A Date Thailand Your trusted "blind date" service from Myanmar is now in Thailand.

First Date လုပ်တဲ့အခါမှာ safe မဖြစ်မှာကို စိုးရိမ်နေတာလား 🤔A Date Thailand နဲ့ဆိုရင်တော့ ဒီပြဿနာတွေကို စိုးရိမ်စရာမလိုတေ...
27/01/2024

First Date လုပ်တဲ့အခါမှာ safe မဖြစ်မှာကို စိုးရိမ်နေတာလား 🤔

A Date Thailand နဲ့ဆိုရင်တော့ ဒီပြဿနာတွေကို စိုးရိမ်စရာမလိုတော့ဘူးနော်🧏🏻‍♀️

A Date Thailand က ထိုင်းနိုင်ငံက မြန်မာသူငယ်ချင်းတွေ Date လုပ်လို့ရအောင် စီစဉ်ပေးမှာဖြစ်ပြီး date မယ့်သူတွေရဲ့Safety နဲ့ Privacy ကို အဓိကဦးစားပေးထားပါတယ်။ 🥰

သူစိမ်းတစ်ယောက်နဲ့ ပထမဆုံး တွေ့တဲ့အချိန်မှာ လုံခြုံမှုမရှိမှာကို စိုးရိမ်တတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး Date မယ့်နေရာကိုလည်း public area က ကိုယ်အဆင်ပြေမယ့် restaurants, cafes, bars စတဲ့နေရာတွေမှာ စီစဉ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Date မယ့်အချိန်ကိုလည်း ကိုယ်အဆင်ပြေပြီး comfortable ဖြစ်မယ့်အချိန်ကို ရွေးချယ်နိုင်ဦးမှာပါ။ 🥳

အဲ့လိုမဟုတ်ဘဲ အပြင်မှာ တန်းတွေ့ဖို့ ready မဖြစ်သေးလို့ အရင် online ကပဲတွေ့ကြည့်ချင်တယ်ဆိုရင်လည်း ပြောမယ် နဲ့ ပြောပြီးဒိတ်မယ်ဆိုတဲ့ Package လေးတွေလည်း ရှိပါတယ်နော်။ အပြင်မှာပဲ တစ်ခါတည်း တွေ့ပြီး ဒိတ်ချင်တယ်ဆိုရင်တော့ ဒိတ်မယ်ဆိုတဲ့ package လေးကိုရွေးချယ်လို့ရပါတယ်။ 💝💝

အခုဆိုရင် A Date Thailand မှာ Pre registration လုပ်တဲ့သူတိုင်းကို 50% discount တွေပေးနေတာဆိုတော့ ဒိတ်ချင်တယ်ဆိုရင် A Date Thailand ရဲ့ messenger ကို အခုပဲလာခဲ့လိုက်တော့နော် 😍😍







အထီးကျန်ရတာ ပင်ပန်းနေပြီလား..?➡️ကိစ္စအမျိုးမျိုးကြောင့် မိဘအိမ်ကနေ စွန့်ခွါပြီး ကိုယ်ချစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အဝေ...
25/01/2024

အထီးကျန်ရတာ ပင်ပန်းနေပြီလား..?

➡️ကိစ္စအမျိုးမျိုးကြောင့် မိဘအိမ်ကနေ စွန့်ခွါပြီး ကိုယ်ချစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အဝေး ဖြစ်တဲ့ တခြားရေမြေခြားမှာ တစ်ယောက်တည်း ရပ်တည်နေရတာကြောင့် အထီးကျန်နေတဲ့သူတွေရှိလား ?
➡ရေမြေအသစ်မှာ စိတ်သစ်လူသစ်နဲ့ သူငယ်ချင်းမိတ်ဆွေအသစ်ရှာဖို့ စိတ်ကပြင်ဆင်ထားပေမယ့် ထင်သလိုဖြစ်မလာလို့ ဝမ်းနည်းရတာမျိုးတွေလည်းရှိနေကြလား ?
➡️ပိတ်ရက် နားတဲ့အချိန်မှာ အပြင်သွားဖို့စိတ်အပန်းဖြေဖို့ထက် အိမ်ထဲမှာပဲ နေလိုက်ပါမယ်လေ သွားစရာအဖော်လည်းမရှိဘူးဆိုပြီး နေနေကြတဲ့သူတွေရှိလား ?

ဒီလိုမျိုး ကြုံတွေ့ခံစားနေရတာဟာ တစ်ယောက်တည်းမဟုတ်ပါဘူးနော်။ ဒီလိုအခြေနေမျိုးမှာ အထီးကျန်တယ်လို့ခံစားရတာဟာ ပုံမှန်ပါပဲ။ ဒါဟာ ရောဂါမဟုတ်ပေမယ့် ကြာရှည်တစ်ယောက်တည်း lonely ဖြစ်နေတာများလာရင်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရှနာမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကနေတစ်ဆင့် energy လျော့လာတာ၊ အစားအသောက်ပျက်တာ၊ အာရုံစူးစိုက်မှုနည်းလာတာ၊ အဆိုးဆုံးထဲကတစ်ခုကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကျလာတာပါပဲ။

Maslow ရဲ့ လူတစ်ယောက်ရဲ့ လိုအပ်ချက် pyramid အလွှာအရ
1️⃣basic needs တွေဖြစ်တဲ့ နေစရာ၊ စားစရာ၊ အိပ်စရာရှိပြီ၊
2️⃣လုံခြုံစိတ်ချရတဲ့ ကျောင်းတက်စရာ၊ အလုပ်လုပ်စရာ၊ မိသားစု၊ ကျန်းမာရေး စတာတွေ ဒုတိယ အဆင့်အနေနဲ့ရှိနေပြီဆိုရင်
3️⃣တတိယလိုအပ်တာကတော့ friendship၊ မိသားစု၊ ချစ်သူ စတဲ့ လူတွေနဲ့ connection ပါ။ ဒါဟာ အင်မတန်အရေးကြီးတဲ့ အပိုင်းဖြစ်ပြီးတော့ ဒီ needs ရှိမှသာ နောက်အဆင့်တွေဖြစ်တဲ့
4️⃣self-esteem အပိုင်းတွေ၊
5️⃣self-actualization စတာတွေကိုရောက်နိုင်မှာဖြစ်ပါတယ်။

A Date Thailand ဟာ ထိုင်းမှာရှိနေတဲ့မြန်မာသူငယ်ချင်းတွေရဲ့ တတိယမြောက်အလွှာကို ကူညီဖြည့်စည်းပေးဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ✅🤝

ကိုယ်နဲ့စိတ်တူကိုယ်တူဝါသနာတူသူတစ်ယောက်နဲ့ bangkok မြို့ရဲ့ experience ကိုရချင်တယ်ဆိုရင်တော့ A Date Thailand ရဲ့ Pre-registration မှာ စာရင်းသွင်းလို့ရပါပြီ။ 50% discount ရှိတာလေးလည်း သတင်းကောင်းပါးလိုက်ပါရစေ။ 🥳

Pre-registration post

https://www.facebook.com/61555656001787/posts/122104612682188533/

ဒါနဲ့… ဘန်ကောက်မှာ တစ်ယောက်ဖြစ်နေတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်ပြီး အသိပေးလိုက်ပါဦးနော် 👇🫂





-RegistrationOpen

ထိုင်းက ဘယ်နေရာတွေမှာ Date လုပ်ကြမလဲ 🇹🇭 ထိုင်းနိုင်ငံမှာ Date ချင်ပေမယ့် ဘယ်လိုနေရာမျိုးတွေက Date ဖို့အဆင်ပြေပြီး အေးအေး...
23/01/2024

ထိုင်းက ဘယ်နေရာတွေမှာ Date လုပ်ကြမလဲ 🇹🇭

ထိုင်းနိုင်ငံမှာ Date ချင်ပေမယ့် ဘယ်လိုနေရာမျိုးတွေက Date ဖို့အဆင်ပြေပြီး အေးအေးဆေးဆေးရှိလဲဆိုတာကို မသိသေးတဲ့သူတွေအတွက် A Date Thailand က suggestion လေးတွေလုပ်လိုက်ပါတယ်။ 🥰💕

ဒီထဲက နေရာတွေအပြင် ကိုယ် Date ဖူးတဲ့နေရာတွေ နာမည်ကြီးတဲ့နေရာတွေရှိရင်လည်း Comment မှာ sharing လုပ်ခဲ့ဦးနော်။ 😉

Restaurants 🍽️
ဘန်ကောက်မြို့က စားသောက်ဆိုင်တွေမှာ စားရင်းသောက်ရင်း chitchat လုပ်ပြီး Date လို့လည်းရပါတယ်။ Luch Date တို့ Dinner date တို့လုပ်ရင်း တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာနိုင်မှာဆိုတော့ ချန်ထားခဲ့လို့ လုံးဝမဖြစ်ဘူးနော်။ 😍

Cafes ☕️
နာမည်ကြီးပြီး အပြင်အဆင်လှတဲ့ cafes တွေမှာ Date ပြီးကော်ဖီသောက်ရင်း ဓာတ်ပုံလှလှလေးတွေရိုက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်လေ့လာလို့ရမှာပါ။ 🫶🏻

Bars 🍸
Chill ဖြစ်ပြီး အေးဆေး date ရတာကို သဘောကျတဲ့သူတွေအတွက်ကတော့ bar မှာ cocktail လေးသောက်ရင်း Chitchat ရင်တော့ ရှယ်ပဲနော်။ 🤭

Night Markets 🌃
ညစျေးမှာ အစားအသောက်တွေ ငေးပြီး လက်တွဲလမ်းလျှောက်ရင်း Date ချင်တယ်ဆိုရင်တော့ ဘန်ကောက်မြို့ပေါ်က night markets တွေကလည်း မေ့ထားလို့မရတဲ့နေရာတွေပါပဲ။ 🥰

Shopping Malls 🛍️
Shopping ထွက်ရတာ ကြိုက်တဲ့ ထိုင်းကသူငယ်ချင်းတွေအတွက်ကတော့ Shopping Date လုပ်ဖို့အတွက် Central World တို့လို Iconsiam တို့လိုနေရာတွေက ကွက်တိပဲနော်။

Parks 🌳
ပန်းခြံထဲမှာ အနားယူရင်း ရှုခင်းတွေလည်းကြည့်ပြီး အေးဆေး လွတ်လွတ်လပ်လပ် Date ချင်တယ်ဆိုရင်တော့ ပန်းခြံတွေကိုသွားဖို့ အကြံပေးချင်ပါတယ်။

Aquarium 🪸
ငါးပြတိုက်မှာ ရေအောက်ကမ္ဘာကို လေ့လာရင်း Date မယ်ဆိုရင် တကယ်မိုက်တဲ့ experience ရမှာဖြစ်လို့ Aquarium Date လုပ်ဖို့လည်း recommend ပေးပါတယ်။

Amusement Parks 🎡
ကစားကွင်းသွားရတာ သဘောကျတဲ့သူတွေကတော့ Dream World တို့ Siam Amazing Park တို့လို နေရာမျိုးတွေမှာ Date ဖို့ suggest ပါတယ်နော်။

ကဲ ဒီနေ့မှာတော့ ထိုင်းမှာ Date လုပ်လို့ကောင်းတဲ့နေရာတွေကို sharing လုပ်ပေးခဲ့တာဆိုတော့ Date ဖို့အဖော်မရှိသေးတဲ့သူတွေက A Date Thailand မှာ Pre-Registration သွင်းပြီး လာရှာလို့ရနေပြီနော် 🥳

အသေးစိတ်ကိုတော့ အောက်က Link ကနေတစ်ဆင့်ဝင်ကြည့်လို့ရပါတယ်။ Pre-registration ကာလက Jan 21st ကနေ 28th ထိပဲဆိုတော့ မြန်မြန်လေးလာပြောဖို့တော့လိုမယ်နော် ‼️

https://www.facebook.com/share/p/9hrk6WwjTgL92tYt/?mibextid=Cx5MWH






💘Valentine’s day ကိုအထီးကျန်စွာ မကျော်ဖြတ်ရဖို့ ဟော့ဒီ့မှာ A Date Thailand က အပြေးလေးလာပါပြီရှင် 💃🫶ဘန်ကောက်မှာ အကြောင်းအ...
21/01/2024

💘Valentine’s day ကိုအထီးကျန်စွာ မကျော်ဖြတ်ရဖို့ ဟော့ဒီ့မှာ A Date Thailand က အပြေးလေးလာပါပြီရှင် 💃🫶

ဘန်ကောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ Burmese လူငယ်တွေအတွက် A Date ရဲ့ Branch အခွဲဖြစ်တဲ့ A Date Thailand ကနေ ကိုယ်နဲ့ click ဖြစ်မယ့် partner ကိုရှာဖွေပေးသွားဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ☺️🫰

ရှာပေးရုံပဲလားဆိုရင်တော့ မင်မင်တို့ နာမည်လေးကို ပြန်ပြေးဖတ်ကြည့်ပါဦးလို့ 👀
A Date ရဲ့ core value ဟာ Memorable ဖြစ်တဲ့၊ Click ဖြစ်စေမယ့် Date တစ်ခုကို ဖန်တီးပေးဖို့ ဖြစ်တာမို့ ရှာပေးထားတဲ့သူနဲ့ Date တစ်ခုရရှိတဲ့အထိ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ❤️

🫣Blind date မလုပ်ရဲဘူးမင်မင်ရေဆိုတဲ့သူတွေ၊ Talking stage or getting to know someone first ကို prefer ဖြစ်တဲ့ သူတွေအတွက်လည်းရွေးချယ်စရာ service အမျိုးအစားတွေရှိလို့ စိတ်မပူပါနဲ့ရှင့် ☺️
ဘယ်လို service မျိုးတွေရတာလဲဆိုတာကိုတော့ အောက်က service poster ထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ 👇

ဒါဆိုဘယ်သူတွေက join လို့ရတာလဲ ?
ကိုယ်က Burmese တစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာ
✅ဘန်ကောက်မှာနေနေတယ် 🇹🇭
✅ အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်းရှိသူ
✅အထီးကျန်နေတဲ့ single ( lonely အုန်းသီးအဖွဲ့ဝင်တစ်ဦး 😛 )
✅Exciting new experience ကို try ကြည့်ချင်တယ် 🤩
✅စိတ်တူကိုယ်တူ အကြိုက်တူ ဝါသနာတူတဲ့ သူနဲ့ တွေ့ဆုံကြုံကြိုက်ချင်တဲ့သူ ဆိုရင်တော့
A Date Thailand ရဲ့ Pre-registration မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 🥳

Pre-registration ကို အခုချိန်ကနေ January 28 အထိလက်ခံမှာဖြစ်ပြီးတော့ Pre-registration မှာ ပါဝင်သူတိုင်းကို "သတ်မှတ်ထားတဲ့ အချိန်အတွင်းထဲမှာသာ” 50% discount ပေးသွားမှာဖြစ်လို့ အမြန်ဆုံး Form တင်ထားဖို့တော့ လိုမယ်နော်။ 📣
Form တွေကို page ရဲ့ chatbox မှာ လာရောက်တောင်းယူနိုင်ပါတယ်ရှင်။

ကဲ…ဒါဆိုရင်တော့ သူငယ်ချင်းတွေထဲမှာ ဘန်ကောက်မှာနေပြီး lonely ဖြစ်နေတဲ့ single တွေရှိရင် mention ခေါ်ပြီး သတင်းကောင်းပါးပေးလိုက်ပါဦးဗျို့ 😍





Welcome to A Date Thailand 🫶အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻A Date Thailand ကနေ ကြိုဆိုလိုက်ပါတယ်။ A Date ဟာဆိုရင် ၂၀၁၉ ကတည်းက...
20/01/2024

Welcome to A Date Thailand 🫶

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻
A Date Thailand ကနေ ကြိုဆိုလိုက်ပါတယ်။

A Date ဟာဆိုရင် ၂၀၁၉ ကတည်းက စတင်တည်ထောင်ထားတဲ့ လူငယ်တွေအတွက် matchmaking service ပေးနေတဲ့ startup တစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ လူငယ်ပေါင်းများစွာဆီကို romantic date လေးတစ်ခု ဖန်တီးယူဆောင်လာပေးနိုင်ခဲ့ပြီး dating culture, awareness ပိုင်းဆိုင်ရာ၊ tips and tricks စတာတွေကိုလည်း campaign တွေ၊ dating show တွေနဲ့ အရှိန်ဟုန်ပြင်းပြင်း promote လုပ်ခဲ့တဲ့ love spreading enthusiast လေးဆိုရင်လည်းမမှားပါဘူး 😍😂

အခုမှာတော့ ဘန်ကောက်မှာ ကျောင်းတက်၊ အလုပ်လုပ်နေကြတဲ့ Burmese လူငယ်တွေအတွက် romantic partner သာမက ကိုယ်နဲ့ စိတ်တူကိုယ်တူ အကြိုက်တူဖြစ်နိုင်မယ့် connection အသစ်ကိုပါ ရှာဖွေပေးဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ☺️

ကဲ 😎
ဒီလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို မကြာခင်အချိန်အတွင်းမှာ ထိုင်းရောက်မြန်မာသူငယ်ချင်းတွေအတွက် ယူဆောင်လာတော့မှာဖြစ်ပါလ်ို့ page ကို like and follow လုပ်ကြပါဦးရှင့်။ 📣🔔

ဘန်ကောက်လို Bling Bling ဖြစ်တဲ့ City မှာ Valentines Day ကို အထီးကျန်ပြီး မကျော်ဖြတ်ရအောင် Exciting Experience ကိုစိတ်ဝင်စားတဲ့ Single သူငယ်ချင်းတွေရှိရင် Comment မှာ Mention ခေါ်ရင်း လက်တို့သွားဖို့ မမေ့နဲ့ဦးနော် 👀🫰





ที่อยู่

Bangkok

เบอร์โทรศัพท์

+66633150985

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Date Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง A Date Thailand:

แนะนำ

แชร์