ဘန်ကောက် - သွားမယ် ဘန်ကောက် - သွားမယ်

ဘန်ကောက် - သွားမယ် ဘန်ကောက် - သွားမယ် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဘန်ကောက် - သွားမယ် ဘန်ကောက် - သွားမယ်, บริการด้านธุรกิจ, No 201, Bangkok.

防摔手機外殼定制 甜甜價
29/11/2021

防摔手機外殼定制 甜甜價

🤣🤣🤣
24/04/2021

🤣🤣🤣

🤣🤣🤣🤣🤣
23/04/2021

🤣🤣🤣🤣🤣

မြန်မာတွေသာ တရုတ်ပစ္စည်းကို Boycott လုပ်ဖို့တွေဝေနေတာ တရုတ်ပြည်နယ်စပ်ကတော့ မြန်မာပြည်က ပစ္စည်းကို ပိတ်တာကြာနေပါပြီ။တရုတ်...
23/04/2021

မြန်မာတွေသာ တရုတ်ပစ္စည်းကို Boycott လုပ်ဖို့တွေဝေနေတာ တရုတ်ပြည်နယ်စပ်ကတော့ မြန်မာပြည်က ပစ္စည်းကို ပိတ်တာကြာနေပါပြီ။
တရုတ်ပြည်နယ်စပ်က မြန်မာ ဆိုင်တွေမှာ မြန်မာပြည်က ဆန်က အစ အပ်တိုအဆုံး
ရောင်းရင် မီးရှို့ဖျက်ဆီး ပစ်ပါတယ်
Waveကနေလဲ မြန်မာပြည်ကို ပိုက်ဆံလွဲခွင့်မပေးတော့ပါဘူး။ CRPH ကို အလှူငွေထဲ့မှာစိုးလို့ပါတဲ့။
ကိုယ်တွေ တွေဝေနေလို့မရတော့ပါဘူး
တရုတ်ကို တက်နိုင်သလောက် boycott ကြပါ။




Crd.

Crd. Original Upload
23/04/2021

Crd. Original Upload

နောင်တွင်ရာဇ၀တ်မှုတရားစွဲဆိုမှုများတွင် အသုံးပြုနိုင်ရန် အတွက် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မ...
23/04/2021

နောင်တွင်ရာဇ၀တ်မှုတရားစွဲဆိုမှုများတွင် အသုံးပြုနိုင်ရန် အတွက် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းထိန်းသိမ်းထားရန် အရေးကြီးပါသည်။

အဆိုပါသက်သေအထောက်အထားများစုဆောင်းထိန်းသိမ်းသည့် ဆောင်ရွက်ချက်များကို ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (မြန်မာနိုင်ငံဆိုင်ရာ ယန္တရား)ကို ယူကေအစိုးရက ငွေကြေးထောက်ပံ့ပေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို တာဝန်ခံစေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏အသေးစိတ်အချက်အလက် နှင့် သက်သေအထောက်အထားများပေးပို့ နိင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ https://bit.ly/3tG1cLA တွင်ဖတ်ရှုနိုင်ပါသည်။

It is vital that evidence of serious human rights violations in Myanmar is recorded and preserved, so that it can be used in future criminal proceedings.

The UK is providing support to the UN’s Independent Investigative Mechanism for Myanmar to boost evidence gathering capabilities and ensure those responsible for serious violations are held to account.

For further details about the Myanmar Mechanism and how to share evidence, see https://bit.ly/3dJassP

21/04/2021



Source-https://www.facebook.com/508784185946254/posts/1870023406488985/?d=n ကုလသမဂ္ဂ  စီးပွားရေးနှင့် လူမှုရေးကောင်စီအစည...
21/04/2021

Source-https://www.facebook.com/508784185946254/posts/1870023406488985/?d=n

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးတွင် NUG Board အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

ဧရာ၀တီတိုင်းမ်
ဧပြီ ၂၁ ရက်။

အမျိုးသားညီညွတ်ရေး အစိုးရဟာ UNDP/UNFPA/UNOPS တို့မှာ Executive Board အဖွဲ့ဝင်အဖြစ် ဧပြီလ ၂၀ ရက်နေ့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ အစည်းအဝေးမှာ ရွေးချယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၂ - ၂၀၂၄ သက်တမ်းအတွက် ရွေးချယ်ခံခဲ့ရဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီကစလို့ ၃ နှစ်ကြာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တခါက... ။ဒီပဲယင်း အရေးအခင်းအပြီး။သူမကို အကျယ်ချုပ် ထပ်မံ ချလိုက်ကြောင်း ဒုတိယရဲမှူးကြီး က အိမ်တိုင်ရာရောက်ဖတ်ပြသည်။ သူမ၏...
20/04/2021

တခါက... ။
ဒီပဲယင်း အရေးအခင်းအပြီး။
သူမကို အကျယ်ချုပ် ထပ်မံ ချလိုက်ကြောင်း
ဒုတိယရဲမှူးကြီး က အိမ်တိုင်ရာရောက်ဖတ်ပြသည်။
သူမ၏ အမှတ် (၅၄) နေ အိမ် ဧည့်ခန်းမှာဖြစ်၏။

‘‘ကျွန်မ မတ်တတ်ရပ်ပြီး နားထောင်မယ်’’
သူမက ရုတ်တရက် မတ် တတ်ရပ်လိုက်၏။
ဒုတိယရဲမှူးကြီးသည် ကြောင်သွား၏။
ဒုတိယရဲမှူးကြီးသည်လည်း
အူကြောင်ကြောင်ဖြင့် မတ်တတ် ရပ်လိုက်ရသည်။
ဒုတိယရဲမှူးကြီးက
အမိန့်ချ မှတ်ချက်ကို စာရွက်ပါအတိုင်း ဖတ်၏။

‘‘ဒေါ်စုကြည်သည်... ’’
‘‘ကျွန်မ နာမည် ဒေါ်စုကြည် မဟုတ်ဘူး’’
သူမသည် ပြတ်ပြတ်သား သားပြော၏။
အငြင်း။
အသံထဲ တွင် တန်ခိုးအရှိန်တစ်ခု စိမ့်ဝင် နေသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်လို့ အပြည့်အစုံခေါ်ပါ။
ကျွန်မ နာမည်က ဒေါ်စုကြည်မဟုတ်ပါဘူး’’
ဒုတိယရဲမှူးကြီးသည် တုန် လှုပ်သွား၏။
သို့သော်...
‘‘ဒေါ်စုကြည်သည်... ’’
‘‘ကျွန်မ နာမည်က ဒေါ်အောင်ဆန်းစုကြည်ပါ။
ဒေါ်စု ကြည်ဆိုရင်တော့ ကျွန်မနဲ့ မသက်ဆိုင်ဘူး’’
ဒုတိယရဲမှူးကြီးသည် ခေတ္တ တွေသွား၏။
ထို့နောက် သူသည်
ဒေါ်အောင်ဆန်းစုကြည်ဟူသော အမည်ကို သုံးနှုန်း၍ ဖတ်၏။
အ မိန့်စာထဲမှာတော့ ဒေါ်စုကြည်ဖြစ် ချင်ဖြစ်မည်။
ဤအကြိမ်ဖတ် သောအခါ ဒေါ်အောင်ဆန်းစု ကြည်။
အမိန့်စာ၏ အဓိပ္ပာယ် မှာ... ။
နေအိမ်အကျယ်ချုပ် ထပ်မံ ချလိုက်ပါပြီ။

ဤအကြိမ်တွင်တော့
NLD မှ သူမ၏ သစ္စာရှိသော ရဲဘော်ရဲဘက် ဒေါ်ခင်ခင်ဝင်းအပြင်
ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူ
အငယ်လေးပါ သူမအနီးသို့ ရောက်ရှိလာ၏။
အတွင်းလူ။
ထိုအချိန် က ဒေါ်ခင်ခင်ဝင်း၏အသက်မှာ (၆၈)နှစ်။
သမီးအငယ်လေးပါဝင်မှသာ
သူမနှင့် သူမ၏ အိမ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့် မည်။
အငယ်လေးသည်
တောင်တွင်းကြီးမြို့တွင် အထည်နှင့် ဆန်ဆိုင်တွဲ၍ ဖွင့်နေရာက
ဖျက်သိမ်း၍ တက္ကသိုလ်ရိပ်သာလမ်း၊
ခြံ အမှတ် (၅၄)သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်း၊ ခြံ အမှတ် (၅၄)။
မိန်းမသားသုံးယောက်။
သူမအပေါ် အလွန်သစ္စာရှိ သော အမေနှင့်သမီး။
လူသား အချင်းချင်း၊
ရဲဘော်ရဲဘက်အချင်းချင်း၊
ချစ်ခြင်းမေတ္တာတရား။

နံနက် ၅ နာရီတွင် အမေနှင့် သမီးသည် အိပ်ရာက ထကြ၏။
အငယ်လေးသည် ဆွမ်းချက်နေပြီ။
ဆွမ်းချက်နေစဉ် ဘုရားခန်းကို သန့်ရှင်းရေးလုပ်လိုက်သေး ၏။
အမေဖြစ်သူက ခြံထဲမှာ ပန်းများ ခူးနေသည်။
ထို့နောက် ဘုရားပန်းလဲ၏။
သောက်တော် ရေကပ်သည်။
စုသည် နံနက် ၇ နာရီတွင် ဘုရားရှိခိုးပြီ။
စုကိုယ် တိုင် ဆွမ်းကပ်နိုင်ရန်
အမေနှင့် သမီးက
ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးအားလုံး အဆင်သင့် ထွန်းညှိ ထားခဲ့ပါပြီ။
အမွှေးတိုင်ကိုမူ မပူ ဇော်ပါ။
စုက မကြိုက်ပါ။
နံနက် ၉ နာရီတွင် သူမတို့ သုံးယောက်ထံသို့ ခြံအမှတ် (၅၄) ဂိတ်ဝမှာ ကိုနီက ထမင်းချိုင့်လာ ပို့၏။
ဒေါ်ခင်ခင်ဝင်းက ထမင်း ချိုင့်ကို လက်ခံရယူရင်း လိုအပ် သည့်ဈေးစာရင်း စာရွက်ကို ယူ လိုက်ရ၏။

သမီးအငယ်လေးသည် အ မှတ် (၅၄)ခြံထဲက စားပင်၊ သီး ပင်များကို မြေဆွပေါင်းသင်နေ သည်။
အမေဖြစ်သူကလည်း
နေအိမ်ကြီးအတွင်းက
အိမ်မှုကိစ္စ၊ ဗာဟီရအဝဝ၊ သန့်ရှင်းရေး... လုပ်ကိုင်ပြီးစီးသောအခါ
အငယ် လေးနှင့်အတူတူ
မြေတူး၊ မြေဆွ၊ ပေါင်းရှင်း၊ စိုက်ပျိုးပြုလုပ်တော့သည်။
စုသည် စံပယ်ပန်းကို ချစ် သည်။
မြတ်လေးပန်းကို ချစ် သည်။
ဒေါ်ခင်ခင်ဝင်းသည် မြတ် လေးပန်းပင်ကို အညာဘက်က မှာယူကာ ခြံအမှတ် (၅၄)ထဲမှာ စိုက်ပျိုးပေး၏။
မြောက်ဘက်ပေါ်တီကိုနောက်မှာ
မြတ်လေးပန်းရုံ နှစ်ရုံ စိုက်ပျိုးပေးထားသည်။
ညမှာဖြစ်စေ၊
နံနက်မှာဖြစ်စေ စုသည်
မြတ်လေးပန်း၏ သင်းပျံ့ သော ရနံ့ကို
စိတ်လန်းဖွယ်ရှူ ရှိုက်ရပေလိမ့်မည်။
စုသည် ညနေခင်းတွင် ခြံထဲ မှာ လမ်းလျှောက်လေ့ရှိ၏။
အိမ် ရှေ့မျက်နှာစာမှ
စု၏ ဒေါ်ကြီး ဒေါ်ခင်ကြီးနေထိုင်ရာ အိမ်ကလေးအထိ၊
လမ်းတစ်လျှောက်
စံပယ်အိုးပုတ်၊
ဘိတ်စံပယ်၊
စံပယ်ကြက်ရုန်း၊
စံပယ်တွေကို အမျိုးစုံ အောင်
ဒေါ်ခင်ခင်ဝင်းနှင့်အငယ်လေးက စိုက်ပျိုးပေးထား၏။
မွှေး မြနေသည်။

စုလျှောက်သော လမ်း၏ နံဘေးမှာ စံပယ်ခင်းတစ်ခင်း ဖြစ် တည်စိမ်းစိုကာ မွှေးမြနေပါ၏။
ထို့အပြင် ဒေါ်ခင်ခင်ဝင်းနှင့် သမီး အငယ်လေးသည် ခြံအမှတ် (၅၄) ထဲမှာ နှင်းဆီပန်းရောင်စုံဖြင့် လှပစွာလွှမ်းခြုံရန် နှင်းဆီပင်များစွာ ကို စိုက်ပျိုးပေးထားကြပြန်၏။
အမေနှင့် သမီးသည် နှင်းဆီ ခြံကို မြေဆွလျက်ရှိစဉ် မြွေပျံများ ကိုလည်း ကြုံဆုံရဖူး၏။
ခြံထဲမှာ ပေါင်းပင်များရှိနေ ရာ ဤသားအမိသည် တစ်ခြံလုံး ကို ရှင်းလင်းရန် အခက်အခဲရှိ သည်ကတော့ အမှန်ပင်။
ခြံသည် အင်းလျားကန်စပ် မှာ တည်ရှိသည့်အတွက် မြွေတို့ ပျော်စံရာ မြွေခြံကြီးလည်းဖြစ် သည့်အခါ ဖြစ်နေတတ်၏။
ခြံရှေ့ဂိတ်နှင့် မလှမ်းမကမ်းမှာ မြွေ သိုက်ရှိသည်။
ခြံဝနှင့် ဝင်းထရံ ကပ်လျက်ရှိသော
ကုက္ကိုပင်ကြီး အပေါ်မှ ညိုညိုမည်းမည်းတုတ် တုတ်၊ တစ်လံခန့်အရှည်
မြွေကြီး တစ်ကောင်က ဆင်းဆင်းလာ တတ်သေး၏။
မိုးရွာလျှင် လျှပ် စစ်မီးက ပြတ်တတ်၏။
မီးပြတ် လျှင် မီးစက်ကိုနှိုးရ၏။
မီးစက်ရှိ ရာ သွားရာလမ်း မြက်တောထဲ မှာ
မြွေတွေကလည်း ပေါလိုက် သည့်အပေါ။
ဓာတ်မီးဖြင့် မီးစက် ရှိရာသို့ သွားရ၏။
မီးစက်ကို အ ငယ်လေးက ဖွင့်ရ၏။
စုသည် ကွန်ပျူတာဖြင့် စာရေးနေသည်။
လျှပ်စစ်မီးပြတ်လျှင် မီးစက်ဖွင့်ရ သည်။
တစ်ခါ မီးပြန်လာလျှင် မီး စက်ပိတ်ရန် သွားရပြန်၏။
ထမင်း ဟင်းချက်သော အဆောင်ထဲမှာလည်း
အနီ၊ အနက် မြွေကြီးတွေ က ရှိနေတတ်ပြန်၏။
ခြံဝဂိတ် ကင်းတဲအတွင်းမှာ မြွေမကြီးက မြွေဥများစွာကို ဥချတတ်ပြန်သေး၏။

သို့သော် ဒေါ်ခင်ခင်ဝင်းနှင့် သမီးအငယ်လေးတို့သည် ခြံထဲ မှာ မြွေများကို ကွင်းရှောင်၍ နေ့ စဉ်သွားလာနေရသော်လည်း စုကို ခြံထဲက မြွေအကြောင်း စကားမဟခဲ့ဖူးပါ။
စုက မြွေကြောက် သည်။
စုသည်လည်း အိမ်ပေါ်မှာ အလုပ်လုပ်နေသည်။
ဒီမိုကရေစီ အတွက်၊ အနာဂတ်တိုင်းပြည်အ တွက်၊
ပြည်သူလူထုအတွက် အ လုပ်လုပ်နေသည်။
ကမ္ဘာကြီးနှင့် လည်း ဆက်သွယ်နေသည်။
အမေနှင့် သမီးသည် ဤနားလည်ယုံ ကြည်မှုနှင့် ခြံအမှတ် (၅၄)တွင် စုနှင့်အတူ နေအိမ်အကျယ်ချုပ် ကျခံလျက် နေထိုင်ပေးကြသည်။
ခြံအမှတ် (၅၄)ထဲမှာ ကိုယ့် ထဲကိုယ့်ဟာဆိုလို့
ဤမိန်းမသား သုံးယောက်သာ ရှိနေကြသည် မဟုတ်ပါလား။
စိတ်တူ ကိုယ်တူ၊
ယုံကြည်ချက်တူ၊
ခံယူချက်တူ၊
မျှော်လင့်ချက်တူ မိန်းမသား သုံးယောက်သည်
ခြံအမှတ် (၅၄) မှာ နေထိုင်ကြသည်။
ယုံကြည် ချက်ဖြင့် ရှင်သန်လျက်။

ဇန်နဝါရီ ၄ လွတ်လပ်ရေး နေ့၊
ဖေဖော်ဝါရီ ၁၂ ပြည်ထောင် စုနေ့၊
၁၃ မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊
မတ် ၂၇ တော်လှန်ရေး နေ့၊
ဇူလိုင် ၁၉ အာဇာနည်နေ့ စသော
နေ့ထူးနေ့မြတ်များတွင်
စုက ဖတ်စရာစာအုပ်များကို ရှာ ဖွေပေးထားသည်။
ထိုအထဲမှ အဓိပ္ပာယ်လေးနက်ပြီး ထိမိသော စာပိုဒ်များကို ဒေါ်ခင်ခင်ဝင်းနှင့် သမီးအငယ်လေးကို အသံထွက် ဖတ်စေ၏။
စုကိုယ်တိုင်လည်း ဖတ်၏။
အလွတ်နီးပါးရအောင် ဖတ်ကြသည်။
ကဗျာများဆိုလျှင် အလွတ်ရနေကြပြီ။
ထို့နောက် အမျိုးသမီးသုံးယောက်သည် အ သံသွင်းကြသည်။
ထို့နောက် ခြံ အဝကင်းတဲလေးပေါ်သို့ ဆောင်း ဘောက်စ်နှစ်လုံးကို ထုတ်သည်။
မနက် ၈ နာရီမှ ၉ နာရီ၊
ညနေ ၅ နာရီမှ ၆ နာရီ အသံများ လွှင့် ထုတ်ကြတော့၏။

ကြိုတင်လေ့ကျင့်ထားခဲ့ကြ သဖြင့် အသံနေ၊ အသံထား၊ အသံအဖြတ်အတောက်ကလည်း အ လွန်ကောင်းသည်။
အမျိုးသမီး သုံးယောက်မှာ ခံစားချက်ချင်းတူ ကြသဖြင့် ကဗျာအသံထဲမှာ လေး နက်သော၊ ခိုင်မာသော ခံစားချက်များ စိမ့်ဝင်နေ၏။
ဇော်ဂျီ၏ ကဗျာ၊ မင်းသုဝဏ်၏ ကဗျာတို့ ကို စုက ရွတ်ဆိုသည်။
အငယ် လေးကလည်း ရွတ်ဆို၏။
အမျိုး သမီးသုံးယောက်၏ အသံထဲတွင် ယုံကြည်ချက်တွေ၊
မျှော်လင့်ခြင်း တွေ ရှင်သန်တက်ကြွနေပါသည်။

ခြံဝတွင် အစိုးရက အစောင့် များကို ချထား၏။
စု၏ လုံခြုံမှုအ တွက် စေတနာထားပြီး အစောင့် ချထားခဲ့သည်တော့ မဟုတ်ပါ။
ခြံ ထဲတွင် စုတို့သုံးယောက် ဘာလှုပ် ရှားမှုပြုသလဲဆိုတာ သတင်းပို့ နိုင်အောင် အစောင့်များကို ချထားခြင်းဖြစ်ပါသည်။
ထိုရဲသားက လေးများ၊
စစ်သားကလေးများ သည်ပင်လျှင်
စုတို့၏ ကဗျာရွတ် သံကိုကြားလျှင်
စုတို့၏ အမှန် တရားဘက်သို့ တိမ်းညွတ်လာ တတ်ကြ၏။

စုတို့ သုံးယောက်သည် ရွှေ ဝါရောင် တော်လှန်ရေး၏ သံဃာ တော်များ ကြွချီလာမှုကို ခြံအမှတ်(၅၄) အပေါက်ဝမှ လက်အုပ်ချီ ဦးညွှတ်လျက် ကြိုဆိုထောက်ခံခဲ့ ကြဖူးသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်ကာလကလည်း ခြံအမှတ်(၅၄)၊
နေအိမ်အပေါ်ထပ်မှနေ၍ သုံးယောက်အတူတူ တဝေါဝေါ ကျဆင်းလာသော မိုးရေများကို အိမ်အပြင်သို့ ခပ်ထုတ်ကြဖူး ၏။
ခြံထဲက ကျိုးကျနေသော သစ်ကိုင်းများကိုလည်း ဒေါ်ခင်ခင်ဝင်း နှင့် သမီးအငယ်လေးတို့က ဖယ် ရှားရှင်းလင်းကြရပြန်၏။
အမေနှင့် သမီး၏ စေတနာ မှာ စုတစ်ယောက် ခလုတ်မထိ ဆူးမငြိရေးအတွက် အသက်ပေးပြီးကာကွယ်ရန်ပင်ဖြစ်သည်။
တစ်ခြံလုံးမှာ ကျိုးကျနေသော သစ်ကိုင်း များကို အမေနှင့် သမီးနှစ်ယောက်တည်းနှင့် ရှင်းလင်းနိုင်စွမ်းမရှိခဲ့ ပါ။
စစ်သားများနှင့် ရှင်းလင်းရန် စီစဉ်ရ၏။
စစ်သားများကလည်း အတုံးအရုံးလဲကျနေသော ခြံထဲ က သစ်ပင်များ၊
သစ်ကိုင်းများကို တက်ကြွစွာ ရှင်းလင်းဖယ်ထုတ်ခဲ့ ပါသည်။
စုကလည်း ထိုစစ်သား များကို ဒံပေါက်အဝကျွေးခဲ့ပါ၏။
တစ်ခါတွင် သားများထံမှ ပေးပို့သောစာများနှင့် မဂ္ဂဇင်းစာ စောင်များကို ခြံထဲသွင်းဖို့ကိစ္စမှာပိတ်ဆို့ဟန့်တားခြင်းခံရ၏။
ခြံအ ပြင်သို့ အမေနှင့် သမီးထွက်ခွင့် မှာလည်း အစိုးရဘက်က မကြည် မလင်ဖြစ်လာ၏။
မတရားသော အမိန့်အာ ဏာများဖြင့် ပိတ်ပင်တားဆီးလာ သည့်အတူတူ စုသည် အပြင်မှ လာပို့နေကျ ထမင်းချိုင့်ကို မယူ စေဘဲ နေလိုက်၏။
ဟင်းချက် စရာများကိုလည်း မမှာဘဲ နေ လိုက်၏။
ပြင်ပနှင့် ဆက်ဆံခွင့်ကို အတွင်းဘက်သုံးဦးက စတင်ဖြတ် တောက်ပစ်လိုက်၏။
ထိုအခါ ခြံထဲက ဟင်းသီးဟင်းရွက်များကိုသာ ချက်ပြုတ်စားသောက်ကြ တော့၏။
ဆန်အိုး၏ အောက်ပိုင်းတွင် မှိုတက်ပြီး ဝါကြန့်ကြန့်ဆန် သာ လက်ကျန်ရှိတော့၏။
ထိုအခါမျိုးမှာ အမေနှင့် သမီးသည် ဆန် ပြတ်သွားပြီဟု မပြောရက်ခဲ့ကြ။
ကောင်းသည့်ဆန်ကို စုအတွက် သာ ချက်ခဲ့ကြသည်။
အမေနှင့် သမီးမှာ ခြံထဲက ကန်စွန်းရွက်ကို ပြုတ်ပြီး သုပ်စားခဲ့ကြကာ ရှင်သန် ကြရ၏။
စုတွင် သစ္စာရှိသော ရဲဘော်ရဲဘက်များ အမှန်တကယ် ရှိခဲ့ပါသည်။
ချစ်မေတ္တာ၊ သစ္စာ တရား။
စုသည် အစားအသောက် စားရာမှာ စနစ်ကျသည်။
ကျန်း မာရေးနှင့် ညီညွတ်အောင် စား သုံးသည်။
အချိုမှုန့်၊ ဆီ၊ ဆား အားလုံး ရှောင်ပြီးစားလေ့ရှိ၏။
အရသာရှိရှိ စားရအောင်ဟု စုက မတွေးတော၊
ရှင်သန်ရန်၊ ကျန်း မာရန် ရည်ရွယ်ချက်ဖြင့် အစား အစာကို စား၏။
အမေနှင့် သမီး သည် စုအကြိုက်အတိုင်းသာ ချက်ပြုတ်ပေးခဲ့ကြ၏။
အငယ်လေး၏ အမေဖြစ်သူ သည်
စု နေထိုင်မကောင်းသော အခါ
စုလက်ကလေးကိုကိုင်ပြီး
ဓာရဏပရိတ်၊
မေတ္တသုတ် စသည်တို့ကို ရွတ်ဖတ်ပေးတတ်သေး၏။
စုကြိုက်တတ်သော အုန်းထမင်း၊
စုကြိုက်တတ်သော ဖရုံသီး အစာ သွတ်ပေါင်းကို
အမေနှင့် သမီးက စီစဉ်ဖန်တီးကာ
စုကို ခံတွင်းတွေ့ စေတတ်သေး၏။
စုသည် တစ်ခါတစ်ရံတော့ အမေနှင့် သမီးကို ဘာကိုမှ မချက်ပြုတ်စေဘဲ စုကိုယ်တိုင် မုန့်ဖုတ်တတ်၏။
စုသည် ပိုလျှံသော ကြက်သားတုံး၊
ဘဲသားတုံးလေးများကို
ရေခဲသေတ္တာထဲမှာ ဘူးလေးများ နှင့် သိမ်းဆည်းထားတတ်၏။
ထို အသားများကို ဂျုံ၊ ကြက်ဥ၊ ထော ပတ်တို့နှင့်နယ်ကာ နှပ်ထား၏။
အသားညှပ် Puff ကို စုကိုယ်တိုင် ပြုလုပ်၍ အမေနှင့် သမီးကို ကျွေး သည်။
စုသည် ထိုအခါမျိုးတွင်
" မိသားစုနှင့်အတူနေစဉ်က
ခင်ပွန်းနှင့် သားနှစ်ယောက်ကို
မုန့်ဖုတ်၍ ကျွေးဖူးခဲ့သည်များကို အမှတ်ရကြောင်း"
အမေနှင့် သမီးကို ပြန် ပြောပြတတ်၏။

ဤသို့ပင် ခြံအမှတ် (၅၄) မှာ မိန်းမသားသုံးဦးသည် အကျယ်ချုပ်ကျခံရသောဘဝဖြင့် အတူတူ နေထိုင်ခဲ့ကြဖူးသည်။
ရေဆန် လမ်းမှာ ဒုက္ခဟူသမျှ အတူတူရင် ဆိုင်၍ တိုက်ပွဲပျော်များဖြစ်ခဲ့ကြ သည်။
သစ္စာရှိကြသူများ။
ဂုဏ်ပြုပါ၏။

by မောင်ကိုကို(အမရပူရ)
ပြန်လည်မျှဝေပေးပါတယ်။

Crd

19/04/2021

“ သိမ်မဟာကျောင်းဝန်းတွင် ယာယီနေထိုင်နေရသော စီဟက်ရွာမှ စစ်ရှောင်ပြည်သူများ သောက်သုံးရေများအထူးလိုအပ်နေ”

ဧပြီလ(၁၉)၊၂၀၂၁ ခုနှစ်

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့၏ ကျက်သရေဆောင်ဖြစ်သော သိမ်မဟာကျောင်းဝန်းတွင် စီဟက်ရွာမှ စစ်ဘေးတိမ်းရှောင်လာသူ အယောက်ဦးရေ(၁၂၀) ဝန်းကျင် ခန့်ရှိပြီးသောက်သုံးရေ လောက်ငရေးအတွက် စေတနာ့အလှူရှင်များထံမှ အကူအညီများ လိုအပ်လျှက်ရှိပါတယ်။ လက်ရှိတွင် လှူဒါန်းပေးသူ အလှူရှင်တချို့ ရှိပါသော်လည်း နွေရောက်ပြီးဖြစ်၍ ရေသောက်/ရေသုံးများကာ လုံလောက်ခြင်းမရှိပါသဖြင့် သောက်ရေများ လှူဒါန်းပံ့ပိုးမှု အထူးလိုအပ်နေပြီး မြို့တွင်းနေထိုင်သူ စေတနာ့ ရေအလှူရှင်များ တဖက်တလှမ်းက အကူအညီပေးနိုင်ရန်အလို့ငှါ နှိုးဆော်လိုက်ရပါတယ်။ လက်ရှိပါလာသောရိက္ခာ ၊ ငွေအနည်းငယ်ဖြင့် လတ်တလော စားရေသောက်ရေး အတွက် အဆင်ပြေနေသေးကြောင်း ပဏနသိရှိရပြီး စေတနာထက်သန်စွာ လှူဒါန်းလိုသူများ စီဟက်ရွာမှ စစ်ဘေးရှောင်ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ မေးမြန်းနိုင်ပါသည်။

“မိုးမောက်KBC နှစ်ခြင်းဘုရားကျောင်းဝန်းတွင်းမှ စစ်ရှောင်ပြည်သူများအတွက်အလှူရှင်များလိုအပ်နေ”ဧပြီလ(၁၉)၊၂၀၂၁ ခုနှစ် ကချင်ပ...
19/04/2021

“မိုးမောက်KBC နှစ်ခြင်းဘုရားကျောင်းဝန်းတွင်းမှ စစ်ရှောင်ပြည်သူများအတွက်အလှူရှင်များလိုအပ်နေ”

ဧပြီလ(၁၉)၊၂၀၂၁ ခုနှစ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အတွင်း အာဏာသိမ်းစစ်ကောင်းစီနှင့် ကချင်တပ်မတော်(KIA) တို့၏အလော့ဘွမ်တောင်ကုန်း စခန်းသိမ်းတိုက်ပွဲပြင်းထန်မှုနှင့်အတူ ဒေသအနီးမှ ရှမ်း၊ ကချင်လူမျိုးနေထိုင်ကြသောကျေးရွာစုအလိုက် ရွာလုံးကျွတ်နီးပါးစစ်ဘေးတိမ်းရှောင်နေရပြီး ခန့်မှန်းဦးရေ (၁၀၀၀) ဝန်းကျင်ခန့်ရှိပြီဖြစ်ပါသည်။ လက်ရှိတွင် သိမ်မဟာကျောင်းဝန်းတွင် လူဦးရေ(၁၂၀)ခန့်၊ မိုးမောက်KBC ကျောင်းဝန်းတွင် လူဦးရေ(၆၀၀)ခန့် ၊ ရွှေကျီးနားအရပ် (နေရာမသိရှိရသေး) တွင်လည်း စစ်ရှောင်ပြည်သူများ ရောက်ရှိနေကြောင်းသိရှိရပြီး ဒီထက်ပိုများလာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ လတ်တလောတွင် သိမ်မဟာကျောင်းဝန်းအတွင်း ခိုလှုံသူများ သောက်သုံးရေ အရေးတကြီးလိုအပ်နေပြီး မိုးမောက်KBC နှစ်ခြင်းဘုရားကျောင်းအတွင်း ခိုလှုံနေသူမှာ အလွန်များပြားသည့်အတွက် လူအား၊ ငွေအား၊ ရိက္ခာအား တတ်အားနိုင်သရွေ့ ကူညီကြမည့် အလှူရှင်များ အထူးလိုအပ်လျှက်ပါသည်။ မိုးမောက် KBC ကျောင်းဝန်းအတွင်း ခိုလှုံသူပြည်သူများ အဓိက လိုအပ်နေသည်မှာ -

(၁) ဆန် နှင့်စားသောက်ကုန်ရိက္ခာများ
(၂)ဆေးဝါး နှင့် တကိုယ်ရေသုံးပစ္စည်းများ
(၃)အိုးခွက် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ တို့ဖြစ်ကြပြီး စေတနာထက်သန်သည့်အလှူရှင်များ လူကိုယ်တိုင်သွားရောက်၍ ဖြစ်စေ ၊ အသင်းတော်ကို ဖုန်းဆက်၍ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဖုန်းနံပတ်လိုအပ်ပါက message box သို့ လာရောက်မေးမြန်းနိုင်ပါသည်။

ที่อยู่

No 201
Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက် - သွားမယ် ဘန်ကောက် - သွားမယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์