โทร เส้นทาง ติดต่อ ธุรกิจของเรา

Bangkok Lotaya ဆာဝါဒီး ခပ်! Welcome to " Bangkok LOTAYA". We have experiences a lot in making your life easier in THAILAND.
(561)

We will help and assist you with requirements and best services as well.

From the sky to the fields, a legacy of care. 🌧️🌾The Royal Rainmaking Project reflects His Majesty King Bhumibol Adulyad...
14/10/2026

From the sky to the fields, a legacy of care. 🌧️🌾

The Royal Rainmaking Project reflects His Majesty King Bhumibol Adulyadej the Great’s dedication to improving the lives of his people.

By applying science to encourage rainfall under suitable weather conditions, this royal initiative helps relieve drought, support farmers, and replenish water reserves.

We remember King Rama IX with deep gratitude for his vision, compassion, and enduring contributions to Thailand.

With deepest respect,
Bangkok Lotaya

๑๓ ตุลาคมวันนวมินทรมหาราชวันคล้ายวันสวรรคตพระบาทสมเด็จพระบรมชนการิเบศรมหาภูมิพลอดุลยเดชมหาราช บรมนาถบพิตรน้อมรำลึกในพระม...
13/10/2026

๑๓ ตุลาคม
วันนวมินทรมหาราช
วันคล้ายวันสวรรคต
พระบาทสมเด็จพระบรมชนการิเบศร
มหาภูมิพลอดุลยเดชมหาราช บรมนาถบพิตร
น้อมรำลึกในพระมหากรุณาธิคุณอันหาที่สุดมิได้

ข้าพระพุทธเจ้า บริษัท บางกอก โลทายะ จำกัด

Bangkok ကိုလာတိုင်း မြို့လယ်မှာပဲ နေဖြစ်တယ်ဆိုရင်ကိုယ်ကြိုက်တဲ့နေရာမှာ ကိုယ့်အိမ်လေးတစ်ခန်း ရှိဖို့ စိတ်ကူးကြည့်ဖူးလား? ...
12/10/2026

Bangkok ကိုလာတိုင်း မြို့လယ်မှာပဲ နေဖြစ်တယ်ဆိုရင်
ကိုယ်ကြိုက်တဲ့နေရာမှာ ကိုယ့်အိမ်လေးတစ်ခန်း ရှိဖို့ စိတ်ကူးကြည့်ဖူးလား? 🏡

Sansiri ရဲ့ 𝐒𝐇𝐔𝐒𝐇 𝐑𝐚𝐭𝐜𝐡𝐚𝐭𝐡𝐞𝐰𝐢 က မြို့လယ်မှာ နေချင်ပြီး အခန်းဒီဇိုင်းကိုလည်း ထူးခြားတာမျိုး ရှာနေသူတွေအတွက် စိတ်ဝင်စားစရာ Luxury Condo တစ်ခုပါ။

📍 BTS Ratchathewi နဲ့ မီတာ ၁၄၀ ခန့်သာ ဝေးပြီး Siam နဲ့လည်း BTS တစ်ဘူတာအကွာမှာရှိတဲ့ New Luxury Condominium Project လေးပါ။

_ _ _ _ _ _ _ _ _ _ _ _ _ _ _

အထပ် ၃၂ ထပ်၊ လူနေခန်း ၃၈၃ ခန်း ပါဝင်ပြီး Concierge Service၊ Automatic Parking၊ EV Charging Station နဲ့ ၂၄ နာရီ လုံခြုံရေး/CCTV တို့ကိုလည်း ထည့်သွင်းထားပါတယ်။

🏙️ ကိုယ်နှစ်သက်တဲ့ Living Style ကို ရွေးချယ်နိုင်ပါတယ်။

🏡 Loft Style — အပေါ်ထပ် Living Space ပါဝင်တဲ့ ထူးခြားတဲ့ အခန်းဒီဇိုင်း
• 1 Bedroom High Ceiling — 28.50–35.50 sq.m.
• 2 Bedroom High Ceiling — 41.75–46.75 sq.m.

🏡 Simplex Style — ပုံမှန်တစ်ထပ် Living Space နဲ့ သက်သောင့်သက်သာ နေထိုင်နိုင်တဲ့ အခန်းဒီဇိုင်း

• 1 Bedroom — 31.25–57.25 sq.m.
• 2 Bedroom — 60–89.50 sq.m.
• 3 Bedroom — 97–117.25 sq.m.

1 Bedroom ကနေ 3 Bedrooms အထိ Room Types အမျိုးမျိုးရှိတာကြောင့် တစ်ယောက်တည်းနေဖို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ နေထိုင်ဖို့ပဲဖြစ်ဖြစ် ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အခန်းကို ရွေးချယ်နိုင်ပါတယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _

🌿 အိမ်မှာနေရင်း အနားယူဖို့၊ အလုပ်လုပ်ဖို့၊ အားကစားလုပ်ဖို့

✨ The Lumina Pool — မြို့ပြရှုခင်းတွေနဲ့အတူ ရေကူးအနားယူနိုင်မယ့်နေရာ

✨ The Active Club — Fitness နဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နိုင်မယ့်နေရာ

✨ The Study Lounge — အလုပ်လုပ်ဖို့၊ စာဖတ်ဖို့ သီးသန့်နေရာ

✨ The Relaxing & Social Lounge — မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့၊ အေးအေးဆေးဆေး အနားယူဖို့

✨ Landscape & Garden — မြို့လယ်မှာနေရင်း သဘာဝစိမ်းလန်းမှုကို ခံစားနိုင်မယ့်နေရာ

ဒါက 𝐒𝐇𝐔𝐒𝐇 ရဲ့ “A Symphony of Silence” ဆိုတဲ့ Concept— မြို့လယ်ရဲ့ လှုပ်ရှားမှုတွေနဲ့ နီးနီးမှာ ကိုယ့်အတွက် အနားယူရာနေရာလေး ဖန်တီးထားတဲ့ စိတ်ကူးပါ။ 🤍

Bangkok မြို့လယ်မှာ ကိုယ်ပိုင်နေထိုင်ဖို့ အိမ်တစ်
ခန်း ရှာနေသူတွေအတွက် 𝐒𝐇𝐔𝐒𝐇 𝐑𝐚𝐭𝐜𝐡𝐚𝐭𝐡𝐞𝐰𝐢 ကို လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ❤️

💎 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐟𝐫𝐨𝐦 ฿𝟕.𝟔𝟗 𝐌𝐢𝐥𝐥𝐢𝐨𝐧

🎁 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 𝐨𝐧 𝐒𝐞𝐥𝐞𝐜𝐭𝐞𝐝 𝐔𝐧𝐢𝐭𝐬

စိတ်ဝင်စားတယ်ဆိုရင် ကျနော်တို့ ဘန်ကောက်လိုတရ ကို Message ပို့ပြီးပဲဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် အသေးစိတ်မေးမြန်းနိုင်ပါတယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬 𝐟𝐨𝐫 𝐌𝐨𝐫𝐞 𝐃𝐞𝐭𝐚𝐢𝐥𝐬

📩 Bangkok Lotaya FB Page Chat Box
☎️ Hotline: +66 6 3450 6551
🗂️ Viber & LINE & WhatsApp: +66 634506551
🪩 WeChat ID: Thailandlotaya
💻 LINE ID Official :

#ဘန်ကောက်လိုတရ #ထိုင်းဗီဇာဝန်ဆောင်မှု #ထိုင်းယာဉ်မောင်းလိုင်စင် #ထိုင်းဗီဇာ #ကွန်ဒို

✅ ထိုင်းဗီဇာများအကြောင်း – long term visa types🇹🇭 ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်လိုသူများအတွက် မိမိအခြေအနေနဲ့ ကိုက်ညီတဲ့...
11/10/2026

✅ ထိုင်းဗီဇာများအကြောင်း – long term visa types

🇹🇭 ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်လိုသူများအတွက် မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ ဗီဇာကို ရွေးချယ်နိုင်ဖို့ ဗီဇာအမျိုးအစားများနဲ့ လျှောက်ထားရန် အဓိကလိုအပ်ချက်တွေကို အကျဉ်းချုပ် မျှဝေပေးလိုက်ပါတယ်။

၁။ 🇹🇭Tourist Visa

မြန်မာသာမန် Passport ကိုင်ဆောင်သူများအတွက် Visa Exemption — ဗီဇာကင်းလွတ်ခွင့်ဖြင့် ၁၄ ရက် ရပါတယ်။ သို့မဟုတ် ရန်ကုန်ရှိ Royal Thai Embassy မှာ Online ကနေ Tourist Visa (60) Days လျှောက်ထားလို့လည်း ရပါတယ်။

ဒီ ဗီဇာတွေကိုတော့ Short term visa/ Visit Visa လို့ခေါ်ပြီး ထိုင်းရောက်လို့ အကြောင်းကြောင်းကြောင့် မပြန်ဖြစ်သေးရင် ထိုင်းက ထွက်စရာမလိုဘဲ တစ်လချင်းဗီဇာတိုး (၁၂)လ ဆက်တိုက် (တစ်နှစ်ထိ) တိုးနေသွားလို့ရပါတယ်။

ဗီဇာတိုးခြင်းကိုတော့ သက်ဆိုင်ရာသတ်မှတ်ချက်နဲ့ Immigration ရဲ့ ခွင့်ပြုချက်အပေါ် မူတည်လို့ကျွမ်းကျင်တဲ့ Visa Service Agencies များနဲ့ချိတ်ဆက်ပြီး တိုးဖို့ အကြံပြုပါတယ်။

အားသာချက်နောက်တစ်ခုကတော့ ဒီ Visit Visa ကနေ အခြား Visa type ပြောင်းချင်သူတွေအတွက်လည်း ဗီဇာလက်ကျန် အနည်းဆုံး (၁၅) ရက်ရှိပါက ထိုင်းနိုင်ငံပြင်ပ ထွက်ရန်မလိုဘဲ long term Visa type တစ်ခုခုဆီသို့ ပြောင်းလဲလျှောက်ထားလို့လည်းရပါတယ်။

📋 အဓိကလိုအပ်ချက်များ

အဆိုပါ Tourist Visa လျှောက်ရာတွင် Passport သက်တမ်း အနည်းဆုံး ၆ လ၊ ဓာတ်ပုံ၊ အသွားအပြန်/ဆက်လက်ထွက်ခွာမည့် လက်မှတ်၊ နေထိုင်မည့်နေရာအထောက်အထား တို့အပြင် Bank Statement (၃) လစာ – အနည်းဆုံး 20,000 THB နှင့် ညီမျှသော လက်ကျန်ငွေ/ အနည်းဆုံး ကျပ်သိန်း (၂၀) တို့ပြဖို့ လိုအပ်ပါတယ်။

*******************************************

၂။ 🇹🇭DTV Visa — Destination Thailand Visa

ထိုင်းနိုင်ငံမှာ အချိန်ကြာကြာ နေထိုင်လိုတဲ့ Remote Worker၊ Freelancer၊ Digital Nomad များ၊ Muay Thai / ထိုင်းဟင်းချက်သင်တန်းတက်သူများနဲ့ ဆေးကုသမှုခံယူသူများအတွက် လျှောက်ထားနိုင်ပါတယ်။ အိမ်ထောင်ဖက်နှင့် အသက် ၂၀ နှစ်အောက် သားသမီးများလည်း လျှောက်နိုင်ပါတယ်။

✅ ဗီဇာသက်တမ်း ၅ နှစ် — Multiple Entry
✅ တစ်ကြိမ်ဝင်လျှင် ရက် ၁၈၀ နေခွင့်
✅ ထိုင်းထဲမှာ နောက်ထပ် ရက် ၁၈၀ အထိ တစ်ကြိမ်တိုးလျှောက်နိုင်

📋 အဓိကလိုအပ်ချက်များ

- Passport နှင့် ဓာတ်ပုံ
- အနည်းဆုံး 500,000 THB နှင့်ညီမျှသော ငွေကြေးအထောက်အထား
- အလုပ်အကိုင် / သင်တန်း / ဆေးကုသမှုဆိုင်ရာ အထောက်အထား
- နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်အထောက်အထားနှင့် ပြစ်မှုကင်းရှင်းကြောင်းလက်မှတ်

📍 ထိုင်းပြင်ပမှသာ လျှောက်ရပြီး မိမိနိုင်ငံ သို့မဟုတ် Permanent Residence ရရှိထားသောနိုင်ငံရှိ ထိုင်းသံရုံးသို့ E-Visa ဖြင့် လျှောက်ထားရပါတယ်။

************************************************

၃။ 🇹🇭Thailand Privilege Visa (ယခင် Thailand Elite)

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်လိုသူများအတွက် Membership ဝယ်ယူပြီး ဗီဇာနှင့် အထူးဝန်ဆောင်မှုများ ရရှိနိုင်သော အစီအစဉ်ဖြစ်ပါတယ်။

( Membership, သက်တမ်း, Membership ကြေး)

- Bronze - ၅ နှစ် - 650,000 THB
- Gold - ၅ နှစ် - 900,000 THB
- Platinum - ၁၀ နှစ် - 1,500,000 THB
- Diamond - ၁၅ နှစ် - 2,500,000 THB
- Reserve - ၂၀ နှစ် - 5,000,000 THB

Reserve ကို ဖိတ်ကြားခံရသူများသာ လျှောက်နိုင်ပါတယ်။

✨ အဓိကအားသာချက်များ

- သတ်မှတ်လေဆိပ်များမှာ VIP အကူအညီနှင့် Fast Track ကို Unlimited အသုံးပြုနိုင်ခြင်း။
- Bangkok Bank / Kasikorn Bank အကောင့်ဖွင့်ရန် ကူညီပေးခြင်း။
- ရက် ၉၀ အကြောင်းကြားခြင်းနှင့် ထိုင်းယာဉ်မောင်းလိုင်စင် ဆောင်ရွက်ရာတွင် ကူညီပေးခြင်း။
- Membership အလိုက် Lifestyle Privileges များ ရရှိခြင်း။ ဝန်ဆောင်မှုအသုံးပြုမှုမှာ သက်ဆိုင်ရာစည်းကမ်းများအတိုင်း ဖြစ်ပါတယ်။

📋 လျှောက်ထားမှုနှင့် နေထိုင်မှု

လိုအပ်သောစာရွက်စာတမ်းများ တင်ပြပြီး Immigration နောက်ခံစစ်ဆေးမှု အောင်မြင်ရပါမယ်။ ရာဇဝတ်မှုနှင့် Overstay စသည့်မှတ်တမ်းများက ခွင့်ပြုမှုအပေါ် သက်ရောက်နိုင်ပါတယ်။

နှစ်ရှည် Membership ရှိသော်လည်း ရက် ၉၀ အကြောင်းကြားခြင်း၊ တစ်ဆက်တည်း တစ်နှစ်နေထိုင်ပါက နေထိုင်ခွင့်တိုးခြင်း တို့ကို ဆောင်ရွက်ရပါတယ်။

***********************************************

၄။ 🇹🇭Longstay Investment Visa (Non-B) — အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဘတ် ၃ သန်းနှင့်အထက်

လက်ရှိသတင်းအချက်အလက်များအရ ဒီအစီအစဉ်မှ ဗီဇာအသစ်လျှောက်ထားခြင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးခြင်းများကို လမ်းညွှန်ချက်ရှင်းလင်းမှုရရှိသည်အထိ ခေတ္တဆိုင်းငံ့ထားပါတယ်။

ပြန်လည်လက်ခံမည့်ရက်နှင့် မူဝါဒအသစ်ကို တရားဝင်အတည်မပြုရသေးတာကြောင့် တရားဝင်ကြေညာချက် ထွက်လာပါက ထပ်မံအသိပေးပါမယ်။

************************************************

၅။ 🇹🇭Non IB - Investment and Business

BOI အားပေးမြှင့်တင်ထားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် သက်ဆိုင်သော ဗီဇာအမျိုးအစားဖြစ်ပါတယ်။
ကွန်ဒို ဘတ် ၁၀ သန်းဝယ်ယူခြင်းတစ်ခုတည်းနဲ့ Non-IB ရရှိတာ မဟုတ်ပါ။ သတ်မှတ်ချက်ပြည့်မီသော ကွန်ဒို၊ Fixed Deposit၊ အစိုးရ/နိုင်ငံပိုင်လုပ်ငန်း Bonds သို့မဟုတ် အဆိုပါ (၃)ချက်တို့ပေါင်းစပ်၍ 10 Million THB ရင်းနှီးမြှုပ်နှံပါကလည်း ဗီဇာလျှောက်ထားနိုင်ပါတယ်။

Tourist Visa မှ ထိုင်းထဲတွင် ပြောင်းလျှောက်ရာတွင် _

- Visit Visa အနည်းဆုံး ၁၅ ရက် ကျန်ရှိရန်
- Passport၊ TM.86 နှင့် ဓာတ်ပုံ
- ပြည်ပမှ ထိုင်းသို့ အနည်းဆုံး ဘတ် ၁၀ သန်း လွှဲဝင်ထားသည့် ဘဏ်အထောက်အထား FET
- ကွန်ဒိုဝယ်ယူမှုဖြစ်ပါက ဝယ်ယူစာချုပ်နှင့် ပိုင်ဆိုင်မှုမှတ်ပုံတင်အထောက်အထား
- စာရွက်စာတမ်းမူရင်းများကို စစ်ဆေးရန် ယူဆောင်ပြသရပါမယ်။

Blue Book နဲ့ Immigration သို့လိပ်မူထားသော FET မူရင်း လိုအပ်ပုံကိုတော့ လျှောက်မည့် Immigration ရုံး၏ လက်ရှိ Checklist အတိုင်း ထပ်မံအတည်ပြုသင့်ပါတယ်။

**************************************************

၆။ 🇹🇭Non-B Business Visa — ၁ နှစ် Multiple Entry

ထိုင်းနိုင်ငံသို့ စီးပွားရေးဆွေးနွေးခြင်း၊ ကုမ္ပဏီများနှင့် ဆက်သွယ်ခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း အတွက် အကြိမ်ကြိမ်လာရောက်လိုသူများ လျှောက်ထားနိုင်ပါတယ်။

✅ ဗီဇာသက်တမ်း ၁ နှစ်၊ အကြိမ်ကြိမ်ဝင်ထွက်နိုင်
✅ တစ်ကြိမ်ဝင်လျှင် ရက် ၉၀ အထိ နေခွင့်
💵 သံရုံးဗီဇာကြေး USD 200

📋 အဓိကလိုအပ်ချက်များ

- Passport၊ ဓာတ်ပုံနှင့် ဘဏ်စာရင်း
- ထိုင်းဘက်ကုမ္ပဏီ ဖိတ်ကြားစာနှင့် ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်း
- မြန်မာဘက်ကုမ္ပဏီ အလုပ်အကိုင်ထောက်ခံစာနှင့် ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်း၊ လုပ်ငန်းပိုင်ရှင်ဖြစ်ပါက ပိုင်ဆိုင်မှုနှင့် ငွေကြေးအထောက်အထား။

၁ နှစ်ဗီဇာဆိုပေသည့် တစ်ဆက်တည်း ၁ နှစ်နေခွင့်မဟုတ်သလို၊ ဗီဇာတစ်ခုတည်းဖြင့် ထိုင်းမှာ အလုပ်လုပ်ခွင့်လည်း မရပါ။

*************************************************

၇။ 🇹🇭Non-B Business Visa + Work Permit

ထိုင်းနိုင်ငံရှိ ကုမ္ပဏီတွင် ဝန်ထမ်း၊ မန်နေဂျာ သို့မဟုတ် အလုပ်လုပ်သော ဒါရိုက်တာ အဖြစ် တရားဝင်အလုပ်လုပ်လိုသူများအတွက် ဖြစ်ပါတယ်။

📋 အဓိကလိုအပ်ချက်များ

- Passport၊ ဓာတ်ပုံ၊ အလုပ်ခန့်စာ/အလုပ်စာချုပ်
- အလုပ်ရှင်ကုမ္ပဏီ၏ မှတ်ပုံတင်၊ အခွန်နှင့် ဝန်ထမ်းဆိုင်ရာစာရွက်စာတမ်း
- Work Permit သို့မဟုတ် သက်ဆိုင်ရာ အလုပ်လုပ်ခွင့်ကြိုတင်အတည်ပြုစာ။

✅ ကနဦး ရက် ၉၀ နေထိုင်ခွင့် ရရှိနိုင်ပြီး သတ်မှတ်ချက်ပြည့်မီပါက ၁ နှစ်နေထိုင်ခွင့်တိုး လျှောက်နိုင်ပါတယ်။

Non-B က နေထိုင်ရန်ဗီဇာဖြစ်ပြီး Work Permit က အလုပ်လုပ်ခွင့်ဖြစ်ပါတယ်။ Non-B ရရှိရုံနဲ့ အလုပ်စလုပ်လို့မရဘဲ အလုပ်လုပ်ခွင့်ရရှိပြီးမှ စတင်ရပါမယ်။

***********************************************

၈။ 🇹🇭LTR — Long-Term Resident Visa (၁၀ နှစ်)

1. LTR : Wealthy Global Citizen
2. LTR : Wealthy Pensioners
3. LTR : High Skilled Professionals
4. LTR : Work from Thailand Professionals
အမျိုးအစား ၄ခု ရှိပါတယ်။

ငွေကြေးအင်အားရှိသူများ၊ အငြိမ်းစားများနှင့် ကျွမ်းကျင်ပညာရှင်များအတွက် BOI မှ အရည်အချင်းစစ်ဆေးအတည်ပြုပေးသော နှစ်ရှည်ဗီဇာ ဖြစ်ပါတယ်။

1. Wealthy Global Citizens — ပိုင်ဆိုင်မှု အနည်းဆုံး USD 1 million နှင့် ထိုင်းတွင် ရင်းနှီးမြှုပ်နှံမှု USD 500,000 ရှိသူများ။

2. Wealthy Pensioners — အသက် ၅၀ နှစ်နှင့်အထက်၊ သတ်မှတ်ပင်စင်/Passive Income ရရှိသူများ။

3. Highly Skilled Professionals — ထိုင်းနိုင်ငံ၏ သတ်မှတ်လုပ်ငန်းကဏ္ဍများတွင် အလုပ်လုပ်သော ကျွမ်းကျင်ပညာရှင်များ။

4. Work-from-Thailand Professionals — သတ်မှတ်ချက်ပြည့်မီသော ပြည်ပကုမ္ပဏီအတွက် ထိုင်းမှ Remote အလုပ်လုပ်သူများ။

အမျိုးအစားအလိုက် ဝင်ငွေ၊ အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျန်းမာရေးအာမခံ/အစားထိုးငွေကြေးအထောက်အထား သတ်မှတ်ချက်များ ပြည့်မီရပါမယ်။

✅ ၁၀ နှစ်အစီအစဉ်ဖြစ်ပြီး ကနဦး ၅ နှစ်နေခွင့်၊ အရည်အချင်းပြန်စစ်ပြီး နောက်ထပ် ၅ နှစ် ဆက်လက်နေခွင့် ရရှိနိုင်ပါတယ်။

*************************************************

၉။ 🇹🇭Non-O — Retirement Visa

အသက် ၅၀ နှစ်နှင့်အထက် ထိုင်းနိုင်ငံမှာ အငြိမ်းစားအဖြစ် နေထိုင်လိုသူများအတွက် ဖြစ်ပါတယ်။

✅ ကနဦး ရက် ၉၀ နေခွင့် ရရှိပြီး သတ်မှတ်ချက်ပြည့်မီပါက တစ်နှစ်ချင်း နေထိုင်ခွင့်တိုး လျှောက်နိုင်ပါတယ်။

💰 တစ်နှစ်သက်တမ်းတိုးရန် ငွေကြေးလိုအပ်ချက်

- ထိုင်းဘဏ်တွင် 800,000 THB၊ သို့မဟုတ်
- လစဉ်ဝင်ငွေ/ပင်စင် 65,000 THB၊ သို့မဟုတ်
- နှစ်စဉ်ဝင်ငွေနှင့် ဘဏ်ငွေပေါင်း 800,000 THB — သတ်မှတ်ချက်အတိုင်း။

ဘဏ်ငွေဖြင့်လျှောက်ပါက မလျှောက်မီ ၂ လ၊ ခွင့်ပြုပြီးနောက် ၃ လ အထိ 800,000 THB ထားရှိရပြီး၊ ထို့နောက် 400,000 THB အောက် မလျော့ရပါ။

👉 လိုအပ်ချက်များ ရှိပါကလည်း ဗီဇာကျွမ်းကျင်မှုရှိတဲ့ Visa Service Agencies များနဲ့တိုင်ပင်ပြီး လျှောက်ထားနိုင်ပါတယ်။
********************************************

၁၀။ 🇹🇭Non-O — Guardian Visa

ထိုင်းနိုင်ငံရှိ International School များမှာ ပညာသင်ကြားနေသော သားသမီးကို လိုက်ပါစောင့်ရှောက်ရန် မိဘများ လျှောက်ထားနိုင်သောဗီဇာ ဖြစ်ပါတယ်။

📋 အဓိကလိုအပ်ချက်များ

- မိဘနှင့်ကလေး၏ Passport၊ ကလေး၏ ED Visa/နေထိုင်ခွင့်
- မွေးစာရင်းနှင့် မိဘ–ကလေး ဆက်နွယ်မှုအထောက်အထား
- ကျောင်းမှ ထောက်ခံစာနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများ

💰 ထိုင်းထဲမှာ နေထိုင်ခွင့်တိုးရန် လျှောက်ထားသောမိဘ၏ ထိုင်းဘဏ်အကောင့်တွင် 500,000 THB ရှိရပါမယ်။ ပထမနှစ်တွင် မလျှောက်မီ ရက် ၃၀၊ နောက်နှစ်များတွင် ၃ လ ကြိုတင်ထားရှိရပါတယ်။

👉 လိုအပ်ချက်များ ရှိပါကလည်း ဗီဇာကျွမ်းကျင်မှုရှိတဲ့ Visa Service Agencies များနဲ့တိုင်ပင်ပြီး လျှောက်ထားနိုင်ပါတယ်။

✅ ကနဦး ရက် ၉၀ နေခွင့်ရရှိနိုင်ပြီး ကျောင်းသား၏ နေထိုင်ခွင့်နှင့် သက်ဆိုင်ရာသတ်မှတ်ချက်အလိုက် ဆက်လက်တိုးလျှောက်နိုင်ပါတယ်။

***********************************************

၁၁။ 🇹🇭Non-ED — Education Visa

ဒီဗီဇာထဲမှာ
International School : ED Visa,
University Long term program : ED plus Visa,
Language School : ED Visa,
University short term program : ED Visa
ဆိုပြီး ED Visa အမျိုးအစား ကွဲသွားပါတယ်။

ထိုင်းနိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက်ဖြစ်ပြီး ကျောင်းနှင့် သင်တန်းအလိုက် ခွဲဖော်ပြနိုင်ပါတယ် _

- International School ED — နိုင်ငံတကာကျောင်းတွင် ပညာသင်ကြားသူများ။

- University ED Plus — တက္ကသိုလ်တွင် Bachelor’s Degree နှင့်အထက် တက်ရောက်သူများ။ ရေရှည်သင်တန်းတိုင်း ED Plus မဟုတ်ပါ။

- Language School ED — အသိအမှတ်ပြုဘာသာစကားကျောင်းတွင် ထိုင်း/အင်္ဂလိပ်စာ စသည်တို့ သင်ယူသူများ။

- University Short-term ED — တက္ကသိုလ်၏ သတ်မှတ်ရေတိုသင်တန်း၊ Exchange သို့မဟုတ် Training Program တက်ရောက်သူများ။

✨ ED Plus အားသာချက် — ပညာသင်ကာလအတွင်း Re-entry Permit မလိုဘဲ ဝင်ထွက်နိုင်ပြီး ဘွဲ့ရပြီးနောက် အလုပ်ရှာရန် စသည့်ရည်ရွယ်ချက်ဖြင့် နောက်ထပ် ၁ နှစ် နေထိုင်ခွင့်တိုးလျှောက်နိုင်ပါတယ်။

************************************************

၁၂။ 🇹🇭Non-O — Marriage Visa

ထိုင်းနိုင်ငံသားနှင့် တရားဝင်လက်ထပ်ပြီး အမှန်တကယ်အတူနေထိုင်သူများ လျှောက်ထားနိုင်သော ဗီဇာဖြစ်ပါတယ်။

✅ ကနဦး ရက် ၉၀ နေခွင့် ရရှိပြီး သတ်မှတ်ချက်ပြည့်မီပါက တစ်နှစ်ချင်း နေထိုင်ခွင့်တိုး လျှောက်နိုင်ပါတယ်။

📋 Passport၊ လက်ထပ်မှတ်ပုံတင်၊ ထိုင်းအိမ်ထောင်ဖက်၏ ID/အိမ်ထောင်စုစာရင်း၊ ငွေကြေးအထောက်အထားနှင့် အတူနေထိုင်ကြောင်း ဓာတ်ပုံများ လိုအပ်ပါတယ်။ လျှောက်ထားသူနှင့် အိမ်ထောင်ဖက်တို့ ကိုယ်တိုင်လာရောက် စစ်ဆေးမေးမြန်းမှုခံယူရပါတယ်။

******************************************************

၁၃။ Non-O — Dependent Visa

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်၊ ပညာသင် သို့မဟုတ် နေထိုင်နေသူ၏ အိမ်ထောင်ဖက်၊ သားသမီးနှင့် သတ်မှတ်ချက်ပြည့်မီသော မိသားစုဝင်များ လိုက်ပါနေထိုင်ရန် လျှောက်ထားနိုင်သောဗီဇာ ဖြစ်ပါတယ်။

📋 အဓိကလိုအပ်ချက်များ

- Passport၊ ဓာတ်ပုံ၊ လက်ထပ်စာချုပ်/မွေးစာရင်း
- အဓိကဗီဇာကိုင်ဆောင်သူ၏ Passport၊ Visa နှင့် Work Permit/ကျောင်းအထောက်အထား
- သက်ဆိုင်ရာထောက်ခံစာနှင့် ငွေကြေးအထောက်အထား။

✅ ကနဦး ရက် ၉၀ နေခွင့် ရရှိနိုင်ပြီး ဆက်လက်နေထိုင်ခွင့်မှာ အဓိကဗီဇာကိုင်ဆောင်သူ၏ နေထိုင်ခွင့်နှင့် သက်ဆိုင်ရာသတ်မှတ်ချက်အပေါ် မူတည်ပါတယ်။ ဗီဇာအမျိုးအစားတိုင်းမှာ Dependent လျှောက်ခွင့်ရှိတာ မဟုတ်ပါ။
**********************************************

ထို့အပြင် သံတမန်နှင့် အစိုးရတာဝန်ဖြင့် လာရောက်သူများ၊ ဘာသာရေးသာသနာပြုများ၊ စေတနာ့ဝန်ထမ်းများနှင့် UN ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းများ အတွက်လည်း သက်ဆိုင်ရာဗီဇာအမျိုးအစားများ ရှိပါသေးတယ်။ လျှောက်ထားမှုနှင့် နေထိုင်ခွင့်ကတော့ တာဝန်၊ အဖွဲ့အစည်းထောက်ခံချက်နှင့် သက်ဆိုင်ရာသတ်မှတ်ချက်အလိုက် ကွာခြားပါတယ်။

*************************************************

👇 အသေးစိတ်သိရှိလိုပါက _

📩 Bangkok Lotaya FB Page Chat Box
☎️ Hotline: +66 6 3450 6551
🗂️ Viber & LINE & WhatsApp: +66 634506551
🪩 WeChat ID: Thailandlotaya
💻 LINE ID Official :

Official Line Account Link နှိပ်ရန် 👉 https://lin.ee/mK1lfI2

🕰️ Appointment ယူပြီး Bangkok Immigration ရုံးကြီးအောက်ရှိ “ဘန်ကောက်လိုတရရုံး” မှာလည်း လာရောက်ဆွေးနွေးနိုင်ပါတယ် ခင်မျာ။

📍Bangkok Lotaya Office Address

Government Complex Chaengwattana (Building 😎
No. BM1-034/19, G Floor (Beside Food Court)
Thung Song Hong, Lak Si
Bangkok 10210, Thailand

🇹🇭 Bangkok Lotaya Co., Ltd.

#ဘန်ကောက်လိုတရ
#ထိုင်းဗီဇာဝန်ဆောင်မှု

🇹🇭 ဘန်ကောက်လိုတရ၏ ငါးရက်တာ ဝန်ဆောင်မှုမှတ်တမ်း၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၉ ရက်အထိ ဘန်ကောက်လိုတရမှ အောင်မြင်စွာ ဆော...
10/10/2026

🇹🇭 ဘန်ကောက်လိုတရ၏ ငါးရက်တာ ဝန်ဆောင်မှုမှတ်တမ်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၉ ရက်အထိ ဘန်ကောက်လိုတရမှ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သော ထိုင်းဗီဇာနှင့် အခြားဝန်ဆောင်မှုမှတ်တမ်းများကို မျှဝေပေးလိုက်ပါတယ်။ 🙏

✅ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှုများ

🔹 Retirement Visa အသစ်လျှောက် — ၂ ဦး
🔹 Retirement Visa သက်တမ်းတိုး — ၁၀ ဦး
🔹 ရန်ကုန်ရှိ ထိုင်းသံရုံးမှ Retirement e-Visa လျှောက်ထားမှု — ၂ ဦး
🔹 Guardian Visa သက်တမ်းတိုး — ၈ ဦး
🔹 International School ED Visa သက်တမ်းတိုး — ၆ ဦး
🔹 ထိုင်းယာဉ်မောင်းလိုင်စင် အသစ်လျှောက် / သက်တမ်းတိုး — ၇ ဦး
🔹 အလည်ဗီဇာ တစ်လသက်တမ်းတိုး — ၁၅ ဦး
🔹 ကားအမည်ပြောင်းရန် Immigration ထောက်ခံစာ — ၁၀ ဦး
🔹 ဘဏ်အကောင့်ဖွင့်ခြင်း — ၁၁ ဦး
🔹 90 Days Report — ၆ ဦး

🎉 စတဲ့ ဝန်ဆောင်မှုများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သော လူကြီးမင်းများအား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်။

ဘန်ကောက်လိုတရကို ယုံကြည်စွာ ရွေးချယ်အပ်နှံပေးကြသော လူကြီးမင်းတစ်ဦးချင်းစီအား အထူးကျေးဇူးတင်ရှိပါတယ်။ 💙

ထိုင်းဗီဇာ၊ သက်တမ်းတိုးနှင့် အခြားဝန်ဆောင်မှုများအတွက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 👇

📩 Bangkok Lotaya FB Page Messenger
☎️ Hotline: +66 63 450 6551
📱 Viber / LINE / WhatsApp: +66 63 450 6551
💬 WeChat ID: Thailandlotaya
💚 LINE Official ID:

🕰️ ကြိုတင် Appointment ယူပြီး Immigration ရုံးကြီးအောက်ရှိ “ ဘန်ကောက်လိုတရရုံး” သို့လည်း
လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

📍 Bangkok Lotaya Office Address
Government Complex Chaeng Watthana ( Building B )
No. BM1-034/19, G Floor (Beside Food Court)
Thung Song Hong, Lak Si
Bangkok 10210, Thailand

#ဘန်ကောက်လိုတရ #ထိုင်းဗီဇာ #ထိုင်းယာဉ်မောင်းလိုင်စင်

🎉 Guardian Visa Thailand 🇹🇭Is your child studying at an international school in Thailand, and you need a Guardian Visa t...
07/10/2026

🎉 Guardian Visa Thailand 🇹🇭

Is your child studying at an international school in Thailand, and you need a Guardian Visa to stay and take care of them?

A financial requirement of THB 500,000 in a Thai bank account applies to the Guardian Visa process.

Don’t have THB 500,000 ready in your Thai bank account? We have a service specifically for this situation.

Bangkok Lotaya can assist you with case review, document preparation, and the Guardian Visa application process.

📩 Inbox us for details.
Bangkok Lotaya – Thailand Immigration Services

🎉 Thailand Guardian Visa 🇹🇭

လူကြီးမင်းရဲ့ ကလေးက ထိုင်းနိုင်ငံရှိ International School မှာ ပညာသင်ကြားနေပြီး မိဘအနေဖြင့် ထိုင်းနိုင်ငံမှာ ကလေးကို စောင့်ရှောက်ဖို့ Guardian Visa လိုအပ်နေပါသလား?

Guardian Visa လျှောက်ထားရာတွင် ထိုင်းဘဏ်အကောင့်ထဲတွင် 500,000 ဘတ် ရှိရန် ငွေကြေးဆိုင်ရာ သတ်မှတ်ချက်ရှိပါတယ်။

လူကြီးမင်းရဲ့ Thai Bank Account ထဲမှာ 500,000 ဘတ် မရှိသေးဘူးလား? ဒီလိုအခြေအနေအတွက် ကျနော်တို့ Bangkok Lotaya မှာ ဝန်ဆောင်မှုရှိပါတယ်။

Bangkok Lotaya မှ လူကြီးမင်းရဲ့ Case ကို စစ်ဆေးပေးခြင်း၊ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်းနှင့် Guardian Visa လျှောက်ထားမှုလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

📩 အသေးစိတ်သိရှိလိုပါက Inbox မှ ဆက်သွယ်နိုင်ပါတယ်။

Bangkok Lotaya – Thailand Immigration Services

07/10/2026

📢 Special Government Holiday — Bangkok Only
Friday, 16 October 2026

This special holiday supports the IMF–World Bank Annual Meetings by helping reduce traffic and strengthen security. It applies to government offices in Bangkok only.

For Bangkok Lotaya clients:
🗓️ Visa extension services are affected by the holiday. Please arrange your appointment in advance.
✅ Bank account opening services continue as usual.
✅ Driving licence services continue as usual.

Don’t wait until your permission to stay is about to expire. 💬 Message us so our team can plan your visa extension and arrange a suitable appointment.

🇹🇭 ဘန်ကောက်လိုတရ၏ နှစ်ရက်တာ ဝန်ဆောင်မှုမှတ်တမ်း၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့ တို့တွင် ဘန်ကောက်လိုတရမှ ဆော...
03/10/2026

🇹🇭 ဘန်ကောက်လိုတရ၏ နှစ်ရက်တာ ဝန်ဆောင်မှုမှတ်တမ်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့ တို့တွင် ဘန်ကောက်လိုတရမှ ဆောင်ရွက်ပေးခဲ့သော ဗီဇာနှင့် အခြားဝန်ဆောင်မှုများကို မျှဝေပေးလိုက်ပါတယ်။ 🙏

✅ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှုများ

🔹 Retirement Visa အသစ်လျှောက် — ၅ ဦး
🔹 Retirement Visa သက်တမ်းတိုး — ၉ ဦး
🔹 Guardian Visa သက်တမ်းတိုး — ၂ ဦး
🔹 Marriage Visa အသစ်လျှောက် — ၁ ဦး
🔹 ထိုင်းယာဉ်မောင်းလိုင်စင် သက်တမ်းတိုး — ၃ ဦး
🔹 အလည်ဗီဇာ တစ်လသက်တမ်းတိုး — ၅ ဦး

⏳ လက်ရှိ ဆောင်ရွက်ဆဲ
🔹 Thailand Elite Visa လျှောက်ထားမှု — ၅ ဦး

ဝန်ဆောင်မှုများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သော လူကြီးမင်းများအား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်။ 🎉

ဘန်ကောက်လိုတရကို ယုံကြည်စွာ ရွေးချယ်အပ်နှံပေးကြသော လူကြီးမင်းတစ်ဦးချင်းစီအား အထူးကျေးဇူးတင်ရှိပါတယ်။ 💙

📩 ထိုင်းဗီဇာနှင့် သက်တမ်းတိုးကိစ္စများအတွက် Bangkok Lotaya Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👇 အသေးစိတ်သိရှိလိုပါက _

📩 Bangkok Lotaya FB Page Chat Box
☎️ Hotline: +66 6 3450 6551
🗂️ Viber & LINE & WhatsApp: +66 634506551
🪩 WeChat ID: Thailandlotaya
💻 LINE ID Official :

🕰️ Appointment ယူပြီး Immigration ရုံးကြီးအောက်ရှိ ဘန်ကောက်လိုတရ ဘန်ကောက်ရုံးမှာလည်း လာရောက်ဆွေးနွေးနိုင်ပါတယ် ခင်မျာ။

📍Bangkok Lotaya Office Address
Government Complex Chaengwattana (Building 😎
No. BM1-034/19, G Floor (Beside Food Court)
Thung Song Hong, Lak Si
Bangkok 10210, Thailand

#ဘန်ကောက်လိုတရ #ထိုင်းဗီဇာ #ထိုင်းယာဉ်မောင်းလိုင်စင်

📢 ဘန်ကောက် မြန်မာသံရုံး၏ ထောက်ခံစာများတွင် QR Code ပါဝင်လာပြီယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ဘန်ကောက်ရှိ မြ...
01/10/2026

📢 ဘန်ကောက် မြန်မာသံရုံး၏ ထောက်ခံစာများတွင် QR Code ပါဝင်လာပြီ

ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပေးသော ထောက်ခံစာများပေါ်တွင် QR Code များ ထည့်သွင်းပေးနေပြီဖြစ်ပါသည်။

📱 ထောက်ခံစာပေါ်ရှိ QR Code ကို Scan ဖတ်ခြင်းဖြင့်—

✅ ဘန်ကောက် မြန်မာသံရုံးမှ အမှန်တကယ် ထုတ်ပေးထားသော စာရွက်စာတမ်းဖြစ်ကြောင်း
✅ စာရွက်စာတမ်းသည် လက်ရှိအသုံးပြုနိုင်သော အခြေအနေ (Active) တွင် ရှိကြောင်း
✅ သက်တမ်းအတွင်း အကျုံးဝင်နေကြောင်း

တို့ကို စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ယခုစနစ်ဖြင့် ထောက်ခံစာ၏ စစ်မှန်မှုနှင့် လက်ရှိအခြေအနေကို ပိုမိုလွယ်ကူစွာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အသိပေးမျှဝေအပ်ပါသည်။

Bangkok Lotaya

#မြန်မာသံရုံး #သံရုံးထောက်ခံစာ #ဘန်ကောက်လိုတရ

📢 အောက်တိုဘာလ အစိုးရရုံးပိတ်ရက် ကြိုတင်အသိပေးခြင်းBangkok Lotaya ရဲ့ ချစ်ခင်ရပါသော Customers များခင်ဗျာ 🙏အောက်ပါရက်များသ...
01/10/2026

📢 အောက်တိုဘာလ အစိုးရရုံးပိတ်ရက် ကြိုတင်အသိပေးခြင်း

Bangkok Lotaya ရဲ့ ချစ်ခင်ရပါသော Customers များခင်ဗျာ 🙏

အောက်ပါရက်များသည် ထိုင်းနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များ ဖြစ်ပါသည်။

🗓️ ၂၀၂၆ အောက်တိုဘာ ၁၃ ရက် — အင်္ဂါနေ့
ဘုရင် ရာမ ၉ ၏ အောက်မေ့ဖွယ်နေ့

🗓️ ၂၀၂၆ အောက်တိုဘာ ၂၃ ရက် — သောကြာနေ့
ဘုရင် ရာမ ၅ ၏ အောက်မေ့ဖွယ်နေ့

အဆိုပါရက်များတွင် Immigration နှင့် အစိုးရရုံးများ ပိတ်မည်ဖြစ်၍ ဗီဇာသက်တမ်းတိုးခြင်း၊ စာရွက်စာတမ်းတင်ပြခြင်းနှင့် ရုံးကိစ္စများအတွက် သွားရောက်မည့်ရက်ကို ကြိုတင်စီစဉ်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မိမိ၏ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးရက် ကို ကြိုတင်စစ်ဆေးပါ။
✅ ရုံးပိတ်ရက်နီးကပ်နေပါက စာရွက်စာတမ်းနှင့် Appointment ကို စောစီးစွာ ပြင်ဆင်ပါ။
✅ အောက်တိုဘာ ၂၃–၂၅ ရက်သည် သောကြာမှ တနင်္ဂနွေအထိ ဆက်တိုက်ပိတ်ရက် ဖြစ်သဖြင့် အထူးသတိပြုစီစဉ်ပေးပါ။

💬 ဗီဇာနှင့် ရုံးကိစ္စများ အချိန်မီဆောင်ရွက်နိုင်ရန် Bangkok Lotaya Page Messenger မှ ကြိုတင်ဆက်သွယ်နိုင်ပါသည်။

ကျနော်တို့်Bangkok Lotaya မှ
လူကြီးမင်းတို့၏ ဗီဇာကိစ္စများအတွက် အစဉ်အမြဲ ကူညီဝန်ဆောင်မှုပေးလျက်ရှိပါသည်။

👇 အသေးစိတ်သိရှိလိုပါက _

📩 Bangkok Lotaya FB Page Chat Box
☎️ Hotline: +66 6 3450 6551
🗂️ Viber & LINE & WhatsApp: +66 634506551
🪩 WeChat ID: Thailandlotaya
💻 LINE ID Official :

Official Line Account Link နှိပ်ရန် 👉 https://lin.ee/mK1lfI2

🕰️ Appointment ယူပြီး ဘန်ကောက်ရုံးမှာလည်း လာရောက်ဆွေးနွေးနိုင်ပါတယ် ခင်မျာ။

📍Bangkok Lotaya Office Address
Government Complex Chaengwattana (Building B)
No. BM1-034/19, G Floor (Beside Food Court)
Thung Song Hong, Lak Si
Bangkok 10210, Thailand

👇 Location link

https://maps.app.goo.gl/RZP9H4uvf84mQXg89?g_st=ic

ที่อยู่

No. BM 1034/19-20, G Floor ( Beside Food Court), Government Complex Building B
Bangkok
10110

เบอร์โทรศัพท์

+66634506551

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Bangkok Lotaya โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bangkok Lotaya:

ทางลัด

ได้รับการสนับสนุน

แชร์