Free Verse ထိုင်းနိုင်ငံအတွင်း စာအုပ်၊ အဝတ်အထ?

အမျိုးသားအများစုဟာ လွတ်လပ်ပေါ့ပါးတဲ့ အထည်တွေကို ပိုသဘောကျကြတာပါပဲ။    အစ်မတို့ရဲ့ အမျိုးသားကိုဆင်ယင်ပေးချင်ခဲ့ရင်၊    ဒါ...
19/12/2022

အမျိုးသားအများစုဟာ လွတ်လပ်ပေါ့ပါးတဲ့ အထည်တွေကို ပိုသဘောကျကြတာပါပဲ။
အစ်မတို့ရဲ့ အမျိုးသားကိုဆင်ယင်ပေးချင်ခဲ့ရင်၊
ဒါမှမဟုတ် ညီမလေးတို့ ချစ်ရတဲ့အမျိုးသားကို လက်ဆောင်ပေးချင်ခဲ့ရင် ဖြစ်စေပေါ့။
ဒီကာလဟာ bkk မှာအထည်တွေ စျေးချနေချိန်ဖြစ်ပါတယ်။
polo,adidas ,nike, UA စသဖြင့် brand တွေ 80%ထိ လျှော့ချထားပြီး ရန်ကုန်အရောက် 25000/30000 ကျပ်ဝန်းကျင်တွေပါပဲ။
မိတ်ဆွေတို့ လိုအပ်ခဲ့ရင် မှာယူနိုင်ပါတယ်ဗျား။

မိုးနှောင်းသံထင်အခါ---------------ခင်မြဇင်   သမိုင်းနောက်ခံဝတ္ထုပါပဲ။   နရသီဟပတေ့ဘုရင်ရဲ့ မိဖုရားအစောအကြောင်း။ အစောကို ဟ...
09/08/2022

မိုးနှောင်းသံထင်အခါ
---------------ခင်မြဇင်
သမိုင်းနောက်ခံဝတ္ထုပါပဲ။
နရသီဟပတေ့ဘုရင်ရဲ့ မိဖုရားအစောအကြောင်း။ အစောကို ဟိုးငယ်ငယ်လေးကတည်းက ချစ်ခဲ့ရတဲ့ သောတသင်္ခရာ။
စာ-၃၉
{-----အိပ်မက်ထဲမှာ အမောင်ပျောက်သွားလို့----အစောကလှည်းနဲ့လိုက်တာတောင်မမီဘူး။----
---မီလုမီခင်မှာ အစောလည်းမြစ်ဆိပ်ရောက်ရော သိန်းကိုပြည်သွားမယ့်လှေကြီးပေါ်မှာ အမောင်ပါသွားပြီး ကမ်းကခွာပါရောတဲ့----
-----အဖကို ပြောပေးပါအမောင်၊ အစောကို လက်ဆက်မယ်လို့၊ ဘယ်သူ့လက်မှမပေးပါလို့-----
---ပြောပေးမယ်မဟုတ်လားအမောင်၊ အစောကို ဟိုဘုရင်နောက်မထည့်ပါနဲ့နော်။ အမောင့်ခြေရင်းမှာပဲ ဆင်းရဲချမ်းသာ နေပါရစေ----}

နရသီဟပတေ့ကိုမချစ်ပါပဲလက်ဆက်ခဲ့ရသူ အစော။ ဘုရင်ကို သားတော်ကလုပ်ကြံချိန်မှာ အဆိပ်နဲ့​ေဿမလား၊ လက်နက်နဲ့​ေဿမလားရွေးခိုင်းတဲ့အခါ အဆိပ်ကိုသာရွေးဖို့ သွေးအေးအေးနဲ့ အကြံပြုခဲ့သူ။
ပြီး မွန်ဂိုတို့နဲ့ စစ်ပွဲတွေ။ စစ်ပွဲတွေကြားက ဆေးဆရာလေး ငစည်သာ။ သူပုန်မလေး အိုသဲရာ စသဖြင့်။
အစပိုင်းမှာ ဇာတ်လမ်းအခုန်အကူးတွေကြား ခပ်အေးအေးပေမယ့် သမိုင်းနောက်ခံဖြစ်ရပ်မှန်ထဲက ဆွဲယူပုံဖော်ထားတာမို့ စိတ်၀င်စားခံစားလို့ကောင်းတဲ့ ၀တ္ထုပါပဲ။
ဒီစာအုပ်အတွက် လေ့လာရေးဆင်းစဥ်က မင်္ဂလာစေတီနဲ့ ဓမ္မရံကြီးဘုရားဘက်မှာ လူအုပ်စုလိုက် နာကျင်သံတွေ ၊အော်ဟစ်ညည်းတွားသံတွေကြားခဲ့ရတယ် ဆိုတဲ့အမှာစာနဲ့တင် စိတ်၀င်စားချင်စရာပါပဲ။
(မျက်နှာဖုံးအပြင်အဆင်က ရိုးလွန်းတယ်လို့ မြင်မိ။)
----------------
နှာ-465
230 ဘတ်။
-----------
ph- 06 2709 2704

စာဖတ်ခြင်းဟာ မြေဆီမြေနှစ်တွေ စုဆောင်းတာနဲ့ ပမာတူပါတယ်။ ----------- (စာအုပ်အောက်မှာ ဖတ်ညွှန်းပါပါတယ်)
06/08/2022

စာဖတ်ခြင်းဟာ မြေဆီမြေနှစ်တွေ စုဆောင်းတာနဲ့ ပမာတူပါတယ်။
-----------

(စာအုပ်အောက်မှာ ဖတ်ညွှန်းပါပါတယ်)

လူတစ်ယောက်ရဲ့အသိဉာဏ်ကိုမြင့်မားစေတာဟာ အတွေ့အကြုံနဲ့စာအုပ်တွေဆီကနေ ကြံဆဆင်ခြင်ခြင်းပါပဲ။ကျွန်တော်ကတော့ အဲဒီလိုပဲယုံကြည်ပါ...
03/08/2022

လူတစ်ယောက်ရဲ့အသိဉာဏ်ကိုမြင့်မားစေတာဟာ အတွေ့အကြုံနဲ့စာအုပ်တွေဆီကနေ ကြံဆဆင်ခြင်ခြင်းပါပဲ။ကျွန်တော်ကတော့ အဲဒီလိုပဲယုံကြည်ပါတယ်။
-----------
(စာအုပ်အောက်မှာ ဖတ်ညွှန်းပါပါတယ်)
----------
ph-06 2709 2704
(ထိုင်းနိုင်ငံအနှံ့ ပို့ပေးပါတယ်ခင်ဗျာ။)

နိုင်ငံခြားသူလေးတစ်ယောက် ကိုယ့်အနားကဖြတ်သွားတော့ ရုတ်တရက်ငေးမိသေး။   လေးနဲ့ တူလိုက်တာလို့။   သူ့ခေါင်းထက်မှာ ဦးထုပ်အဝို...
18/07/2022

နိုင်ငံခြားသူလေးတစ်ယောက် ကိုယ့်အနားကဖြတ်သွားတော့ ရုတ်တရက်ငေးမိသေး။
လေးနဲ့ တူလိုက်တာလို့။
သူ့ခေါင်းထက်မှာ ဦးထုပ်အဝိုင်းလေးနဲ့။ ပြီး သူ့လည်တိုင်မှာ ပဝါလေး။
ဘာမှမဟုတ်တဲ့ ပဝါလေးပါပဲ။
လေးကလည်း ခရီးသွားရင် သည်လို ပဝါလေးတွေဆောင်တတ်သတဲ့။
တစ်ခါတစ်ခါ သူ့လည်တိုင်မှာ ပဝါလေးပတ်လို့။ တစ်ခါတစ်ခါ ဂုတ်သားဖွေးဖွေးလေးပေါ် တွဲခိုပြီး ကပိုကရို။
သိပ်လှတာ။
လေးက ဒီလိုပုံယဥ်စစနဲ့ လှရက်နိုင်လိုက်တာလို့များပြောရင်
သြော်၊ပဝါ မပါရင် မလှတော့ဘူးလားလို့ မျက်စောင်းကလေး၀င့်ပြီးငြူစူဦးမယ်ထင်ပါရဲ့။
သည်လိုမေးလာရင် ဖြေဖို့အသင့်ပ။
` မဟုတ်ပါဘူးလေးရယ်။ ပန်းကလေးတွေဟာ သဘာ၀အတိုင်းလှပြီးသားပဲမဟုတ်လား။
အရွက်အခက်ပါးပါးလေး လွှမ်းခြုံလိုက်တော့ ပိုပြီးပနံသင့်တာပေါ့။
ပဝါလေး ဘယ်လောက်လှလှ လေးနဲ့ယှဥ်ရင် အခက်အရွက်သာသာပါပဲ လေးရဲ့။´
သည်လိုဖြေရင် လေးက ပိုတတ်ရန်ကော လူကြီးရယ်ဆိုပြီး
` ဒီပိုးချည်ပိုးသား ပဝါလေးက ချောချောအိအိလေးလေအစ်ကိုရဲ့။ ဒီပဝါလေးကြောင့်သာ လေးကပိုကြည့်ကောင်းနေတာ မဟုတ်ဘူးလား´ လို့ အကွန့်တက်ချင်ကွန့်ပေမပေါ့။
သည်လိုဆိုရင်လည်း ဖြေပါဦးမယ်ကွယ်။
`ပဝါလေးက လှပေမယ့် မပြုံးတတ်ဘူးလေ။ လေးက ပြုံးတတ်တယ်လေ လေးရဲ့။´
သည်လိုသာ ဖြေမိပါလိမ့်မယ်။ နူးညံ့တဲ့ပဝါလေးရယ် ခွင့်လွှတ်ပါကွယ်။
----------
(Youtubeမှာ we click လို့ရိုက်ရှာပြီး လေဆန်ကို ကြည့်ကြပါစို့။)
-------------------

polo တဲ့။    မှတ်မှတ်ရရ လေးနဲ့ လျှောက်လည်စဥ်က ငေးခဲ့ဖူးတယ်။ လေးကတောင် ​မေးသေးတယ်။ ကြိုက်လို့လား အစ်ကိုတဲ့။    အနားမကပ်နိ...
17/07/2022

polo တဲ့။
မှတ်မှတ်ရရ လေးနဲ့ လျှောက်လည်စဥ်က ငေးခဲ့ဖူးတယ်။ လေးကတောင် ​မေးသေးတယ်။ ကြိုက်လို့လား အစ်ကိုတဲ့။
အနားမကပ်နိုင်တဲ့စျေး။
အစ်ကိုနဲ့မတန်ပါဘူး လေးရယ်လို့ ကိုယ့်ဘ၀ကိုယ် သိမ်ငယ်စွာနဲ့ဖြေခဲ့မိသေး။
အရင်က ရင်းနီးခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ဖြတ်ခနဲ သတိရမိသေးတယ်။ အိမ်အကူမလေးပါပဲ။
Poloအင်္ကျီကိုလျှော်ဖွတ်ရင် အခြားအင်္ကျီနဲ့မရောရဘဲ သီးသန့်လျှော်ရသတဲ့။ အဖြူဆွတ်ဆွတ်ကလေးဆိုတော့ အညစ်အနွမ်းမခံဘူးတဲ့လေ။
အခုတော့ ကိုယ့်လက်ထဲမှာ Polo။ လေးဆီက ပို့လိုက်တာနေမှာလို့ တွေးမိတာပါပဲ။ လေးဆီ ဖုန်းဆက်တော့ သူ့ဘက်က ဆိတ်ငြိမ်လို့။
ဘာမေးမလဲရယ်လို့ မှန်းဆနေပုံ။
`ပိုက်ဆံတွေ ကုန်ပါတယ်လေးရယ်´ လို့ ပြောတော့ ဘာကြောင့်လဲမမေးပါဘဲနဲ့
`အစ်ကိုကြိုက်ရင် လေးကကျေနပ်တယ်´ တဲ့။ သေချာပါပြီ။ သူပို့လိုက်တာပေါ့။
စိတ်အစဥ်က စျေးကတ်ပြားဆီမှန်းဆမိ။သူ့နဖူးစဆံစတွေဆီက ချွေးစက်တွေနဲ့ ရက်ဖွဲ့ထားသလိုခံစားမိရဲ့။
`အစ်ကို့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေ ဘာမှမလိုအပ်ပါဘူးလေးရယ်´ လို့ ပြောတော့ လေးအသံက ပြုံးရိပ်စွက်နေတယ်ထင်ပါ့။
`အာ၊ သူများစေတနာကို အသိအမှတ်မပြုဘူး´ တဲ့။ အသံကလေး ကြည်မြမြ။
အသိအမှတ်မပြုဘဲ နေမတဲ့လား။ ကိုယ့်အသိစိတ်ထဲ သံမှိုနှက်စိုက်ထားသလိုတယုတယနဲ့ မှတ်သားစွဲမက်နေမိမှာ။
`မဟုတ်ဘူး လေး။ တကယ်ဆို အစ်ကိုကပဲ ပေးချင်တာ´
`ဟင့်အင်း အစ်ကို။ လေးကလေ လေးရဲ့ လက်ဆောင်ကို အစ်ကို၀တ်ဆင်ထားတိုင်း အစ်ကို့စိတ်ထဲ သတိတရရှိနေရင် ကျေနပ်နေမှာ´ တဲ့။
`မလိုပါဘူးလေးရယ်။ လေး လို့ ဖွဖွလေး ရွတ်မိလိုက်ရင်ပဲ အစ်ကို့စိတ်မှာနွေးနေမှာပဲ။
ပေးချင်ရင် ခြေအိတ်ကလေးပဲဖြစ်ဖြစ်၊ သော့ချိတ်ကလေးပဲဖြစ်ဖြစ်ရပါပြီ၊ စျေးကြီးတာတွေ မလိုချင်ဘူး´ လို့ဖြေမိပါတယ်။
`စျေးမကြီးပါဘူးအစ်ကို။ လေးတို့ ကြည့်ခဲ့တုန်းက 1990 ဘတ်ကို 990 လျှော့ချထားတာမဟုတ်လား။
အခုက ပို့ခနဲ့ပေါင်းမှ 350 လောက်ပဲကျတာ အစ်ကိုရဲ့။ ၀တ်တဲ့အခါ ပုံပြဦးနော်။ ကြည်နူးချင်လို့´ တဲ့။
သိမ့်ခနဲ နွေးသွား၊ လှပ်ခနဲအေးသွားရ။ လေးဟာ ကျွန်တော့်ကို ရုန်းမထွက်နိုင်အောင် ချည်နှောင်လွန်းပါရဲ့။
-------------
Ph- 06 2709 2704

လေး။လှတာလေးတွေ ချစ်စရာလေးတွေမြင်တိုင်း လေးရဲ့ပုံရိပ်တွေနဲ့ပဲ တွဲယှက်မြင်ယောင်မိတာပါပဲ။    confidendအပြည့်နဲ့ လဲ့လဲ့ကလေးက...
16/07/2022

လေး။
လှတာလေးတွေ ချစ်စရာလေးတွေမြင်တိုင်း လေးရဲ့ပုံရိပ်တွေနဲ့ပဲ တွဲယှက်မြင်ယောင်မိတာပါပဲ။
confidendအပြည့်နဲ့ လဲ့လဲ့ကလေးကြည်နေတဲ့ မျက်နှာလေးရယ် ပုံရိပ်တွေနဲ့ရယ် တွဲစပ်ပုံဖော်ကြည့်နေမိတာ။
စူးစူးနစ်နစ်တွယ်ငြိမိသူအဖို့တော့ ကိုယ်ချစ်ရတဲ့ မိန်းကလေးအတွက်ဆိုရင် ဟောသည်လောကထဲက အမွန်ဆုံး အကြည်သန့်ဆုံး အညွန့်အဖူးလေးတွေကိုသာ ဆင်ယင်ခြယ်သပေးချင်တာ။
အမှတ်တရနေ့တွေမှရယ်မဟုတ်ပါဘူးကွယ်။အလေးအနက်ထားတတ်သူအတွက်မှာတော့ နေ့ရက်တိုင်းဟာ suprise ဖြစ်စေမယ့်နေ့တွေ ဖန်တီးပေးလို့ရတာပဲမဟုတ်လား။
အစ်ကိုက သည်လိုအထည်လေး ရုတ်တရက်ပေးလိုက်မယ်ပေါ့။ ပြီး လေးရဲ့မျက်နှာကို စူးမကြည့်နေဘဲ အရိပ်အ​ခြေလေးပဲ ကြည့်နေမယ်ပေါ့။
လေးရဲ့ နှုတ်ခမ်းလွှာလေး ပြုံးယောင်သမ်းလာရင်ဖြင့် အစ်ကို့မှာပျော်နေမိမှာပဲလေ။
အကယ်၍များပေါ့ကွယ်။
လေးက မပြုံးခဲ့ဘူးဆိုရင်တော့ ချစ်ခြင်းမေတ္တာဟာ ဖွင့်ဟစရာတောင်မလိုဘဲ အလိုတူမျှခံစားတတ်တာပါပဲလို့ တွေးထင်ထားတဲ့ အစ်ကိုက စကားတွေပိုရတော့မှာပေါ့။
လေး ကြိုက်ရဲ့လားဟင်။
ဒါလေးက ချည်သားအစစ်ပေါ့။ အေးအေးနုနုလေးလေ။
အစ်ကိုကြည့်တာ သူ့အရောင်လေးကတောက်နေတာ လေးရဲ့။ အသားညက်ညက်ကလေးနဲ့ အိအိလေးမို့ လေးနဲ့လိုက်မယ်ထင်ပြီး ပေးချင်ခဲ့တာလေးရဲ့။
ဟိုးနှစ်ရက်လောက် 1390 ဘတ်တောင်ရှိတာ။ အစ်ကို့မှာ လေးအတွက်ရည်ရွယ်ပေမယ့် မတတ်နိုင်တော့လည်း ငေးနေခဲ့ရတာ။
အခုက 920 တဲ့။ လေးက အမြဲတမ်း တက်ကြွနေတဲ့ကောင်မလေးကွာ။ ဒါလေးထပ်၀တ်ထားရင် လူကြားထဲ ထင်းထင်းကလေး ပေါ်လွင်နေမှာ။ လေး ကြိုက်ရဲ့လား။ ´လို့ တရစပ်မေးမိမှာ။
ကြည့်ပါဦးကွယ်။
တိတ်တခိုးနဲ့ ငြိတွယ်မိသူ အစ်ကို့မှာ-------။
------------------
Ph-06 2709 2704

Brand တွေ။ဒီကောင်တွေ ဝတ်ရတာအိအိလေးတွေ။ညက်ညက်ညောညောလေးတွေက ၀တ်ရတာကိုက အရသာ။ ခရီးသွားရင်လည်း ပေါ့ပေါ့ပါပါးပဲ။1490 ဘတ်890 န...
12/07/2022

Brand တွေ။ဒီကောင်တွေ ဝတ်ရတာအိအိလေးတွေ။ညက်ညက်ညောညောလေးတွေက ၀တ်ရတာကိုက အရသာ။ ခရီးသွားရင်လည်း ပေါ့ပေါ့ပါပါးပဲ။
1490 ဘတ်
890 နဲ့ရမယ်ပေါ့။

ဒီအင်္ကျီလေး အပြင်မှာအရောင်တောက်နေရောပဲ။အသားညက်ညက်ကလေး။  ဖြူဖြူပါးပါး ကောင်မလေးတွေနဲ့ဆို ကြည့်ကောင်းမှာ။ ချစ်သူကောင်မလေး...
12/07/2022

ဒီအင်္ကျီလေး အပြင်မှာအရောင်တောက်နေရောပဲ။အသားညက်ညက်ကလေး။ ဖြူဖြူပါးပါး ကောင်မလေးတွေနဲ့ဆို ကြည့်ကောင်းမှာ။ ချစ်သူကောင်မလေးတွေရှိရင် စိတ်ကူးယဥ်ကြည့်ချင်စရာပါ။
-------------

ที่อยู่

Phetkasem 50/3
Bangkok

เบอร์โทรศัพท์

+66627092704

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Free Verseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์