Myanmar Passport PV PJ & Go Bangkok Services

Myanmar Passport PV PJ & Go Bangkok Services ပတ်စပိုစ် ဗီဇာ ပြည်တွင်း/ပြည်ပ လေယဉ်လက်မှတ်များ

ဝန်ဆောင်မူ့ပေးပါသည်။

တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့များတွင် ၁၃/ များကို ပတ်စပိုစ် PV / PJ စာအုပိများကို လုပ်ဆောင်ပေးပါတယ်နော်
04/06/2025

တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့များတွင် ၁၃/ များကို

ပတ်စပိုစ်

PV / PJ စာအုပိများကို လုပ်ဆောင်ပေးပါတယ်နော်


30/05/2025

အလုပ်တွေပိုစ်မတင်ပေမဲ့
Service တွေတော့
တစ်လျှောက်လုံး ပေးနေတာပါနော် တစ်ခုခု သိချင်ရင်စာပို့လာပေးပါ

26/05/2025

🇸🇬 စင်ကာပူနိုင်ငံအကြောင်း သိကောင်းစရာ
=============================

ယနေ့အရှေ့တောင်အာရှတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် နည်းပညာများဖြင့် တိုးတက်အောင်မြင် နေသော စင်ကာပူနိုင်ငံသည်မလေးရှားကျွန်းဆွယ်၏ အရှေ့တောင်ဘက်နှင့် အင်ဒိုနီးရှားကျွန်းစုမြောက်ဘက် တွင်တည်ရှိသည်။ အရှေ့တောင်အာရှတွင် အဓိက Global City ဖြစ်သည့်အပြင် ကမ္ဘာတွင် အဓိက အချက်အချာကျသော သင်္ဘောဆိပ်ကမ်းမြို့တော်လည်း ဖြစ်ပေသည်။

Singapura (စင်ဂါပူရ) ခေါ်သောနာမ သည် မလေးဘာသာစကား Singapura မှ ဆင်းသက်လာပြီး ကလယ်နှင့် သက္ကတဘာသာ(“ခြင်္သေ့”၊ သီဟ) နှင့် pura (“မြို့”၊ ပူရ)) တွင် အရင်းခံသည်။ မလေးရာဇဝင်အရ ထိုနာမည်သည် ၁၄ ရာစုနှစ် စန်းနီလာအုတ္တမခေါ်သော စူမတြန်မင်းသားသည် ကျွန်းတွင်သင်္ဘောဆိုက်ပြီး မင်္ဂလာနရားတွေ့ခဲ့သောကြောင့် စင်ဂါ (ခြင်္သေ့) ဟုနာမည်မှည့်ခဲ့သည် ဟုဆိုသည်။

သို့သော် ရှာဖွေတွေ့ရှိချက်များအရ ခြင်္သေ့သည် ဘယ်သောအခါမှ နေထိုင်ခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။ ယုတ်စွအဆုံး အာရှခြင်္သေ့ပင် နေထိုင်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် စန်းနီလာအုတ္တမ မြင်ခဲ့ရသော သားရဲတိရစ္ဆာန်မှာ ကျား သာဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေမှာ မလေးရှားကျား ဖြစ်သည်။

🔎 သမိုင်းကြောင်း

စင်ကာပူနိုင်ငံကို AD(၂)ရာစုတွင် စတင်အခြေချတည်ထောင်ခဲ့ကြပြီး (၁၃)ရာစုတွင် စင်ကာပူဘုရင်တစ်ပါးမှ အချက်အချာကျသော သင်္ဘောဆိပ်ကမ်းကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ၁၃၉၈-ခုနှစ်တွင် မဂျာပဟစ်လူမျိုး ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

၁၆ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင် စင်ကာပူကျွန်းသည် ဂျဟိုးစူလတန်၏နယ်မြေ (Sultanate of Johor) အတွင်းတွင် ပါဝင်သည်။ ၁၆၁၃ ခုနှစ် မလေး-ပေါ်တူဂီစစ်ပွဲအတွင်းတွင် အခြေချနေထိုင်ရာနေရာအားလုံးကို ပေါ်တူဂီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုရာစုနှစ်အတွင်းတွင် စင်ကာပူကျွန်းကို ပေါ်တူဂီတို့က ဆက်လက် ထိန်းချုပ်ခဲ့ကြပြီး ၁၇ ရာစုတွင် ဒတ်ခ်ျတို့က ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်များတွင် ကျွန်းပေါ်တွင် နေထိုင်သူများသည် အဓိကအားဖြင့် ငါးဖမ်းသမားများသာ ဖြစ်သည်။

၁၈၂၄ ခုနှစ်အထိ စင်ကာပူသည် မလေးစူလတန်အုပ်ချုပ်သောနယ်မြေ ဖြစ်ခဲ့ပြီး ၁၈၂၄ ခုနှစ် ဩဂုတ်လတွင်မှ ဗြိတိသျှကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။ စင်ကာပူကျွန်း၌ ဒုတိယမြောက်အခြေချနေထိုင်သူ ဂျွန်ကရောဖို့ဒ်သည် စင်ကာပူကျွန်းကို အရှေ့အိန္ဒိယကုမ္ပဏီသို့လွှဲပြောင်းပေးရန် စူလတန်ဟူစိန်ရှားနှင့် သဘောတူညီချက်စာချုပ်ကို ၁၈၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စင်ကာပူကျွန်းတစ်ခုလုံးကို ဗြိတိသျှပိုင် ဖြစ်လာစေခဲ့သည်။ ထိုအချိန်မှစ၍ စင်ကာပူကျွန်း၏ ခေတ်သစ်တစ်ခေတ်စခဲ့သည်။ ဗြိတိသျှ အိန္ဒိယရုံးသည် ၁၈၅၈ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော်လည်း စင်ကာပူ သည် ၁၈၆၇ ခုနှစ်တွင် မှ ဘုရင်မသို့ သတင်းပို့ရသော ဗြိတိသျှဘုရင်မပိုင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ကျွန်းပေါ်တွင် လူ ၁ သိန်းမျှ နေထိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ - ခုနှစ်တွင် ဂျပန်၏ကျုးကျော်မှုကို ခံရပြီး ၁၉၄၅-ခုနှစ်တွင် ပြန်လည် ခုခံတိုက်ခိုက်ကာ စစ်အောင်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ချုပ်ငြိမ်းသွားပြီးနောက် ဗြိတိသျှ၏ထိန်းချုပ်မှု လက်အောက်ခံဘ၀သို့ ကျရောက်ခဲ့ရပြန်သည်။ ၁၉၆၃-ခုနှစ်တွင် စင်ကာပူနိုင်ငံကို ကိုယ်ပိုင်အစိုးရပေါ် ထွက်လာရန် ဖက်ဒရယ်ကိုအခြေခံသော မူဝါဒဖြစ်ရန်စုစည်းပြီး မလေးရှားနှင့် ပူးတွဲအုပ်ချုပ်မှုကို နယ်မြေအရ ခွဲထွက်ရန် ကြိုးပမ်းခဲ့သည်။
ထို့နောက် စင်ကာပူနိုင်ငံမှ လူထုအဖွဲ့အစည်းဖြစ်သော (People Action Party)PAPခွဲထွက်ရေးပါတီမှ ကိုယ်စားလှယ်နှင့် မလေးရှားနိုင်ငံ(Alliance Party)ပါတီကိုယ်စားလှယ်ယှဉ်ပြိုင်ရာမှ PAPပါတီအနိုင်ရကာ ၁၉၆၅-ခုနှစ် သြဂုတ် ၉ ရက်နေ့တွင် စင်ကာပူနိုင်ငံသည် လွတ်လပ်သော ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည် နိုင်ခဲ့သည်။

👨‍⚖ အုပ်ချုပ်ရေး

ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အစိုးရတွင် လွှတ်တော်တစ်ခုတည်းသာရှိ၍ မဲဆန္ဒနယ် အသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည်။ စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးစနစ်ကို ကိုယ်စားပြုပါဝင်သော ဒီမိုကရေစီစနစ်အဖြစ် ပြဌာန်းထားသည်။ ဖရီးဒမ်း ဟောက်စ်မှ စင်ကာပူအား ကမ္ဘာ့လွတ်လပ်မှု အစီရင်ခံစာတွင် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံအဖြစ် ဖော်ပြထားပြီး အီကော်နောမစ် မဂ္ဂဇင်းကမူ စင်ကာပူ နိုင်ငံအား ဒီမိုကရေစီ ညွှန်းကိန်းတွင် ၄ ဆင့် ရှိသည့် အနက် တတိယ အဆင့် အဖြစ် သတ်မှတ်ထားသည်။ စင်ကာပူအား အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့မှ ကမ္ဘာပေါ်တွင် ခြစားမှု အကင်းဆုံး နိုင်ငံ အဖြစ် အစဉ်တစိုက် သတ်မှတ်လေ့ ရှိသည်။

အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးဆောင်သော အစိုးရ အဖွဲ့တွင် ရှိသည်။ သမ္မတအား တစ်နိုင်ငံလုံးမှ မဲစနစ်ဖြင့် ရွေးချယ်လေ့ ရှိပြီး နိုင်ငံတော်၏ပိုင်ဆိုင်မှုများ နှင့် တရားသူကြီးများ ရွေးချယ်ခြင်းစသော ကိစ္စရပ်များ နှင့် ပတ်သက်လျှင် ဗီတိုအာဏာ ကျင့်သုံးနိုင်သော အခွင့်ရှိပြီး ကျန်သောအချိန်များတွင်မူ ပြယုဂ်ရာထူးတစ်ခုသာလျှင် ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဥပဒေမှာ အင်္ဂလိပ် အများသုံး ဥပဒေကို အခြေခံထားသော်လည်း ကွဲလွဲချက်အချို့ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ဂျူရီလူကြီးများဖြင့် ဆုံးဖြတ်သော စနစ်ကို ဖျက်သိမ်းခဲ့ပြီး တရားစီရင်ခြင်းကို တရားသူကြီး တစ်ဦးကသာ ဆုံးဖြတ်တော့သည်။ စင်ကာပူတွင် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှုများ ရှိပြီး မုဒိမ်းမှု၊ အဓိကရုဏ်းမှု၊ ဖျက်ဆီးမှုနှင့် အချို့သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများ အတွက် ကြိမ်ဒဏ်ပေးသော စနစ် ရှိသည်။

🛡️ ကာကွယ်ရေး

စင်ကာပူနိုင်ငံ၏ စစ်တပ်သည် မည်သို့ပင် ဆိုစေကာမူ အရှေ့တောင် အာရှတွင် နည်းပညာ အားဖြင့် အမြင့်မားဆုံး စစ်တပ် ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင် စစ်ကာပူ ကြည်းတပ်၊ စင်ကာပူ သမ္မတနိုင်ငံ ရေတပ် နှင့် စင်ကာပူ သမ္မတနိုင်ငံ လေတပ်တို့ ပါဝင်သည်။ စင်ကာပူ စစ်တပ်သည် နိုင်ငံ၏ လွတ်လပ်ရေးကို အာမခံပေးသူ အဖြစ် ရှုမြင်ကြသည်။စင်ကာပူ၏ စစ်ရေးဆိုင်ရာ အတွေးအခေါ်မှာ သံတမန်ရေး နှင့် တားဆီးကာကွယ်ရေး အတွက် ရည်ရွယ်သည်။ ထိုအယူအဆမှ ယဉ်ကျေးမှု အဖြစ် အသွင်ပြောင်းပြီး နိုင်ငံသားတိုင်း နိုင်ငံ ကာကွယ်ရေး အတွက် ပါဝင် ဆောင်ရွက်ကြသည်။အစိုးရသည် နိုင်ငံ ဂျီဒီပီ၏ ၄.၉% ကို စစ်တပ် အတွက် အသုံးပြုပြီး အစိုးရ သုံးစွဲသော ငွေ ၄ ဒေါ်လာတွင် ၁ ဒေါ်လာမှာ ကာကွယ်ရေး အတွက် ဖြစ်သည်။

စင်ကာပူ စစ်တပ်သည် သမာရိုးကျနှင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများ အတွင်း ပြသနာပေါင်း များစွာကို ဖြေရှင်းပေးနိုင်ရန် လေ့ကျင့် ပေးထားသည်။ ကာကွယ်ရေး သိပ္ပံ နှင့် နည်းပညာ အေဂျင်စီသည် စစ်တပ်နှင့် ဆိုင်သော အရင်းအမြစ်များ ဝယ်ယူရန် တာဝန်ရှိသူ ဖြစ်သည်။ စင်ကာပူ၏ ပထဝီ အနေအထား အရ စင်ကာပူ စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ တွန်းလှန်နိုင်ရန် ပြင်ဆင် ထားရပြီး ဆုတ်ခွာရန် နှင့် ပြန်လည် စုစည်းရန် မဖြစ်နိုင်ပေ။ လူဦးရေ အနည်းငယ်မျှသာ ရှိခြင်းကလည်း စင်ကာပူ စစ်တပ်၏ ဖွဲ့စည်းပုံကို သက်ရောက်မှု ရှိစေသည်။ အမြဲတမ်း စစ်သား အနည်းငယ်သာ ရှိပြီး အရန်အင်အားမှာ အများ အပြား ရှိသည်။

စင်ကာပူတွင် သန်စွမ်းသော ယောက်ျားလေးတိုင်း ၁၈ နှစ်တွင် စစ်မှု မထမ်း မနေရ အမိန့် စတင်သည်။ ရာဇဝတ်မှတ်တမ်း ရှိသူများနှင့် ၎င်းတို့ မရှိသည့် အချိန်တွင် မိသားစု အတွက် အခက်အခဲများ ခံစားရနိုင်ကြောင်း သက်သေပြနိုင်သူများသာ လွတ်ကင်းသည်။ တက္ကသိုလ် အကြို ပညာရေးကို မပြီးဆုံးသေးသူများ နှင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု ကော်မရှင်မှ စကော်လာရှစ် ရရှိထားသူများ အနေနှင့် စစ်မှု မထမ်းမနေရ အချိန်ကို ရွှေ့ဆိုင်းနိုင်သည်။ စစ်မှုမထမ်း မနေရ မဟုတ်သော်လည်း စင်ကာပူ စစ်တပ် အတွင်း မိန်းကလေး ဦးရေမှာ များပြားလာလျှက် ရှိသည်။

🎓 ပညာရေး

စင်ကာပူနိုင်ငံ၏ပညာရေးတွင် ပုဂ္ဂလိကကိုယ်ပိုင်ပညာရေးကျောင်းနှင့် အစိုးရပညာရေးကျောင်းဟူ၍ နှစ်မျိုးရှိရာ ကျောင်းအားလုံးသည် စင်ကာပူပညာရေး၀န်ကြီးဌာနတွင် စာရင်းတင်သွင်းကြရသည်။ စင်ကာပူ နိုင်ငံတွင် တရုတ်၊ မလေး၊ အိန္ဒိယနှင့် အခြားနိုင်ငံမှ လာရောက်နေထိုင်သောလူမျိုးများဖြင့် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ ထိုလူမျိုးစုအလိုက် မိခင်ဘာသာစကားကိုပြောဆိုကြသော်လည်း လူမျိုးခြားများနှင့် ဆက်သွယ်စကားပြောရာတွင်မူ ကမ္ဘာသုံး၊ ရုံးသုံးဖြစ်သောအင်္ဂလိပ် ဘာသာစကားဖြင့် ဆက်ဆံပြောဆိုသကဲ့သို့ ကျောင်းပညာရေးပြဌာန်းစာအုပ်တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းကာ သင်ကြားလျက်ရှိသည်။ ထို့အပြင် မိခင်ဘာသာအလိုက်ဖြစ်သော တရုတ်၊ မလေးနှင့် အန္ဒိယဘာသာ များကိုလည်း သင်ကြားခွင့်ရှိသည်။ အင်္ဂလိပ်ဘာသာကို ပထမဦးစားပေးအဖြစ်သတ်မှတ်၍ ကျန်သော မိခင်ဘာသာများကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ပေးသည်။

📊 စီးပွားရေး

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ဖြစ်စဉ်တွင် စင်ကာပူနိုင်ငံသည် ကျွန်းစုနိုင်ငံ ဖြစ်သောကြောင့် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းနှင့် ပင်လယ်သင်္ဘောဆိပ်ကမ်းတွင် ကူလီထမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေး၀မ်းကျောင်းပြုကြသည်။ ယခင်က စင်ကာပူနိုင်ငံရှိလူမျိုးများသည် အခြေခံအလုပ်ကို လုပ်ကိုင်ခြင်းမှစ၍ တိုးတက်အောင်မြင်လိုစိတ်ဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထိုမှရသောငွေကြေးဖြင့် မိသားစုစား၀တ်နေရေးအတွက်တစ်ပုံ၊ သား/သမီးများကို ပညာသင်ကြားနိုင်ရန် တစ်ပုံဟူ၍ ပညာရေးကို မဖြစ်မနေတတ်မြောက်စေရန် သင်ယူလေ့လာစေခဲ့သည်။ သဘာ၀သယံဇာတများစွာ မကြွယ်ဝသော နိုင်ငံအတွက် ပညာရေးအရင်းအမြစ်ကြွယ်၀ရန် လွန်စွာအရေးကြီးသည်ကို စင်ကာပူနိုင်ငံသားများသည် ထိုအချိန်ကပင်ကောင်းစွာ နားလည်ခဲ့ကြသည်။ ယနေ့စင်ကာပူနိုင်ငံသည် ပညာရေးမှသည် ခေတ်မီသော နည်းစနစ်ကို အသုံးပြုကာ စင်ကာပူနိုင်ငံတိုးတက်စေရန် စီမံခန့်ခွဲနိုင်သည်။ မည်သည့်အရာမဆို လုံံံ့လဝီရိယစိုက်ကာ ကြိုးပမ်းဆောင်ရွက်လျှင် အောင်မြင်မှုရမည်မှာမလွဲဟု ယုံကြည်ကြသောကြောင့် ယနေ့မျိုးဆက်သစ်များကို ပညာရေးဖြင့် အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

သဘာ၀သယံဇာတဟုဆိုရာတွင် သောက်သုံးရန်ရေချိုပင် အလုံအလောက်မရှိခဲ့ပေ။ မလေးရှားနိုင်ငံမှ စျေးကြီးစွာ ၀ယ်ယူခဲ့ရသည်။ သို့သော်ယခုအခါ နည်းပညာကို အသုံးပြု၍ ပြည်တွင်းရှိရေလောင်ကန်မှရေနှင့် ရေဆိုးရေညစ်ကို ခေတ်မီနည်းပညာကို အသုံးပြု၍ အဆင့်ဆင့်သန့်စင်ကာ စင်ကာပူတစ်နိုင်ငံလုံးသို့ ဖြန့်ဝေနိုင်ပြီဖြစ်သည်။

စင်ကာပူသည် အချို့သော စီးပွားရေး ကဏ္ဍများတွင် ကမ္ဘာ့ ရှေ့ဆောင် နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိသည်။ စင်ကာပူသည် ကမ္ဘာ့ စတုတ္ထမြောက် ဦးဆောင်ဦးရွက်ပြုရာ ငွေကြေးဌာန တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ကက်စီနို လောင်းကစား ပြုရာ နေရာ ဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရေနံချက်လုပ်ရာ နေရာ သုံးခုတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံး ရေနံတူးစင် ထုတ်လုပ်ရာ နှင့် သင်္ဘောများ ပြင်ဆင်ရေး အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ကမ္ဘာ့ဘဏ်မှ စင်ကာပူနိုင်ငံအား ကမ္ဘာပေါ်တွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံး နေရာ တစ်ခု အဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ဌာန တစ်ခု အဖြစ် အဆင့်သတ်မှတ် ခဲ့သည်။ စတုတ္ထအကြိမ် ထုတ် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသော စီးပွားရေး ညွှန်းကိန်းမှ ကျွမ်းကျင်သူများမှ စင်ကာပူအား ကမ္ဘာပေါ်တွင် သတ္တမမြောက် အစိမ်းလန်းဆုံး မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

စင်ကာပူ၏ အကြီးဆုံး ကုမ္ပဏီများမှာ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ပါဝင်ကာ အများစုမှာ နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု လုပ်ကိုင်ရာ စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး စင်ကာပူ စတော့ခ် အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုကြသည်။ ၎င်းတို့ ထဲတွင် ဆင်းတဲလ် ခေါ် စင်ကာပူ ဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ တက်ခနော်လော်ဂျီ အင်ဂျင်နီယာရင်း၊ ကပ်ပဲလ် ကော်ပိုရေးရှင်း၊ အိုစီဘီစီ ခေါ် ပြည်ပတရုတ်ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဒီဘီအက်စ် ခေါ် စင်ကာပူ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ယူအိုဘီ ခေါ် စည်းလုံးသော ပြည်ပဘဏ် စသည့် ကုမ္ပဏီများ ပါဝင်သည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ စီးပွားရေး မတည်ငြိမ်မှု များ အတွင်းတွင်ပင် ဘလွန်းဘတ်၏ စစ်တမ်းအရ အိုစီဘီစီ၊ ဒီဘီအက်စ် နှင့် ယူအိုဘီ ဘဏ်များကို ကမ္ဘာ့ နံပါတ် ၁၊ ၅ နှင့် ၆ တို့ အနေနှင့် အသီးသီး အဆင့်သတ်မှတ် ဖော်ပြခံခဲ့ရသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာလည်း စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားပေါင်း ၁၅ သန်းကျော်တို့ စင်ကာပူသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ စင်ကာပူသည် ပညာရေး အချက်အခြာ ဌာန တစ်ခုလည်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာ ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော် လာရောက် ပညာသင်ကြား ကြသည်။ စင်ကာပူသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ထဲတွင် ကျန်းမာရေးအသုံးစရိတ် နည်းပါးသော နိုင်ငံ ဖြစ်သော်လည်း ယေဘုယျအားဖြင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ကမ္ဘာ့ ကျန်းမာရေး အစီရင်ခံစာတွင် စင်ကာပူ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား ကမ္ဘာ့ အဆင့် ၆ အဖြစ် သတ်မှတ်ခဲ့သည်။ ယေဘုယျ အားဖြင့် စင်ကာပူသည် ယခင် ဆယ်စုနှစ် ၂ ခု အတွင်း ကမ္ဘာပေါ်တွင် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

စင်ကာပူတွင် အင်တာနက် ချိတ်ဆက်မှုကို အင်တာနက် ဝန်ဆောင်သူများမှ ပြုလုပ်ပေးကြပြီး ၁ စက္ကန့်လျှင် ၁ ဂစ်ဂါဘိုက် အထိ ရှိသော အိမ်သုံး အင်တာနက်များကို တပ်ဆင်ပေးသည်။ ထိုသို့ ဂစ်ဂါဘစ် အထိ မြန်နှုန်း ရှိသော ကွန်ယက်များကြောင့် ပို့ကုန် တင်ပို့မှုကို တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၀၆ တွင် အလုပ်ပေါင်း ၈၀,၀၀၀ ကျော်ကို ဖန်တီး ပေးနိုင်ခဲ့သည်။မိုဘိုင်းဖုန်း အသုံးပြုမှုမှာ အလွန်မြင့်မားပြီး လူ ၁၀၀ လျှင် မိုဘိုင်းဖုန်း ၁၄၈ လိုင်း ရှိသည်။ စင်ကာပူသည် လူဦးရေ အလွန်သိပ်သည်းသော သေးငယ်သော ကျွန်းကလေး တစ်ကျွန်း ဖြစ်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရန် နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် လမ်းများပေါ်တွင် သွားလာနေသော ကိုယ်ပိုင်ကား စီးရေကို ကန့်သတ် ထားသည်။

👥 လူနေမှု အဆင့်

၂၀၁၅ ခုနှစ် နှစ်လည်တွင် စင်ကာပူ၏ ခန့်မှန်း လူဦးရေမှာ ၅,၅၃၅,၀၀၀ ဦး ရှိပြီး ၃,၃၇၅,၀၀ ဦး(၆၀.၉၈%) မှာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ကျန်ရှိနေသော ၂,၁၆၀,၀၀၀ ဦး (၃၉.၀၂%) တွင် အမြဲတမ်း နေထိုင်သူ ၅၂၇,၇၀၀ ဦး ၊ နိုင်ငံခြား ကျောင်းသား၊ အလုပ်သမား၊ မှီခိုသူပေါင်း ၁,၆၃၂,၃၀၀ ဦး မျှရှိသည်။ ၂၀၁၀ ခုနှစ် နိုင်ငံ၏ နောက်ဆုံး ကောက်ခံသည့် လူဦးရေ စာရင်းတွင် စင်ကာပူ နိုင်ငံသားနှင့် အမြဲတမ်းနေထိုင်သူတို့၏ ၂၃% မှာ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ကြသည်။ စင်ကာပူ နိုင်ငံသား၏ ၁၀% မှာ နိုင်ငံခြားတွင် မွေးဖွားပြီး နိုင်ငံသား အဖြစ်ပြောင်းလဲလာသူများဟု ဆိုနိုင်သည်။ နိုင်ငံခြားသားများကိုပါ ထည့်၍ ရေတွက်မည် ဆိုလျှင် နိုင်ငံအတွင်း နေထိုင်သူ၏ ၄၃% မှာ နိုင်ငံခြားတွင် မွေးဖွားသူများ ဖြစ်ကြသည်။ ထိုလူဦးရေ စာရင်းမှ သိရသော အခြား အစီရင်ခံချက် တစ်ခုမှာ နိုင်ငံအတွင်း နေထိုင်သူများ၏ ၇၄.၁% မှာ တရုတ်လူမျိုး၊ ၁၃.၄% မှာ မလေးလူမျိုး၊ ၉.၂ % မှာ အိန္ဒိယ လူမျိုး နှင့် အခြား ၃.၃% မှာ ယူရေးရှန်း အပါအဝင် အခြား လူမျိုးများ ဖြစ်သည်။

ဗုဒ္ဓဘာသာသည် စင်ကာပူတွင် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခုဖြစ်ပြီး နောက်ဆုံး လူဦးရေ စာရင်းအရ နေထိုင်သူ၏ ၃၃% သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အဖြစ် ကြေငြာကြသည်။ ဒုတိယမြောက် ကိုးကွယ်သူ အများဆုံး ဘာသာမှာ ခရစ်ယာန်ဘာသာ ဖြစ်ပြီး ၎င်း၏ နောက်တွင် အစ္စလာမ်ဘာသာ ၊ တာအိုဘာသာ၊ ဟိန္ဒူဘာသာ တို့က အစဉ်လိုက် ရှိသည်။ လူဦးရေ၏ ၁၇% မှာ မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ ၂၀၀၀ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် ကြားတွင် ခရစ်ယာန်၊ တာအိုဘာသာ နှင့် ဘာသာမဲ့ ဦးရေမှာ ၃% စီ တိုးတက်လာခဲ့သဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာနှုန်းမှာ လျော့နည်း သွားခဲ့သည်။ အခြားသော ကိုးကွယ် ယုံကြည်မှုများ၏ ရာခိုင်နှုန်းမှာ ယခင် အတိုင်း ဆက်လက် တည်ရှိနေခဲ့သည်။ ပြူး သုတေသန ဌာန၏ လေ့လာ ဆန်းစစ် ချက် အရ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာသာတရား အမျိုးမျိုး ကွဲပြားခြားနားရာ အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့ရသည်။

စင်ကာပူတွင် အင်္ဂလိပ်၊ မလေး၊ မန်ဒရင် တရုတ် နှင့် ကလယ် ဟူ၍ ဘာသာစကား လေးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာစကားမှာ အများသုံး ဘာသာစကားဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရသုံး နှင့် ကျောင်းများတွင် သင်ကြားပို့ချရာ ကြားခံဘာသာစကား ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင် ဆယ်စုနှစ် များအတွင်း စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၄% ထက် မကျော်ခဲ့ပေ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ် အတွင်း အမြင့်ဆုံး ၃% သို့ တိုးတက်ခဲ့ပြီး ၂၀၁၅ တွင် ၁.၈% သို့ ပြန်လည် လျော့ကျ သွားခဲ့သည်။

စင်ကာပူသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို စင်ကာပူ နိုင်ငံ သားများက အလွန်မလိုလားအပ်သော အရာတစ်ခု အဖြစ် ရှုမြင်ကြသဖြင့် ဥရောပ လူ့အဖွဲ့အစည်းများ နှင့် မတူပေ။ စင်ကာပူ နိုင်ငံသားတို့ မူးယစ်ဆေးဝါး အပေါ် မလိုလားမှုမှာ အချို့သော ပြင်းထန်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များအတွက် မပေးမနေရ သေဒဏ် သတ်မှတ်ထားသော ဥပဒေကြောင့် ဖြစ်သည်။ စင်ကာပူတွင် လူဦးရေ အချိုးအစားအားဖြင့် အနိမ့်ဆုံး အရက်သောက်သည့် နှုန်း ရှိပြီး ကြမ်းတမ်းသည့် ရာဇဝတ်မှာများလည်း အနည်းဆုံးဖြစ်ကာ တကမ္ဘာလုံးတွင် ရည်ရွယ်ချက် ရှိစွာ လူသတ်မှု အနိမ့်ဆုံးသော နိုင်ငံ ဖြစ်သည်။ ပျမ်းမျှ အရက်သောက်နှုန်းမှာ လူကြီး တစ်ယောက်လျှင် တစ်နှစ် ၂ လီတာမျှ ဖြစ်သဖြင့် တကမ္ဘာလုံးတွင် အနိမ့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

နိုင်ငံခြားသားများသည် လူဦးရေ၏ ၄၂% မျှ ရှိပြီး စင်ကာပူ၏ ယဉ်ကျေးမှု ပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိသည်။ စီးပွားရေး ဉာဏ်ရည်ဉာဏ်သွေး ဌာန၏ ၂၀၁၃ ခု မည်သည့်နေရာတွင်မွေးဖွားသင့်သနည်း ကိန်းညွှန်းတွင် စင်ကာပူအား အာရှတွင် အကောင်းဆုံး ဘဝအရည်အသွေး ရှိရာ နေရာနှင့် တကမ္ဘာလုံးတွင် ဆဌမမြောက် ဘဝအရည်အသွေး ရှိရာ နေရာဟု အဆင့်သတ်မှတ် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံသားတစ်ဦး၏ပြောပြချက်အရ “ယခင်က စင်ကာပူလူနေမှုအဆင့်သည် ပင်လယ်ကမ်းခြေ တစ်ဝိုက်တွင် တဲကလေးဖြင့် မိသားစုဘ၀ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ဘ၀တွင် မည်သို့ချို့တဲ့စေကာမူ လုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်၍ သား/သမီးပညာရေးကို မပျက်မကွက် သင်ယူစေခြင်းကြောင့် ယခုအခါ တဲကလေးဘ၀မှ အထပ်ပေါင်း (၅၀)အထိမြင့်သော အဆောက်အဦးကြီး၊ ခေတ်မီသော မြေအောက်ရထားလမ်းနှင့် အခြားခေတ်မီသော အဆောက်အအုံကြီးများကို တည်ဆောက်နိုင်ခဲ့ပေပြီ”ဟု နှိုင်းယှဉ်ပြကာ ပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံသားများသည် အလုပ်ချိန်ကို မည်သို့လေးစားကြသည်၊ အချိန်ကို မည်သို့တန်ဖိုးထားကြသည်ကို သိလိုလျှင် “စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွင် အစားအသောက်ကို ပြင်ဆင်ပေးသောဆိုင်ရှင်၏ သွက်လက် မြန်ဆန်စွာ ၀န်ဆောင်မှုပေးခြင်း၊ စားသောက်နေကြသော ဖောက်သည်များ၏ကြာသင့်သော စားသောက်ချိန် မျှသာ စားသောက်ပြီး မိမိတို့လိုရာခရီးသို့ ဆက်လက်ချီတက်ခြင်းနှင့် အလုပ်သွားကြမည့်သူတို့ ၏ သွက်လက်မြန်ဆန်စွာ လမ်းလျှောက်နှုန်းကို စောင့်ကြည့်ပါ”ဟုသာ ပြောချင်ပါသည်။ အကြောင်းမှာ အချိန်တိုင်းသည် လုပ်ငန်းအတွက် တန်ဖိုးရှိသောကြောင့်ပင်ဖြစ်သည်။ စားသောက်ဆိုင်ပိုင်ရှင်သည် စားသုံးသူဖောက်သည်၏စောင့်ဆိုင်းမှုအတွက် မြန်သထက်မြန်စွာ စီမံပေးနိုင်ခြင်းသည် များစွာသော ဖောက်သည်ကို ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် စီးပွားပိုမိုတိုးတက်စေမည်ဖြစ်သည်။

စင်ကာပူနိုင်ငံသားများသည် ချမ်းသာလေလေအလုပ်ကိုပို၍ လုပ်လေလေဖြစ်သည်။ အချို့အလုပ်ရှင်သည် အလုပ်သမားလုပ်ရမည့်အလုပ်ချိန်ထက် ပိုလုပ်လေ့ရှိသည်ကို လေ့လာခဲ့ရပါသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် စင်ကာပူနိုင်ငံတိုးတက်နေခြင်းမှာ ပညာရေးကို အခြေခံပြီး နည်းစနစ်ကျစွာ လုပ်ဆောင်ခြင်း၊ စည်းကမ်းကိုလေးစားလိုက်နာခြင်း၊ လုံ့လဝီရိယစိုက်ထုတ်ကာ ကြိုးပမ်းခြင်းကြောင့် သဘာ၀သယံဇာတများစွာမကြွယ်ဝသော်လည်း လူသားအရင်းအမြစ်ဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုး တိုးတက်စေရန် စွမ်းဆောင်နိုင်သော နိုင်ငံဖြစ်ပေသည်ဟု သုံးသပ်လိုက်ရပါသည်။

to Original Uploader

နေဝင်တောင်မှာ နေဝင်ချိန်ကိုကြည့်ပြီး ချစ်သူခါးလေးကိုဖက်ပြီး သူကိုဘယ်လောက်ချစ်ကြောင်း သူကိုစချစ်တဲ့အချိန်က ဘယ်လောက်ထိ ရင်...
25/05/2025

နေဝင်တောင်မှာ နေဝင်ချိန်ကိုကြည့်ပြီး

ချစ်သူခါးလေးကိုဖက်ပြီး

သူကိုဘယ်လောက်ချစ်ကြောင်း သူကိုစချစ်တဲ့အချိန်က

ဘယ်လောက်ထိ ရင်ခုန်ခဲ့ရကြောင်း ချစ်စကားလေးတွေပြောရင်

ဘဝရဲ့ အမှတ်တရ ပန်းတိုင်ကို သူနဲ့အတူ ဖြတ်သန်ချင်တယ်ဆို

ရင်တော့

ကျွန်တော် ရဲ့ Service Blog နဲ့

ဆက်သွယ်လာပေးလို့ရပါတယ်ဗျ

အသေးစိပ်ကို သေချာစီစဉ်ပေးပါမယ်

မြန်မာနိူင်ငံကနေ လာမယ်ဆိုလည် စဆုံးစီစဉ်ပေးပါတယ်ဗျ

တစ်ခြာသော ပတ်ကိတ်တွေလည် ရှိပါသေးတယ်နော်

ဒီခရီးစဉ်လေးအတွက် ပါဝင်သော အသုံးအဆောင်များကတော့

🚩🚩🚩Maiton with promthep sunset 🚩🚩🚩

8 pax private 🇹🇭🇲🇲

❣️Tour includes

❣️Transfer hotel go and back 🔙

❣️Set foods

❣️Fruit and juice 🥤 🍉🍍

❣️Fishing 🎣 equipment

❣️1 sparkling wine 🍷🍾

❣️Back with sunset view Phuket 🏝️

💶💶💶 For all (28000)THB








Ko Rain
Call ⁨064 006 2799⁩

မတွေ့တာကြာလို့မေ့နေကြပြီးပေါ့ အခြေနေအမျိုးမျိုးကြောင့် အဆက်သွယ်တွေ ပျက်နေသလိုဖြစ်လို့ တောင်းပန်ပါတယ် ကိုရိမ်းပြန်လာပါပြီ...
25/05/2025

မတွေ့တာကြာလို့မေ့နေကြပြီးပေါ့

အခြေနေအမျိုးမျိုးကြောင့် အဆက်သွယ်တွေ

ပျက်နေသလိုဖြစ်လို့ တောင်းပန်ပါတယ်

ကိုရိမ်းပြန်လာပါပြီး Renew & New လုပ်မဲ့လူတွေ

ဆက်သွယ်လို့ရပါပြီးဗျ

ကိုရိမ်း

+၆၆ ၆၄၀၀၆၂၇၉၉ (Viber)

+ ၉၅ ၉၆၉၆၅၁၆၁၂၆ ကိုဆက်သွယ်ရတယ်နော်

ဘယ်လိုအခက်ခဲပဲတွေ့တွေ့ အဆင်မပြေတာတွေရှိလာရင်  ကိုရိမ်းသာ ဖုန်းခေါ်လိုက်ပါကိုရိန်း+၆၆ ၆၄၀၀၆၂၇၉၉ (Viber) +၉၅ ၉၆၉၆၅၁၆၁၂၆
23/05/2025

ဘယ်လိုအခက်ခဲပဲတွေ့တွေ့ အဆင်မပြေတာတွေရှိလာရင်

ကိုရိမ်းသာ ဖုန်းခေါ်လိုက်ပါ

ကိုရိန်း

+၆၆ ၆၄၀၀၆၂၇၉၉ (Viber)

+၉၅ ၉၆၉၆၅၁၆၁၂၆

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
01/05/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကို တားဆီးရန် သင်တန်းကာလအပေါ်မူတည်၍...
24/04/2025

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကို တားဆီးရန် သင်တန်းကာလအပေါ်မူတည်၍ ကျောင်းသားဗီဇာခွင့်ပြုထားသည့် သက်တမ်းများကို ထိုင်းအစိုးရက ပြန်လည်သတ်မှတ်ရန် စီစဉ်နေကြောင်း Thai Enquirer သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန (MHESI) နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသားဗီဇာများ ပြန်လည်စိစစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တစ်ကြိမ်လျှင် ရက်ပေါင်း ၉၀ အထိ ဗီဇာရရှိသည်။ တက်ရောက်သည့် သင်တန်းအပေါ်မူတည်၍ စုစုပေါင်း တစ်နှစ်ထက်မပိုသော ကာလအထိ နေထိုင်ခွင့်ထိုင်းအစိုးရက ခွင့်ပြုထားသည်။

သို့သော် တက္ကသိုလ်များမှ ဖွင့်ထားသည့် ဘွဲ့ဒီဂရီမဟုတ်သော သို့မဟုတ် ကာလတိုသင်တန်းများအပေါ် အစိုးရ၏ ကြီးကြပ်မှု အားနည်းနေသည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက ဆိုသည်။

ထို့ကြောင့် အွန်လိုင်း သို့မဟုတ် ကျောင်းခေါ်ကြိမ် တင်းတင်းကျပ်ကျပ် မဟုတ်သည့် သင်တန်းများအတွက် ကျောင်းသားများ နိုင်ငံတွင်း မည်မျှကြာကြာ နေထိုင်နိုင်သည့် ကာလနှင့် ပတ်သက်၍ တိတိကျကျမရှိဘဲ ဖြစ်နေသည်ဟုလည်း ဆိုသည်။

ယင်းအခြေအနေကို MHESI ဝန်ကြီးဌာနက တင်းကျပ်စွာကိုင်တွယ်ရန် နိုင်ငံခြားကျောင်းသားများ တက်ရောက်နေသည့် ဘွဲ့ဒီဂရီမဟုတ်သော သင်တန်းများအတွက် မူဘောင်သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ပြီး အတည်ပြုမည်ဟု ဆုံးဖြတ်ထားသည်။

စည်းကမ်းသတ်မှတ်ချက် အသစ်အရ တက္ကသိုလ်များသည် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သတင်းအချက်အလက်များမပေးပို့မီ MHESI က ဦးစွာအကဲဖြတ်ရန် ကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းကာလနှင့် သင်ယူမှုပုံစံအပါအဝင် သင်တန်းအသေးစိတ်အချက် အလက်များတင်ပြရမည်ဟု ပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်အကိုင်များ စောင့်ကြည့်ကာကွယ်ရန် ကျောင်းသားဗီဇာအချက် အလက်များကိုလည်း အချိန်နှင့်တပြေးညီ မျှဝေပေးရန်လည်း MHESI အဆိုပြုထားသည်။

အဆိုပါ တောင်းဆိုချက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မူအားဖြင့် သဘောတူထားပြီး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သတ်မှတ်ရန်နားလည်မှုစာချွန်လွှာ (MOU) ကို မကြာမီလက်မှတ်ရေးထိုးမည်ဟု သိရသည်။

ပုံစာ − ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများ ဆွေးနွေးကြစဉ်၊ ဓာတ်ပုံ − Thai Enquirer

ที่อยู่

23 Road
Bangkok
10110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+66990403219

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Passport PV PJ & Go Bangkok Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Passport PV PJ & Go Bangkok Services:

แนะนำ

แชร์