Shwe Link ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shwe Link, หน่วยงานให้คำปรึกษา, summer Hill building , 1106 Sukhumvit Rd, Khlong Toei, Bangkok, Bangkok.

ထိုင်းနိုင်ငံရောက် မြန်မာများ (အလုပ်လုပ်သူ၊ student၊ tourist) အတွက် visa၊ work permit၊ မြန်မာသံရုံးဆိုင်ရာနှင့် အခြားဥပဒေရေးရာ အကူအညီများကို ShweLink က ကူညီဆောင်ရွက်ပေးနေပါတယ်။ Online App သို့မဟုတ် ရုံးခန်းတွင် ယုံကြည်စိတ်ချစွာ လာရောက်တိုင်ပင်နိုင်ပါတယ်။

ဝေါ့ပါမစ်ကဒ် Q မရ၊ ပွဲစားဆက်မရရင် ဒီလိုလုပ်ပါ။ 🇹🇭💡ဘတ်ရိုက်ဖို့ ရက်ချိန်း (Q) လည်း ကျမလာသေးသလို အပ်ထားတဲ့ ပွဲစားပါ ဆက်သွယ...
20/09/2026

ဝေါ့ပါမစ်ကဒ် Q မရ၊ ပွဲစားဆက်မရရင် ဒီလိုလုပ်ပါ။ 🇹🇭💡

ဘတ်ရိုက်ဖို့ ရက်ချိန်း (Q) လည်း ကျမလာသေးသလို အပ်ထားတဲ့ ပွဲစားပါ ဆက်သွယ်လို့ လုံးဝမရတော့ဘဲ စိတ်ပူနေရတယ်ဆိုရင် ကိုယ်တိုင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ် -

အဆင့် (၁) ငွေချေစာရွက် (Receipt) အရင်စစ်ပါ။
ငွေသွင်းထားတဲ့ (၉၀၀) တန်ပြေစာနဲ့ (၁၀၀) တန်စာရွက်ပေါ်မှာ ကိုယ်ပြုလုပ်ထားတဲ့ ကုမ္ပဏီရဲ့ နာမည်အပြင် ဖုန်းနံပါတ် သို့မဟုတ် Email လိပ်စာတွေ ပါလေ့ရှိပါတယ်။ (အချို့သော ကုမ္ပဏီများတွင် ဘော်နော်ကျော် / စာရွက်စာတမ်း တာဝန်ခံ ကိုယ်စားလှယ်များ ရှိတတ်ကြပါသည်။)
အဆင့် (၂) ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပါ။
ထိုင်းစကားပြောတတ်သူတစ်ဦးဦးနဲ့ အကူအညီယူပြီး အဆိုပါ ဖုန်းနံပါတ်ထံ ဆက်သွယ်ပါ။
အဆင့် (၃) အကူအညီတောင်းခံပါ။
"ပွဲစားနဲ့ အဆက်အသွယ်ပြတ်နေလို့ Q ရက်ချိန်းလေး ကူယူပေးပါ၊ လိုအပ်တဲ့ ဝန်ဆောင်ခ/ကုန်ကျစရိတ်ကို ကျခံပါ့မယ်" ဆိုပြီး သေချာရှင်းပြကာ တိုက်ရိုက် အကူအညီ တောင်းကြည့်နိုင်ပါတယ်။

ထိုင်စောင့်နေရုံနဲ့ မထူးတော့တဲ့ အခြေအနေမျိုးမှာ ကိုယ့်လက်ထဲက စာရွက်စာတမ်းပေါ်က အချက်အလက်တွေကို အသုံးချပြီး ကိုယ်တိုင် ခြေလှမ်းစတင်လိုက်တာ အကောင်းဆုံးပါပဲ။

Work Permit ဆိုင်ရာ အခက်အခဲများ၊ စာရွက်စာတမ်း ပြဿနာများနှင့် ပတ်သက်၍ အကြံဉာဏ် ရယူလိုပါကလည်း ကျွန်တော်တို့ Shwe Link Chat Box သို့ အခုပဲ လာရောက် ဆွေးနွေး တိုင်ပင်နိုင်ပါပြီခင်ဗျာ။ 🤝✨

"ဘတ်တင်မယ်ဆိုရင် Shwe Link" 🌟

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းရောက်မြန်မာလုပ်သားများ #ဘတ်Qယူနည်း #ဝေါ့ပါမစ် #ဘတ်အလုပ်သမားများ #ဘတ်တင်မယ်ဆိုရင်ShweLink

ဘတ်ရှိရုံနဲ့ ဘယ်နေရာ၊ ဘယ်အလုပ်မဆို လုပ်လို့ရပြီလား?Work Permit (ဘတ်) ရရှိထားပြီဆိုတာနဲ့ ထိုင်းတစ်နိုင်ငံလုံး ဘယ်နေရာ၊ ဘယ...
19/09/2026

ဘတ်ရှိရုံနဲ့ ဘယ်နေရာ၊ ဘယ်အလုပ်မဆို လုပ်လို့ရပြီလား?

Work Permit (ဘတ်) ရရှိထားပြီဆိုတာနဲ့ ထိုင်းတစ်နိုင်ငံလုံး ဘယ်နေရာ၊ ဘယ်ဆိုင်မှာမဆို စိတ်ကြိုက် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိပါ။

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အောက်ပါအချက်များနှင့် လက်တွေ့လုပ်ငန်းခွင် အမြဲကိုက်ညီနေဖို့ လိုအပ်ပါတယ်။

- ဘတ် (Work Permit) ထဲမှာ ဖော်ပြထားတဲ့ အလုပ်ရှင်အမည်၊ အလုပ်လုပ်ကိုင်ရာ တည်နေရာနှင့် လုပ်ငန်းရာထူး အမျိုးအစားတို့သည် လက်တွေ့လုပ်ကိုင်နေသည့် အခြေအနေနှင့် တိကျစွာ ကိုက်ညီနေရပါမည်။

- လုပ်ငန်းခွင် တည်နေရာ ပြောင်းရွှေ့ခြင်း သို့မဟုတ် အလုပ်ရှင် ပြောင်းလဲခြင်းများ ရှိလာပါက သက်ဆိုင်ရာ အလုပ်သမားရုံး (DOE) တွင် စာရင်းအချက်အလက်များ အချိန်မီ သွားရောက် ပြင်ဆင်ဖြည့်စွက်ထားရန် အထူးလိုအပ်ပါသည်။

အချက်အလက် မကိုက်ညီဘဲ လုပ်ကိုင်နေပါက ဌာနဆိုင်ရာ စစ်ဆေးမှုများကြုံလာခဲ့ရတဲ့အခါ ဥပဒေအရ အရေးယူခံရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အလုပ်ရှင်ပြောင်းခြင်း၊ လုပ်ငန်းတည်နေရာ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် စာရွက်စာတမ်း လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ စိတ်ချလက်ချ ဆောင်ရွက်နိုင်ဖို့ Shwe Link Messenger မှာ အခုပဲ လာရောက် ဆွေးနွေး ဝန်ဆောင်မှုရယူနိုင်ပါတယ်ခင်ဗျာ။ 🤝✨

"ဘတ်တင်မယ်ဆိုရင် Shwe Link" 🌟

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းအလုပ်သမားဥပဒေ #ဘတ်အချက်အလက်ပြင်ဆင်ခြင်း #ထိုင်းရောက်မြန်မာလုပ်သားများ #ဝေါ့ပါမစ် #ဘတ်တင်မယ်ဆိုရင်ShweLink

90 Days report ဘယ်နှစ်ရက်အလိုကတည်းက ပြုလုပ်ထားရမလဲ?ထိုင်းနိုင်ငံမှာ ရေရှည်ဗီဇာတွေနဲ့ နေထိုင်နေကြသူများအတွက် ရက် ၉၀ (90-d...
18/09/2026

90 Days report ဘယ်နှစ်ရက်အလိုကတည်းက ပြုလုပ်ထားရမလဲ?

ထိုင်းနိုင်ငံမှာ ရေရှည်ဗီဇာတွေနဲ့ နေထိုင်နေကြသူများအတွက် ရက် ၉၀ (90-day notification) သတင်းပို့ဖို့ ရက်စွဲအတိအကျနဲ့ ကိုယ်တိုင်ကိုယ်ကျ immigration ဆီ အပြေးအလွှား သွားရောက်လုပ်ဆောင်စရာ မလိုပါဘူး။

သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ သတင်းပို့နိုင်တဲ့ အချိန်ကာလအပိုင်းအခြားတွေကတော့ -

သတ်မှတ်ရက် မတိုင်ခင် - (၁၅) ရက် ကြိုတင်ပြီး သတင်းပို့နိုင်ပါသည်။
သတ်မှတ်ရက် ကျော်လွန်သွားပါက - ကျော်လွန်ပြီး (၇) ရက်အတွင်း ပြုလုပ်နိုင်ပါတယ်။

အကယ်၍ သတ်မှတ်ကာလထက် ကျော်လွန်သွားပါက ရက်လွန်ကြေးပေးဆောင်ရမှာဖြစ်တာကြောင့် မလိုအပ်တဲ့ ကုန်ကျမှုတွေမဖြစ်အောင် ရက်မလွန်မီ ကြိုတင်ပြုလုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

90 Days report တင်တာကို အွန်လိုင်းမှတစ်ဆင့် စိတ်ချလက်ချ ဆောင်ရွက်လိုရင်တော့ ကျွန်တော်တို့ Shwe Link သို့ အခုပဲဆက်သွယ်ပြီး ဝန်ဆောင်မှုရယူနိုင်ပါပြီခင်ဗျာ။ 🤝✨

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းရက်၉၀သတင်းပို့ခြင်း #လဝကသတင်းပို့ #ထိုင်းရောက်မြန်မာများ #ဗီဇာဝန်ဆောင်မှု

18/09/2026

ဝေါ့ပါမစ် သက်တမ်းတိုးဖို့ ဘာတွေလိုအပ်လဲ?

သက်တမ်းတိုး စတင် ဆောင်ရွက်လိုပါက Shwe Link သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 🤝✨

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞

#ထိုင်းရောက်မြန်မာလုပ်သားများ #ဘတ်သက်တမ်းတိုး #ဝေါ့ပါမစ်သက်တမ်းတိုး #ဘတ်တင်မယ်ဆိုရင်ShweLink

17/09/2026

Work Permit သက်တမ်းတိုးအတွက် လိုအပ်တာတွေ။

သက်တမ်းတိုး စတင် ဆောင်ရွက်လိုပါက Shwe Link သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 🤝✨

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞

#ထိုင်းရောက်မြန်မာလုပ်သားများ #ဘတ်သက်တမ်းတိုး #ဝေါ့ပါမစ်သက်တမ်းတိုး #ဘတ်တင်မယ်ဆိုရင်ShweLink

PJ to PJ passport သက်တမ်းတိုးမည့်သူများအတွက် နောက်ဆုံးရသတင်း။ 📢မြန်မာသံရုံးဗန်ကောက်နှင့် ချင်းမိုင်ကောင်စစ်ဝန်ရုံးတို့တွ...
17/09/2026

PJ to PJ passport သက်တမ်းတိုးမည့်သူများအတွက် နောက်ဆုံးရသတင်း။ 📢

မြန်မာသံရုံးဗန်ကောက်နှင့် ချင်းမိုင်ကောင်စစ်ဝန်ရုံးတို့တွင် PJ to PJ သက်တမ်းတိုး လျှောက်ထားခြင်းအတွက် နောက်ဆုံးရ သတင်းများအရ အောက်ပါအတိုင်း လက်ခံဆောင်ရွက်ပေးလျက် ရှိပါသည် -

သက်တမ်းကုန်ဆုံးရက် ကန့်သတ်ချက် - ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ သက်တမ်းကုန်မည့် စာအုပ်များကိုသာ သက်တမ်းတိုး လျှောက်ထားခွင့် ပြုထားပါသည်။ မတ်လ ၂၀၂၇ ခုနှစ် နှင့် နောက်ပိုင်း ကုန်ဆုံးမည့် စာအုပ်များကို လက်မခံသေးပါ။
လက်ခံပေးသည့် ဗီဇာအမျိုးအစား - တရားဝင် Non-LA Visa သို့မဟုတ် Non-B Visa ကိုင်ဆောင်ထားသူများကိုသာ စိစစ်လက်ခံ ဆောင်ရွက်ပေးနေပါသည်။

သတ်မှတ်ထားသည့် "သက်တမ်း ကန့်သတ်ချက်" နှင့် "ဗီဇာအမျိုးအစား" မကိုက်ညီဘဲ သွားရောက် လျှောက်ထားပါက အချိန်နှင့် ကုန်ကျစရိတ်များ အချည်းနှီး ဖြစ်သွားနိုင်သည့်အတွက် မိမိ၏ Passport စာအုပ်အား မဖြစ်မနေ ကြိုတင် စစ်ဆေးထားကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

မိမိ၏ စာအုပ်သက်တမ်းသည် လက်ခံသည့် အကျုံးဝင်မှုတွင် ပါဝင်ခြင်း ရှိ/မရှိနှင့် အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် Shwe Link သို့ အခုပဲ တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါပြီခင်ဗျာ။ 🤝✨

"ဘတ်တင်မယ်ဆိုရင် Shwe Link" 🌟

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းရောက်မြန်မာများ #ပတ်စပို့သက်တမ်းတိုး ာအုပ် #သံရုံးသတင်း #ဘတ်တင်မယ်ဆိုရင်ShweLink

16/09/2026

၁၁. ၁၂. ၂၀၂၆ ဝေါ့ပါမစ် သက်တမ်းတိုးအဖွဲ့ လက်ရှိအခြေအနေ။

"ဘတ်တင်မယ်ဆိုရင် Shwe Link" 🌟
📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫
#ထိုင်းရောက်မြန်မာလုပ်သားများ #ဘတ်သက်တမ်းတိုး #ဝေါ့ပါမစ်သက်တမ်းတိုး #ဘတ်တင်မယ်ဆိုရင်ShweLink

ပတ်စပို့အသစ်နဲ့ ထိုင်းကို ပထမဆုံးလာမယ့်သူတွေအတွက် ဗီဇာ (၃) မျိုး!ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ဖို့ စဉ်းစားနေတယ်...
16/09/2026

ပတ်စပို့အသစ်နဲ့ ထိုင်းကို ပထမဆုံးလာမယ့်သူတွေအတွက် ဗီဇာ (၃) မျိုး!

ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်အလိုက် ဈေးအသင့်အတင့်နဲ့ လျှောက်ထားနိုင်တဲ့ ဗီဇာ (၃) မျိုး ရှိပါတယ်။

၁။ TR (Tourist Visa)
ရက်ပေါင်း (၆၀) တရားဝင် နေထိုင်ခွင့်ရရှိပြီး ထိုင်းနိုင်ငံအနှံ့ လှည့်လည် ခရီးသွားလာလိုသူများ သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေလိုသူများအတွက် အထူးသင့်လျော်ပါတယ်။

၂။ Non-LA Visa (Work Visa)
ထိုင်းနိုင်ငံမှာ ရေရှည် တရားဝင် အလုပ်လုပ်ကိုင်လိုသူများအတွက် အစိုးရ ဘတ်ဖွင့်ချိန်များတွင် အမည်စာရင်းသွင်း၍ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေမည့် ဗီဇာအမျိုးအစား ဖြစ်ပါတယ်။

၃။ ED Visa (Education Visa)
တက္ကသိုလ်အဆင့် ပညာရပ်များ တက်ရောက်သင်ကြားမည့်သူများအပြင် ဘာသာစကား သင်တန်းကျောင်းများတွင် စနစ်တကျ သင်ယူရင်း (၁) နှစ် သို့မဟုတ် (၁) နှစ်ထက်ပိုသော ကာလအထိ ထိုင်းနိုင်ငံတွင်း တရားဝင် စိတ်အေးလက်အေး နေထိုင်လိုသူများအတွက် အဆင်ပြေဆုံး ဖြစ်ပါတယ်။

ကျွန်တော်တို့ Shwe Link ကနေပြီး Visa (၃) မျိုးလုံးအတွက် ဝန််ဆောင်မှုပေးလျက်ရှိပါတယ်။ ကိုယ့်အတွက် ဘယ်ဗီဇာအမျိုးအစားက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ဆွေးနွေးတိုင်ပင်လိုရင်တော့ ကျွန်တော်တို့ Shwe Link Messenger ကို အခုပဲ ဆက်သွယ် တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။ 🤝✨

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းဗီဇာ #ပတ်စပို့အသစ် #ထိုင်းရောက်မြန်မာများ

15/09/2026

၁၁. ၁၂. ၂၀၂၆ ဝေါ့ပါမစ် သက်တမ်းတိုးအဖွဲ့ သတိထားရမယ့် အချက်တွေ။

"ဘတ်တင်မယ်ဆိုရင် Shwe Link" 🌟

📥 ဆက်သွယ်ရန် - 063 892 0531 | 062 950 3846 📞
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ထိုင်းရောက်မြန်မာလုပ်သားများ #ဘတ်သက်တမ်းတိုး #ဝေါ့ပါမစ်သက်တမ်းတိုး #ဘတ်တင်မယ်ဆိုရင်ShweLink

15/09/2026

စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထားပြီး Visa တုံးထုရမယ့် ၃ လပိုင်း ၃၁ သက်တမ်းတိုးအဖွဲ့။

📥 ဆက်သွယ်ရန် - Phone: 063 892 0531 | 062 950 3846
(Content များအား ပုံစံတူ ထပ်ဆင့် ကူးယူရေးသားခွင့် မပြုပါ) 🚫

#ဗီဇာတုံးထုခြင်း #ဝေါ့ပါမစ် #ထိုင်းရောက်မြန်မာလုပ်သားများ

ที่อยู่

Summer Hill Building , 1106 Sukhumvit Rd, Khlong Toei, Bangkok
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Linkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

แชร์