Wunna Wa Khaung Brand Marketing & Business Consultant. Founder of EVO Marketing Myanmar.

30/05/2026

TikTok သုံးရင်းနဲ့ Google Thailand ရဲ့ AD တက်လာတော့ ကြည့်လိုက်တာ
ချစ်စရာကောင်းတဲ့ကြော်ငြာလေးကိုတွေ့လိုက်ရတယ် ဒါပေမဲ့ကြော်ငြာ Style လေးက
Perfect ဖြစ်မနေတဲ့ GENZ STYLE

အခုခေတ် Marketing မှာ လူငယ်တွေ၊ အထူးသဖြင့် Gen Z တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ဆိုတာ ရိုးရိုးရှင်းရှင်း ကြော်ငြာလုပ်ရုံနဲ့ မရတော့ပါဘူး။ သူတို့က Digital Native တွေဖြစ်တဲ့အတွက် ဖုန်း Screen ပေါ်ကနေ အရာရာကို အမြန်ဆုံး ဆုံးဖြတ်လေ့ရှိကြပါတယ်။
Brand တစ်ခုအနေနဲ့ Gen Z တွေရဲ့ နှလုံးသားကို ရယူချင်ရင် ဒီအချက်လေးတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။

၁။ Authenticity over Perfection
Gen Z တွေက အရမ်း Perfect ဖြစ်လွန်းပြီး ကြော်ငြာဆန်လွန်းတဲ့Content တွေကို သိပ်မကြိုက်ကြပါဘူး။ Brand တစ်ခုရဲ့ အစစ်အမှန်ဖြစ်တည်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ လူသားဆန်ဆန် ချဉ်းကပ်မှု တွေကို ပိုပြီး သဘောကျကြပါတယ်။ Fake ဖြစ်တယ်လို့ ခံစားရရင် ချက်ချင်း Scroll လုပ်ကျော်သွားတတ်ကြတယ်။

၂။ Short-form Video is King
TikTok, IG Reels နဲ့ YouTube Shorts တွေက Gen Z တွေရဲ့ နေ့စဉ်ဘဝပါပဲ။ သူတို့ရဲ့ Attention Span က အရမ်းတိုတဲ့အတွက် ပထမ ၃ စက္ကန့်ကနေ ၅ စက္ကန့်အတွင်းမှာတင် စိတ်ဝင်စားသွားအောင် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ရှည်လျားထွေပြားနေတာထက် လိုရင်းတိုရှင်းနဲ့ Entertaining ဖြစ်တာက အကောင်းဆုံးပါပဲ။

၃။ Meme Culture & Relatability
Trend တွေ၊ Meme တွေ၊ နောက်ဆုံးပေါ် Slang (ဥပမာ - POV, Main Character Energy, Delulu, Red Flag) တွေကို နေရာတကျ သုံးတတ်ဖို့ လိုပါတယ်။ ဒါပေမယ့် သတိထားရမှာက အတင်းကြီး လုပ်ယူထားသလိုမျိုး မဖြစ်ဖို့ပါပဲ။ Brand ရဲ့ Tone of Voice နဲ့ ကိုက်ညီတဲ့ Trend မျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

၄။ Values and Purpose Matter
Gen Z တွေက ပစ္စည်းတစ်ခုကို ဝယ်ရုံသက်သက်မဟုတ်ဘဲ အဲဒီ Brand ရဲ့ နောက်ကွယ်က ရပ်တည်ချက်တွေကိုပါ ကြည့်တတ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး )၊ စိတ်ကျန်းမာရေး နဲ့ တန်းတူညီမျှမှုရှိရေး စတဲ့ လူမှုအကျိုးပြု ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်တဲ့ Brand တွေကို ပိုပြီး သစ္စာရှိ တတ်ကြပါတယ်။

၅။ User-Generated Content (UGC) ကို အသုံးချပါ
ကိုယ်တိုင်က ကောင်းပါတယ်လို့ ပြောနေတာထက် တကယ့် Customer တွေရဲ့ သုံးသပ်ချက်တွေ၊ ရီဗျူးဗီဒီယိုတွေကို ပိုပြီး ယုံကြည်ကြပါတယ်။ Influencer အကြီးကြီးတွေထက်စာရင် အပြင်က သာမန်လူတွေရဲ့ Honest Review တွေက Gen Z တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

ဒါကြောင့် အာစိတို့တွေလည်း GENZ STYLE Markerting ကိုလည်းမြင်ရင်
ဘာကြီးလည်းဟမဖြစ်ရအောင်ပါ။

#မားကတ်တင်းမိတ်ဆွေ

18/05/2026

ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ မိဘတွေဆိုတာ ပထမဆုံး စူပါဟီးရိုးတွေပါ
ထိုင်းနိုင်ငံက Bangkok Life Assurance ရဲ့ ဒီကြော်ငြာလေးကို Marketing သမားတစ်ယောက်အနေနဲ့ သေချာပေါက် လေ့လာကြည့်သင့်ပါတယ်။

ဒီကြော်ငြာလေးဟာ သားသမီးတွေရဲ့ မျက်လုံးထဲမှာ အမြဲတမ်း "စူပါဟီးရိုး" အဖြစ် နေထိုင်ပြခဲ့တဲ့ မိဘတွေရဲ့ အကြောင်းကို ဖွဲ့နွဲ့ထားတာပါ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ သားသမီးတွေရှေ့မှာ အမြဲကြံ့ကြံ့ခံပြီး အရာရာကို ကာကွယ်ပေးခဲ့တဲ့ ကိုယ်ကျိုးစွန့် မေတ္တာတရားတွေကို နွေးထွေးစွာ ပုံဖော်ထားပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းမှာတော့ ကြည့်ရှုသူတွေကို ရုတ်တရက် အသိတရားတစ်ခု ဝင်သွားစေပါတယ်။ "ဪ... တကယ်တော့ မိဘတွေဆိုတာလည်း အမြဲတမ်း သန်မာနေမှာမဟုတ်ဘူး။ တစ်နေ့ကျရင် ဖျားနာနိုင်၊ အိုမင်းနိုင်တဲ့ သာမန်လူသားတွေပါပဲလား" ဆိုတဲ့ လက်တွေ့တရားကို မြင်မိသွားမှာပါ။

ကျွန်တော့်လို ကြော်ငြာချစ်သူတွေအတွက်
ယခုကြော်ငြာလေးကိုလွယ်လွယ်ကူကူပြန်လည်ကြည့်ရှုလို့ရအောင်
Bangkok Life Assurance မှ ပြန်လည်ကူးယူဝေမျှပေးလိုက်ပါတယ်။

( စကားပြောလေးတွေကို နားလည်လွယ်အောင် Auto Translate လုပ်ပေးထားလို့ အမှားပါသွားရင်လည်းခွင့်လွှတ်ပါ )

#မားကတ်တင်းမိတ်ဆွေ

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -
18/05/2026

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -

နှစ်တွေပြောင်းလို့ ပြက္ခဒိန်ဟောင်းတော့၊ငယ်ဘဝက အိပ်မက်တွေလည်းတဖြည်းဖြည်းနဲ့ အလှမ်းဝေးကာမေ့တိမေ့လျော့ ဖြစ်ရလေရဲ့။
14/05/2026

နှစ်တွေပြောင်းလို့ ပြက္ခဒိန်ဟောင်းတော့၊
ငယ်ဘဝက အိပ်မက်တွေလည်း
တဖြည်းဖြည်းနဲ့ အလှမ်းဝေးကာ
မေ့တိမေ့လျော့ ဖြစ်ရလေရဲ့။

🔮 "ဘုရားတံခါး ပိတ်သွားပေမယ့် သင့်ဖူးစာက ပွင့်နေဆဲပါ" (Tinder ရဲ့ Gen Z တွေကို ဖမ်းစားမယ့် Astrology Marketing)Marketing ...
12/05/2026

🔮 "ဘုရားတံခါး ပိတ်သွားပေမယ့် သင့်ဖူးစာက ပွင့်နေဆဲပါ"
(Tinder ရဲ့ Gen Z တွေကို ဖမ်းစားမယ့် Astrology Marketing)

Marketing သမားတွေ လေ့လာသင့်တဲ့ ထိုင်းနိုင်ငံမှာ
Tinder ရဲ့ O2O (Online to Offline) Activation အသစ်လေးအကြောင်း သုံးသပ်ကြည့်ရအောင်။

Tinder ဟာ Gen Z တွေကြားမှာ ရေပန်းစားနေတဲ့ "ဗေဒင်/ရာသီခွင်" ယုံကြည်မှုနဲ့ "Dating" ကို ပေါင်းစပ်ပြီး ဘန်ကောက်မြို့ CentralWorld အပြင်ဘက်က နာမည်ကြီး အချစ်နတ်ကွန်း (Shrine of Love - Trimurti) မှာ ကြာသပတေး ကနေ စနေနေ့အထိ၊ ည ၈ နာရီကနေ သန်းခေါင်ယံအထိ အခမဲ့ Event ကြီးတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒီ Campaign ရဲ့ မဟာဗျူဟာမြောက် အချက်တွေကို ကြည့်မယ်ဆိုရင်...

၁။ The Core Insight
Gen Z တွေအတွက် ရာသီခွင် (Zodiac signs) ဆိုတာ အပျင်းပြေ စကားစမြည်ပြောဖို့ သက်သက်မဟုတ်တော့ပါဘူး။ သူတို့ရဲ့ Relationship တွေမှာ "ဒီလူနဲ့ ငါနဲ့ ဓာတ်ကိုက်ရဲ့လား " ဆိုတာကို ဆုံးဖြတ်ပေးတဲ့ အဓိက အရာဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ် Data တွေအရ ထိုင်းနိုင်ငံက Tinder User တွေထဲမှာ Leo (ခြင်္သေ့ရာသီဖွား) က နံပါတ် ၁ အများဆုံးဖြစ်ပြီး၊ Libra (ချိန်ခွင်) နဲ့ Scorpio (ဗြိစ္ဆာ) တို့က ဒုတိယနဲ့ တတိယ နေရာမှာ ရှိနေတာက ဒီ Insight ကို သက်သေပြနေပါတယ်။ Tinder က ဒါကို ကောင်းကောင်းအသုံးချသွားတာပါ။

၂။ The Big Idea & Timing
"Trimurti နတ်ကွန်း ပိတ်သွားပေမယ့်၊ သင့်ရဲ့ ဖူးစာရေးရာ တံခါးကတော့ ပွင့်နေဆဲပါ" ဆိုတဲ့ Idea က အရမ်းထိမိပါတယ်။ လူတွေ အချစ်ရေးဆုတောင်းလေ့ရှိတဲ့ နေရာကို ရွေးချယ်ပြီး၊ နတ်ကွန်းပိတ်သွားတဲ့ ညဘက် After-hours အချိန်မှာ Gen Z တွေအတွက် ဖူးစာရှင်ရှာဖို့ Space တစ်ခု ဖန်တီးပေးလိုက်တာက တကယ့်ကို Brilliant ဖြစ်တဲ့ ချဉ်းကပ်မှုပါ။

၃။ The Conversion Strategy
ဒီပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လာလို့ရတယ်။ ဒါပေမဲ့ ဒီအတိုင်း ပေးမဝင်ပါဘူး။ "Tinder App ထဲမှာ Astrology Mode အချက်အလက်တွေ ဖြည့်ထားတဲ့ Profile ကို ပြနိုင်မှသာ" ဝင်ခွင့်ရမှာပါ။ ဒါဟာ Offline Event ကို အသုံးချပြီး သူတို့ရဲ့ App Feature အသစ်ကို User တွေ အသုံးပြုလာအောင် (Feature Adoption) Force လုပ်သွားတဲ့ အလန်းစား ဗျူဟာပါပဲ။

၄။ The Experience
ပွဲထဲရောက်သွားရင်လည်း အချစ်စွမ်းအင်တွေ နှိုးဆွဖို့ Activity (၄) မျိုး ပြင်ဆင်ပေးထားပါတယ်။ (အဓိက Highlight အနေနဲ့-)
Fortune Readings: TikTok မှာ နာမည်ကြီးနေတဲ့ ဗေဒင်ဆရာတွေနဲ့ ကိုယ့်ရဲ့ ဖူးစာအကြောင်း တိုက်ရိုက်ထိုင်မေးလို့ရမယ်။
DIY Custom Charms: ကိုယ့်ရဲ့ ရာသီခွင်နဲ့ ကိုယ်လိုချင်တဲ့ အချစ်ရေးပုံစံပေါ် မူတည်ပြီး ကိုယ်ပိုင် အဆောင်လက်ပတ် လေးတွေ ဖန်တီးနိုင်မယ်။

ဒီ Campaign ဟာ Online App တစ်ခုက Offline Culture ကို ဘယ်လိုမျိုး အံဝင်ခွင်ကျ ပေါင်းစပ်ပြီး ၊ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို App ပေါ်က Feature အသစ်ဆီ ဘယ်လို ဆွဲခေါ်သွားလဲ ဆိုတာကို ပြသနေတဲ့ အကောင်းဆုံး Case Study တစ်ခုပဲ ဖြစ်ပါတယ်။

#မားကတ်တင်းမိတ်ဆွေ

12/05/2026

🎉 Marketing လောကထဲ ခြေလှမ်းစချင်တဲ့ ညီငယ်၊ ညီမငယ်တို့အတွက် သတင်းကောင်း! 🚀

ကြော်ငြာတွေကို မြင်ရင် ဘယ်လိုလုပ်ထားတာလဲဆိုပြီး စိတ်ဝင်စားနေတတ်လား?
Social Media မှာ အမြဲ Update ဖြစ်ပြီး Trend တွေကို စောင့်ကြည့်ရတာ ဝါသနာပါလား?
ဒါဆိုရင်တော့ EVO Marketing Myanmar ကနေ ဖိတ်ခေါ်နေတဲ့
Account Executive Internship (Paid Internship) Full Time - 3 Months Programက စောင့်ကြိုနေပါပြီ! 😉

👇 ဘယ်လိုသူမျိုးတွေ လျှောက်သင့်လဲ?

Creative ဖြစ်တဲ့ ကြော်ငြာတွေကို စိတ်ဝင်စားတဲ့သူ 💡
Social Media Marketing အပိုင်းကို လေ့လာချင်၊ ပျော်မွေ့ချင်သူ 📱
လူတွေနဲ့ စကားပြောရတာ ဝါသနာပါပြီး Communication အလန်းစားနဲ့ ဆက်ဆံဖို့ Ready ဖြစ်နေတဲ့သူ 🗣️
AI နည်းပညာတွေနဲ့ နောက်ဆုံးပေါ် Trend တွေကို အမြဲ စူးစမ်းချင်တဲ့ တက်ကြွတဲ့ ညီငယ်၊ ညီမငယ်တွေ 🤖✨

🎓 ဒီ Internship လေးကနေ ဘာတွေ သင်ယူရမလဲ? (ပညာတွေ အများကြီး ရမှာနော်!)

Agency Life: Marketing Agency တစ်ခုရဲ့ တကယ့် အလုပ်လုပ်ကိုင်ပုံ အဆင့်ဆင့်ကို လက်တွေ့ ထိတွေ့ရမယ်။
Creative Ads: Social Media အတွက် လူစိတ်ဝင်စားမှု များစေမယ့် ကြော်ငြာတွေ ဘယ်လို ဖန်တီးရမလဲ ဆိုတဲ့ အနုပညာ။
Pro Communication: Team Member အချင်းချင်းသာမက Client တွေနဲ့ပါ ချောမွေ့အောင်မြင်တဲ့ Communication တည်ဆောက်နည်း။
Super Skills: Management ပိုင်းတွေ၊ အလုပ်တွေ အများကြီး တစ်ပြိုင်နက် လုပ်နိုင်မယ့် Multi-tasking Skill တွေနဲ့ Project တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင် Handling လုပ်နည်းတွေ။

📌 သိထားရမယ့် အချက်အလက်လေးတွေကတော့ -
Work from Home ဖြစ်သည့်အတွက် - Laptop, Wifi, Electricity ရှိဖို့တော့မဖြစ်နေလိုပါမယ်။
Office Hours: 9:00 AM to 5:30 PM
(အိမ်မှာနေရင်း အေးဆေး အလုပ်လုပ်လို့ရမယ့် Work from Home ပါပဲ 🏡)
Holidays: Saturday, Sunday and Public Holidays
(အလုပ်လုပ်ချိန် လုပ်၊ နားချိန်သေချာ နားမယ် 🏖️)

🗓️ နောက်ဆုံးထား လျှောက်ထားရမယ့်ရက်: May 31
📩 ဘယ်လိုလျှောက်ရမလဲ?
ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ ကိုယ့်ရဲ့ CV Form ပြည့်ပြည့်စုံစုံလေးကို
[email protected]
CC to ( [email protected] ) သို့ တိုက်ရိုက် ပေးပို့ လျှောက်ထားလိုက်တော့နော်!

EVO ​Marketing Myanmar နဲ့ အတူတူ ပျော်ပျော်ပါးပါး အလုပ်လုပ်ရင်း
ပညာတွေ အတူတူ သင်ယူကြမယ်! 🥳
အမြန်ဆုံး လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -


Send a message to learn more

၆၀ စက္ကန့်အတွင်း "Hard Sell" မဆန်ဘဲ ဖောက်သည်ရဲ့ စိတ်ကို ဖမ်းစားမယ့် S.T.Q Model Client အသစ်တွေ၊ Prospect (အလားအလာရှိသော ...
27/04/2026

၆၀ စက္ကန့်အတွင်း "Hard Sell" မဆန်ဘဲ
ဖောက်သည်ရဲ့ စိတ်ကို ဖမ်းစားမယ့် S.T.Q Model

Client အသစ်တွေ၊ Prospect (အလားအလာရှိသော ဖောက်သည်) တွေနဲ့ စတွေ့တဲ့အခါ
"ကိုယ့်လုပ်ငန်းအကြောင်း ဘယ်လိုစပြောရမလဲ" ဆိုတာက Sales & Marketing သမားတိုင်း ကြုံရတဲ့ အခက်အခဲပါ။ ကိုယ့်ပစ္စည်းအကြောင်းချည်းပဲ ပြောနေရင် အတင်းရောင်းချင်နေတယ် (Pushy) လို့ ထင်သွားမယ်၊ ဘာမှမပြောရင်လည်း အခွင့်အရေး ဆုံးရှုံးမယ်။

စကားစမြည် စတင်ပုံကောင်းမှသာ သင့်ရဲ့ "Story" ကို ဖောက်သည်က ဆက်နားထောင်မှာပါ။
ဒါကြောင့် ၃၀ - ၆၀ စက္ကန့်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဖောက်သည်ကို
"ရပ်ပြီး နားထောင်သွားအောင်၊ ပြီးတော့ ဆက်သိချင်လာအောင်"
လုပ်နိုင်မယ့် ကျွန်တော်ဖတ်မိခဲ့တဲ့ S.T.Q Model ကို မျှဝေပေးပါရစေ။

💡 S.T.Q Model အဆင့် (၃) ဆင့်
S = STORY (ဇာတ်လမ်းစတည်ခြင်း)
ပရိုဆန်ဆန် ဝင်မပြောဘဲ၊ ဖောက်သည်နဲ့ ရင်းနှီးမှုရစေမယ့် ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းလေးတစ်ခုနဲ့ စပါ။ အထူးသဖြင့် သူ့ရဲ့ Brand ဒါမှမဟုတ် လုပ်ငန်းနဲ့ သင့်အကြားက Connection
(ဥပမာ - သူ့ Product ကို ဘယ်လိုသုံးဖြစ်ခဲ့တယ် ဆိုတာမျိုး) ကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြပါ။

T = TIE-IN (ချောမွေ့စွာ ချိတ်ဆက်ခြင်း)
ဒီနေရာမှာ "ကျွန်တော်တို့က ဘာလုပ်တာပါ" ဆိုပြီး ဇွတ်မရောင်းပါနဲ့။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ရှေ့က Story နဲ့ သဘာဝကျကျချိတ်ဆက်လိုက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ Hard Sell မဆန်တဲ့ ချဉ်းကပ်မှုဖြစ်ရပါမယ်။ အကောင်းဆုံးကတော့ သင့်စကားအဆုံးမှာ တဖက်လူက "ဒါဆို ခင်ဗျားတို့က ဘယ်လိုမျိုး ဝန်ဆောင်မှုပေးတာလဲ" ဆိုပြီး ပြန်မေးလာအောင် လုပ်နိုင်ဖို့ပါပဲ။

Q = QUESTION (အတွေးချဲ့စေမယ့် မေးခွန်း)
အဆုံးသတ်မှာ "ဝယ်မလား" လို့ မမေးပါနဲ့။ သူတို့ရဲ့ ပြဿနာ ဒါမှမဟုတ် လိုအပ်ချက်ကို သူတို့ကိုယ်တိုင် မြင်ယောင်သွားစေမယ့်၊ ဆက်ပြီး စကားပြောချင်လာအောင် ဆွဲဆောင်နိုင်မယ့် မေးခွန်းမျိုးနဲ့ အဆုံးသတ်ပါ။

S.T.Q Model သာ အလုပ်မဖြစ်ခဲ့ရင် (ဖောက်သည်ကို Hook မလုပ်နိုင်ခဲ့ရင်)၊ ဘယ်လောက်ပဲ နက်နဲတဲ့ Brand Story ကို ပြောပြပြောပြ သူတို့က နားထောင်မှာ မဟုတ်ပါဘူး။ S.T.Q ဆိုတာ ဖောက်သည်ကို သင့်အနား တိုးလာအောင် ဆွဲငင်တဲ့ သံလိုက်တစ်ခုပါ။

Marketer ညီအစ်ကိုတွေအတွက် S.T.Q Model ဆိုတာကို အသုံးတည့်မယ်လို့မျှော်လင့်မိပါတယ်။

(Source: Essential Story Selling Live Class မှ အချက်အလက်များကို ​Marketer ညီကိုတွေအတွက်ပြန်လည်မျှဝေထားပါသည်)

#မားကတ်တင်းမိတ်ဆွေ

အရပ်ထဲမှာ ဘယ်အိမ်က လင်မယားရန်ဖြစ်နေလဲ၊ ဘယ်သူနဲ့ ဘယ်သူနဲ့ တွဲနေလဲ၊ ဘယ်အိမ်က ဟင်းနံ့က ဘယ်လိုဆိုတာ အစ အကုန်သိတဲ့ စပ်စုတတ်တဲ...
06/04/2026

အရပ်ထဲမှာ ဘယ်အိမ်က လင်မယားရန်ဖြစ်နေလဲ၊ ဘယ်သူနဲ့ ဘယ်သူနဲ့ တွဲနေလဲ၊ ဘယ်အိမ်က ဟင်းနံ့က ဘယ်လိုဆိုတာ အစ အကုန်သိတဲ့ စပ်စုတတ်တဲ့ အန်တီကြီးတွေ ရှိတယ်မလား?
အာစိတို့ လုပ်ငန်းအတွက် Marketing Director ခန့်ချင်ရင် အဲ့ဒီအန်တီကြီးတွေကို သွားခေါ်လို့ရတယ်ဗျ။ (ဟာသပြောတာနော် 😂)

ဒါပေမဲ့ တကယ့်အစစ်အမှန် Marketing လောကမှာတော့ အဲ့ဒီလို "စပ်စုချင်တဲ့ စိတ်" က အသက်ပါပဲ။ Customer တွေရဲ့ အကြောင်းကို မစပ်စုဘဲ ပစ္စည်းရောင်းဖို့ ကြိုးစားတာက မျက်လုံးပိတ်ပြီး မြှားပစ်နေသလိုပါပဲ။

Marketing မှာ "ငါ့ပစ္စည်းက ဘယ်လောက်ကောင်းကြောင်း" ကြွားဖို့ထက်၊ "ဝယ်မယ့်သူတွေက ဘယ်သူတွေလဲ၊ ဘာတွေ ခံစားနေရလဲ" ဆိုတာကို အရင်စပ်စုတတ်ဖို့ လိုပါတယ်။ လူကိုသိမှ ဆေးသိမှာပေါ့ အာစိရာ။

အာစိတို့ စပ်စုရမယ့် အဓိက (၃) ချက် ရှိပါတယ်။

၁️ - သူတို့ ဘာတွေ ပူပန်နေလဲ စပ်စုပါ 🤕
ကိုယ့် Target Audience တွေ ညဘက် အိပ်မပျော်အောင် ဘာတွေက ဒုက္ခပေးနေလဲ?
ဥပမာ - ဝက်ခြံပျောက်ဆေး ရောင်းမယ်ဆိုရင် "ကျွန်တော်တို့ ဆေးက ဘာတွေပါတယ်" လို့ ရိုးရိုးကြီး ပြောမယ့်အစား၊ ဝက်ခြံကြောင့် ကောင်လေး/ကောင်မလေး ရှေ့မှာ ဘယ်လောက် Confidence ကျနေရလဲ ဆိုတဲ့ သူတို့ရဲ့ ရင်တွင်းဖြစ်ကို အရင်စပ်စုပါ။ သူတို့ရဲ့ ပြဿနာကို သေချာသိမှ ကိုယ့် Product က "ကယ်တင်ရှင်" အဖြစ် ဝင်သွားလို့ ရမှာပါ။

၂️ - သူတို့ ဘယ်မှာ အချိန်ဖြုန်းလဲ စပ်စုပါ🕵️‍♂️
ကိုယ့် Customer တွေက Facebook ပေါ်မှာ နေတာလား? TikTok မှာ ကနေတာလား? ရပ်ကွက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတာလား? သူတို့မရှိတဲ့ နေရာမှာ သွားပြီး ကြော်ငြာနေရင် ပိုက်ဆံသာကုန်မယ်၊ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ရှိမယ့်နေရာကို စပ်စုပြီး အဲ့ဒီနေရာမှာ သွားဝဲနေရမယ်။

၃️ - သူတို့ ဘာစကားလုံးတွေ သုံးလဲ စပ်စုပါ 🗣️
Customer တွေက "ရှယ်မိုက်တယ်၊ အလန်းစားပဲ" လို့ သုံးနေတဲ့အချိန်မှာ ကိုယ်က "အလွန်တရာ ကောင်းမွန်လှပါသည်" သွားရေးနေရင် အံချော်နေပြီလေ။ သူတို့ပြောတဲ့ စကား၊ သူတို့ကြိုက်တဲ့ Trend၊ သူတို့သုံးတဲ့ Myanglish တွေကို စပ်စုပြီး ကိုယ့် Content တွေထဲမှာ လိုက်သုံးတတ်ရမယ်။

ဒီနေ့ပဲ ကိုယ့် Page ရဲ့ Comment တွေ၊ Chatbox က Message တွေကို သေချာပြန်ဖတ်ကြည့်ပါ။ Customer တွေ အများဆုံး မေးတဲ့မေးခွန်း၊ အများဆုံး ညည်းတွားနေတဲ့ အချက်က ဘာလဲဆိုတာ စပ်စုကြည့်ပါ။ အဲ့ဒါက အာစိတို့ နောက်ထပ်ရေးရမယ့် Content အတွက်၊ နောက်ထပ်ရောင်းရမယ့် Product အတွက် "ရွှေတွင်း" ပါပဲ။

Marketing ဆိုတာ "ငါ့အကြောင်း ငါပြောမယ်" ဆိုတာထက် "မင်းအကြောင်း ငါသိတယ်၊ မင်းအတွက် ငါကူညီပေးမယ်" ဆိုပြီး ချဉ်းကပ်ရတဲ့ ကစားကွက်ပါ။

ကဲ... အာစိတို့ရော ကိုယ့် Customer တွေရဲ့ အကြောင်းကို ဘယ်လောက်ထိ စပ်စုပြီးပြီလဲ? ဒါမှမဟုတ် ကိုယ့်ပစ္စည်းကောင်းကြောင်းပဲ ထိုင်ကြွားနေတုန်းလား? မစပ်စုရသေးဘူးဆိုရင် စပ်စုမပုလုပ်ကြည့်လိုက်တော့။

#မားကတ်တင်းမိတ်ဆွေ

04/04/2026

Songkran မှာ ရေလည်းစို၊ ဗိုက်ကဆာ၊ ဖိနပ်ကလည်းချော် ဒါတွေကို
KFC Thailand က ဘယ်လို Marketing Strategy နဲ့ ဖြေရှင်းပေးလိုက်လဲ? 💦🍗

Songkran က ပျော်ဖို့အကောင်းဆုံး အချိန်ဆိုပေမယ့် တကယ့်လက်တွေ့မှာ ရင်ဆိုင်ရတဲ့ ပြဿနာလေးတွေ ရှိပါတယ်။ သူငယ်ချင်းတွေ စုပြီး ရေကစားထွက်ပြီဆိုပါစို့...

၁။ "ဘာစားမလဲ" ပြဿနာ: လူများရင် အကြိုက်ကမတူတော့ဘူး။ ဟိုဟာစားမယ်၊ ဒီဟာစားမယ်နဲ့ ငြင်းရတာက တစ်ပွဲ။
၂။ "ဖိနပ်ပြတ်တဲ့" ပြဿနာ: လူအုပ်ထဲတိုး၊ ရေတွေစို၊ တစ်ယောက်ယောက်က နင်းမိသွားရင် အမြတ်တနိုးစီးလာတဲ့ ဖိနပ်လေး ပြတ်သွားတာက တစ်ပူ/ ဂွင်းထိုးစီးမိရင်တော့ ချော်ပြီးဝင်သွားလို့ထုတ်ရခက်ပြီ။
၃။ "တစ်ယောက်တည်းသမား" ပြဿနာ: အဖွဲ့မကျလို့၊ ဒါမှမဟုတ် ရည်းစားမရှိလို့ တစ်ယောက်တည်း လည်ရတဲ့အခါ အများကြီးဝယ်စားဖို့ အဆင်မပြေတာက တစ်ကြောင်း။

ဒီလို "Songkran Pain Points" တွေကို သေချာမြင်တဲ့ KFC Thailand က ဒီနှစ် ၂၀၂၆ Songkran ပရိုမိုးရှင်းကို ရိုးရိုးကြီးမလုပ်ဘဲ အရမ်းမိုက်တဲ့ Idea နဲ့ ထွက်လာပါတယ်။

🍗 KFC ရဲ့ ပြဿနာဖြေရှင်းပုံ (The Case Study)
၁။ ဖိနပ်ပြတ်တဲ့ ပြဿနာကို KFC x Nanyang နဲ့ ရှင်းမယ် 🩴
ရေကစားရင်း ဖိနပ်ပြတ်တတ်တဲ့ Pain Point ကို ဖြေရှင်းဖို့ ထိုင်းရဲ့ နာမည်ကြီး အကြမ်းခံဖိနပ် Brand ဖြစ်တဲ့ Nanyang နဲ့ ပူးပေါင်းပြီး "ဆင်စီးနေတဲ့ ကာနယ်ကြက်ကြော်ဖိုးဖိုး" ညှပ်ဖိနပ် (Limited Edition) ကို ထုတ်လိုက်ပါတယ်။ စားစရာမှာရင် ၉၉ ဘတ်တည်း ထပ်ပေးတာနဲ့ ရပြီဆိုတော့ ရေကစားထွက်ဖို့ ဖိနပ်မပါလာရင်တောင် ချက်ချင်းဝယ်စီးလို့ရသွားသလို၊ စုဆောင်းချင်သူတွေအတွက်လည်း ဆွဲဆောင်မှုတစ်ခု ဖြစ်သွားပါတယ်။

၂။ ဘာစားရမလဲ ငြင်းနေရတဲ့ ပြဿနာကို Buckets တွေနဲ့ ရှင်းမယ် 🪣
သူငယ်ချင်းတွေ ငြင်းမနေနဲ့ဆိုပြီး Songkran Bucket (၂၉၉ ဘတ်) နဲ့ Holiday Bucket (၃၉၉ ဘတ်) တွေ ထုတ်ပေးလိုက်ပါတယ်။ ကြက်ကြော်၊ အစပ်ကြော်၊ နပ်ဂတ်၊ အာလူးကြော် အစုံပါတော့ "နင်ဒါစား၊ ငါဟိုဟာစားမယ်" ဆိုပြီး ရွေးချယ်ရခက်တဲ့ ပြဿနာကို တစ်ခါတည်း ရှင်းပေးလိုက်တာပါ။

၃။ FA တွေအတွက် The Box Joy Joy 🍟
တစ်ယောက်တည်းသမားတွေအတွက်လည်း ချန်မထားပါဘူး။ အစုံအလင်ကို တစ်ယောက်စာ အနေတော်လေး ထည့်ပေးထားတဲ့ The Box Joy Joy (၁၅၉ ဘတ်) ကိုပါ ထုတ်ပေးထားတာမို့ ဗိုက်ဆာရင် ဝင်သာစားလိုက်တော့ပါပဲ။

ကျွန်တော့်လို ကြော်ငြာချစ်သူတွေအတွက်
ယခုကြော်ငြာလေးကိုလွယ်လွယ်ကူကူပြန်လည်ကြည့်ရှုလို့ရအောင်
KFC Thailand မှ ပြန်လည်ကူးယူဝေမျှပေးလိုက်ပါတယ်။

( စကားပြောလေးတွေကို နားလည်လွယ်အောင် Auto Translate လုပ်ပေးထားလို့ အမှားပါသွားရင်လည်းခွင့်လွှတ်ပါ )

#မားကတ်တင်းမိတ်ဆွေ

ที่อยู่

Bangkok

เบอร์โทรศัพท์

+66819860124

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wunna Wa Khaungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Wunna Wa Khaung:

แนะนำ

แชร์