TGK Agency "Trusted partner in connecting the right people with the right community."

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ အားလုံးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်  🥰
13/04/2025

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ အားလုံးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🥰

🇹🇭 ဘတ်ရိုက်ထားရင် White Collar Jobလုပ် လို့မရတော့ဘူးလား ?▪️ဒီခေါင်းစဉ်နဲ့ ပတ်သက်ပီးတော့ Sharing လုပ်ပေးတယ်ဆိုတာထပ် ကျွန်...
30/01/2025

🇹🇭 ဘတ်ရိုက်ထားရင် White Collar Jobလုပ် လို့မရတော့ဘူးလား ?

▪️ဒီခေါင်းစဉ်နဲ့ ပတ်သက်ပီးတော့ Sharing လုပ်ပေးတယ်ဆိုတာထပ် ကျွန်တော်တို့သိနားလည်ထားတဲ့ပုံစံတစ်ခုကို ပြောပြပေးချင်တာပါ။ White collar, Blue collar ဆိုတာဘယ်လိုမျိုးနဲ့ခွဲခြားသတ်မှတ်ပေးထားလဲဆိုတာ အရင်ကတင်ထားတဲ့ Postတွေမှာ ပြန်ရှာဖတ်ကြည့်လို့ရပါတယ်။ လွယ်လွယ်ကူကူအတိုချုံးပြောရမယ်ဆိုရင်တော့ ကာယအားအသုံးပြုရတာနဲ့ ဉာဏအားအသုံးပြုရတာလို့ အကြမ်းဖြင်းပြောလို့ရပါတယ်(အလုပ်တိုင်းကိုမဆိုလိုပါဘူး ယေဘူယျအနေနဲ့ပြောပြတာပါ)။

▪️ဒီတော့ အကြမ်းဖျင်းအားဖြင့် white collar သမားတွေက blue collar သမားတွေထပ်လာစာပိုမြင့်တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ဒီနေ့ပြောပြပေးသွားချင်တာကတော့ ထိုင်းနိုင်ငံကိုလာမဲ့သူတွေအနေနဲ့ပဲဖြစ်ဖြစ် ရောက်ရှိနေပြီးသားလူတွေပဲဖြစ်ဖြစ် လူအများစုတွေကြားမှာ အမြဲလိုလိုကြားနေရတဲ့ ဘတ်ရိုက်ခြင်း တနည်းအားဖြင့် Blue collar အဖြစ်မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ဆိုတာဘာလဲနဲ့ ဘတ်ရိုက်ထားတဲ့လူတွေအနေနဲ့ White collar အလုပ်ကိုလုပ်လို့ရမရဆိုတာကို ပြောပြပေးသွားချင်တာပါ (ဘတ်ရိုက်ခြင်းအကြောင်းကိုအဓိကထားပြောသွားမှာမဟုတ်တာကြောင့် ဘတ်ရိုက်တယ်ဆိုတာဘာလဲဆိုတာအကြမ်းဖျင်းပဲရှင်းပြပေးပါ့မယ်)။

▪️ဘတ်ရိုက်တယ်(ပန်းရောင်ကတ်လုပ်တယ်)ဆိုတာ အလုပ်သမားအနေနဲ့မှတ်ပုံတင်ခြင်းတစ်မျိုးပါပဲ တရားမဝင်ရွေ့ပြောင်းလုပ်သားတွေများလွန်းတဲ့ထိုင်းနိုင်ငံအတွက်ကတော့ နိုင်ငံရဲ့အခွန်ဝင်ငွေအတွက် လုဆောင်တဲ့လုပ်ငန်းစဉ်လို့အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။(ဒီ့ထပ်ပိုတဲ့အကြောင်းရင်းတွေလည်းရှိပါတယ် ဘတ်ရိုက်ခြင်းအကြောင်းအသေးစိတ်ရေးဖြစ်တဲ့အခါမှသေချာထည့်သွင်းရေးပေးပါ့မယ်)။

▪️ဘတ်ရိုက်တယ်ဆိုတာ ထိုင်းနိုင်ငံမှာအခြေခံလုပ်သားအနေနဲ့မှတ်ပုံတင်တာလို့ယူဆလို့ရပါတယ်။ တရားဝင်နေထိုင်ခွင့်၊အလုပ်လုပ်ခွင့်ရှိတာအပြင် ကုန်ကျစားရိတ်အနေနဲ့လည်း အသက်သာဆုံးလို့ပြောလို့ရတာကြောင့် အခြေခံလုပ်သားဖြစ်သည်ဖြစ်စေ မဖြစ်ဘူးဖြစ်စေ တော်တော်များများလုပ်ဆောင်ကျလေ့ရှိပါတယ်။ အဲ့ခါမှာ White collar role အနေနဲ့အလုပ်လုပ်လာတဲ့လူတွေအတွက် ဘတ်ရိုက်လိုက်ရင် White collar အလုပ်လုပ်လို့ရမရဆိုတာဖြစ်လာပါတယ်။

ဒီအကြောင်းကိုမပြောပြခင်မှာ အလားတူပုံစံမျိုးနဲ့ဆင်တူတဲ့ စင်ကာပူနိုင်ငံအကြောင်းကိုပြောပြချင်ပါတယ်။

🇸🇬 စင်ကာပူနိုင်ငံမှာဆိုရင်တော့ S-Pass – White Collar လို့ သတ်မှတ်ပီး / WP – Blue Collar လို့သတ်မှတ်ထားပါတယ်။ S-Pass နှင့် WP အတွက် ရမည့်လုပ်ခ လစာနှင့် အရည်အချင်းများ ကို Ministry of Man
Power Website မှာ တရားဝင်ဖော်ပြထားပီးသားဖြစ်ပါတယ် ။ ဒါကြောင့် S-Pass ( White Collar ) ဝန်ထမ်းတယောက်ရဲ့ အကြမ်းဖျင်း လစာကို သိနိုင်သလို ၊ WP ( Blue Collar ) ဝန်ထမ်းတယောက်ရဲ့ အကြမ်းဖျင်းလစာကိုလည်း သိနိုင်ပါတယ်။ တခါတရံ S-Pass တယောက်ရမည့် လစာအပြည့် မရသလို ၊ WP တယောက်အများဆုံးရမည့် လစာထက် ပိုရ ထားတာကိုလည်း တွေ့ရတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အလုပ်ရှင်နှင့် အလုပ်လုပ်မည့် ဝန်ထမ်း အပေါ် မှာပဲ မူတည်ပါတယ်လို့ပြောချင်ပါတယ်။

▪️ဒါပေမဲ့ ထိုင်းနိုင်ငံမှာဆိုရင်တော့ White Collar တယောက် အခြေခံရမည့် လစာကို တရားဝင် ဖော်ပြထားတာမရှိပါဘူး။ ထိုင်းနိုင်ငံမှာ White Collar ကို Non B လို့ သတ်မှတ်ပီး ၊ Blue Collar ကို Non-LA သတ်မှတ်ပါတယ်။ ဒီနေရာမှာ တခုပြောပြချင်တာက Non-B Visa ရဖို့အတွက် ထိုင်းနိုင်ငံက Company အများစုကသူတို့ခန့်အပ်မည့် ဝန်ထမ်းအတွက် စာရွက်စာတမ်းအစုံအလင်မရှိတာရယ် သူတို့ ကိုယ်တိုင် Non-B Visa အဖိုးအခ များလို့ မလျှောက်ပေးချင်တာရယ်ကြောင့် Non-B Visa အတွက် ကုန်ကျစရိတ်ကို အများသောCandidate က သူတို့ဘာသာ သူတို့ ပေးချေရလေ့ရှိပါတယ် ။ (Companyတိုင်းကိုမဆိုလိုပါ) နောက်ပီး Non-B Visa ရသွားပီးပီဆိုလျှင် သူတို့ ပေးချင်တဲ့ လစာ က မိမိထင်ထားသလောက် မများတာလည်းရှိကြပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ Non-B Visa အတွက် အခြေခံလုပ်ခ လစာကို အပေါ်မှာ ပြောထား သလို တရားဝင် သတ်မှတ်ထားတာမရှိတဲ့ အတွက်ကြောင့်ပါ။

▪️တခါတလေ Company တခုရဲ့ Non-B Visa ကိုင်ဆောင်ထားတဲ့ အခြေခံ လစာက Non-LA Visa ကိုင်ဆောင်ထားတဲ့ ဝန်ထမ်းတယောက်ရဲ့ လစာ ထက် နည်းနေတာကို တွေ့နိုင်ပါတယ် ( အပြင်မှာလက်တွေ့ ရှိပါတယ်)။ Non-B Visa ကိုင်ဆောင်ပီး လုပ်ခ လစာ အများအပြား ရရှိနေသူတွေလည်း ရှိနိုင်ပါသေးတယ် (အကုန်လုံးကို မဆိုလိုပါ )။ မိမိမှာ ထိုက်သင့်တဲ့ ကျွမ်းကျင်မူ့ ရှိမယ် ၊ ထိုက်သင့်တဲ့ ဘာသာစကား ရှိမည် ၊ ထိုက်သင့်တဲ့အတွေ့အကြုံနဲ့ ဗဟုသုတ တွေ ရှိနေမယ် နောက်ဆုံး မိမိလျှောက်ချင်တဲ့ ရာထူးအတွက် ထိုက်သင့်တဲ့ အသိအမှတ်ပြု စာရွက်စာတမ်း အစုံအလင်ရှိမယ်ဆိုပါက Non-B လစာနှင့် Non-LA လစာ သည်အရမ်းကြီး ကွာခြားမှု မရှိနိုင်ပါဘူး။ ထပ်ပီး အသိပေးချင်တာ တခုက Non-B Visa ကုန်ကျစရိတ် နဲ့ Non-LA Visa ကုန်ကျစရိတ်က အတော်လေး ကွာခြားပါတယ် ။ ဒါကြောင့် တချို့သော ဘွဲ့ရ များက မိမိ လျှောက်ထားသော Company နဲ့ သဘောတူညီချက် ယူပီး Non- LA Visa ခေါ် ဘတ်ရိုက်တာ ကို လုပ်ဆောင်ပီး ကုန်ကျစရိတ် သက်သာတဲ့ ဗီဇာ တခုအနေနဲ့ Company အတော်များများမှာ လုပ်ကိုင်နေကြတာ အများကြီးရှိပါတယ်လို့ပြောကြားချင်ပါတယ်။ နောက်ပိုင်းမှာလည်း Companyတော်တော်များများက company အနေနဲ့လည်းအဆင်ပြေ ဝန်ထမ်းအနေနဲ့လည်းအဆင်ပြေဆိုတဲ့ပုံစံမျိုးနဲ့ သဘောတူညီမှုယူလာတာတွေတွေ့ရလာပါတယ်။

▪️ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ White Collar နဲ့ Blue Collar ဆိုတာ ထိုင်းနိုင်ငံတွင် အခေါ်အဝေါ် မတူညီမှု တခုသာ ဖြစ်ပီး လစာနှင့် အကျိုးခံစားခွင့် များသည် အလွန်အမင်း မကွာခြားကြောင်း ပြောပြပေးချင်ပါတယ်။ ဘတ်ရိုက်ထားပေမဲ့လည်း White collar job တွေကို ကြိုးစားကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို အကြိုက်တွေ့တယ်ဆိုရင် Company ဘက်ကခေါ်ယူဖို့ကသေချာပါတယ်(ကိုယ်တိုင်လည်းသေချာDealတတ်ဖို့လိုပါမယ်) ဆိုတာလေးကို အကြုံပြုရင်း အဆုံးသတ်ချင်ပါတယ်။

ကျွန်တော်တို့ TGK page အနေနဲ့ အလုပ်အကိုင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ဗဟုသုတတွေ Knowledge sharing တွေအပြင် ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာရဲ့ အကြောင်းအရာတွေကို အမြဲမပြတ်မျှဝေပေးသွားမှာဖြစ်တာကြောင့် page ကို like and share လုပ်ပြီး စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။


✉️ Email ပို့တဲ့အခါမှာ မှားလေ့ရှိတဲ့ အချက်များ ( ⛔⛔⛔ )✉️ Email လို့ပြောမယ်ဆိုရင် ယနေ့ခေတ်အခါမှာ လုပ်ငန်းတွေအတွက်မဖြစ်မနေ...
21/01/2025

✉️ Email ပို့တဲ့အခါမှာ မှားလေ့ရှိတဲ့ အချက်များ ( ⛔⛔⛔ )

✉️ Email လို့ပြောမယ်ဆိုရင် ယနေ့ခေတ်အခါမှာ လုပ်ငန်းတွေအတွက်မဖြစ်မနေအသုံးပြုကျတဲ့ စနစ်တကျတည်ဆောက်ထားတဲ့ စာပို့တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ Mail မရှိဘူး Mail မသုံးဘူးဆိုတဲ့လူတွေက အင်မတန်နည်းကျပါတယ်။ လူတိုင်းနီးပါး Mail တစ်ခုစီတော့ အနည်းဆုံးရှိကျပေမဲ့ အမှန်တကယ်အသုံးပြုသူ၊ Mailတစ်စောင်ကို စနစ်တကျ ပို့တတ်သူတွေကတော့ များများစားစားမရှိတတ်ကျပါဘူး။ နောက်ပိုင်း Social app တွေ၊ စာပို့ Data ပို့ app တွေ အများကြီးပေါ်လာတဲ့အခါမှာ တော်ရုံဆို mail ပို့မဲ့အစား အဆိုပါ app တွေကို အများဆုံးအသုံးပြုလာကျပါတယ်။ အဆိုပါ app တွေကိုအသုံးပြုတာ လွယ်ကူမြန်ဆန်တယ်ဆိုပေမဲ့လည်း ကိုယ်က လုပ်ငန်းပိုင်းဆိုင်ရာတွေကို သေချာလေးအာရုံစိုက်ချင်တယ်ဆိုရင်တော့ Emailအသုံးပြုတာကပိုပြီးသင့်တော်ပါတယ်။ အကယ်၍ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်မယ်၊ အလုပ်လျှောက်ချင်တယ်ဆိုတဲ့အခါမျိုးတွေမှာဆိုရင် ပိုပြီးတော့တောင် လိုအပ်ပါသေးတယ်။ ဒီနေ့မှာကတော့ ကျွန်တော်တို့ TGK အနေဖြင့် ကိုယ့်ရဲ့ ဖောက်သည်ဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ အလုပ်လျှောက်တဲ့အခါဖြစ်ဖြစ် အီးမေး ( Email ) ပို့တဲ့နေရာမှာ မှားလေ့ရှိတဲ့ အချက်လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

⛔ Subject တိတိကျကျမရေးသားခြင်း

Email ပို့တဲ့အခါမှာ မိမိ အဓိကထားဦးစားပေးတဲ့ အကြောင်းအရာကို တဖက်လူ ချက်ချင်းသိ နားလည်အောင် တိတိကျကျ ရေးသားပေးပါ။

⛔ Recipient Address မှားပို့တတ်ခြင်း

မကြာမကြာ ဖြစ်တတ်ပါတယ် ၊ မိမိ ပေးပို့ချင်သော email ရဲ့ address ကိုသေသေချာချာ စစ်ဆေးပီး မည်သူ့ကို အဓိက ထားပို့ရမည် ၊ မည်သူက တဆင့်ခံ ပေးပို့ရမယ်ဆိုတာကိုသိရပါမယ်။ ( ဥပမာ - To/CC/BCC စသည်ဖြင့် )

⛔ Attachment File မပို့မိခြင်း

ကျွန်တော်တို့လည်း ဖြစ်ဖူးပါတယ်၊ ဖောက်သည်တွေကို Price Quotation လေးပို့ပေးလိုက်ပါပီ ပြောပီး တကယ်လည်း ပို့တဲ့ အခါမှာ ( Attach File ) မလုပ်မိတာကြောင့် ပြန်ပီးပို့ပေးရတဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။

⛔ Grammar and spelling မှားနေတတ်ခြင်း

နေ့စဉ် Email အပို့များတဲ့ သူတွေ ဖြစ်တတ်ပါတယ် ၊ စာလုံးပေါင်းးမှားပို့တာ နှင့် ပြောချင်တဲ့ စာကြောင်း တည်ဆောက်ပုံ Grammar မှားနေတတ်တာလေး သတိပေးချင်ပါတယ် ။

⛔ Informal & Casual Language သုံးမိခြင်း

Email ပို့တဲ့နေရာမှာ မိမိနဲ့ တဖက် လုပ်ဖော်ကိုင်ဘက်ဖြစ်ဖြစ် ၊ ဖောက်သည်ဖြစ်ဖြစ် ဘယ်လောက်ခင်မင်ရင်းနှီးနေပါစေ စာအရေးအသားက ပုံမှန်ပြောနေကျ ပုံစံနဲ့ ရေးလို့မရပါဘူး အပြင်မှာသုံးတဲ့ အသုံးအနှုန်းထက် စာဆန်သော အရေးအသားများနှင့် ဖွဲ့နွဲ့ရေးသားဖို့ လိုအပ်ပါတယ်။

⛔ Recipient နာမည်မထည့်မိခြင်း

မိမိ Email ပို့ပေးချင်သော တဦးတယောက်အမည် ဖြင့်ရေးသားပို့ပေးရပါမည်။ နာမည် မသိပါက Dear Sir/Madam သို့ Dear Department အမည်ရေးလို့ရပါမယ် သို့ Dear Team သို့ To whom it may concern စသည်ဖြင့် ရေးသားနိုင်ပါသည် ။

⛔ အချိန်မမှန်ပဲ Email ပို့ခြင်း

ဥပမာ - ရုံးချိန်မဟုတ်ပဲ Mail ပို့တာ, အချိန်နောက်ကျပြီးမှ Mailပို့တာ..........

⛔ Email ပို့တဲ့နေရာမှာ Emoji သုံးခြင်း

Email ပို့တယ်ဆိုတာ မြင်သာအောင်ပြောရမယ်ဆိုရင် ရုံးစာလိုပါပဲ အဲ့ဒါကြောင့် Emoji လုံးဝမသုံးသင့်ပါဘူး။

⛔ အသံ ( Tone ) က မပြေပြစ်ခြင်း နှင့်တခါတရံ မိမိရေးသားခဲ့တဲ့

အကြောင်းအရာတွေက တဖက်လူကို ရိုင်းပြစေတာရန်လိုစေတာ တွေကို အထူးရှောင်ကြည်ရပါမယ် ။

⛔ Email Formatting မရှိခြင်း

Email ပို့တဲ့ နေရာမှာ Paragraph မခွဲခြင်းဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားထဲမှာ ပါတာ အတွက်ကြောင့် သတိထားမိဖို့ ပြောချင်ပါတယ် ။

ဒါတွေကတော့ Email ပို့တဲ့အခါမှာ မှားလေ့မှားထရှိတဲ့အချက်လေးတွေဖြစ်ပါတယ်။ ကိုယ်ကဒီလိုအချက်တွေကို သိရှိနားလည်ပြီး Mail ပို့တဲ့အခါမှာဆင်ခြင်မယ်ဆိုရင် ကိုယ့်ကိုလည်း တစ်ဖက်လူအနေနဲ့ professional ဆန်တာကိုအသိအမှတ်ပြုပါလိမ့်မယ်။

ကျွန်တော်တို့ TGK page အနေနဲ့ အလုပ်အကိုင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ဗဟုသုတတွေ Knowledge sharing တွေအပြင် ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာရဲ့ အကြောင်းအရာတွေကို အမြဲမပြတ်မျှဝေပေးသွားမှာဖြစ်တာကြောင့် page ကို like and share လုပ်ပြီး စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။


လက်ရှိမြန်မာနိုင်ငံရဲ့ငွေကြေးတန်ဖိုး၊ နိုင်ငံရေးအ‌ခြေအနေတွေကြောင့် ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်နေကျသူတွေများပါတယ်။ အခုကာလ...
18/01/2025

လက်ရှိမြန်မာနိုင်ငံရဲ့ငွေကြေးတန်ဖိုး၊ နိုင်ငံရေးအ‌ခြေအနေတွေကြောင့် ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်နေကျသူတွေများပါတယ်။ အခုကာလမှမဟုတ်ပါဘူး အရင်ကတည်းကလည်း နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သားတွေအများကြီးပါ အဓိကကတော့ ငွေကြေးတန်ဖိုးကွာဟမှုနဲ့ လုပ်ခလစာကြောင့်လို့ပြောလို့ရပါတယ်။ အဲတော့ နိုင်ငံခြားမှာအလုပ်လုပ်တယ် နိုင်ငံခြားသားတွေနဲ့ဆက်ဆံတဲ့နေရာမှာ အခက်အခဲရှိလား သူတို့တွေကကော မြန်မာနိုင်ငံသားတွေအပေါ်ဘယ်လိုသဘောမျိုးရှိလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ လူအမျိုးမျိုးမှာ မတူညီတဲ့အတွက်ကြောင့် အခုအကြောင်းအရာကလည်း ယေဘူယျအနေနဲ့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

🇲🇲 မြန်မာဝန်ထမ်းတွေကို တခြားနိုင်ငံက ဘာကြောင့် ကြိုက်ရသလဲဆိုတော့ …..

✅ နံပါတ် ၁

အလုပ်ကြိုးစားအားထုတ်တဲ့နှုန်းတွေဟာ သူများတွေထက်သာပါတယ်။ ( ဥပမာ တာဝန်ယူမှု၊ ယုံကြည်စိတ်ချရမှုအပြင် humble ဖြစ်မှုဆိုတဲ့ အချင်းအရာတွေ ပါပါတယ်)

✅ နံပါတ် ၂

လုပ်ငန်းခွင်နယ်ပါယ်တွေမှာ လိုက်လျောညီထွေဖြစ်တာအမြန်ဆုံးဖြစ်တဲ့ အထဲမှာ မြန်မာ တွေ ပါပါတယ် ။ ဒါကြောင့် အလုပ်သစ် နေရာသစ်တွေ ဟာ ယုံယုံကြည်ကြည်နဲ့ တာဝန်တွေ ပေးအပ်လေ့ရှိပါတယ်။

✅ နံပါတ် ၃

cost-effective talent လို့တောင် တချို့လုပ်ငန်းရှင်တွေက သတ်မှတ်ကြပါတယ် ။ အကြောင်းရင်းကတော့ တခြားနိုင်ငံခြားသားးတွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ်သက်သာပီး လုပ်ရည်ကိုင်ရည် မြင့်မားတဲ့အတွက်ကြောင့်ပါ။

✅ နံပါတ် ၄

မြန်မာ Talent အများစုဟာ ( Bilingual ) သမားတွေများပါတယ် ။
ဘာသာစကားနဲ့ပါတ်သက် ပီး ကျွမ်းကျင်သူများပါတယ်။ အဂ်လိပ် ၊ ထိုင်း ၊ တရုတ် စတဲ့ ဘာသာစကားတွေကို ကျွမ်းကျင် ကြပြတယ်။ အဲဒီအချက် တွေကြောင့် နိုင်ငံတကာ ကုမ္ပဏီ တွေက ပိုပီးသဘောကျကြပါတယ်။

✅ နံပါတ် ၅

နောက်ဆုံးတချက်အနေနဲ့ကတော့ Cultural Behavior လေးပါ ။ မြန်မာ Talent တွေဟာ လူမှုရေး နှင့် ပေါင်းသင်းဆက်ဆံရေးမှာ ပိုပီး အဆင်ပြေပြေလေး ဖြစ်တဲ့ Communication ကို ဖန်တီးနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်အတွင်း သာယာတဲ့ workplace လေးရှိတာကို တွေ့မြင်ရပါလိမ့်မယ် ။

ဒီလိုအချက်တွေကြောင့်မို့လို့ တခြားလူမျိုးများထက် မြန်မာလူမျိုးတွေကို ပြည်ပအလုပ်ရှင်တွေက ပိုသဘောကျလေ့ရှိပြီး မြန်မာတွေအနေနဲ့လည်း နိုင်ငံတကာမှာရပ်တည်နေနိုင်ကျတာပဲဖြစ်ပါတယ်။ အကယ်၍များ ကိုယ်တိုင်လည်း ပြည်ပမှာ အလုပ်လုပ်မယ်ဆိုရင် ဒီလိုအကြောင်းအရာလေးတွေကို လိုက်နာမယ်ဆိုရင် အလုပ်ရှင်၊ အထက်အရာရှိတွေအနေနဲ့လည်းနှစ်သက်သဘောကျမယ်ဆိုတာသေချာပါတယ်။


၊👨‍💼👩‍⚕️ယနေ့ ဖော်ပြပေးလိုတဲ့ အလုပ်အကိုင် အခွင့်အလမ်းလေးတွေပဲ ဖြစ်ပါတယ် ✅ ဘွဲ့ တခုခု ရထားသူဖြစ်ရမည် ✅ English သို့ Thai သ...
15/01/2025

၊👨‍💼👩‍⚕️ယနေ့ ဖော်ပြပေးလိုတဲ့ အလုပ်အကိုင် အခွင့်အလမ်းလေးတွေပဲ ဖြစ်ပါတယ်

✅ ဘွဲ့ တခုခု ရထားသူဖြစ်ရမည်
✅ English သို့ Thai သို့ Chinese ဘာသာ စကားတခုခု ကျွမ်းကျင်ရမည်
✅ Nationality အတွက် သူတို့ကြိုက်ရင် ခန့်တယ်နော်

👉 အပေါ်က အခြေခံလိုအပ်ချက်လေးတွေတော့ မိမိ မှာ ရှိရမယ်နော်

TGK ရဲ့ Page Admin က Sales & Customer Service Background က လာတာဖြစ်တာကြောင့် အလုပ်ခေါ်စာ လေးတွေက အရောင်းနဲ့ ပါတ်သက်တာတွေ များ‌နေရတာပါ ။

နောက်ပိုင်းတွေမှာ Accounting, Engineering, Warehousing နှင့် IT စသော အလုပ်အကိုင် အခွင့်အလမ်းများကို တင်ဆက်ပေးမှာ ဖြစ်တာကြောင့် ကျွန်တော်တို့ Page ကို Like & Follow လုပ်ထားပေးဖို့ အကြုံပြုလိုပါတယ် ။


14/01/2025
Active ဖြစ်နေသော အလုပ်ခေါ်စာ ၃ ခု ကို စုစည်းဖော်ပြပေးထားပါတယ် ။ အခြေခံ လစာ ဘတ် ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြား ရနိုင်မည့် အလုပ်အမျိ...
11/01/2025

Active ဖြစ်နေသော အလုပ်ခေါ်စာ ၃ ခု ကို စုစည်းဖော်ပြပေးထားပါတယ် ။ အခြေခံ လစာ ဘတ် ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြား ရနိုင်မည့် အလုပ်အမျိုးအစားလေးတွေပဲဖြစ်ပါတယ် ။

Customer Service နှင့် Sales အလုပ်အမျိုးအစားများဖြစ်တာကြောင့် English ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူ နှင့် ထိုင်းစကားပြောတတ် သူများအတွက် အလုပ်ရနိုင်ခြေ အခွင့်အလမ်းပိုများနိုင်ပါမည် ခင်ဗျာ ။

ပုံတပုံချင်းဆီအောက်မှာ လုပ်ငန်းအမျိုးအစားလေးတွေကို ဖော်ပြပေးထားပါတယ် ခင်ဗျာ။

ထိုင်းနိုင်ငံ အလုပ်အကိုင်နှင့် အခွင့်အလှမ်းများကို TGK Page မှ အမြဲမပြတ် တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Like & Follow လုပ်ဖို့ မမေ့ကြနဲ့နော် ။


✍️ ကျွန်တော်တို့ TGK page အနေနဲ့ ဘာအကြောင်းအရာမှမတင်ဖြစ်တာတော်တော်ကြာသွားပါပြီ။ ဒီနေ့မှာတော့ ထိုင်းနိုင်ငံရောက်နေသူတွေဖြ...
08/01/2025

✍️ ကျွန်တော်တို့ TGK page အနေနဲ့ ဘာအကြောင်းအရာမှမတင်ဖြစ်တာတော်တော်ကြာသွားပါပြီ။ ဒီနေ့မှာတော့ ထိုင်းနိုင်ငံရောက်နေသူတွေဖြစ်ဖြစ်၊ ထိုင်းနိုင်ငံကိုလာချင်သူတွေဖြစ်ဖြစ် အလုပ်လုပ်ရာမှာ အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံမှာ English ဘာသာစကားကျွမ်းကျင်ရင် ဝင်ရောက်အလုပ်လုပ်လို့ရနိုင်တဲ့လုပ်ငန်းနယ်ပါယ်များကိုဖော်ပြပေးလိုက်ပါတယ်။

No.1 ✅Teaching English Language
ထိုင်းနိုင်ငံမှာ မြန်မာကျောင်းသားတွေအတွက် ဖွင့်လှစ်ထားတဲ့ကိုယ်ပိုင်ကျောင်းတွေမှာ ဝင်ရောက်သင်ကြားနိုင်ပါတယ်ခင်ဗျာ။ English ဘာသာ စကားကျွမ်းကျင်မူ့ ဆိုင်ရာ လက်မှတ်များဖြစ်သော ( TESOL,TEFL ) ရရှိထားပါက ပိုပီးလွယ်ကူနိုင်ပါတယ်။

No 2. ✅ Tourist Guide
ခရီးသွားလာသူများကို လမ်းညွှန်ရှင်းပြပေးသော အလုပ်သည်လည်း အခွင့်အလမ်းတရပ်ဖြစ်ပါတယ်။

No 3. ✅ Hotel & Hospitality
Hotel & Hospitality နယ်ပါယ်များတွင် လည်းဝင်ရောက်လုပ်ကိုင်နိုင်ပါသည် ( ဥပမာ - Receptionist, Concierge and Customers Services စသည့်အလုပ်များအပြင် စားသောက်ဆိုင်များတွင်လည်း Servers ခေါ် services ဝန်ထမ်းများပဲ ဖြစ်ပါတယ်)

No 4. ✅ Sales & Marketing
Sales & Marketing အလုပ်အကိုင်များလို့ပြောမယ်ဆိုရင် ဒီနေရာမှာ တခုပြောချင်တာက ထိုင်းနိုင်ငံမှာ ရှိတဲ့ Company တိုင်းကို မဆိုလိုပါဘူး။ အများစု သော Company များက Local နှင် တရုတ် ဘာသာ စကားများ ပြောတတ်သူများကိုသာ ပိုပီး အခွင့်အရေး ပေးပါတယ် ။ နိုင်ငံတကာနဲ့ ချိတ်ဆက် လုပ်ကိုင်နေသော Multi-National Company များတွင်သာ English ဘာသာစကားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလို့ ဝင်ရောက်လုပ်ကိုင်နိုင်သော နယ်ပါတယ်တခု လို့ သတ်မှတ်လို့ရပါတယ်။

No 5. ✅ IT
IT နယ်ပါယ်ကတော့စကားအပြောနည်းပီး အလုပ်နဲ့သက်သေပြရတဲ့လုပ်ငန်းခွင် ဖြစ်တဲ့အတွက် English ဘာသာစကား တခုတည်းဖြင့်သာ လုပ်ကိုင်နိုင်ပါတယ်။

No 6. ✅ Call Center
Call Center များတွင်လည်း English ဘသာစကားကျွမ်းကျင်ရုံဖြင့် လုပ်ကိုင်နိုင်ပါတယ်။

No 7. ✅ Freelance Job & Virtual Business
နောက်ဆုံးတခုကတော့ English ဘာသာစကားတတ်ရုံဖြင့် Freelance Job နှင့် Virtual Business အလုပ်များကို မိမိကိုယ်ပိုင် အချိန်များတွင် ကောင်းကောင်းအသုံးချပီး ဝင်ငွေကောင်းအောင် ရှာဖွေလို့ရပါတယ် ( ဥပမာ - freelance translator, Page Editor, Online ပေါ်ကလုပ်လို့ရတဲ့အလုပ်များ) စသည်ဖြင့် အများအပြား ရှိကြပါတယ်ခင်ဗျာ ။

👉 ဒါတွေကတော့ English ဘာသာစကားကျွမ်းကျင်ရင် လုပ်ကိုင်လို့ရတဲ့အလုပ်အကိုင် နယ်ပါယ် များပဲဖြစ်ပါတယ်။

🇹🇭 ကျွန်တော်တို့ TGK page အနေနဲ့ အလုပ်အကိုင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေ ဗဟုသုတတွေ Knowledge sharing တွေအပြင် ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာရဲ့ အကြောင်းအရာတွေကို အမြဲမပြတ်မျှဝေပေးသွားမှာဖြစ်တာကြောင့် page ကို like and share လုပ်ပြီး စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ် ။


Happy New Year ပါ အားလုံးပဲနှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စီးပွားရေးတွေ အဆင်ပြေအောင်မြင်ပြီး အစစအရာရာကောင်းမွန်လာစေ...
31/12/2024

Happy New Year ပါ အားလုံးပဲနှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စီးပွားရေးတွေ အဆင်ပြေအောင်မြင်ပြီး အစစအရာရာကောင်းမွန်လာစေဖို့ ကျွန်တော်တို့ TGK မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ............


Merry Christmas 🎄 ပါ ပီမိုင်းကာလ အပီး အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပါစေ လို့ TGK Family မှ ဆုမွန်ကောင်းတော...
25/12/2024

Merry Christmas 🎄 ပါ

ပီမိုင်းကာလ အပီး အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပါစေ လို့
TGK Family မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်


၂၀၂၅မှာ ထိုင်းနိုင်ငံရဲ့ တစ်ရက်တာအခြေခံလုပ်ခလစာတွေကို မြို့နယ်တွေအလိုက် အောက်ပါအတိုင်းထပ်တိုးသွားမှာဖြစ်ပါတယ်.......ဒီရက...
24/12/2024

၂၀၂၅မှာ ထိုင်းနိုင်ငံရဲ့ တစ်ရက်တာအခြေခံလုပ်ခလစာတွေကို မြို့နယ်တွေအလိုက် အောက်ပါအတိုင်းထပ်တိုးသွားမှာဖြစ်ပါတယ်.......

ဒီရက်ပိုင်းမှာ ကျွန်တော်တို့Admin နှစ်ယောက် အပျင်းကြီးနေတာကြောင့် ဘာမှမတင်ဖြစ်တာပါ နောက်ရက်တွေမှာအရင်တိုင်း အလုပ်ခေါ်စာတွေ ဗဟုသုတတွေ ပြန်တင်ပေးသွားပါ့မယ် စောင့်ကြည့်ပေးကျပါဉီး.........


12 လပိုင်း 10 ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေနှင့် ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ပါတ်သက်တဲ့ ထိုင်းလူမျိုးများရဲ့ အမှတ်တရ ...
10/12/2024

12 လပိုင်း 10 ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေနှင့် ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ပါတ်သက်တဲ့ ထိုင်းလူမျိုးများရဲ့ အမှတ်တရ ဂုဏ်ပြုရတဲ့နေ့တနေ့ ဖြစ်ပါတယ် ။

National Holiday အဖြစ် သတ်မှတ်ထားပါတယ် ။

တချို့ Factory & Industrial တွေ ကတော့ အလုပ်ဆင်းရပါတယ် ။


ที่อยู่

Khao San Street
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TGK Agencyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์