Memo Phyo Diaries

เส้นทาง เว็บไซต์

Memo Phyo Diaries I’m Phyo who share home-style recipes, travel stories and cultural adventures from around the worlds.

I've explored 🇹🇭 🇻🇳 🇱🇦 🇰🇭 🇯🇵 🇸🇬 🇮🇩 and want to go 🇨🇳 🇭🇰 in 2026. Join me as I continue my journey and share unforgettable memories.

ကိုယ်တွေလို ညောင်းညာ တက်တဲ့ သူတွေအတွက် သန်လျင်ရောက်တိုင်း သွားဖြစ်တဲ့ Bee Family Spaသွားတိုင်းလည်း Herba Compress နဲ့ Fo...
31/08/2026

ကိုယ်တွေလို ညောင်းညာ တက်တဲ့ သူတွေအတွက်
သန်လျင်ရောက်တိုင်း သွားဖြစ်တဲ့ Bee Family Spa
သွားတိုင်းလည်း Herba Compress နဲ့ Foot massage လုပ်ဖြစ်တာများတယ်
လျှောက်လမ်းလေးတွေက ဝါးလေးတွေနဲ့ လုပ်ထားတာ ချစ်စရာလေး
နှိပ်ပေးတဲ့ ညီမလေး တွေကလည်း အရမ်းတော်
ကိုယ့်အခန်းနဲ့ ကိုယ် အေးဆေးနှိပ်လို့ရတော့ အဆင်ပြေတယ်

26/08/2026

Weekend trip

ပင်လယ်ပြာပြာ သဲဖြူဖြူ လေးတွေနဲ့ တွေ့ ချင်လို့ Koh Larn မှာ ရှိတဲ့ Tawaen Beach လေးPattaya ကနေ လှေစီးတာက ၁ယောက်ကို အသွား ...
24/08/2026

ပင်လယ်ပြာပြာ သဲဖြူဖြူ လေးတွေနဲ့
တွေ့ ချင်လို့ Koh Larn မှာ ရှိတဲ့ Tawaen Beach လေး
Pattaya ကနေ လှေစီးတာက ၁ယောက်ကို အသွား တစ်ကြောင်း ဘတ် ၄၀ အပြန် တစ်ကြောင်း ဘတ်၄၀ ပဲ

ရေလည်း အရမ်း ကူးလို့ ကောင်းတယ်
မကောင်းတာ ဆိုလို့
ရေကူးနေရင်း အကောင်သေးသေးလေးတွေကိုက်လို့ ယားတာရယ်
အစား အသောက်စျေးကြီးတာလေးရယ် ပဲရှိ
တော်သေးတာက ချောင်းသာငွေဆောင်လိုမျိုး အိမ်ချက်ပို့ဟင်းလိုမျိုး စားချင်လို့ ကိုယ်တွေဘာသာ ဟင်းချက်သွားတော့ တော်တော် ကြီး စားစာရိတ် သက်သာသွားရော

ဒီတခေါက်တော့ ကမ်းခြေရှေ့က Hotel မှာတည်း ပြီး
ရေလည်း အဝကူးခဲ့တယ်

Pattaya မှာ အစားအသောက်ကောင်းလို့ စိတ်တိုင်းကျရတဲ့ဆိုင်လေး kruatabird ครัวตาเบิร์ด ကို ဝင်စားကြည့်နော်
23/08/2026

Pattaya မှာ အစားအသောက်ကောင်းလို့ စိတ်တိုင်းကျရတဲ့ဆိုင်လေး kruatabird ครัวตาเบิร์ด ကို ဝင်စားကြည့်နော်

Sapa, Vietnam ရောက်ရင် မဖြစ်မနေ ဓာတ် ဖမ်းတဲ့ နေရာကိုပြပါဆို   ပဲကဲ ရှင်တို့ရော ရိုက်ခဲ့သေးလား
06/08/2026

Sapa, Vietnam ရောက်ရင် မဖြစ်မနေ ဓာတ် ဖမ်းတဲ့ နေရာကိုပြပါဆို ပဲ
ကဲ ရှင်တို့ရော ရိုက်ခဲ့သေးလား

နခွန်ပထုမ် ရောက်တုန်းလေး Madoက ချစ်စရာကိတ်လေးဝင်ဝယ်
03/08/2026

နခွန်ပထုမ် ရောက်တုန်းလေး Madoက ချစ်စရာကိတ်လေးဝင်ဝယ်

ဒီနေ့တော့ Pathum Thani က **The Ayeyarwady Restaurant** လေးမှာ မြန်မာ ထမင်း တစ်ပွဲကို ကောင်းကောင်းလေး စားခဲ့ရတယ်။ဒီဆိုင်လ...
28/07/2026

ဒီနေ့တော့ Pathum Thani က **The Ayeyarwady Restaurant** လေးမှာ မြန်မာ ထမင်း တစ်ပွဲကို ကောင်းကောင်းလေး စားခဲ့ရတယ်။

ဒီဆိုင်လေးက ဖွင့်တာ ၂ နှစ်ရှိပြီတဲ့၊ ခုမှပဲ ရောက်ဖူးတော့တယ် 😉

ထမင်း 119 ဘတ်တန် one set မှာစားတာ ကြက်အသည်းမြစ်ဟင်း အပြင် ငပိရည်ရယ် (ငပိရည်တော်တော်ကြီးကောင်းတယ်) ငပိကြော်ရယ်က ရှယ်ပဲ၊ ပဲဟင်းချိုလေးပါ ပ့တော့ ခေါင်းမဖော်ဘဲ စားတော့တာပဲ
တော်သေးတယ် ညစာ စားမိလို့ နေလည်စာသာ သွားစားမိရင် ရှိသမျှ မီနူး အကုန်မှာမိမဲ့ သဘော။

Service ကလည်း ကောင်းသလားမမေးနဲ့၊ ဆိုင်က အကိုတစ်ယောက်နဲ့ စကားစပ်မိတာ လက်ဖက်ရည်တောင် အလကားတိုက်သေးတယ်။ ☕️

မိသားစုလိုက်လာတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေတူတူလာတာဖြစ်ဖြစ် သီးသန့်စားချင်တဲ့သူတွေအတွက် သီးသန့် VIP room လည်း ရှိပြီး ကာရာအိုကေလည်း ဆိုလို့ရတယ်တဲ့။
ဆိုင်က atmosphere ကလည်း ကောင်းသလောက် မြန်မာဆိုင်တော်တော်များများမှာ ပေးရတဲ့ Service charges ကြီးမပါတော့ တော်တော်ကြီးကို သက်သာတာပါ 👍

အရှေ့မှာလည်း Burmese tea house ရှိတော့ ထမင်းစားပြီး လက်ဖက်ရည်ဆိုင်ထိုင်ချင်တဲ့ သူတွေအတွက် ကွက်တိပဲ။

ဘယ်စားသောင်ဆိုင်မဆို တကယ်ကြီး စားကောင်းမှပဲ Review ရေးပေးတာနော် (No sponsor ပါ၊ ကိုယ်တိုင်စားပြီး တကယ်ကြိုက်လို့ မျှဝေတာပါ)။ မြန်မာအစားအစာ လွမ်းနေတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါနော်

**Koh Talay Seafood เกาะทะเล บุฟเฟ่ต์ ซีฟู้ด 🦀🦐**Seafood ကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပဲ! 😍❤️Fresh လည်းဖြစ်၊ စားလို့လည်း ...
27/07/2026

**Koh Talay Seafood เกาะทะเล บุฟเฟ่ต์ ซีฟู้ด 🦀🦐**

Seafood ကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပဲ! 😍❤️
Fresh လည်းဖြစ်၊ စားလို့လည်း အရမ်းတန်တယ်။

One of my favorite restaurants in Thailand.
26/07/2026

One of my favorite restaurants in Thailand.

တူညီတဲ့ ကျွန်မ...မတူညီတဲ့ ဝတ်စားဆင်ယင်မှု။ 🤍🇸🇬 Singapore မှာ...ကိုယ်ကြိုက်တဲ့ style ကို ယုံကြည်မှုအပြည့်နဲ့ ဝတ်ခဲ့တယ်.🇮🇩...
17/07/2026

တူညီတဲ့ ကျွန်မ...
မတူညီတဲ့ ဝတ်စားဆင်ယင်မှု။ 🤍

🇸🇬 Singapore မှာ...
ကိုယ်ကြိုက်တဲ့ style ကို ယုံကြည်မှုအပြည့်နဲ့ ဝတ်ခဲ့တယ်.

🇮🇩 Indonesia ကို ရောက်တော့...
ဒေသရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းကို လေးစားတဲ့အနေနဲ့ ပိုလုံခြုံတဲ့ ဝတ်စားဆင်ယင်မှုကို ရွေးချယ်ခဲ့တယ်။

ကျွန်မအတွက်တော့...

ခရီးသွားတယ်ဆိုတာ နေရာအသစ်တွေကို သွားရုံတင် မဟုတ်ဘူး။

မတူညီတဲ့ ယဉ်ကျေးမှုတွေကို နားလည်ဖို့၊ လေးစားဖို့လည်း ဖြစ်တယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်ကို ထိန်းသိမ်းရင်း...
သွားတဲ့နေရာရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားတတ်တာက

ခရီးသွားခြင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနှစ်သာရလို့ ကျွန်မ ကတော့ ယုံကြည်တယ်🤍
လူငယ်တွေ...
ငယ်တုန်းမှာ ပိုက်ဆံရှိရင် ခရီးသွားပါ။
ပိုက်ဆံမရှိသေးရင်လည်း အိပ်မက်ကို မလက်လျှော့ပါနဲ့။

ဘာလို့လဲဆိုတော့...
ခရီးတွေက နေရာတွေကိုပဲ မပြောင်းပေးတာ မဟုတ်ဘူး။
လူတစ်ယောက်ရဲ့ အမြင်နဲ့ စိတ်သဘောထားကိုပါ ပြောင်းလဲပေးတယ်။

✈️🌍

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Memo Phyo Diaries โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

ได้รับการสนับสนุน

แชร์