Dawn Global Pathways Consulting Group

Dawn Global Pathways Consulting Group AYE - Amplifying Your Empowerment

26/09/2026

တစ်ရက်တည်းနဲ့ Visit Visa 4 ခု approved ဖြစ်တော့ တို့လဲ လေထဲလွင့်.. ပါးစပ်စိမရ … 😆😆😆 လာတင်မယ် အတိအကျ ရက်တွေနဲ့

Happy birthday Dawn!!!  13-09-2022 က စခဲ့တဲ့ Journey လေးက 13-09-2023 မှာ ဒီpage လေးကို စလုပ်ဖြစ်ခဲ့တာ… Company သက်တမ်းလေ...
13/09/2026

Happy birthday Dawn!!! 13-09-2022 က စခဲ့တဲ့ Journey လေးက 13-09-2023 မှာ ဒီpage လေးကို စလုပ်ဖြစ်ခဲ့တာ… Company သက်တမ်းလေး ၄ နှစ် Page သက်တမ်းလေး ၃ နှစ် ရှိခဲ့ပြီ.. ချစ်ရတဲ့အလုပ်လေး.. ကိုယ်အကြိုက်ဆုံး professional လေး.. ကိုယ်ရဲ့ဘဝလေး.. ဒီထက်ပိုအောင်မြင်အောင်ကြိုးစားရင်း…

🌍 Europe Digital Nomad Visa — အလုပ်လုပ်ရင်း ဥရောပမှာ နေထိုင်ချင်သူများအတွက် အခွင့်အရေးယနေ့ခေတ်မှာ Laptop နဲ့ Internet အသ...
06/09/2026

🌍 Europe Digital Nomad Visa — အလုပ်လုပ်ရင်း ဥရောပမှာ နေထိုင်ချင်သူများအတွက် အခွင့်အရေး
ယနေ့ခေတ်မှာ Laptop နဲ့ Internet အသုံးပြုပြီး နိုင်ငံတကာရှိCompany၊ Employer သို့မဟုတ် Client များအတွက် Remote အလုပ်လုပ်ကိုင်နိုင်သူတွေ ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် Freelancer များ၊ Remote Employees များ၊ Online Business Owner များ၊ IT Professional များ၊ Digital Marketer များ၊ Software Developer များ၊ Designer များနှင့် Consultant များအတွက် ဥရောပနိုင်ငံအချို့မှာ Digital Nomad Visa (DNV) / Remote Work Residence လမ်းကြောင်းများမှတစ်ဆင့် တရားဝင်နေထိုင်ပြီး မိမိရဲ့ Remote Work ကို ဆက်လက်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ 🇪🇺💻 ထိုင်းနိုင်ငံမှာလဲ Digital Nomad Visa နဲ့နေထိုင်နေတဲ့သူတွေအများအပြားရှိပါတယ်။

Europe နိုင်ငံများမှာ Digital Nomad Visa တစ်မျိုးတည်းရှိတာ မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် Visa Type နဲ့ Requirements တွေ ကွာခြားပါတယ်။ Portugal 🇵🇹၊ Spain 🇪🇸၊ Greece 🇬🇷၊ Croatia 🇭🇷၊ Estonia 🇪🇪၊ Italy 🇮🇹၊ Malta 🇲🇹၊ Cyprus 🇨🇾၊ Hungary 🇭🇺၊ Romania 🇷🇴 စတဲ့နိုင်ငံတွေမှာ Remote Worker နဲ့ Digital Nomad များအတွက် သက်ဆိုင်ရာ Visa သို့မဟုတ် Residence Options တွေ ရှိပါတယ်။
ဒါပေမယ့် Digital Nomad Visa လျှောက်မယ်ဆိုရင် “ဘယ်နိုင်ငံက Visa လွယ်လဲ” ဆိုတာထက် မိမိရဲ့ Profile နဲ့ ဘယ်နိုင်ငံက ပိုကိုက်ညီသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ Applicant တစ်ဦးချင်းစီရဲ့ အလုပ်အကိုင်၊ Monthly Income၊ Remote Work Arrangement၊ Employer/Client၊ Work Experience၊ Qualification၊ Financial Situation နဲ့ Family Situation အပေါ်မူတည်ပြီး Eligibility နဲ့ Requirements တွေ ကွာခြားနိုင်ပါတယ်။
ပုံမှန်အားဖြင့် Application အတွက် Passport၊ Employment/Business Evidence၊ Employment Contract သို့မဟုတ် Client Contract၊ Income Evidence၊ Bank Statements၊ Health Insurance၊ Accommodation Evidence၊ Police Clearance နှင့် အခြား Supporting Documents များ လိုအပ်နိုင်ပါတယ်။ သို့သော် လိုအပ်ချက်များသည် နိုင်ငံအလိုက် ကွဲပြားသောကြောင့် Application မတင်မီ သက်ဆိုင်ရာနိုင်ငံ၏ လက်ရှိ Requirements များကို သေချာစွာ စစ်ဆေးရန် အရေးကြီးပါတယ်။

👨‍👩‍👧‍👦 မိသားစုနဲ့အတူ သွားလို့ရမလား?
နိုင်ငံတစ်ခုချင်းစီရဲ့သတ်မှတ်ချက်များနှင့် ကိုက်ညီပါက Spouse နှင့် Dependent Children များအတွက်လည်း Family/Dependent Residence လမ်းကြောင်းများ ရှိပါတယ်။ ဒါပေမယ့် Family Member တစ်ဦးချင်းစီအတွက် Financial Requirement၊ Insurance နှင့် Supporting Documents များ ထပ်မံလိုအပ်ပါတယ်။

📌 Digital Nomad Visa ရရင် PR ရနိုင်မလား?
Digital Nomad Visa ရရှိခြင်းသည် PR သို့မဟုတ် Citizenship ကို အလိုအလျောက်ရရှိမှာမဟုတ်ပေမယ့် ရေရှည်နေထိုင်လိုသူများအတွက်တော့ အခွင့်အရေးရှိပါတယ်။

Visa Renewal၊ Residence Requirement၊ Tax Residency နှင့် Long-Term Residence/PR အတွက် သက်ဆိုင်ရာနိုင်ငံ၏ Immigration Rules များကိုပါ မသွားခင်ကတည်းက ထည့်သွင်းစဉ်းစားရပါတယ်။

✨ DAWN Global Pathways Consulting Group Co., Ltd. မှာ ဘာတွေကူညီပေးနိုင်ပါသလဲ?
Dawnအနေဖြင့် Digital Nomad Visa လျှောက်ထားလိုသူများအတွက် Profile Assessment & Consultation ပြုလုပ်ပေးပြီး သင့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ Remote Work အခြေအနေ၊ Qualification၊ Work Experience နှင့် ရေရှည်ရည်မှန်းချက်များအပေါ်မူတည်၍ သင့်တော်နိုင်သော Country & Visa Options များကို ရွေးချယ်နိုင်ရန် လမ်းညွှန်ပေးပါတယ်။

ထို့အပြင် Eligibility & Requirement Assessment၊ Document Checklist၊ Application Form Preparation၊ Supporting Documents Guidance၊ Financial & Employment Evidence Preparation Guidance၊ Family/Dependent Options နှင့် Visa Application Process Guidance များကိုလည်း အဆင့်ဆင့် ကူညီပေးနိုင်ပါတယ်။

ရေရှည်အတွက် Europe တွင် နေထိုင်ရန် ရည်ရွယ်ထားသူများအတွက်လည်း Digital Nomad Visa တစ်ခုတည်းကိုသာ မကြည့်ဘဲ Residence Renewal နှင့် Long-Term Residence/PR Pathway များကို သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းများအပေါ်အခြေခံ၍ စဉ်းစားနိုင်ရန် Consulting Support ပေးနိုင်ပါတယ်။

🌍 သင့်ရဲ့ Remote Career ကို Europe သို့ ချဲ့ထွင်ဖို့ စဉ်းစားနေပါသလား?
သင့် Profile နဲ့ ကိုက်ညီနိုင်မယ့် Digital Nomad Visa နိုင်ငံတွေ၊ Eligibility၊ လိုအပ်ချက်များ၊ Family Options နှင့် ရေရှည် Residence Pathway များကို သိရှိလိုပါက DAWN Global Pathways Consulting Group Co., Ltd. ထံ ဆက်သွယ်ပြီး Professional Consultation ရယူနိုင်ပါတယ်။

📩 Your Remote Career. Your European Journey. Our Professional Guidances


🇩🇪✨ ဂျာမနီမှာ ကျောင်းတက်ပြီး Europe မှာ Career တည်ဆောက်ချင်သူတွေအတွက် GISMA University! 🚀“Europe မှာ ပညာသင်ချင်တယ်။ ဘွဲ့...
03/09/2026

🇩🇪✨ ဂျာမနီမှာ ကျောင်းတက်ပြီး Europe မှာ Career တည်ဆောက်ချင်သူတွေအတွက် GISMA University! 🚀

“Europe မှာ ပညာသင်ချင်တယ်။ ဘွဲ့ရပြီးရင်လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်း ရချင်တယ်” ဆိုတဲ့သူတွေအတွက် 🇩🇪 Germany က စိတ်ဝင်စားစရာရွေးချယ်စရာတစ်ခုပါ။

အထူးသဖြင့် Business, Data, AI, Computer Science နဲ့ Digital Transformation ပိုင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် GISMA University of Applied Sciences ကို လေ့လာကြည့်သင့်ပါတယ်။ 🎓

🏛️ GISMA University ဆိုတာဘာလဲ?

GISMA University of Applied Sciences ဟာ Germany နိုင်ငံမှာ State-recognized university တစ်ခုဖြစ်ပြီး Potsdam/Berlin မှာ အခြေစိုက်ထားပါတယ်။

📌 International students တွေအတွက် English-taught programs များစွာရှိပါတယ်။
📌 Business + Technology ပိုင်းတွေကို လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်သင်ကြားပေးပါတယ်။
📌 Amazon, SAP, Tesla စတဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ industry connections တွေလည်း ရှိပါတယ်။

📅 Intake ဘယ်အချိန်တွေမှာရှိလဲ?

GISMA မှာ program အများအပြားအတွက် တစ်နှစ်ကို Intake ၄ ကြိမ် ရှိပါတယ်။ 🎉

🗓️ January | April | July | October

ဒါကြောင့် တစ်နှစ်လုံးအတွင်း ကိုယ့်အတွက် အဆင်ပြေမယ့် intake ကို ရွေးချယ်ပြီး စတင်နိုင်ပါတယ်။

📌 Foundation Programme အတွက်လည်း January, April, July & October intakes ရှိပြီး 6 months ကြာမြင့်ပါတယ်။

⏳ ဘယ်လောက်ကြာကြာ တက်ရမလဲ?

🎓 Bachelor’s Degree
➡️ ပုံမှန်အားဖြင့် 3 Years / 36 Months
➡️ 180 ECTS

🎓 Master’s Degree
➡️ Program နဲ့ ကိုယ့်ရဲ့ academic/professional background ပေါ်မူတည်ပြီး
➡️ 1 Year / 12 Months
➡️ 1.5 Years / 18 Months
➡️ 2 Years / 24 Months အထိ ရွေးချယ်နိုင်ပါတယ်။

🎓 Global MBA
➡️ 1 Year / 12 Months full-time

💡 အရေးကြီး: Study duration နဲ့ available intake တွေက program တစ်ခုချင်းစီအလိုက် ကွာခြားနိုင်တာကြောင့် ကိုယ်တက်ချင်တဲ့ program အတွက် သီးခြားစစ်ဆေးဖို့လိုပါတယ်။

🇬🇧 Germany မှာတက်ပြီး UK Double Degree ရနိုင်မလား?

ရနိုင်ပါတယ်! 🎉

GISMA ရဲ့ Kingston University London နဲ့ partnership အရ သတ်မှတ်ထားတဲ့ program တွေမှာ Double Degree option ရှိပါတယ်။

👉 German degree + UK degree
👉 Study period တစ်ခုတည်းအတွင်း ဘွဲ့နှစ်ခုရနိုင်တဲ့ အခွင့်အရေး
👉 Europe, UK နဲ့ International job market တွေမှာ Career options ပိုမိုကျယ်ပြန့်လာနိုင်တဲ့ အခွင့်အရေး

🎓 GED / High School ပြီးထားသူတွေအတွက်ရော?

Germany မှာ တက္ကသိုလ်တက်ဖို့ qualification ပိုင်းကို စိတ်ပူနေတယ်ဆိုရင်လည်း GISMA မှာ Foundation / Pathway Programme ရှိပါတယ်။

✅ GED Graduates
✅ High School / Matriculation Graduates

သတ်မှတ်ထားတဲ့ entry requirements နဲ့ ကိုက်ညီပါက Foundation / Pathway ကနေတစ်ဆင့် Bachelor’s degree ကို ဆက်လက်တက်နိုင်ပါတယ်။

Foundation Programme က 6 months ကြာမြင့်ပြီး Business သို့မဟုတ် Computer Science pathway ကို ရွေးချယ်နိုင်ပါတယ်။

📚 ဘယ် Program တွေရှိလဲ?

🎓 Bachelor’s Programs – ပုံမှန် 3 Years

• BSc (Hons) International Business Management
• BSc Data Science, AI & Digital Business
• BEng Software Engineering
• BSc Computer Science

🎓 Master’s & MBA Programs – 1 to 2 Years

• Global MBA – 1 Year
• MSc International Business Management – 1 to 2 Years
• MSc Data Science, AI & Digital Business – 1 to 2 Years
• MSc Leadership & Digital Transformation
• MEng Computer Science – 1 to 2 Years

💡 Master’s duration က ကိုယ့်ရဲ့ previous academic credits, qualifications နဲ့ professional experience ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

🏆 GISMA Degree တွေကို ဘယ်လိုအသိအမှတ်ပြုထားလဲ?

GISMA ဟာ Germany ရဲ့ State Recognition ရရှိထားတဲ့ institution ဖြစ်ပြီး program တွေမှာ သက်ဆိုင်ရာ German accreditation/quality standards တွေကို ဖြည့်ဆည်းထားပါတယ်။

🌍 ထို့အပြင် Global MBA က AMBA accreditation ရရှိထားတာကြောင့် Business School ပိုင်းမှာလည်း international recognition ရှိပါတယ်။

🇩🇪➡️🇪🇺 ဘွဲ့ရပြီး Germany မှာ ဆက်နေပြီး အလုပ်လုပ်လို့ရမလား?

ရပါတယ်။ Germany မှာ ပညာသင်ပြီးတဲ့ international graduates တွေအတွက် graduation ပြီးနောက် job-seeking period ရှိပါတယ်။

📌 သတ်မှတ်ချက်များနှင့် ကိုက်ညီပါက 18-month job-seeker residence permit နဲ့ ကိုယ့်ရဲ့ qualification နဲ့ကိုက်ညီတဲ့ အလုပ်ကို ရှာနိုင်ပါတယ်။

ပြီးတော့ qualified employment ရရှိပြီး အလုပ်လုပ်ကာ social security contributions စတာတွေကို ဖြည့်ဆည်းထားရင် Permanent Residence (PR) ကိုလည်း နောက်ပိုင်းမှာ လျှောက်ထားနိုင်ပါတယ်။

⚠️ PR ရရှိဖို့က လူတိုင်းအတွက် အလိုအလျောက် 21–24 လနဲ့ရတာ မဟုတ်ဘဲ အလုပ်အမျိုးအစား၊ residence status၊ German language၊ contribution period နဲ့ သက်ဆိုင်ရာ immigration requirements တွေအပေါ် မူတည်ပါတယ်။

🚀 Europe မှာ ပညာသင်ပြီး Career တည်ဆောက်ချင်လား?

Germany မှာ

🇩🇪 Study → Graduate → Work → Build Your Career in Europe

ဆိုတဲ့ Career pathway ကို စဉ်းစားနေတယ်ဆိုရင် GISMA University က သင့်အတွက် သင့်တော်မသင့်တော်ကို လေ့လာကြည့်နိုင်ပါတယ်။ 🇩🇪✨

📩 Intake Dates, Admission Requirements, Tuition Fees, Study Duration နဲ့ Scholarship အခွင့်အလမ်းတွေကို သိချင်ရင် Page ကို DM ပို့ထားနိုင်ပါတယ်။

ဒါကြောင့် Germany မှာ university တက်ချင်ပေမယ့် qualification ကြောင့် မဖြစ်နိုင်ဘူးထင်နေတယ် ဆိုရင် ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ pathway ရှိ/မရှိ DAWN မှာ စုံစမ်းကြည့်နိုင်ပါတယ်။ 💬

DAWN Global Pathways Consulting Group Co., Ltd. သည် Thailand, Singapore နှင့် Myanmar တို့တွင် တရားဝင်မှတ်ပုံတင်ထားသော C...
02/09/2026

DAWN Global Pathways Consulting Group Co., Ltd. သည် Thailand, Singapore နှင့် Myanmar တို့တွင် တရားဝင်မှတ်ပုံတင်ထားသော Consulting & Advisory Firm တစ်ခုအဖြစ် နိုင်ငံတကာ Migration နှင့် Global Mobility ဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

🌍 အနာဂတ်အတွက် နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ရာမှာ အလျင်စလို မဆုံးဖြတ်သင့်ပါဘူး။

Canada,UK,Australia, Singapore, New Zealand, Europe — သို့မဟုတ် ကိုယ့်ရဲ့ Profile နဲ့ ရည်မှန်းချက်များအပေါ် မူတည်ပြီး ပိုမိုသင့်လျော်သော အခြားနိုင်ငံတစ်နိုင်ငံလည်း ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက —
“ဘယ်နိုင်ငံကို သွားချင်လဲ?” ဆိုတာထက်
“ကိုယ့်ရဲ့ Profile၊ ရည်မှန်းချက်နဲ့ အနာဂတ်အစီအစဉ်အတွက် ဘယ် Migration Pathway က ပိုသင့်တော်မလဲ?” ဆိုတာကို အရင်ဆုံး နားလည်ဖို့လိုပါတယ်။

DAWN က Consultation ပြုလုပ်ရာတွင်
• အသက်နှင့် ပညာအရည်အချင်း
• အလုပ်အကိုင်နှင့် လုပ်ငန်းအတွေ့အကြုံ
• Language Ability
• မိသားစုအခြေအနေ
• Financial Capacity
• ယခင် Visa / Immigration History
• Migration ရည်မှန်းချက်
• စိတ်ဝင်စားသည့် နိုင်ငံနှင့် ရည်ရွယ်ချက်
တို့ကို အခြေခံပြီး ဖြစ်နိုင်ချေရှိသော Migration Pathways၊ လိုအပ်ချက်များ၊ ပြင်ဆင်ရမည့်အချက်များနှင့် ဖြစ်လာနိုင်သော အခက်အခဲများကို ရှင်းလင်းစွာ ဆွေးနွေးပေးပါတယ်။

မှန်ကန်သောအချက်အလက်များကို နားလည်ပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန် ကူညီပေးလျက်ရှိပါတယ်။

အနာဂတ်အတွက် စိတ်ချယုံကြည်စွာဖြင့် DAWN Global Pathway Consulting သို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📩📞

**Tell us your profile.
We'll help you understand your options.**
🌏 Your Future Deserves an Informed Decision.
📩 Book Your Migration Consultation with DAWN Global Pathways

🎓 ထိုင်းနိုင်ငံ၏ ထိပ်တန်း International School များသို့ တက်ရောက်နိုင်ဖို့ DAWN Global Pathway Consulting မှ ကူညီပေးနေပါပ...
30/08/2026

🎓 ထိုင်းနိုင်ငံ၏ ထိပ်တန်း International School များသို့ တက်ရောက်နိုင်ဖို့ DAWN Global Pathway Consulting မှ ကူညီပေးနေပါပြီ။ 🇹🇭✨

ရင်သွေးငယ်များအတွက် ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းကို ဖန်တီးပေးချင်ပါသလား?

DAWN Global Pathway Consulting မှ ထိုင်းနိုင်ငံရှိ နာမည်ကြီး နိုင်ငံတကာကျောင်းများသို့ လျှောက်ထားရာတွင် အစမှ အဆုံးထိ ဆွေးနွေးတိုင်ပင်ပေးပြီး လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ကူညီဆောင်ရွက်ပေးနေပါသည်။

DAWN မှတစ်ဆင့် လျှောက်ထားနိုင်သော ထိပ်တန်းကျောင်းများ -

• Dulwich College International School
• St. Mark’s International School
• Wycombe Abbey Bangkok
• SBS International School
• ELC International School
• Bangkok Prep International School
• Esara International School
• British Mandarin International School
• Kincaid International School of Bangkok
• Kids Academy International School
• KIS International School
• Glenalmond Phuket

🌟 အထူးဝန်ဆောင်မှု -
• Consultation (ဆွေးနွေးတိုင်ပင်ပေးခြင်း)
• Full Application Support (ကျောင်းလျှောက်ထားမှုတစ်ခုလုံးအတွက် အပြည့်အဝ ကူညီပေးခြင်း)

သင့်ကလေး၏ အနာဂတ်ပညာရေးအတွက် စိတ်ချယုံကြည်စွာဖြင့် DAWN Global Pathway Consulting သို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📩📞







အနာဂတ်မှာ ကမ္ဘာ့အဆင့်မီ ထိပ်တန်းနေရာတစ်ခုကို ရယူလိုတဲ့ ကျောင်းသား/သူများအတွက် 🇨🇭🎓ဥရောပရဲ့ အလှပဆုံး နှင်းတောင်တန်းများကြာ...
29/08/2026

အနာဂတ်မှာ ကမ္ဘာ့အဆင့်မီ ထိပ်တန်းနေရာတစ်ခုကို ရယူလိုတဲ့ ကျောင်းသား/သူများအတွက် 🇨🇭🎓

ဥရောပရဲ့ အလှပဆုံး နှင်းတောင်တန်းများကြားမှာ တည်ရှိပြီး ကမ္ဘာ့အဆင့်မီ ပညာရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကြောင့် နာမည်ကျော်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် (၃) ခု အကြောင်းကို အသေးစိတ် စုစည်းဖော်ပြပေးလိုက်ပါတယ်။ကမ္ဘာ့အဆင့်မီ ပညာရေးကို ရယူပြီး မိမိရဲ့ အနာဂတ်အတွက် ပိုမိုကျယ်ပြန့်တဲ့ အခွင့်အလမ်းများကို ဖန်တီးလိုသူများအတွက် ဆွစ်ဇာလန်နိုင်ငံဟာ စဉ်းစားသင့်ပါတယ်။

🌍 World-Class Education
🎓 Globally Recognized Universities
🔬 Research & Innovation Excellence
🏔️ Study in the Heart of Europe

ဆွစ်ဇာလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၃) ခု၊ ၎င်းတို့ရဲ့ ထူးခြားချက်များ၊ အထူးပြုဘာသာရပ်များ၊ ဝင်ခွင့်လိုအပ်ချက်များနှင့် နိုင်ငံတကာကျောင်းသား/သူများအတွက် အခွင့်အလမ်းများကို အသေးစိတ် လေ့လာနိုင်ပါတယ်။

🇨🇭HTMi – Hotel and Tourism Management Institute Switzerland
Switzerland မှာ ပညာသင်ယူရင်း 4-Star/5-Star ဟိုတယ်ကြီးတွေမှာ Paid Internship အတွေ့အကြုံ ရယူချင်ပါသလား? 🇨🇭✨

HTMi Switzerland သည် Hospitality, Tourism နှင့် Culinary Arts ဘာသာရပ်များကို အထူးပြုသင်ကြားပေးသည့် နိုင်ငံတကာပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး Switzerland ၏ သဘာဝအလှအပများဖြင့် ထင်ရှားသော Sörenberg ဒေသတွင် တည်ရှိပါသည်။

🎓 သင်ကြားနိုင်သော ဘာသာရပ်များ
Bachelor Level
• BSc (Hons) International Hospitality Management
• BA in International Culinary Arts Business
Master Level
• MSc in International Hospitality and Tourism Management
• MBA in Hospitality Management
• MA in Hotel Business Management

💼 HTMi ၏ အားသာချက်များ

① Paid Internship အခွင့်အလမ်း
Hospitality Management သင်တန်းများတွင် လက်တွေ့လုပ်ငန်းအတွေ့အကြုံ ရရှိစေရန် Switzerland နှင့် အခြားနိုင်ငံများရှိ 4-Star/5-Star ဟိုတယ်များတွင် Paid Internship အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ Marriott, Hilton နှင့် Ritz-Carlton ကဲ့သို့သော နိုင်ငံတကာဟိုတယ်အုပ်စုများတွင် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်ခြင်းသည် ကျောင်းသား/သူများ၏ အနာဂတ် Career အတွက် အားသာချက်တစ်ခု ဖြစ်စေပါသည်။

② Dual Qualifications
ရွေးချယ်ထားသော programme များအပေါ်မူတည်၍ Switzerland မှ qualification များအပြင် UK ရှိ Ulster University နှင့် ပူးပေါင်းပေးအပ်သော internationally recognized degree qualification များကို ရရှိနိုင်ပါသည်။

③ Study + Practical Experience
စာသင်ခန်းအတွင်း သီအိုရီဗဟုသုတများသာမက Hospitality Industry တွင် လက်တွေ့အတွေ့အကြုံများကိုပါ တစ်ပြိုင်နက်တည်း ရရှိနိုင်သောကြောင့် နိုင်ငံတကာ Hospitality Career ကို စတင်လိုသူများအတွက် စိတ်ဝင်စားဖွယ်ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ 🇨🇭🏨🌍

🇨🇭 SBS Swiss Business School
ဆွစ်ဇာလန်ရဲ့ အရေးပါသော စီးပွားရေးမြို့တော် Zurich မှာ ပညာသင်ယူပြီး နိုင်ငံတကာ Business Career တစ်ခု တည်ဆောက်ချင်ပါသလား? 🇨🇭💼

SBS Swiss Business School သည် Zurich တွင် တည်ရှိပြီး Business Administration, International Business, Digital Marketing, Entrepreneurship နှင့် Business Analytics စသည့် ခေတ်မီစီးပွားရေး ဘာသာရပ်များကို အထူးပြုသင်ကြားပေးသည့် Business School တစ်ခုဖြစ်ပါတယ်။

🎓 သင်ကြားနိုင်သော ဘာသာရပ်များ
Bachelor Level
• BSc in Business Administration (BBA)
• International Business
• Digital Marketing
• Entrepreneurship
• Business Analytics
Master Level
• MSc in International Business
• MSc in Digital Marketing
• MBA
• Executive MBA

💼 SBS Swiss Business School ၏ အားသာချက်များ

① International Accreditations
SBS ၏ programme များသည် သက်ဆိုင်ရာ နိုင်ငံတကာ accreditation နှင့် quality recognition များ ရရှိထားပြီး နိုင်ငံတကာ Business Education ပတ်ဝန်းကျင်တွင် ပညာသင်ယူနိုင်ရန် အခွင့်အလမ်းများ ပေးစွမ်းပါတယ်။

② Business & Corporate Exposure
Zurich သည် Switzerland ၏ အရေးပါသော Financial and Business Hub တစ်ခုဖြစ်သည့်အတွက် ကျောင်းသား/သူများအနေဖြင့် နိုင်ငံတကာကုမ္ပဏီများ၊ Financial Services နှင့် Technology လုပ်ငန်းများ တည်ရှိရာ Business Environment အတွင်း ပညာသင်ယူခွင့်ရရှိနိုင်ပါတယ်။

③ Modern Business Skills
Business Analytics, Digital Marketing နှင့် Entrepreneurship ကဲ့သို့သော ခေတ်မီဘာသာရပ်များကို လေ့လာနိုင်ခြင်းကြောင့် ပြောင်းလဲတိုးတက်နေသော Global Business Environment အတွက် လိုအပ်သည့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို တိုးတက်စေနိုင်ပါတယ်။

🌍 Study in Zurich. Think Global. Build Your Business Career.
နိုင်ငံတကာစီးပွားရေးလောကထဲမှာ မိမိရဲ့ Career ကို တည်ဆောက်လိုတဲ့ ကျောင်းသား/သူများအတွက် SBS Swiss Business School သည် စဉ်းစားသင့်သော ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။

🇨🇭 AUS – American Institute of Applied Sciences in Switzerland
Lake Geneva ရဲ့ အလှပဆုံးရှုခင်းများကြားမှာ ပညာသင်ယူရင်း American-style Education နဲ့ Swiss Education Experience ကို ပေါင်းစပ်ခံစားချင်ပါသလား? 🇨🇭🏔️🌊

AUS – American Institute of Applied Sciences in Switzerland သည် Lake Geneva အနီး La Tour-de-Peilz တွင် တည်ရှိပြီး Business, Technology နှင့် Applied Sciences ကို အခြေခံထားသော နိုင်ငံတကာပညာရေးကို ပေးအပ်သည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

🎓 သင်ကြားနိုင်သော ဘာသာရပ်များ
Bachelor Level
• BSBA – Bachelor of Science in Business Administration
• International Business
• Sports Management
• Marketing
Master Level
• MIBA – Master of International Business Administration
• Master's in Aviation Management & Data Science

💡 AUS ၏ ထူးခြားချက်များနှင့် အားသာချက်များ

① Dual-Degree Opportunity
အမေရိကန်နိုင်ငံရှိ Tiffin University နှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သတ်မှတ်ထားသော programme များတွင် Swiss နှင့် American degree qualification နှစ်မျိုးလုံး ရရှိနိုင်မည့် အခွင့်အလမ်းများ ရှိပါတယ်။ Programme တစ်ခုချင်းစီ၏ degree structure နှင့် eligibility ကို လျှောက်ထားမည့်အချိန်တွင် သေချာစစ်ဆေးသင့်ပါတယ်။

② Industry-Relevant Skills
Business နှင့် Technology ကို ပေါင်းစပ်လေ့လာနိုင်ပြီး Data Science, Aviation Management, International Business နှင့် Marketing စသည့် လုပ်ငန်းခွင်နှင့် ဆက်စပ်သော ဘာသာရပ်များကို ရွေးချယ်လေ့လာနိုင်ပါတယ်။

③ International Learning Environment
American-style education approach နှင့် Swiss-based international learning environment ကို ပေါင်းစပ်ထားခြင်းကြောင့် နိုင်ငံတကာ Business နှင့် Technology Career များအတွက် အတွေ့အကြုံကောင်းများ ရရှိစေနိုင်ပါတယ်။

💰 Total Expenses နှင့် Paid Internship အခွင့်အလမ်း

Switzerland တွင် ပညာသင်ယူရန် စီစဉ်ရာတွင် Tuition Fees + Accommodation + Food + Health Insurance + Personal Expenses + Transportation စသည့် ကုန်ကျစရိတ်များကို စုစုပေါင်းတွက်ချက်ရန် လိုအပ်ပါတယ်။

ခန့်မှန်းကုန်ကျစရိတ်များ

• 🎓 Annual Tuition: Programme နှင့် institution အလိုက် ကွာခြားနိုင်ပါသည်။
• 🏠 Accommodation & Food: နေရာ၊ accommodation အမျိုးအစားနှင့် နေထိုင်မှုပုံစံအလိုက် ကွာခြားနိုင်ပါသည်။
• 🏥 Health Insurance & Personal Expenses: ကျောင်းသားတစ်ဦးချင်း၏ အသုံးစရိတ်နှင့် insurance plan အလိုက် ကွာခြားနိုင်ပါသည်။

💼 Paid Internship
Switzerland တွင် သက်ဆိုင်ရာ programme နှင့် visa/work authorization စည်းမျဉ်းများနှင့်အညီ internship လုပ်ကိုင်ခွင့်ရှိပါက Paid Internship မှ ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။

🌍 Study Internationally, Gain Practical Skills, Build Your Global Career, Swiss lifestyle plus American-style education နှင့် International Business/Technology exposure ကို တစ်နေရာတည်းမှာ ရရှိလိုသူများအတွက် AUS သည် စိတ်ဝင်စားဖွယ် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။

🎓 ဝင်ခွင့်လိုအပ်ချက်များ (Entry Requirements) for all

🇨🇭 Bachelor Level (ဘွဲ့ကြို)
• High School Diploma / Grade 12 / GED / IGCSE / A-Level စသည့် အထက်တန်းပညာရေးအရည်အချင်းတစ်ခုခု ရရှိထားရမည်။
• Programme နှင့် ကျောင်းအလိုက် သတ်မှတ်ထားသော English Language Proficiency လိုအပ်ချက်ကို ပြည့်မီရမည်။
• ယေဘုယျအားဖြင့် IELTS 5.5–6.0 ဝန်းကျင် လိုအပ်နိုင်သော်လည်း Programme တစ်ခုချင်းစီအလိုက် သတ်မှတ်ချက် ကွာခြားနိုင်ပါသည်။

🎓 Master Level (မဟာဘွဲ့)
• အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုမှ Bachelor's Degree ရရှိထားရမည်။
• လျှောက်ထားမည့် Master Programme နှင့် ဆက်စပ်သော Academic Background ရှိရန် လိုအပ်နိုင်ပါသည်။
• ယေဘုယျအားဖြင့် IELTS 6.0–6.5 ဝန်းကျင် လိုအပ်နိုင်သော်လည်း Programme နှင့် Institution အလိုက် ကွာခြားနိုင်ပါသည်။

🔎Entry Eligibility Checking

Academic Background နဲ့ ဘယ် Programme တွေကို လျှောက်ထားနိုင်မလဲ၊ ဘယ်လို Entry Requirements တွေ ဖြည့်ဆည်းရန် လိုအပ်မလဲဆိုတာကို တစ်ဦးချင်းစီအလိုက် စစ်ဆေးအကြံပြုပေးမှာ ဖြစ်ပါတယ်။

Academic Qualifications များကို ပေးပို့ပြီး Entry Eligibility ကို စစ်ဆေးနိုင်ပါတယ်။

Bangkok IRCC ပါ… သူနေခဲ့တဲ့နေရာတွေက Police reports အစုံအစိ ပြန်တောင်းဖို့ request Letter ရပါတယ်.. သူက ၄  နိုင်ငံနေဖူးတော...
16/08/2026

Bangkok IRCC ပါ… သူနေခဲ့တဲ့နေရာတွေက Police reports အစုံအစိ ပြန်တောင်းဖို့ request Letter ရပါတယ်.. သူက ၄ နိုင်ငံနေဖူးတော့ တစ်ခုချင်းလိုက်တောင်းပြီးတင်ပေးလိုက်တာ Monday 10-08-2026 တင်တာ Wednesday 12-08-2026 approved ဖြစ်ပါတယ်…

York University MHRM Sep 2026 intake

ที่อยู่

Bangkok

เวลาทำการ

จันทร์ 10:00 - 18:00
อังคาร 10:00 - 18:00
พุธ 10:00 - 18:00
พฤหัสบดี 10:00 - 18:00
อาทิตย์ 10:00 - 18:00

เบอร์โทรศัพท์

+66631840301

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dawn Global Pathways Consulting Groupผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dawn Global Pathways Consulting Group:

แนะนำ

แชร์