11/02/2025
ATS-Friendly Resume ဆိုတာဘာလဲ? သိထားသင့်တဲ့ အချက်များ! 🚀
အလုပ်လျှောက်တဲ့အခါ Resume ကောင်းတစ်ခုက မရှိမဖြစ်ပါပဲ။
ဒါပေမယ့် ဒီနေ့ခေတ်မှာ Resume တင်တိုင်း လူတွေက မဖတ်ကြဘူးဆိုတာ သိပါသလား? 🤔
ဘာလို့လဲဆိုတော့ ATS (Applicant Tracking System) လို့ခေါ်တဲ့ ကွန်ပျူတာစနစ်က
အရင်စစ်ဆေးလိုက်လို့ပါပဲ။
ATS-Friendly Resume ဆိုတာဘာလဲ?
ATS-Friendly Resume ဆိုတာက ကွန်ပျူတာစနစ်က အလွယ်တကူဖတ်နိုင်ပြီး အလုပ်အတွက် သင့်တော်မှုရှိမရှိ အလိုအလျောက်စစ်ဆေးနိုင်တဲ့ CV/Resume ကို ဆိုလိုတာပါ။ ဒီစနစ်က လူပေါင်းများစွာရဲ့ CV တွေကို အလွယ်တကူ စီစစ်ဖို့ ဖန်တီးထားတာပါ။
ATS-Friendly Resume ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?
1. ရိုးရှင်းသော Format
- Table, Column, Graphic စတာတွေ ရှောင်ပါ။ ATS က ဒါတွေကို မဖတ်နိုင်ပါဘူး။
- ရိုးရိုးရှင်းရှင်း Text Format နဲ့ပဲ ရေးပါ။
2. Keyword များကို အသုံးပြုပါ
- အလုပ်ကြော်ငြာမှာ ပါတဲ့ Keyword တွေကို CV/Resume ထဲမှာ ထည့်သွင်းပါ။
- ဥပမာ: "Customer Service", "Hospitality Management", "Team Leadership" စသည်ဖြင့်။
3. အချက်အလက်များ ပြည့်စုံပါစေ
- နာမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလ် စတာတွေ ထည့်ပါ။
- ပညာရေး၊ အလုပ်အတွေ့အကြုံ၊ Skill တွေကို ရှင်းလင်းစွာရေးပါ။
4. PDF ထက် Word File ကို ပိုနှစ်သက်ပါတယ်
- ATS က Word File တွေကို ပိုဖတ်နိုင်ပါတယ်။
5. ဘာကြောင့် ATS-Friendly Resume က အရေးကြီးတာလဲ?
- ATS က Resume တွေကို အလိုအလျောက်စစ်ဆေးပြီး အလုပ်အတွက် သင့်တော်တဲ့သူတွေကို ရွေးချယ်ပေးပါတယ်။
- ATS-Friendly မဟုတ်ရင် သင့် Resume က လူတွေဆီကို ရောက်မှာမဟုတ်ပါဘူး။ 😱
6. ကိုယ့်ရဲ့ CV/Resume က ATS Friendly ဟုတ်မဟုတ် ဘယ်လိုစစ်မလဲ
- ကိုယ်ပြင်ထားတဲ့ CV/Resume က ATS Friendly ဘယ်လောက်ထိဖြစ်လဲဆိုတာကို https://enhancv.com/ လိုမျိုး Website မှာ စစ်ကြည့်လို့ရပါတယ်
ဒါကြောင့် ATS-Friendly Resume ကို သေချာပြင်ဆင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို
မလွတ်ပါစေနဲ့! 💼✨