Han Gyi Knowledge Hub

Han Gyi Knowledge Hub We share about business management, financial management, content creation, art, and design.

မြန်မာနိုင်ငံရဲ့ လုပ်ငန်းအများစုက
👉 ဖောက်သည်ကို နားမလည်ကြပါဘူး
👉 အရောင်းနဲ့ မာကတ်တင်း နည်းလမ်းမှားနေပါတယ်
👉 Social Media တွေကို နားမလည်ပါဘူး
စျေးကွက်မှာ ရှင်သန်နိုင်ဖို့ အဖြေရှာချင်ရင်တော့
အခမဲ့ မိနစ် 20 ☎️ ဆွေးနွေးဖို့
📩မက်ဆေ့ကနေဆက်သွယ် စာရင်းပေးပါ။

25/08/2026

အချိန်ပေးပြီး စာပြန်တာ အကြောင်းရှိလို့ပါ 🙂😊

#ဟန်ကြီး

24/08/2026

ပြိုင်တိုင်း မနိုင် ဖြစ်နေတဲ့သူတွေအတွက်

#ဟန်ကြီး #စီးပွားရေးအကြံပေး

23/08/2026

သေခါနီးမှ အမြင်မှန်ရမယ်တဲ့
အားကြီးနဲ့ 😌
#ဟန်ကြီး #ဗဟုသုတ

22/08/2026

လမ်းမှန်နေရဲ့လား...

#ဟန်ကြီး

22/08/2026

အရင်းအနှီးနည်းနည်းနဲ့
လုပ်ငန်းစချင်တဲ့သူများအတွက်

#ဟန်ကြီး

20/08/2026

အထှာကျတဲ့ မာကတ်တင်းဖြစ်ဖို့

#ဟန်ကြီး

19/08/2026

လမ်းပြပေးနိုင်ခွင့်ရတာနဲ့တင်ကို
အများကြီးဝမ်းသာပါတယ်

#ဟန်ကြီး #စီးပွားရေးအကြံပေး

18/08/2026

နိုင်ငံခြားကပြန်ရင် ဘာလုပ်ရမလဲ

#ဟန်ကြီး #စီးပွားရေးအကြံပေး #စီးပွားရေးပညာ

18/08/2026

မက်ဆင်ဂျာကို စစ်ကြည့်ကြပါ 🙂😊

#ဟန်ကြီး #မက်ဆေ့ဖွင့်နည်း #မက်ဆင်ဂျာမပေါ်ခြင်း

ကျောင်းသားဘဝကတည်းကခင်တဲ့ကိုယ့်အခင်ဆုံး  ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အမေဆုံးသွားပြီဆိုတဲ့သတင်းကြားလိုက်ရတယ်...ကိုယ့်မှာလည်း ဒ...
17/08/2026

ကျောင်းသားဘဝကတည်းကခင်တဲ့
ကိုယ့်အခင်ဆုံး ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အမေ
ဆုံးသွားပြီဆိုတဲ့သတင်းကြားလိုက်ရတယ်...

ကိုယ့်မှာလည်း ဒီအသက် ဒီအရွယ်သာရောက်လာတယ်
ကိုယ့်ရင်ဘတ်နဲ့နီးတဲ့ သူငယ်ချင်းက
လက်ငါးချောင်းမပြည့်ဘူး...
မိသားစုအထိပါ ရင်းနှီးတဲ့သူမို့
ထပ်တူခံစားရင်း စိတ်မကောင်းသလို
ကိုယ်တိုင်လည်းမိဘဆုံးရှုံးဖူးသူမို့ ကိုယ်ချင်းစာပါတယ်...

ကလေးတစ်ယောက်ရဲ့ အကြောက်ဆုံးအရာက
သူ့မိဘတွေကို ဆုံးရှုံးရခြင်းတဲ့
ကလေးမဟုတ်တော့တဲ့ ကျတော်တို့ကျတော့ရော
မိဘတွေကိုဆုံးရှုံးရတဲ့အခါ ဘာတွေဖြစ်သွားကြလဲ...

အသက်တွေ ဘယ်လောက်ကြီးလာကြီးလာ
မိဘဆိုတာ
ကိုယ့်ဘဝထဲမှာ ကိုယ်ပြန်ကလေးဖြစ်သွားစေတဲ့
တစ်ခုတည်းသောနေရာမျိုးပါပဲ။

ဘယ်လောက်ပဲ ကိုယ့်ဘဝကိုယ်
ရပ်တည်နိုင်လာတယ်ပြောပြော
ဘယ်လောက်ပဲ အခက်အခဲတွေကို
ကိုယ့်ဘာသာ ကျော်ဖြတ်နိုင်လာတယ်ပြောပြော
"အမေ" "အဖေ" ဆိုတဲ့စကားလေးနှစ်လုံးက
ကိုယ့်ရင်ထဲမှာတော့ အမြဲတမ်းနူးညံ့နေတယ်...

မိဘတွေကို ဆုံးရှုံးတဲ့အခါ
ကိုယ်က ရုတ်တရက် လူကြီးတစ်ယောက်ဖြစ်မသွားခင်
ကျနော်တို့ ဘဝထဲက "ကလေးဘဝ" ဆိုတဲ့ အပိုင်းအစလေးပါ
တစ်ပါတည်း သေဆုံးသွားရတယ်...
မိဘရှေ့မှာ ကလေးတစ်ယောက်လို
နွဲ့ဆိုးဆိုးခွင့်၊ အားငယ်ခွင့်၊ ညည်းတွားခွင့်တွေ အားလုံး
တစ်ခါတည်း အပြီးအပိုင် ဆုံးရှုံးသွားရတယ်...

အဲ့လိုနဲ့ပဲ ကျတော်တို့ဘဝမှာ
ပြန်ဖြည့်ယူလို့လည်းမရ အစားလည်းထိုးမရတော့တဲ့
ကွက်လပ်တစ်ခုက ပြန်တွေးတိုင်း
အေးခဲပြီး အရမ်းတိတ်ဆိတ်လွန်းတဲ့နေရာအဖြစ်ကျန်နေခဲ့တယ်...

အဲ့ဒီနေရာမှာ
ကျွေးနိုင်တော့မှ သွားလည်မယ်လေဆိုတဲ့
ပေးနိုင်တော့မှ ဖုန်းဆက်မယ်လေဆိုတဲ့
အချိန်ရမှ စကားပြောတော့မယ်ဆိုတဲ့
နောက်မှ Surprise လုပ်မယ်လေဆိုတဲ့
နောက်မှ နောက်မှ နောက်မှတွေ တစ်ပြုံကြီး
သွားလည်မိတိုင်းဗလာနယ်ကြီးလို
အေးစက်ခြောက်ကပ်ပြီး တိတ်တိတ်လေးပဲ
ဘဝမှာအချိန်အတော်ကြာကြီး နေရာယူထားတတ်တယ်...

ကျတော်ကိုယ်တိုင်မိဘကို ဆုံးရှုံးပြီးမှသိလာရတာက
ကျတော်တို့ ပြန်ရချင်ဆုံးအရာက
ကျွေးနိုင်မှ ပေးနိုင်မှ တွေမဟုတ်တော့ဘူး။

“နောက်တစ်ခါလောက်
အမေ့ ဘေးမှာ ထိုင်ခွင့်ရရင်...”
“နောက်တစ်ခါလောက်
အဖေနဲ့ စကားပြောခွင့်ရရင်...”
ဆိုတဲ့ အခွင့်အရေး သေးသေးလေးတွေဖြစ်နေတာပဲ။

" နောက်မှ နောက်မှ " တွေကို
သူတို့မရှိတဲ့ နောက်မှပဲလုပ်ပါမိတ်ဆွေ
ကိုယ့်အကောင်းဆုံး အဆိုးဆုံးတွေကို
ကြုံလာရတိုင်းမှာ ပြောပြချင်မိတဲ့ နံပါတ်တစ်ခု
ဖြေမယ့်သူမရှိတော့မယ်အချိန်ကိုရောက်မလာခင်
စာလေးတစ်ကြောင်းဖြစ်ဖြစ် အခုပို့်လိုက်ရင်းနဲ့
သူတို့ရင်ခွင်ကို နွေးထွေးခွင့်လေး ပေးနိုင်ကြပါစေ...

အန်တီကောင်းရာသုဂတိလားပါစေ...
မိသားစုတိုင်း နွေးထွေးပါစေ...

#ဟန်ကြီး

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Han Gyi Knowledge Hubผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

แชร์