pageတွင်မည်သည့်လက်နက်ငယ်နှင့်
ခဲယမ်းဆက်စပ်ပစ္စည်းကိုမှမရောင်းပါ။သို့ဖြစ်ပါ၍
မေးမြန်းခြင်းသည်းခံပါ။ညစ်ညမ်းစွာဆဲရေးသော
မည်သည့်commentကိုမဆိုဖျက်ပစ်မည်ဖြစ်ပြီး
ရေးသားသူကိုပါ Page မှ Ban မည်ဖြစ်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကရင်တိုင်းရင်းသား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်က...
06/08/2022

ကရင်တိုင်းရင်းသား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး စစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာ တဦးတည်းသော တိုင်းရင်းသား စစ်ဦးစီးချုပ် ဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာကရင်အမျိုးသားဖြစ်တယ် ။ ဗမာပြည် ၁၉၄၈ ခုဇန္နဝါရီလ ၄ရက် နေ့မှာလွပ်လပ်ရေးရတော့ .. စစ်ဦးစီးချုပ်က ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၊ သူ့ရဲ့လက်ထောက်က ဗိုလ်မှူးချုပ် စောကြာဒိုး ၊ မြောက်ပိုင်းတိုင်းမှူးက ဗိုလ်မှူးချုပ်နေ၀င်း ၊ တောင်ပိုင်း တိုင်းမှူးက ဗိုလ်မှူးချုပ် အောင်သင်း ၊ တပ်မဟာ (Brigade (1)) တပ်မှူးကြီးက ဗိုလ်မှူးချုပ် စောချစ်ခင်၊ လေတပ်အကြီးအကဲက လေတပ်ဗိုလ်မှူးကြီး စောရှီးရှိုး ၊ စစ်တပ်ရဲ့ ဘတ်ဂျက် သုံးပုံလေးပုံကို ကိုင်ရတဲ့ စစ်ထောက်ချုပ်က ဗိုလ်မှူးကြီး စောဂျော်နီ။ (Mary Callahan ၊ စာ (၁၁၉) နှင့် ဗိုလ်ချုပ်စမစ်ဒွန်း၏ ကိုယ်တွေ့မှတ်တမ်း (Memoirs of Four-feet Colonel, Gen Smith Dun, စာမျက်နှာ ၁၁၅) ။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် KNDO တို့က အင်းစိန်ကို သိမ်းပိုက်ရရှိခဲ့တယ် ထိုအတောအတွင်းမှာ ဖဆပလ အစိုးရက ကရင်တိုင်းရင်းသား အစိုးရအရာရှိတွေကို မယုံတော့ဘဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသား အရာရှိကြီးများအား ရာထူးမှ ရုပ်သိမ်းလိုက်ပြီးနောက်၊ ဗိုလ်ချုပ်နေဝင်းသည် စစ်ဦးစီးချုပ် ဖြစ်လာခဲ့တယ် ။ ဦးစီးချုပ်အသစ်က ကရင်ရိုင်ဖယ် တပ်ရင်းများအား လက်နက်သိမ်းတယ် ။ ကရင်အမျိုးသားများက အသိမ်းမခံ.။ ကရင်ရိုင်ဖယ် တပ်ရင်း (၁)၊ တပ်ရင်း (၂) တို့ တောခိုကြတယ် ။ ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွင် ပါဝင်ပူးပေါင်းလိုက်ကြတယ် ။ ဗိုလ်ချုပ်နေဝင်းက သ.န.က ၅ ကို ရခိုင်မှ လေယာဉ်ဖြင့် ပြန်ခေါ်ပြီး အင်းစိန်စစ်မျက်နှာသို့ ပို့ခဲ့တယ် ။ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာ တဦးတည်းသော နုတ်ခမ်းမွေးထားသူ မြန်မာ စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့တယ် ။ သူဟာ စစ်သင်တန်းကို အိန္ဒိယမှာ တက်ခဲ့တဲ့ အတွက် အိန္ဒိယ် စစ်ဗိုလ်တွေ နုတ်ခမ်းမွေးထားတဲ့ အလေ့ကို အတုခိုးတာလည်း ဖြစ်နိုင်ပါတယ် ။ သူဟာ ကလော မှာ နေထိုင်ခဲ့ပြီး 1979 အသက် 72 နှစ်မှာ သေဆုံးခဲ့တယ် ။ အောက်ဖော်ပြပါ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာက wiki မှာတွေ.တဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းရဲ့ ကိုယ်ရေး အကျဉ်းဖြစ်ပါတယ် ။ General Smith Dun (November 11, 1906 1979) was the commander-in-chief of the Burmese Army from January 4, 1948 February 1, 1949. Dun enlisted in the Indian Army on 8 November 1924, initially with the 10th battalion 20th Burma Rifles and after training served with the 2nd battalion 20th Burma Rifles, seeing service in Burma during the rebellion of 1930-32. He was commissioned a Viceroy's Commissioned Officer on the 10th January 1931. He attended the Kitchener College, Nowgong and from there was later selected to attend the Indian Military Academy and earned the first Sword of Honour which is given to the best cadet of each years class. He was commissioned on 1 February 1935, his senority later being antedated to 4 February 1934. For a year after commissioning he was attached to the 2nd battalion the Kings Own Yorkshire Light Infantry at Agra. On 24 February 1936 he was admitted to the Indian Army and appointed to the 2nd battalion the 1st Punjab Regiment on 9 March 1936. He was promoted Lieutenant on 4 May 1936. His battalion was involved in fighting on the North West Frontier during 1936-37. He was serving attached to the Burma Military Police when the Japanese invaded in 1941. For his services on the retreat from Burma he was Mentioned in Despatches (London Gazette 28 October 1942). He attended the Staff College at Quetta and then saw further service in Burma, receiving another Mention in Despatches (London Gazette 5 April 1945) and later was awarded the Military Cross (London Gazette 17 January 1946) as a temporary Major attached the Burma Intelligence Corps. In a move to build confidence in the Burmese Union that would include all ethnic groups, Dun, a Karen, was appointed commander-in-chief of the Burmese army and of the police forces when Burma gained its independence from Britain following World War II. However, in 1949 when the Karen began their war for independence from Burma, Dun was removed from his position. Dun was a loyal leader of the Burmese Army while maintaining a strong sense of his Karen ethnicity. Known as the four-foot colonel for his small stature, he kept his Karen soldiers disciplined although suspicion of his ethnic roots lingered even after his dismissal.

One of the first successful tanks produced besides the British MkI was the behemoth German A7V, the only German tank to ...
02/07/2022

One of the first successful tanks produced besides the British MkI was the behemoth German A7V, the only German tank to see use in WW1. Along with its armament of six, 7.92x57mm MG-08 machine guns it also had a 5.7cm Maxim-Nordenfelt cannon (57x224r) mounted in the very front.

The Maxim-Nordenfelt 5.7cm M1888 began life being designed by Nordenfelt & Maxim and purchased by the Belgian Army for use in their new defensive forts being built by Général Brialmont in the late 1800’s. Designed as fortress and infantry guns, either being built into retractable steel turrets, in pivoting casemate guns or mounted on carriages to be pulled by horse alongside infantry. In total 185 guns would be purchased by the Belgian Army.

As fortress guns they only used two types of ammunition, explosive (pictured here) and a canister round made of a thin brass shell and containing 196 lead balls. The cartridges were produced by Ecole Pyrotechnique (EP), with this specific explosive cartridge being produced in 1896. However the start of WW1 would see the Belgian guns go unused in their intended role with Germany invading and capturing neutral Belgium in 1914.

Germany captured the entire stock of cannons and ammunition and put them into service under the designation ”Belg 5,7cm K”. Following their previous use the cannons would be used as infantry support guns, naval mountings, mounted on flatbed trucks as makeshift anti-tank guns and most famously as the main armament of the A7V tank.

The round pictured here is a standard explosive projectile fitted with an impact based point detonating fuze and percussion primer in the case. The walls of the projectile are very thick and contained nearly half a pound of explosive (likely black powder hence it being called explosive and not High Explosive as we know today).

In total only 20 A7V’s were built in WW1 and today only one original exists, Mephisto, captured by the Australian Army in Villers-Bretonneux in April of 1918. It now resides in the Queensland Museum in Brisbane Australia. A single cannon from the A7V #504 Schnuck also exists at the Imperial War Museum in Manchester, United Kingdom.

(.50 BMG for size)

-Rhys

crd;

30/06/2022

ချေဂွေဗားရား ရဲ့ ပြောက်ကျား စစ်ဆင်ရေး.......

20/04/2022

KAREN ARMY

ထီးထာ အာမီ၌ လက်နက်ထုတ်လုပ်ရေးအောင်မြင်သလောက် ငွေကြေးအရင့းအနှီးအခက်အခဲကြောင့် ဆက်လက်မထုတ်လုပ်နိုင်တော့ပါ။ ထီးထာအမျိုးများ...
03/04/2022

ထီးထာ အာမီ၌ လက်နက်ထုတ်လုပ်ရေးအောင်မြင်သလောက် ငွေကြေးအရင့းအနှီးအခက်အခဲကြောင့် ဆက်လက်မထုတ်လုပ်နိုင်တော့ပါ။ ထီးထာအမျိုးများ
ထီးထာအာမီအတွက် လက်နက်အင်အားပြည့်စုံနိုင်ရေး
ဝိုင်းဝန်းထောက်ပံ့နိုင်ပါတယ်။

26/02/2022

Get Up

မြန်မာပြည်တွင်းက ၅.၅၆ စနိုက်ပါအယူအဆ.................................................................၅.၅၆ ကျည်သုံးတာဆိုရင...
23/02/2022

မြန်မာပြည်တွင်းက ၅.၅၆ စနိုက်ပါအယူအဆ.................................................................
၅.၅၆ ကျည်သုံးတာဆိုရင် လူအတော်များများက M16 / M 4 ဆိုတဲ့ ခြေမှူန်းရေး ရိုင်ဖယ် ပဲ သိတာများတော့ စနိုက်ပါဆိုတဲ့ စကားစုနဲ့ တွဲထားတာ ရုတ်တရပ် ကြောင်သွားမယ်ထင်ပါတယ်။

ဒီလိုပါ M16 ပုံစံရိုင်ဖယ်တွေကို အနောက်နိုင်ငံတွေမှာ ပြောင်းရှည် လက်မ ၂၀ နဲ့ လက်ဖြောင့်သမားသုံး ရိုင်ဖယ်အဖြစ် ထွက်ပေါ်လာခဲ့တာ ကြာပါပြီ။ အမေရိကန်အရပ်ဘက်လောကမှာ M16 ပြောင်းရှည်ကို မှန်ပြောင်းချိန်ဆိုဒ်တပ်ပြီး စက်ပစ်ကွင်းတွေမှာ မီတာ ၅၀၀ လောက် ကျည်စုယူတာကနေ အရပ်ဘက်မှာစပြီး ၁၈လက်မ နဲ့ လက်မ ၂၀ ဆိုတဲ့ ပြောင်းရှည် ရိုင်ဖယ်တွေကနေ စစ်သုံးအဆင့်ကို ချီတက်သွားကြတော့တယ်။

သို့သော်လည်း အရပ်သားတွေသုံးတဲ့ ကျည်က ခြေမှူန်းရေး ရိုင်ဖယ်ကျည်တွေသာ ဖြစ်ပြီး စစ်ဖက်အသုံးပြုမှူ့ကို တိုက်ရိုက်ရောက်မလာသေးပေ။ သာမန်ကျည်တွေက ၆၂ ဂရိမ်သာ ရှိသေးပြီး ကျည်သွားလမ်းကြောင်းက လက်မ ၅၀ လောက်ထိ သွားတာမို့ မြေပြင်မှာ ကလစ်ကစားရတာ လှည့်ချက်ပိုလာသလို ကျည်ဖူးတည်ဆောက်ပုံအရလည်း လေတိုက်နှူန်းအရ သွေဖီမှူ့ကို ပိုခံရပါတယ်။

ဒါ့ကြောင့် စနိုက်ပါကျည်ကို ၇၇ ဂရိမ်နဲ့ အသစ်ထုပ်ဖော်နိုင်ခဲ့တယ်။ မူလ ခြေမှူန်းရေး နဲ့ ယှဥ်ရင် ကလစ်ကစားရတာ ပိုနည်းလာတယ်။ ဥပမာ စကုတ်က ၈ကလစ် ၁မေးလ်ကို သုံးထားရင် မီတာ ၅၀၀ မှာ ကျည်ကျ လက်မ ၅၀ ဆိုတော့ ကလစ်အချက် ၂၀ ကစားရမယ်ဆိုပါစို့ ။ စနိုက်ပါ ကျည်အစစ်မှာတော့ ကျည်က လက်မ ၃၀ ဟာ ၁၂ကလစ်သာ ကစားရတော့မယ်။ ဒါဆိုတော့ အချိန်ကုန်ပိုသက်သာလာတာပေါ့။
အဲ့တာဆို ၅.၅၆ကျည်ကိုမှ စနိုက်ပါရိုင်ဖယ်အနေနဲ့ ၇၇ဂရိမ် မဟုတ်ပဲ သာမန်ခြေမှူန်းရေးရိုင်ဖယ်ကိုပဲ ၆၂ဂရိမ်ကရော လက်ဖြောင့်အဖြစ် သုံးမရဘူးလားဆိုတော့ ရတယ်။ အပေါ်မှာ ပြောခဲ့သလို ကျည်ကျလက်မ ပိုပြီးများ စကုတ်ကစားရတာ နည်းနည်း ပိုအချိန်ပေးရတာပေါ့။

၅.၅၆ ကျည်ကို စနိုက်ပါကျည်အဖြစ် ပြောင်းပြီး စစ်မြေပြင်အသုံးချပုံကတော့ ရိုးရှင်းပါတယ်။ ထိတွေ့မှူ့တွေက မီတာ ၃၀၀ အောက်သာဖြစ်ကြတယ်။ ဘာလို့လဲဆိုတော့ Iron sight နဲ့သာချိန်ကောင်းတဲ့ မျက်မြင်အကွအဝေးတစ်ခုမှသာ စစ်သည်တွေက အပိုင်ဖြုတ်ကြလို့ပါပဲ ။ ဒါတောင် မီတာ ၃၀၀ ပစ်ခတ်စဥ် လေ့ကျင့်သားပြည့်ဝသူမှသာ ကျည်စု ၁၅လက်မ အတွင်းဝင်မှာဖြစ်ပါတယ်။ တောတောင်အနေအထားအလိုက် တောထူတဲ့ ဒေသတွေမှာ သူ့မမြင်.. ကိုယ့်မမြင် နဲ့ ကပ်လာရင်း မီတာ ၅၀ အတွင်း ဖြစ်စဥ်တွေကလည်း မရေတွက်နိုင်အောင်ပါပဲ။

ဟိုတပ်ဖွဲ့မှာရော ပွိုင့်ဖိုက်စနိုက်ပါ မသုံးဘူးလား ။ ဒီအဖွဲ့ကရော မသုံးဘူးလားဆိုတဲ့ လူတစ်ချို့ရဲ့ မေးခွန်းလေးကို ဒီမှာဖြေပေးချင်တာက ရန်သူတစ်ယောက်ကို အဆုံးသတ်ပေးနိုင်တဲ့ ကျည်ဖူး စွမ်းအင်ဟာ 85 j သာလိုအပ်ပါတယ်။ ဒါ့ကြောင့် အသုံးပြု ကျည် / သေနတ်အလိုက် effective ကွာဟချက် ဟာ မြေပြင်အကွာအဝေးအလိုက် မတူညီတော့ပါဘူး။ ဥပမာ M16 (62 gr) ဆိုရင် ပြောင်းထွက်စွမ်းအင် 1,797 J နဲ့ ထွက်တယ်။ မီတာ ၅၀၀ အတွင်းမှာ အနည်းဆုံး 200 j မကဘူး ကျန်သေးတယ်။ မြင်မယ်ထင်ပါတယ်။ 77 gr တွေမှာဆိုရင် 460 j ကျော် ကျန်ပါသေးတယ်။ ဆိုတော့ မီတာ ၅၀၀ မှာ ကောင်းကောင်းကြီး အလုပ်လုပ်ပါတယ်။

Recoil...............
မီတာ ၅၀၀ အောက်မှာတော့ ပွိုင့်ဖိုက် စနိုက်ပါသေနတ်ကလည်း လူတစ်ယောက်ကို အနားပေးနိုင်တာထပ် အရမ်းပိုလျှံနေတာမို့ ပစ်ခတ်သူဘက်ကိုတောင် Recoil ဒဏ်ပိုခံရပါသေးတယ်။ နောက်ကန်အားကြီးမားတာမို့ ဒီသေနတ်မျိုးကို စစ်သည်တိုင်း မလေ့ကျင့်နိုင်ပါဘူး။
ဒီလိုဆိုတော့ ၅.၅၆ စနိုက်ပါကလည်း မီတာ ၅၀၀ လောက်မှာ ထိရောက်နေသေးတော့ လူတိုင်းနီးပါး လက်ဖြောင့်ဆိုတဲ့ Every rifleman is Marksman ဆိုတဲ့ ဆောင်ပုဒ်အရ ရွေးချယ်စရာ ဖြစ်လာတာပေါ့။

Sound level .................
သာမန်အားဖြင့် M16 ရိုင်ဖယ်တွေက 155 (dB) လောက်သာ ရှိတာမို့ အနည်းငယ် နားအူတာသာရှိပေမယ့် ပွိုက်ဖိုက်တွေကတော့ 172( dB) ဆိုတော့ ပစ်ခတ်သူကို နားပိုအူလာတာပေါ့။
အခြားအနေနဲ့ ၅၀ ကာလီဘာလက်ဖြောင့်သေနတ်တွေက အရမ်းလေးတယ်။ အလျား ရှည်တယ်။ စသည်ဖြင့် ပေါ့။

နောက်ထပ်သီးသန့် ခေါင်းစဥ်တွေတော့ မတပ်တော့ပါဘူး ။ ရေးရင်းနဲ့ ယှဥ်ပြိုင်ခေါင်းစဥ် ဖြစ်တော့မယ်။ ဆိုလိုချင်တာက ၅.၅၆ စနိုက်ပါအယူအဆများက တာဝေးပစ်ဖို့ မဟုတ်ပဲ မိမိတပ်ရင်းနဲ့အတူ စစ်ဆင်ရေးပူးတွဲလိုက်ပါဆောင်ရွက်ခြင်းကိုသာ ဦးတည်ပေါ်ထွက်လာတာပါ။
၇.၆၂ ထပ် ကန်အားပျော့တယ်။ ဒီတော့ လူအနာ သက်သာတယ်။ မြန်မြန်ဆန်ဆန် ပြန်ချိန်နိုင်တယ်။ သေနတ်အလျှား တိုတယ်။ အလေးချိန်လည်း လျော့တယ်။ အသံထွက်ပါဝါအားနည်းသလို မီးပွင့်ထွက်မှူ့ ကလည်း အားနည်းတယ်။
ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါ ပစ်မှတ်တစ်ခုပြီးတစ်ခုကို တိကျစွာ နဲ့ ငြိမ်ငြိမ်ပဲ ပစ်ပေးလို့ရတယ်။ ဒီလိုအယူအဆတွေကို မြန်မာပြည်မှာလည်း တွေ့လာရတယ်။

မြန်မာပြည်တောတောင်ဒေသဟာ တောထူထပ်တာ နဲ့ ပါးတာပဲ ရှိပြီး အရှေ့အလယ်ပိုင်းဒေသတွေလို ကွင်းပြင် ကုန်းပြောင်ပြောင်တွေ မရှိတော့ တာဝေးပစ် ရိုင်ဖယ်တွေကို ဒေသအရ အရမ်းအသားမပေးတာလည်း တွေ့ရတယ်။ ၇.၆၂ စနိုက်ပါ ပစ်ခတ်စဥ်တွေတောင်မှ ထိရောက်မှူ့ မီတာ ၈၀၀ ရှိပေမယ့် ပစ်ခတ်စဥ်က မီတာ ၅၀၀ လောက်သာ ဖြစ်နေတက်ပါတယ်။

တိူင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ TNLA တို့ ကျောက်မဲ / နမ္မတူ ဒေသတွေမှာ ဆက်တိုက်ဆိုသလို တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ထူးခြားတဲ့အချက်က နှစ်ဖက်စလုံးက ၅.၅၆ ကျည်သုံး စနိုက်ပါသမားတွေ ပါလာတာပါပဲ။ ဒီလို ဖြစ်စဥ်မျိုးက ရှားပါတယ်။ အများအားဖြင့် မြန်မာပြည်တွင်းထဲက တိုက်ပွဲတွေမှာ အများဆုံးတွေ့ရတာက စစ်တပ်ဘက်က MAS / အခြားတိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှာ Re*****on M 700 series နဲ့ အခြား ရီမင်တန် မျိးကွဲတွေ သာမက တရုပ်ထုတ် type 79 / 85 စနိုက်ပါတွေ ဖြစ်ကြတယ်။ သူတို့တွေအားလုံးဟာ 7.62 x 51 / 54R စတဲ့ စက်လတ်ကျည်အရွယ်အစား စနိုက်ပါကျည်သုံး ရိုင်ဖယ်တွေ ဖြစ်ပါတယ်။

RCSS နဲ့ TNLA တို့ ထိတွေ့မှူ့ video တွေကို ပြန်ကြည့်တဲ့အခါမှာလည်း လက်နက်ငယ်တစ်ကမ်း မီတာ ၂၀၀ / ၃၀၀ ပတ်လည်သာ ဖြစ်နေကြတာမို့ ၅.၅၆ စနိုက်ပါအယူအဆများဟာ အခုထိ အသုံးတည့်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတုန်းပါပဲ။

မြန်မာပြည်ထဲမှာတော့ ၅.၅၆ စနိုက်ပါရိုင်ဖယ်တွေကို အခြား အဖွဲ့အစည်းတွေ အနေနဲ့ ကရင်မှာ အများဆုံးတွေ့ရနိုင်ပါတယ်။ တစ်လောက ထိုင်းမှာ လက်နက်မှောင်ခိုမိတုန်းကဆိုရင် ၅.၅၆ ကျည်သုံး စနိုက်ပါ မိထားပါသေးတယ်။ ဆိုတော့ ၅.၅၆ ကျည်သုံး စနိုက်ပါရိုင်ဖယ်တွေက အာရှဒေသလို တောတောင်ထူတဲ့ နေရာတွေအတွက် နောင်လည်း အသုံးဝင်နေပါအုံးမယ်လို့ ယူဆမိပါတယ်ခင်ဗျာ။

စာဖတ်သူညီအကိုတို့ အနေနဲ့ ပုံလေးတွေ အလွယ်ရှိရင်လည်း မန့်ခဲ့လို့ရပါတယ်။ ဆွေးနွေးချင်တာလည်း ရေးခဲ့နိုင်ပါတယ်။ ( ကျေးဇူးတင်ပါတယ်)



Hta Army
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🚫 သတိပြုရန် 🚫
ကျွန်ုပ်တို့Pageတွင်မည်သည့်လက်နက်ငယ်နှင့်
ခဲယမ်းဆက်စပ်ပစ္စည်းကိုမှမရောင်းပါ။သို့ဖြစ်ပါ၍
မေးမြန်းခြင်းသည်းခံပါ။ညစ်ညမ်းစွာဆဲရေးသော
မည်သည့်commentကိုမဆိုဖျက်ပစ်မည်ဖြစ်ပြီး
ရေးသားသူကိုပါ Page မှ Ban မည်ဖြစ်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

02/12/2021

ပထမကမ္ဘာ အပိုင်း (1) တတိယ

20/11/2021

ပထမကမ္ဘာစစ် အပိုင်း (၁)
ဒုတိယပိုင်း

https://www.facebook.com/508784185946254/posts/2041352376022753/
19/11/2021

https://www.facebook.com/508784185946254/posts/2041352376022753/

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံ လူငယ်လင်မယား နှစ်ဦးအား PDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး

ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝက်ကွင်းကျေးရွာအုပ်စု၊ ဖူထောင်ကွေ့ကျေးရွာတွင် နေထိုင်သူ လူငယ် လင်မယား ၂ဦးအား နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပနှင့် ပျူစောထီးအဖွဲ့ဝင်များက PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ၂ဦးမှာ ကိုဇော်ထက်အောင် နှင့် ၎င်း၏ ဇနီးဖြစ်သူ မမို့မို့တို့ ဖြစ်ကြပြီး ၎င်းတို့ ၂ဦးအား PDF နှင့် အဆက်အသွယ်ရှိသူများဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ဆိုသည်။

" ဖူထောင်ကွေ့ ရွာထဲကိုမနက်အစောစောကြီးရောက်လာပြီးဝင်စီးပြီး ဖမ်းသွားတာ ။လင်မယား ၂​ယောက်စလုံးကို PDF နဲ့ အဆက်သွယ်ရှိတယ် ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ" ဟု မော်လမြိုင်ကျွန်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝင်ရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်သားများက မမို့မို့၏ ဖခင်ဖြစ်သူအား ရိုက်နှက်ကာ နေအိမ်တွင် မွေးမြူထားသည့် ကြက်များကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

နိုဝင်ဘာလ ပထမပတ်အတွင်းကလည်း မော်လမြိုင်ကျွန်းမြို့နယ် ကပ်ခိုကျေးရွာအုပ်စုက CDM ဆရာမ ဒေါ်နွယ်နွယ်ဝင်းနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးတို့ နှစ်ဦးအား ဖမ်းဆီးစဥ် လက်ကောက် ၅ ကွင်း ငွေကျပ် ၃၀၇၀၀၀၀ အား စစ်ကောင်စီတပ်များ ယူဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

#မော်လမြိုင်ကျွန်း #စစ်ကောင်စီ #စွပ်စွဲ #ဖမ်းဆီး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htea Hter Armyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Htea Hter Army:

แนะนำ

แชร์