25/05/2026
Condo ဝယ်ယူတော့မယ်ဆိုရင် သိထားသင့်တဲ့Hidden Costတွေက ဘာတွေလဲ?
Government & Legal Fees
Transfer Fee(ပိုင်ဆိုင်မှုလွှဲပြောင်းခ)
-အခန်းတန်ဖိုးရဲ့ 2%ပေးရပါတယ်။ ရောင်းသူနဲ့ဝယ်သူ 1%ဆီပေးလေ့ရှိကြပေမယ့် တခါတရံ Developerဘက်ကနေ promotion အနေနဲ့ ပေးတာမျိုးလဲရှိပါတယ်
Building Related Costs
Sinking Fund(အရန်ရန်ပုံငွေ)
-ကွန်ဒိုတစ်ခုလုံး ရေရှည်ပြုပြင်ထိန်းသိမ်းရေးအတွက် ဝယ်ယူတဲ့နေ့မှာပဲ အခန်းအကျယ်အဝန်းအလိုက် တွက်ပြီး တစ်ကြိမ်တည်း(one-time payment)ပေးရတဲ့ ပြုပြင်ထိန်းသိမ်းရေးရံပုံငွေပါ။
Common Area Maintenance(လစဉ်ဝန်ဆောင်ခ)
-Condoမှာပါဝင်တဲ့ ရေကူးကန်၊ Gym ၊ လုံခြုံရေးစနစ်နဲ့အများသုံးဝန်ဆောင်မှုတွေအတွက်ပေးရတဲ့ ကုန်ကျငွေဖြစ်ပါတယ်။ပုံမှန်အားဖြင့် တစ်။ နှစ်စာကြိုပေးရပါတယ်။
Others Costs
Utilities Setup
-တချို့Condoတွေမှာဆိုရင် ရေမီတာ၊မီးမီတာ အာမခံကြေးလေးတွေပေးရတတ်ပါတယ်။