နီးဖူဆာ-𝐍𝐞𝐞𝐩𝐡𝐮𝐬𝐚𝐫

နီးဖူဆာ-𝐍𝐞𝐞𝐩𝐡𝐮𝐬𝐚𝐫 Photo,Copy,Riso,Print,Typing and other......

01/08/2025

▪️ကမ္ဘာ့ဧရိယာအကျယ်ဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ တရုတ်
၄။ အမေရိကန်
၅။ ဘရာဇီး

▪️ကမ္ဘာ့ဧရိယာအသေးဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ဗာတီကန္စီးတီး
၂။ မိုနာကို
၃။ နအူရူး
၄။ တူ‌ဗားလူ
၅။ ဆန္မာရီနို

▪️ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒိယ
၃။ အမေရိကန်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ နိုင်ဂျီရီးယား
၇။ ဘရာဇီး
၈။ ဘင်္ဂလားဒေ့ရှ်
၉။ ရုရှား
၁၀။ မက်ကစီကို

▪️ကမ္ဘာ့လူဦးရေ အနည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗာတီကန္စီးတီး
၂။ နအူရူး
၃။ တူဗားလူ
၄။ ပလောင်း
၅။ ဆန္မာရီနို
၆။ လက်ချင်စတိန်း
၇။ မိုနာကို
၈။ Saint Kitts and Nevis
၉။ မာရှယ်ကျွန်းများ
၁၀။ ဒိုမီနီကာ

▪️ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ လူဇင်ဘတ်
၂။ စင်ကာပူ
၃။ အိုင်ယာလန်
၄။ ကာတာ
၅။ မကာအို ( တရုတ် )
၆။ ဆွတ်ဇာလန်
၇။ ယူအအေီး ( UAE )
၈။ နော်ဝေး
၉။ အမေရိကန်
၁၀။ ဘရူနိုင်း
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️ကမ္ဘာ့အဆင်းရဲဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ ဘူရွန်ဒီ
၂။ တောင်ဆူဒန်
၃။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၄။ ကြန္ဂို
၅။ ဆိုမာလီယာ
၆။ နိုင်ဂျာ
၇။ မိုဇမ်ဘစ်
၈။ မာလာဝီ
၉။ ချဒ်သမ္မတနိုင်ငံ
၁၀။ မဒါဂတ်စကား
( စာရင်း‌ကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )

▪️နိုင်ငံအလိုက် ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ဂျပန်
၄။ ဂျာမဏီ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပြင်သစ်
၈။ အီတလီ
၉။ ကနေဒါ
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ငွေကြေးအမြင့်ဆုံး ( ၅ ) နိုင်ငံ
၁။ ကူဝိတ်
၂။ ဘာရိန်း
၃။ အိုမန်
၄။ ဂျော်ဒန်
၅။ ကေမန်ကျွန်းစု

▪️ကမ္ဘာ့ငွေကြေးအနိမ့်ဆုံး ( ၅ ) နိုင်ငံ
၁။ အီရန်
၂။ ဗီယက်နမ်
၃။ လာအို
၄။ အင်ဒိုနီးရှား
၅။ ဆီရာလီယွန်

▪️ကမ္ဘာ့စစ်အင်အားအကြီးဆုံး ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ အိန္ဒိယ
၅။ ဂျပန်

▪️ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ( ၁၀ ) ခု
၁။ Harvard University
၂။ Massachusetts Institute of Technology
၃။ Stanford University
၄။ University of California Berkeley
၅။ University of Oxford
၆။ University of Washington Seattle
၇။ Columbia University
၈။ University of Cambridge
၉။ California Institute of Technology
၁၀။ John's Hopkins University
( ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ဆယ်ခုစာရင်းတွင် အမေရိကန်နိုင်ငံမှ တက္ကသိုလ်ရှစ်ခု ပါဝင်ပြီး ယူနိုက်တက်ကင်းဒမ်းမှ တက္ကသိုလ် နှစ်စ်ခုသာ ပါဝင်ပါတယ် )

▪️ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ( ၅ ) စင်း
၁။ နိုင်းလ်မြစ် ( အာဖရိကတိုက် )
၂။ အမေဇုံမြစ် ( တောင်အမေရိကတိုက် )
၃။ ယန်ဇီမြစ် ( တရုတ် )
၄။ မစ္စစ္စပီမြစ် ( မြောက်အမေရိကတိုက် )
၅။ ယင်နစ်ဆီမြစ် ( ရုရှား )

▪️ကမ္ဘာ့အကြီးဆုံးရေကန်ကြီး ( ၅ ) ခု
၁။ ကက်စပီယန် ( အာရှတိုက် )
၂။ စူပီးရီးယား ( မြောက်အမေရိကတိုက် )
၃။ ဗစ်တိုးရီးယား ( အာဖရိကတိုက် )
၄။ ဟူရွန် ( မြောက်အမေရိကတိုက် )
၅။ မီချီဂန် ( အမေရိကန် )

▪️ကမ္ဘာ့အပူဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ မာလီ
၂။ ဗာကီနာဖာဆို
၃။ ဆီနီဂေါ
၄။ တူဗားလူ
၅။ ဂျီဘူတီ

▪️ကမ္ဘာ့အအေးဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ မြန္ဂိုလီးယား
၄။ ဖင်လန်
၅။ အိုက်စလန်

▪️ကမ္ဘာ့အမြင့်ဆုံးတောင် ( ၅ ) လုံး
၁။ ဧဝရတ်တောင် ( နီပေါ၊ တရုတ် )
၂။ K2 ( တရုတ်၊ ပါကစ္စတန် )
၃။ Kangchenjunga ( နီပေါ၊ အိန္ဒိယ )
၄။ Lhotse ( နီပေါ၊ တရုတ် )
၅။ Makalu ( နီပေါ၊ တရုတ် )

▪️ကမ္ဘာ့လူပြောအများဆုံး ဘာသာစကား ( ၅ ) မျိုး
၁။ အင်္ဂလိပ်
၂။ တရုတ် ( မန်ဒရင်း )
၃။ ဟင်ဒီ
၄။ စပိန်
၅။ ပြင်သစ်

▪️ကမ္ဘာ့လူကြိုက်အများဆုံး အားကစား ( ၅ ) မျိုး
၁။ ဘောလုံး
၂။ ခရစ်ကက်
၃။ ဘတ်စကက်ဘော
၄။ ဟော်ကီ
၅။ တင်းနစ်

▪️ကမ္ဘာ့အကြီးဆုံးရုပ်ရှင်လုပ်ငန်းကြီး ( ၅ ) ခု
၁။ Hollywood ( အမေရိကန် )
၂။ Bollywood ( အိန္ဒိယ )
၃။ Chinese Cinema ( တရုတ် )
၄။ United Kingdom of Great Britain ( ဂရိတ်ဗြိတိန် )
၅။ Japanese Cinema ( ဂျပန် )

▪️ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အာဖဂန်နစ္စတန်
၂။ ယီမင်
၃။ ဆီးရီးယား
၄။ ရုရှား
၅။ တောင်ဆူဒန်
၆။ ကြန္ဂို
၇။ အီရတ်
၈။ ဆိုမာလီယာ
၉။ ဗဟိုအာဖရိက
၁၀။ ဆူဒန်
( မြန်မာနိုင်ငံဟာ အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းမှာ ကမ္ဘာ့အဆင့် ( ၂၅ ) ဖြစ်ပြီး အရှေ့တောင်အာရှမှာ နံပါတ် ( ၁ ) ဖြစ်ပါတယ် )

▪️ကမ္ဘာ့ဘေးအကင်းဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိုက်စလန်
၂။ နယူးဇီလန်
၃။ အိုင်ယာလန်
၄။ ဒိန်းမတ်
၅။ ဩစႀတီးယား
၆။ ပေါ်တူဂီ
၇။ ဆလိုဗေးနီးယား
၈။ ချက်သမ္မတနိုင်ငံ
၉။ စင်္ကာပူ
၁၀။ ဂျပန်

▪️ကမ္ဘာ့အကြီးဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ တိုကျို ( ဂျပန် )
၂။ ဒေလီ ( အိန္ဒိယ )
၃။ ရှန်ဟိုင်း ( တရုတ် )
၄။ ဆော်ပေါ်လို ( ဘရားဇီး )
၅။ မက်ကစီကိုစီးတီး ( မက်ကစီကို )
၆။ ကိုင်ရို ( အီဂျစ် )
၇။ ဒါကာ ( ဘင်္ဂလားဒေ့ရှ် )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဘေကျင်း ( တရုတ် )
၁၀။ အိုဆာကာ ( ဂျပန် )

▪️ကမ္ဘာ့အချမ်းသာဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ တိုကျို ( ဂျပန် )
၃။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ စင်္ကာပူ ( စင်္ကာပူ )
၆။ လော့စ်အိန်ဂျယ်လိစ် ( အမေရိကန် )
၇။ ချီကာဂို ( အမေရိကန် )
၈။ ဟူစတန် ( အမေရိကန် )
၉။ ဘေကျင်း ( တရုတ် )
၁၀။ ရှန်ဟိုင်း ( တရုတ် )

▪️ကမ္ဘာ့ဘီလီယံနာအများဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ အိန္ဒိယ
၄။ ဂျာမဏီ
၅။ ရုရှား
၆။ ဟောင်ကောင် ( တရုတ် )
၇။ ဘရာဇီး
၈။ ကနေဒါ
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ အီတလီ

▪️ကမ္ဘာ့ဘီလီယံနာအများဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ ဘေကျင်း ( တရုတ် )
၃။ ဟောင်ကောင် ( တရုတ် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ရှိန်းကျိန့် ( တရုတ် )
၇။ မော်စကို ( ရုရှား )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၁၀။ ဆိုးလ် ( တောင်ကိုရီးယား )

▪️ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာကြီး ( ၅ ) ဘာသာ
၁။ ခရစ်ယာန်ဘာသာ
၂။ အစ္စလာမ်ဘာသာ
၃။ ဟိန္ဒူဘာသာ
၄။ ဗုဒ်ဓဘာသာ
၅။ ဆစ်ဘာသာ

▪️ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ဘရာဇီး
၃။ မက်ကစီကို
၄။ ရုရှား
၅။ ဖိလစ်ပိုင်
၆။ နိုင်ဂျီရီးယား
၇။ တရုတ်
၈။ ကြန္ဂို
၉။ ဂျာမနီ
၁၀။ အီသီယိုးပီးယား

▪️ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ပါကစ္စတန်
၃။ အိန္ဒိယ
၄။ ဘင်္ဂလားဒေ့ရှ်
၅။ နိုင်ဂျီရီးယား
၆။ အီဂျစ်
၇။ အီရန်
၈။ တူရကီ
၉။ အယ်ဂျီရီးယား
၁၀။ ဆူဒန်

▪️ကမ္ဘာ့ဟိန္ဒူဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ နိပေါ
၃။ ဘင်္ဂလားဒေ့ရှ်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ သီရိလင်္ကာ
၇။ အမေရိကန်
၈။ မလေးရှား
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ မြန်မာ

▪️ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ထိုင်း
၃။ မြန်မာ
၄။ ဂျပန်
၅။ ကမ္ဘောဒီးယား
၆။ ဗီယက်နမ်
၇။ သီရိလင်္ကာ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ မလေးရှား

▪️ကမ္ဘာ့ဆစ်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ယူနိုက်တက်ကင်းဒမ်း ( UK )
၃။ အမေရိကန်
၄။ ကနေဒါ
၅။ ဩ‌စတြေးလျ
၆။ မလေးရှား
၇။ အီတလီ
၈။ ထိုင်း
၉။ ပါကစ္စတန်
၁၀။ ဖိလစ်ပိုင်

▪️ကမ္ဘာ့ပေါ်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဂျင်တီးနား
၂။ အာမနေီးယား
၃။ တူဗားလူ
၄။ ကော်စတာရီကာ
၅။ ဒိန်းမတ်
၆။ အင်္ဂလန်
၇။ ဂရိ
၈။ ဂျော်ဂျီယာ
၉။ အိုက်စလန်
၁၀။ အယ်ဆာဗေဒို
၁၁။ အီသီယိုးပီးယား
၁၂။ မိုနာကို
၁၃။ ဗာတီကန္စီးတီး
၁၄။ ဟန်ဂေရီ
၁၅။ နော်ဝေး
၁၆။ ဖရိုးကျွန်းစု
၁၇။ ဆားဘီးယား
၁၈။ တွန်ဂါ
၁၉။ ဆမိုးအား
၂၀။ မော်လတာ
၂၁။ လက်ချင်စတိန်း
၂၂။ ဇမ္ဘီယာ

▪️ကမ္ဘာ့ပေါ်၌ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဖဂန်နစ္စတန်
၂။ အယ်ဂျီရီးယား
၃။ ဘင်္ဂလားဒေ့ရှ်
၄။ ဘာရိန်း
၅။ ဘရူနိုင်း
၆။ ကိုမိုရို
၇။ ဂျီဘူတီ
၈။ အီဂျစ်
၉။ အီရန်
၁၀။ အီရတ်
၁၁။ ဂျော်ဒန်
၁၂။ ကူဝိတ်
၁၃။ လစ်ဗျား
၁၄။ မော်လဒိုက်
၁၅။ မလေးရှား
၁၆။ မော်ရီတေးနီးယား
၁၇။ မော်ရိုကို
၁၈။ အိုမန်
၁၉။ ပါကစ္စတန်
၂၀။ ပါလက်စတိုင်း
၂၁။ ကာတာ
၂၂။ ဆော်ဒီအာရေဗျ
၂၃။ ဆာရာဝီ
၂၄။ ဆိုမာလီယာ
၂၅။ တူနီးရှား
၂၆။ ယူအအေီး ( UAE )
၂၇။ ယီမင်

▪️ကမ္ဘာ့ပေါ်၌ ‌ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ ဘူတန်
၂။ ကမ္ဘောဒီးယား

▪️ကမ္ဘာပေါ်၌ ဟိန္ဒူဘာသာ နှင့် ဆစ်ဘာသာတို့တွင် နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားသော နိုင်ငံမရှိပေ။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ( ၁၉၃ ) နိုင်ငံရှိသည်။

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာများ
၁။ အင်္ဂလိပ်
၂။ တရုတ်
၃။ ပြင်သစ်
၄။ စပိန်
၅။ ရုရှား
၆။ အာရပ်

▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိသော နိုင်ငံများ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ကုလသမဂ္ဂ၌ အမြဲတမ်းအဖွဲ့နိုင်ငံ ( ၁၅ )
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အယ်ဘေနီးယား
၇။ ဘရာဇီး
၈။ ဂါဘွန်
၉။ ဂါနာ
၁၀။ အိန္ဒိယ
၁၁။ အိုင်ယာလန်
၁၂။ ကင်ညာ
၁၃။ မက်ကစီကို
၁၄။ နော်ဝေး
၁၅။ ယူအအေီး ( UAE )

▪️ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ဗီယက်နမ်
၃။ ထိုင်း
၄။ ပါကစ္စတန်
၅။ အမေရိကန်

▪️ကမ္ဘာ့ဂျုံတင်ပို့မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒယ
၃။ ရုရှား
၄။ အမေရိကန်
၅။ ပြင်သစ်

▪️ကမ္ဘာ့စစ်လက်နက်ရောင်ချမှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ပြင်သစ်
၄။ တရုတ်
၅။ ဂျာမဏီ

▪️ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုအများနိုင်ငံ ( ၅ )
၁။ တရုတ်
၂။ အမေရိကန်
၃။ ဂျပန်
၄။ အိန္ဒိယ
၅။ တောင်ကိုရီးယား

▪️ကမ္ဘာ့မော်တော်ဆိုင်ကယ်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဂျာမနီ
၃။ အိန္ဒိယ
၄။ ထိုင်း
၅။ ဂျပန်

▪️ကမ္ဘာ့လေယာဉ်ပျံထုတ်လုပ်မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ပြင်သစ်
၃။ ဂျာမနီ
၄။ ကနေဒါ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ပြင်သစ်
၂။ စပိန်
၃။ အမေရိကန်
၄။ တရုတ်
၅။ အီတလီ
၆။ တူရကီ
၇။ မက်ကစီကို
၈။ ထိုင်း
၉။ ဂျာမဏီ
၁၀။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ဆော်ဒီအာရေဗျ
၄။ ကနေဒါ
၅။ အီရတ်
၆။ တရုတ်
၇။ ယူအအေီ ( UAE )
၈။ ဘရာဇီး
၉ ။ ကူဝိတ်
၁၀။ အီရန်

▪️ကမ္ဘာ့မိုဘိုင်းဖုန်းတင်ပို့မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ဗီယက်နမ်
၃။ ဟောင်ကောင် ( တရုတ် )
၄။ အမေရိကန်
၅။ ဂျာမနီ
၆။ ချက်သမ္မတနိုင်ငံ
၇။ စင်္ကာပူ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ ‌ဩစႀတီးယား

▪️ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အီတလီ
၂။ တရုတ်
၃။ စပိန်
၄။ ပြင်သစ်
၅။ ဂျာမနီ
၆။ အိန္ဒိယ
၇။ မက်ကစီကို
၈။ ယူနိုက်တက်ကင်းဒမ်း ( UK )
၉။ ရုရှား
၁၀။ အမေရိကန်

▪️ကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ရှိသော နိုင်ငံများ
၁။ ရုရှား
၂။ အမေရိကန်
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပါကစ္စတန်
၈။ အစ္စရေး
၉။ မြောက်ကိုရီးယား

▪️ကမ္ဘာပတ်လမ်းကြောင်းတွင် လည်ပတ်မှုအများဆုံး ဂြိုလ်တုရှိတဲ့ နိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ရုရှား
၄။ ဂျပန်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )

▪️ကမ္ဘာ့အိုင်ကျူ( IQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဂျပန်
၂။ ထိုင်ဝမ်
၃။ စင်္ကာပူ
၄။ ဟောင်ကောင် ( တရုတ် )
၅။ တရုတ်
၆။ တောင်ကိုရီးယား
၇။ ဘီလာရု
၈။ ဖင်လန်
၉။ လက်ချင်စတိန်း
၁၀။ ဂျာမနီ

▪️ကမ္ဘာ့အီးကျူ( EQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဖိလစ်ပိုင်
၂။ အယ်ဆာဗေဒို
၃။ ဘာရိန်း
၄။ အိုမန်
၅။ ကိုလံဘီယာ
၆။ ချီလီ
၇။ ကော်စတာရီကာ
၈။ ကနေဒါ
၉။ ဂွာတီမာလာ
၁၀။ ဘိုလီဗီးယား

▪️ကမ္ဘာ့ပျမ်းမျှအရပ်အရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ နယ်သာလန်
၂။ မြန္တီနီဂရိုး
၃။ ဒိန်းမတ်
၄။ နော်ဝေး
၅။ ဆားဘီးယား
၆။ ဂျာမနီ
၇။ ခရိုအေးရှား
၈။ ချက်သမ္မတနိုင်ငံ
၉။ ဆလိုဗေးနီးယား
၁၀။ လူဇင်ဘတ်

▪️ကမ္ဘာ့ပျမ်းမျှအရပ်အပုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ဘိုလီဗီးယား
၃။ ဖိလစ်ပိုင်
၄။ ဗီယက်နမ်
၅။ ကမ္ဘောဒီးယား
၆။ နီပေါ
၇။ အီကွေဒေါ
၈။ သီရိလင်္ကာ
၉။ နိုင်ဂျင်ရီးယား
၁၀။ ပီရူး

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့နိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အမေရိကန်
၃။ ယူအအေီး ( UAE )
၄။ တောင်ကိုရီးယား
၅။ ဂျပန်
၆။ မလေးရှား
၇။ ဩသတြေးလျ
၈။ အင်ဒိုနီးရှား
၉။ ကနေဒါ
၁၀။ ထိုင်း

▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့မြို့ကြီး ( ၁၀ ) မြို့
၁။ ဟောင်ကောင် ( တရုတ် )
၂။ ရှိန်းကျိန့် ( တရုတ် )
၃။ နယူးယောက် ( အမေရိကန် )
၄။ ဒူဘိုင်း ( ယူအေအီး )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ကွမ်းကျိုး ( တရုတ် )
၇။ တိုကျို ( ဂျပန် )
၈။ ကွာလာလမ်ပူ ( မလေးရှား )
၉။ ချုံချင့် ( တရုတ် )
၁၀။ ချီကာဂို ( အမေရိကန် )

▪️ကမ္ဘာ့ပျမ်းမျှအသက်ရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဟောင်ကောင် ( တရုတ် )
၂။ ဂျပန်
၃။ မကာအို ( တရုတ် )
၄။ ဆွစ်ဇာလန်
၅။ စင်္ကာပူ
၆။ အီတလီ
၇။ စပိန်
၈။ ဩစတြေးလျ
၉။ အိုက်စလန်
၁၀။ တောင်ကိုရီးယား

▪️ကမ္ဘာ့ပျမ်းမျှအသက်တိုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၂။ ချဒ်သမ္မတနိုင်ငံ
၃။ လီဆိုသို
၄။ နိုင်ဂျီရီးယား
၅။ ဆီရာလီယွန်
၆။ ဆိုမာလီယာ
၇။ အိုင်ဗရီကို့စ်
၈။ တောင်ဆူဒန်
၉။ ဂင်းနီဗစ်ဆော
၁၀။ အီကွေတာဂီနီ

▪️ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီး ( ၅ ) ရုပ်
၁။ ညီညွတ်ရေးရုပ်တု ( အိန္ဒိယ )
၂။ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော် ( တရုတ် )
၃။ လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး ( မြန်မာ )
၄။ အုရှိခုဗုဒ္ဓရုပ်ပွားတော်ကြီး ( ဂျပန် )
၅။ ဆန်းဒိုင်းဗောဓိသတ္တ ရုပ်ပွားတော်ကြီး ( ဂျပန် )

▪️ကမ္ဘာ့ရွှေထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဩစတြေးလျ
၃။ ရုရှား
၄။ အမေရိကန်
၅။ ကနေဒါ

▪️ကမ္ဘာ့စိန်ထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ဘော့ဆွာနာ
၃။ ကနေဒါ
၄။ ကြန္ဂို
၅။ တောင်အာဖရိက

▪️ကမ္ဘာ့ပေါ်၌ ပတ္တမြားထွက်ရှိ‌သောနိုင်ငံများ
၁။ မြန်မာ
၂။ ထိုင်း
၃။ မဒါဂတ်စကား
၄။ သီရိလင်္ကာ
၅။ ကင်ညာ
၆။ ကမ္ဘောဒီးယား
၇။ ဗီယက်နမ်
၈။ ဩစတြေးလျ
၉။ ပါကစ္စတန်
၁၀။ အိန္ဒိယ
၁၁။ မာလဝီ
၁၂။ မိုဇမ်ဘစ်
၁၃။ တန်ဇန်နီးယား
၁၄။ အာဖဂန်နစ္စတန်
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ပတ္တမြားများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ( ၉၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

▪️ကမ္ဘာ့အရည်အသွေးအ‌ကောင်း‌ဆုံး ကျောက်စိမ်းထွက်ရှိသော နိုင်ငံ ( ၅ ) နိုင်ငံ
၁။ မြန်မာ
၂။ အမေရိကန်
၃။ ဂွာတီမာလာ
၄။ ကော်စတာရီကာ
၅။ မက်ကစီကို
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး‌ ကျောက်စိမ်းများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ကျောက်စိမ်းထုတ်လုပ်မှု၏ ( ၇၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )

#မူရင်းကိုခရက်ဒစ်ပေးပါသည်

31/07/2025

ဘာမဆိုအရမ်းကြီးမတွယ်တာ တာအကောင်းဆုံးပါ အနီးအနားရှိချိန် အကောင်းဆုံးဖြတ်သန်းကြပါ လောကမှာ ဘယ်အရာမှ မတည်ပါ🥲

ရုရှားမှာ အင်အားပြင်းငလျင် လှုပ်ခတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားဇူလိုင်လ ၃၀ ရက် နံနက်အစေ...
30/07/2025

ရုရှားမှာ အင်အားပြင်းငလျင် လှုပ်ခတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

ဇူလိုင်လ ၃၀ ရက် နံနက်အစောပိုင်းက ရုရှားနိုင်ငံ အရှေ့ဖျားမှာ ပြင်းအား ၈.၈ မဂ္ဂနီကျူ့စ် ငလျင် လှုပ်ခတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှ နိုင်ငံတွေမှာ ဆူနာမီလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံ ဟော့ကိုင်ဒိုးကျွန်းရဲ့ တောင်ဘက် တိုကာချီကမ်းခြေမှာ ၁.၃ ပေအမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ တိုင်းတာရရှိထားတယ်လို့ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းပေါ်မှ ဟိုနိုလူလူမြို့မှာ ဆူနာမီသတိပေးချက် ဥသြသံတွေ ထွက်ပေါ်ခဲ့ပြီး ဒေသခံတွေကို မြေမြင့်ရာ ရွှေ့ပြောင်းပေးလျက် ရှိပါတယ်။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ဆူနာမီလှိုင်းအန္တရာယ် နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ ကမ်းရိုးတန်းအရပ်တွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းမှာ မြေအောက်အနက် ၁၃ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး ပြင်းအား ၆.၉ မဂ္ဂနီကျူ့စ် ထပ်ကျော့ငလျင်အပါအဝင် ထပ်ကျော့ငလျင်အများအပြား လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ ဓာတ်အားပြတ်တောက်မှု၊ ဖုန်းလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: Evacuations in Japan and US as major earthquake off Russia triggers widespread tsunami warnings
Team ( ရိုးရာလေး)

🗣 ပရုတ်လုံး အနံ့လေး မွှေးလိုက်တာဆိုပြီး ပရုတ်လုံးအနံ့ ကြိုက်တတ်သူများ သိစေချင်လို့ပါမပေါ့ဆ သင့်သည့် အဝတ်အ စားတွေကြားထဲ မ...
27/07/2025

🗣 ပရုတ်လုံး အနံ့လေး မွှေးလိုက်တာဆိုပြီး ပရုတ်လုံးအနံ့ ကြိုက်တတ်သူများ သိစေချင်လို့ပါ

မပေါ့ဆ သင့်သည့် အဝတ်အ စားတွေကြားထဲ မှ ပရုတ်လုံး ၏အန္တရာယ်။ ပရုတ်လုံး၏အန္တရာယ်များ (ကလေးများအတွက် အလွန်အရေးကြီးပါသည်)
ပရုတ်လုံးကို အင်္ဂလိပ်လို Mothballs လို့ခေါ်ကြပါတယ်။ Moth ဆိုတာ အလွယ်ပြောရရင် အဝတ်တွေထဲမှာနေတဲ့ ပိုးကောင်လေးတွေပါ။ သူတို့ရဲ့အစာက အဝတ်မျှင်တွေ၊ သိုးမွှေးတွေဖြစ်လို့ အဝတ်တွေထဲမှာနေပြီး ကိုက်ဖြတ်စားသောက်ကြပါတယ်။
အဲဒီ ပိုးမွှားတွေသေအောင်၊ ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။ ပရုတ်လုံးမှာ အဓိကပါဝင်ပစ္စည်းက Naphthalene မို့လို့ Naphthalene balls လို့လဲခေါ်ပါတယ်။
တစ်ချို့ပရုတ်လုံးမှာတော့ Paradichlorobenzene ပါပါတယ်။ Naphthalene နဲ့ Paradichlorobenzene တွေဟာ ပိုးမွှားသတ်ဆေး Insecticide or Pesticides တွေ ဖြစ်ပါတယ်။
ပိုးမွှားသတ်ဆေးတွေ ဖြစ်တဲ့အတွက် စနစ်တကျ မသုံးတတ်ရင်၊ မသုံးသင့်တဲ့နေရာတွေမှာ မသိလို့ သုံးမိရင် အန္တရာယ်ရှိတာမို့ ဒီ Post ကိုရေးလိုက်တာပါ။ ပရုတ်လုံးက အငွေ့ပျံပြီးထွက်လာတဲ့ အငွေ့တွေက ပိုးမွှားတွေကို သေစေတာပါ။
စနစ်တကျသုံးနည်းကတော့ ပိုးမွှားရှိတဲ့အဝတ်တွေ သိုးမွှေးထည်တွေကို အလုံပိတ်အိတ် သို့မဟုတ် လေလုံတဲ့ပလပ်စတစ်ဗူးထဲမှာ ပရုတ်လုံးနဲ့အတူ ထည့်ပိတ်ထားရင် ထွက်လာတဲ့အငွေ့တွေ စုမိလာပြီး ပိုးမွှားတွေ သေသွားပါတယ်။
ပြီးရင်တော့ အဝတ်တွေကို ပြန်လျှော် ဒါမှမဟုတ် အနံ့ပျောက်အောင် နေလှန်းပြီးမှ ပြန်ဝတ်သင့်ပါတယ်။ တစ်ချို့က ပရုတ်လုံးနံ့ရနေတဲ့ အဝတ်အစားတွေကို ပရုတ်လုံးနံ့လေး သင်းနေတယ်ဆိုပြီး သဘောတောင် ကျတတ်ပါတယ်။
တကယ်တော့ ပရုတ်လုံးနံ့ရနေတယ်ဆိုတာ ပရုတ်လုံးကထွက်လာတဲ့ အဆိပ်ငွေ့ Toxic gas တွေ ကျန်နေသေးတဲ့သဘောပါ။ အထူးသဖြင့် ကလေးအဝတ်အစားတွေဆိုရင် ပြန်လျှော်ပြီးမှ ဝတ်ပေးသင့်ပါတယ်။
တစ်ချို့က ပရုတ်လုံးကို တခြားနေရာတွေမှာလဲ သုံးကြပါတယ်။ ကြွက်ပြေးအောင်၊ ပိုးဟတ်မလာအောင်၊ တစ်ခြားအကောင်ပလောင် မလာအောင်၊ အပင်ကိုရှဉ့်မကိုက်အောင် စသည်ဖြင့်ပေါ့။
တကယ်တော့ ပရုတ်လုံးကို အဲဒီရည်ရွယ်ချက်တွေနဲ့ မသုံးသင့်ပါဘူး။ရည်ရွယ်တာက ပိုးမွှားကောင်တွေကို ဖြစ်ပေမယ့် လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပိုပြီး ထိခိုက်စေတတ်တယ်လို့ ဆိုထားပါတယ်။
ပရုတ်လုံးကို open air မှာ ဒီအတိုင်းထားရင် ပရုတ်လုံးက အငွေ့ (တကယ်တော့ အဆိပ်ငွေ့)ကို အချိန်ကြာကြာရှူတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ တစ်ချို့ကလဲ ပရုတ်လုံးနံ့ကို ကြိုက်လို့ အမြဲရှူနေတာတောင် ရှိပါတယ်။
ကြာလာရင် ခေါင်းကိုက်တာ၊ ပျို့တာ အန်တာ၊ ဝမ်းလျှောတာ၊ မျက်လုံးနဲ့ နှာခေါင်း စပ်ဖျဉ်းဖျဉ်းဖြစ်တာ ကနေ အသည်း နဲ့ ကျောက်ကပ်ကို ပျက်စီးစေတာအထိ ဖြစ်နိုင်ပါတယ်။
Para dichlorobenzene ကလဲ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်း (Carcinogenic) ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ပရုတ်လုံးဟာ မွေးရာပါ G 6 P D အင်ဇိုင်းချို့တဲ့တဲ့သူတွေနဲ့ လုံးဝမတဲ့တာပါ။
မြန်မာပြည်မှာ G6PD အင်ဇိုင်းချို့တဲ့တဲ့ ဦးရေက လူ ၁၀၀ မှာ ၉ ယောက်လောက် ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့မှုကြောင့် အသားဝါတဲ့ကလေး တော်တော်များပါတယ်။
အထူးသဖြင့် ပရုတ်လုံးက G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးတွေရဲ့သွေးနီဥတွေကို ပြိုကွဲစေတဲ့အတွက် အချိန်တိုအတွင်း သွေးထဲမှာအဝါဓာတ်တွေ တအားတက်လာပြီး ဦးနှောက်ထိခိုက်ပျက်စီးသွားတာ၊ အသက်သေဆုံးတာတွေ ဖြစ်စေပါတယ်။
မွေးကင်းစကလေးတွေ အဝါဓာတ်အရမ်းများလို့ ဦးနှောက်မထိခိုက်ရအောင် သွေးလဲပြီးကုရတဲ့ ကလေးတော်တော်များများမှာ G6PD အင်ဇိုင်းချို့တဲ့တာ တွေ့ရပါတယ်။ တစ်ချို့ဆို ကလေးအနှီးတွေကို ပရုတ်လုံးနဲ့ သိမ်းရုံတင်မက ပရုတ်လုံးအမှုန့်ကို ဖြူးပြီး မီးပူပါတိုက်လိုက်သေးတယ် ဆိုပါတယ်။
အဲဒီအနှီးတွေနဲ့ ကလေးကိုထုပ်လိုက်တဲ့အခါ မွေးစကလေးရဲ့သွေးနီဥတွေ ကွဲသွားပြီး အဝါဓာတ်တက်လာတာ တအားမြန်တဲ့အတွက် ဆေးရုံရောက်လာတဲ့အချိန်မှာ ဦးနှောက်ထိခိုက်ပြီးသား ဖြစ်နေတာလဲ မကြာခဏတွေ့ရပါတယ်။
ပရုတ်လုံးတွေကို ပိုးဟတ်တို့၊ ကြွက်တို့ မလာအောင် ဟိုနား ဒီနားထားတဲ့အခါ ကလေးငယ်တွေက ပူရှိန်းသကြားလုံးအမှတ်နဲ့ ကောက်စားတတ်ပါတယ်။ တစ်ချို့အိမ်မွေးတိရစ္ဆာန်လေးတွေကလဲ စားမိတတ်ပါတယ်။
ပရုတ်လုံးမှာပါတာက ပိုးသတ်ဆေးတစ်မျိုးဘဲမို့ ကလေးတွေ အထူးသဖြင် G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးအငယ်လေးတွေဆို ပရုတ်လုံးတစ်လုံးစားမိရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ပရုတ်လုံး ၅ လုံးစားမိတဲ့ ကလေးတစ်ယောက်ဆိုရင် ဆေးရုံမှာအသက်ရှင်အောင် အစွမ်းကုန်ကြိုးစားကုသပေးကြပေမယ့် အသက်သေဆုံးသွားဘူးပါတယ်။ ဒါကြောင့် ပရုတ်လုံးသုံးတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားပြီးမှ စနစ်တကျသုံးကြဘို့၊
ပရုတ်လုံးကို ကလေးတွေ အလွယ်တကူ မတွေ့နိုင်တဲ့နေရာမှာ သေချာသိမ်းဆည်းဘို့ နဲ့ မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့ရောဂါပါနိုင်လို့ ကလေးအတွက် အနှီး၊ အဝတ်အစား၊ စောင်တွေတင်မက ကလေးကို ချီပိုးပြုစုကြမယ့်
လူကြီးတွေရဲ့ အဝတ်အစားတွေပါ ပရုတ်လုံးနဲ့ မသိမ်းကြဘို့၊ သုံးခဲ့ရင်လဲ သေချာပြန်လျော်ကြဘို့၊ ပရုတ်လုံးအနံ့ဟာလဲ ရှူသင့်တဲ့အမွှေးနံ့မဟုတ်လို့ အမွှေးနံ့အနေနဲ့ မသုံးကြဘို့ ပြောချင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )

゚viralシfypシ゚viralシalシ

 #ရောက်ရာအရပ်ကနေအမြန်ဆုံးဆက်သွယ်ပါ  #အမြန်ဆုံးအဆက်အသွယ်ရပါစေ
26/07/2025

#ရောက်ရာအရပ်ကနေအမြန်ဆုံးဆက်သွယ်ပါ
#အမြန်ဆုံးအဆက်အသွယ်ရပါစေ

26/07/2025
26/07/2025

 #ဗဟုသုတိုးတယ်ဖတ်ကြည့်ပါ #မူရင်းရေးသားသူကိုလေးစားပါတယ်မန္တလေးမှာ မိုးပေါ်က တိမ်မျှင်လေးတွေကျလာတယ်ဆိုပြီးပေါ့☺️ အမျှင်လေး...
24/07/2025

#ဗဟုသုတိုးတယ်ဖတ်ကြည့်ပါ
#မူရင်းရေးသားသူကိုလေးစားပါတယ်

မန္တလေးမှာ မိုးပေါ်က တိမ်မျှင်လေးတွေကျလာတယ်ဆိုပြီးပေါ့☺️ အမျှင်လေးတွေက ကပ်စီးလေးတွေ ဘာ‌ဖြစ်တာလဲမသိဘူးဆိုပြီး တင်ထားတာတွေ့မိလို့ပါ။

မြန်မာလိုဆို ဘိုးဘွားတွေကတော့ နတ်သမီးချည်မျှင်ခေါ်ကြတယ်
Blooning Spider လို့ ပြောလဲရတယ်

ပင့်ကူတွေနေရာပြောင်းတာပါ🕸️🕷️
ငှက်တွေ တိရိစ္ဆာန်တွေ migrate လုပ် နေရာရွှေ့ကြသလိုပါပဲ။

ထောင်သောင်းချီတဲ့ ပင့်ကူလေးတွေ အုပ်စုလိုက် သူတို့ရဲ့ အမျှင်တွေကို web ကွန်ယက်လို ဖြန့်ကျဲပြီး လေဟုန်စီးတဲ့ပုံစံနဲ့ နေရာရွှေ့ကြတာပါ။

သူတို့သဘာ၀ သူတို့အသိနဲ့ မူလနေရာရဲ့ အမြင့်ဆုံးထိ လေစီးကြောင်း လေတိုက်နှုန်းကို ချိန်ပြီး သွားကြတယ်။

လေစီးကြောင်းနဲ့မျောရင်း သူတို့သွားချင်တဲ့နေရာရောက်ရင် ကွန်ယက်ကို ဖြတ်ချပြီး မြေကြီးပေါ်ဆင်းကြပါတယ်။

လေကြောင့် ချည်မျှင်တွေ ပျံ့နှံ့သွားတာ ပြန်ကျလာတာကို တိမ်အမျှင်လေးတွေနဲ့တူလို့ တိမ်တွေကျလာတာလားလို့ ထင်မှတ်တတ်ကြပါတယ်။

ဒါကြောင့်လဲ နတ်သမီးချည်မျှင်ခေါ်ကြတာထင်ပါရဲ့။

ငလျင်ကြောင့် လန့်နေကြတဲ့အချိန် ဒါက အန္တရာယ်လားလို့ စိုးရိမ်နေတာမြင်မိလို့ မသိတဲ့ သူတွေအတွက် သုတ အလို့ငှာ ရေးလိုက်တာပါရှင့်။🥰

ဒါမျိုးက ကမ္ဘာ့နေရာအနှံ့မှာလဲ ဖြစ်နေကျ ပင့်ကူလေးတွေ သူတို့သဘာ၀ ညဖက်ဆို insect တွေရှာဖို့လဲ လုပ်တတ်ကြသလို နေရာအသစ် ပြောင်းကြတဲ့ အခါလဲလုပ်တတ်ကြတဲ့ဖြစ်စဉ်လေးပါလို့🥰🥰🥰🕷️🕷️

𝑱𝒆𝒏𝒏𝒊𝒇𝒆𝒕 𝑴𝒈✍🏻🫰🏻
Jennifer Mg 🍀

ဒီအသီး  ဒီလောက်ဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူး အလေးမထားခဲ့ဘူး သေခြာမဖတ်ခဲ့ဘူး တခါတလေစားဖြစ်ပါတယ် ဆေးဖက်ဝင်မှန်းသိတယ် ခရမ်...
22/07/2025

ဒီအသီး ဒီလောက်ဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူး အလေးမထားခဲ့ဘူး သေခြာမဖတ်ခဲ့ဘူး တခါတလေစားဖြစ်ပါတယ် ဆေးဖက်ဝင်မှန်းသိတယ် ခရမ်းကစော့သီးကို တခါတလေစားပေးပါ အားလုံး ကျမ်းမာချမ်းသာကြပါစေ။

ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲ့ဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေး..

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။

#ကင်ဆာကာကွယ်ပေးတယ်

ခရမ်းကစော့သီးက ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။

#အကိုက်အခဲသက်သာစေနိုင်တယ်

ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

#ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်

လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

#အနာတွေကိုသက်သာစေနိုင်တယ်

အရေပြားမှာဖြစ်တဲ့ အနာတွေ သက်သာစေဖို့လည်း ခရမ်းကစော့သီးကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ခရမ်းကစော့သီးကို စားပေးရင် သက်သာစေမှာပါ။

#အဖျားကျစေနိုင်တယ်

ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

#ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။

#ဗီတာမင် C ချို့တဲ့မှုကင်းစေတယ်

ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

#ရေယုန်သက်သာစေနိုင်တယ်

ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

#ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို ရောဂါတွေကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

#သန်ကျစေနိုင်တယ်

ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။

#အမြင်အာရုံကောင်းစေတယ်

ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။

အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

#ꓥꓪ ꓠꓴꓽ ꓠꓬ ꓦꓻ ꓟꓻ ꓠ ꓘꓴꓻ ꓢꓶꓽ ꓐꓰ ꓐꓯˍ ꓡꓳ 😁

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

11/07/2025
😄တော်တော်များများ မှားတတ်တယ်😀"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။"ဗူး"မှုတ်တာကလွဲရင်ဘာထည့်တဲ့ ဘူးဖြစ်ဖြစ် ၊အကုန်လုံး ဘ...
11/07/2025

😄တော်တော်များများ မှားတတ်တယ်😀
"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။
"ဗူး"မှုတ်တာကလွဲရင်
ဘာထည့်တဲ့ ဘူးဖြစ်ဖြစ် ၊
အကုန်လုံး ဘကုန်းနဲ့ "ဘူး" ။
[ပန်းရန်ဆရာတွေ၊ကိုင်တဲ့ကိရိယာကို
"သံလျက်"လို့ ၊မရေးမိစေနဲ့နော်။(ကိုယ်လည်းမှားရေးဖူးတယ်)။
"သံလက်"လို့ ရေးမှ မှန်တယ်။]
[ဘုရင်တွေကိုင်တဲ့ ဓားအမျိုးအစားကိုလည်း"သံလက်"လို့ မရေးမိစေနဲ့ ။
"သန်လျက်"လို့ ရေးမှ အမှန်]
"ပါတ်သက်"လို့ရေးထားတာတွေ့ရင်၊
"ပတ်သက်"လို့ ပြင်ပေးလိုက်ပါ။
"တစ်ချို့"လို့ ရေးထားတာတွေ့ရင်၊
"တချို့"လို့ ပြင်ပေးလိုက်ပါ။
"မျိုးမျိုးမြတ်မြတ်"မဟုတ်ဘူးနော်။
"မြိုးမြိုးမြက်မြက်"
"မျက်ခြေပြတ်"လို့မှား မရေးနဲ့။
"မျက်ခြည်ပြတ်"လို့ရေးမှအမှန်။
"ဟိုလိုတက်ကတယ်"
"ဒီလိုတက်ကတယ်"ဆိုပြီး
"တက်ရတယ်"လို့ ပြောတဲ့အခါမှာ၊
"ရ" နဲ့ "က"တောင်
အထားအသို မမှန်ဘဲ ပြောနေတဲ့၊
နိုင်ငံခြားဘာသာ သင်တန်းဆရာတချို့လည်းရှိတတ်တယ်။
"တက်ရတယ်"လို့ ပြောမှ မှန်ပါတယ်။
"တက်ကတယ်"ဆိုတာ၊ အပေါ်ကိုတက်ပြီး ကတယ်လို့ ဆိုလိုတာပါ။
လုပ်ရတယ်ကို လုပ်ကတယ်
စားရတယ်ကို စားကတယ် ၊
စားရဦးမယ်ကို စားကဦးမယ် စသည်ဖြင့် ၊
(ဒါဟာ စကားမပီတာ မဟုတ်ပါဘူး။
စာမပီတာပါ။စာမတတ်တာပါ။
မြန်မာစာကို တိတိကျကျ ၊မသိ မတတ်တာပါ။
မြန်မာစကား မတတ်တာပါ။
မြန်မာစကား ပီပီသသ၊မပြောတတ်တာပါ)။
"ပဠိပကၡ"လို့
ရေးတဲ့ပညာရှင်ရှိနေတယ်။
"ပဋိပက္ခ"သာ အမှန် ဖြစ်ပါတယ်။
ကာတွန်းမှာပဲ ဖြစ်ဖြစ်၊
တခြားဝါကျမှာပဲဖြစ်ဖြစ်၊
"ဝုန်းကနဲ့"တို့
"ဒိုင်းကနဲ"တို့ တွေ့ပြီဆိုရင်၊
"ဝုန်းခနဲ" "ဒိုင်းခနဲ"လို့သာ
ပြင်ပေးလိုက်ပေတော့။
"ကတ်ပြား"လို့ ရေးမှ အမှန်။
["ကပ်ပြား" "ကဒ်ပြား"(အမှား)]
သေနတ်ထဲ ထည့်တဲ့ ယမ်းတောင့်ကို
"ကျည်ဆံ"လို့ ရေးရင် အမှား။
["ကျည်ဆန်"လို့ရေးမှ အမှန်။
(ကိုယ်လည်း မှားရေးဖူးတယ်)]
{တစ်ဆက်တည်း မှာပါရစေ။ကျည်ဆံလို့ အသံမထွက်ဘူးနော်။ ကျည်ဇန်လို့အသံထွက်ရမယ်}
သူ့ထက်ပိုတယ်လို့ ရေးရမှာကို၊
သူ့ထပ်ပိုတယ်လို့ ရေးနေမိကြတယ်။
မြန်မာစာ သိပ်မရင်းနှီးတဲ့သူဆိုရင်၊
"ကရဝိက်"ငှက်ကို ၊
"ကရဝိတ်ငှက်"
"ကရဝိတ်ဌက်"လို့၊ရေးမိတတ် ကြတယ်။
"ကြေငြာ" လို့ရေးရင်အမှား၊
"ကြေညာ"လို့ရေးမှ အမှန်။
"ကြော်ညာ"လို့ရေးရင် အမှား၊
"ကြော်ငြာ"လို့ရေးမှ အမှန်။
"ရှုခင်း"ကို
"ရှု့ခင်း"လို့ မရေးမိစေနဲ့။
{"မွှေ့ရာ"လည်း မဟုတ်ဘူး။
"မွှေ့ယာ"လည်း မဟုတ်ဘူး။
"မွေ့ယာ"လည်းမဟုတ်ဘူး။
"မွေ့ရာ"လို့ ရေးမှ အမှန်။}
{"အိပ်ယာ"လို့ရေးရင် အမှား။
"အိပ်ရာ"လို့ရေးမှ အမှန်။}
{"အိမ်ယာ"လို့ ရေးရင် အမှား။
"အိမ်ရာ"လို့ရေးမှ အမှန်။}
သတင်းရေးသူတွေပဲဖြစ်ဖြစ်
တခြားရေးသူတွေပဲဖြစ်ဖြစ်၊
"တုန့်ပြန်"လို့ ရေးနေမိကြလိမ့်မယ်။
"တုံ့ပြန်"သာအမှန်ဖြစ်ပါတယ်။
"သံပုရာသီး"လို့ မှားမရေးမိစေနဲ့။
"သံပရာသီး"လို့ ရေးမှ အမှန်။
"ပုခုံး"လို့ မှားမရေးမိစေနဲ့။
"ပခုံး"လို့ ရေးမှ အမှန်။
"အမွှာပူး"လို့ ရေးရင် မှားတယ်။
"အမြွှာပူး"လို့ရေးမှ အမှန်။
ဗံဒါပင်လည်းမဟုတ်ဘူး၊
ဗန်ဒါပင်လည်း မဟုတ်ဘူး၊
ဗန္ဒာပင်လည်း မဟုတ်ဘူး။
"ဗာဒံပင်"
"ဆက်နွယ်"လို့ရေးတာ
အမှန် ထင်ခဲ့ဖူးတယ်။မဟုတ်ဘူး။
"ဆက်နွှယ်"လို့ရေးမှ အမှန်။
"ပတ်သက်"ကို "ပတ်သတ်"လို့ရေးသလို၊
"ဖြစ်ရပ်"ကို "ဖြစ်ရက်"လို့ ရေးနေကြတယ်။
(မြန်မာပြည်က မြန်မာတွေရဲ့ မြန်မာစာအခြေအနေ)
___________
"တစ်ခြား"လို့ အရေးမှားသူတွေ
ရှိနေသေးတယ်။
"တခြား"ကအမှန် ။
"အဓိဠာန်"လို့ မှားရေးထားတာလည်း တွေ့ကြရမယ်။
"အဓိဋ္ဌာန်"သာအမှန်ဖြစ်ကြောင်း
သိထားရမယ်။
"လှေခါး"လို့ရေးရင်မှားတယ်။
"လှေကား" (အမှန်)
ကမ္ဘာ"တစ်ဝှမ်း"နိုင်ငံ"တစ်ဝှမ်း"လို့
ရေးမိတတ်ကြတယ်။
ကမ္ဘာတစ်ဝန်း
နိုင်ငံတစ်ဝန်းလို့ ရေးမှမှန်တယ်နော် ။
"တစ်ခါတစ်လေ"လို့ရေးထားတာပဲဖြစ်ဖြစ်၊
"တခါတလေ"လို့ ရေးထားတာပဲဖြစ်ဖြစ်၊ တွေ့ခဲမြင်ခဲ့ရင်၊
"တစ်ခါတလေ"သာ အမှန်ဖြစ်ကြောင်း၊
ကိုယ့်ဘာသာ မှတ်သားထားလိုက်ပါ။
"မြင့်မိုရ်တောင်"လို့ရေးထားတာတွေ့ရင်၊
"မြင်းမိုရ်တောင်"လို့ ပြင်ရေးပေးလိုက်ပါ။
"အနူးအညွန့်"တောင်းပန်ပါတယ်လို့
ရေးထားတာတွေ့ရင်၊
"အနူးအညွတ်"တောင်းပန်ပါတယ်လို့၊ ပြင်ပေးလိုက်ပါ။
ဒါဏ်ရိုက်မယ်လို့ရေးထားရင်၊
ဒဏ်ရိုက်မယ်လို့ ပြင်ပေးလိုက်ပါ။
ပါတ်ဝန်းကျင်လို့ ရေးထားရင်
ပတ်ဝန်းကျင်လို့ ပြင်ပေးလိုက်ပါ။
"လျှက်"ဆိုတဲ့ စာလုံး
ဘယ်မှာမှ မသုံးဘူး ။ ။
ဘာကြောင့်သတိရလျှက်
ခင်မင်လျှက်၊လေးစားလျှက်လို့
ရေးနေကြသလဲဆိုတာ့။
"လျက်"နဲ့ ရေးရတာကို မသိကြလို့ပေါ့။
လျက်ဆားကိုလည်း လျှာနဲ့ လျက်တယ်။
လေပြေလေညှင်းလို့ ရေးထားတာတွေ့ရင်၊
"လေပြည်လေညင်း"လို့ပြင်ပေးလိုက်ပါ။
(တိုက်ခတ်တဲ့လေကို၊"လေပြည်"လို့ခေါ်ပါတယ်။
"လေပြေ"လို့ ရေးရင် ၊ မှားပါတယ်)။
(ဇာတ်သဘင်မှာ ၊ အခန်းအကူးအပြောင်းအတွက်၊ ပြောတဲ့စကားကို၊ "လေပြေထိုး"တယ်လို့ ခေါ်သလို၊
စိတ်ဆိုးနေသူကို ပြေလည်အောင် ၊ ပြောတဲ့စကားကိုလည်း ၊ "လေပြေထိုး"တယ်လို့ခေါ်ပါတယ်)။

သတ်ပုံ မမှားစေနဲ့
အမှန် (အမှား)
ကောက်နုတ် 📷
(ကောက်နှုတ်)📷
(အပေါင်းအနုတ်၊ ထုတ်နုတ်၊ ပေါင်းနုတ် စသည်တို့မှာလည်း 'နှုတ်' မဟုတ်ပါ။ 'နုတ်'သာ ဖြစ်ပါသည်။)
📷📷📷📷📷📷📷📷📷
ကျစ်လျစ် 📷(ကျစ်လစ်)📷
(ကျောင်းသားများ မေးခွန်းကူးရာကစ မှားတတ်သော စာလုံးပေါင်း ဖြစ်ပါသည်။)
📷📷📷📷📷📷📷📷📷📷
ခုနစ် 📷= ၇ (ခုနှစ်)📷
📷📷📷📷📷📷📷📷📷📷
ခေတ်မီ 📷(ခေတ်မှီ)📷
(မကြာမီ၊ အမီလိုက်၊ သူတို့ကိုမီပြီ စသည်တို့မှာလည်း 'မီ' ကိုသာ သုံးပါသည်။)
📷📷📷📷📷📷📷📷📷📷
ဂုဏ်ရည်တူချင်း 📷(ဂုဏ်ရည်တူခြင်း)📷
(ရူပကအလင်္ကာ ဖြေဆိုရာတွင် မှားတတ်သည်။)
📷📷📷📷📷📷📷📷📷📷
စိုပြည်📷 (စိုပြေ)📷
📷📷📷📷📷📷📷📷📷
စွဲလမ်း📷 (စွဲလန်း)📷
📷📷📷📷📷📷📷📷📷📷
တကယ်📷 (တစ်ကယ်)📷
📷📷📷📷📷📷📷📷📷📷
တချို့📷 (တစ်ချို့)📷
📷📷📷📷📷📷📷📷📷📷
တခြား 📷(တစ်ခြား)📷
(ဤစကားလုံးများမှာ အမှားများလှသည်။)
📷📷📷📷📷📷📷📷📷📷
တစ်ဝန်း📷 (တစ်ဝှမ်း)📷
(နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်း၊ လောကတစ်ဝန်းဟု ရေးမှ မှန်ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးက ထွက်လာသော စာများပင် မှားသုံးနေသည်ကို တွေ့ရသည်။)
တွန်ကျူး 📷(တွန်ကြူး)📷
ထို့ပြင် 📷(ထို့အပြင်)📷
(ထို့အပြင် ဟူသော အမှားကို စာနယ်ဇင်းလောကမှာ မမြင်ချင်အဆုံးပါ။ စာစီစာကုံးစာအုပ်များမှာပင် တွေ့နေရသည်။)
ဒါပေမဲ့📷 (ဒါပေမယ့်)📷
နေ့လယ် 📷(နေ့လည်)📷
(ဤ အမှားကို ဖိတ်စာများတွင် အများဆုံးတွေ့ရသည်။)
ပရိသတ်📷 (ပရိတ်သတ်)📷
ပင်ကို📷 (ပင်ကိုယ်)📷
ပြာသာဒ် 📷(ပြသာဒ်\ပြဿာဒ်)📷
(ကျောင်းသားများ ရေးတိုင်းမှားတတ်သော စာလုံးပေါင်း ဖြစ်သည်။)
ဖြည်းဖြည်း 📷(ဖြေးဖြေး)📷
မြောက်မြား 📷(မြောက်များ)📷
(ရှေးသုံးစကားကို မသိသူများ မှားလေ့ရှိသည်။)
မြင်းမိုရ်တောင်📷(မြင့်မိုရ်တောင်)📷
မြိန်ရှက်📷 (မြိန်ယှက်)📷
ရှိခိုး 📷(ရှစ်ခိုး)📷
(ယနေ့ခေတ်တွင် အံ့သြစရာ ကောင်းလောက်အောင် မှားလာကြသော စာလုံးပေါင်း ဖြစ်သည်။)
လေပြည်လေညင်း📷 (လေပြည်လေညှင်း)📷
(စာစီစာကုံးတွင် အသုံးရဆုံး စကားလုံးဖြစ်သည်။ မှားသူ များသည်။)
လက်ထပ် 📷(လက်ထက်)📷
('လက်ထပ်'ကို 'လက်ထက်'ဟု မှားပြီး
မင်းတုန်းမင်း၊ သီပေါမင်းတို့'လက်ထက်' ဆိုသည်ကိုတော့ 'လက်ထပ်'ဟု
ကိုရွှေကျောင်းသားတို့
မှားတတ်ကြပါသည်။)
လျက်📷 (လျှက်)📷
(မြန်မာစာတွင် 'လျှက်' မရှိဟု မှတ်ထားလျှင် မမှားဟု ဆိုနိုင်ပါသည်။)
ဝီရိယ 📷(ဝိရိယ)📷
သာမန်📷 (သာမာန်)📷
သဏ္ဌာန်📷 (သဏ္ဍာန်)📷
သန္နိဋ္ဌာန် 📷(သံဓိဋ္ဌာန်)📷
ဟေမန် 📷(ဟေမာန်)📷
(ဟေမန် = ဟေမန္တ = ဆောင်းဥတု။
ဂိမှန် = ဂိမှာန = နွေဥတု။
ဝသန် = ဝသန္တ = နွေဥတု။
ဝသန် = ဝ ဿာန = မိုးဥတု။)
အနှောင့်အယှက်📷 (အနှောက်အရှက်)📷
အလျင်အမြန် 📷(အလျှင်အမြန်)📷
အရုဏ် 📷(အာရုဏ်)📷
(အာရုံနှင့် အရုဏ်ကို ကွဲကွဲပြားပြား
သိထားသင့်ပါသည်။)
အလွန်အကြူး📷 (အလွန်အကျူး)📷
(အတိသယဝုတ္တိအလင်္ကာ ဖြေဆိုရာတွင် မှားတတ်ကြသည်။)
သြော် 📷(အော်...)📷
('သြော်' သာလျှင် အာမေဍိတ်စကား
အမှန် ဖြစ်ပါသည်။ အမှားများသည်။)
အိပ်ရာ📷 (အိပ်ယာ)📷
(မွေ့ရာ၊ အိမ်ရာ၊ ကြင်ရာတို့မှာ 'ရာ' သာ အမှန် ဖြစ်ပါသည်။)
စာလုံးပေါင်းသတ်ပုံမှာ
ကျွန်တော်လည်း ခဏခဏ မှားပါသည်။ သို့သော် အသုံးများသော စကားလုံးများကိုတော့ မမှားအောင် သတိထား
သုံးပါသည်။ သတ်ပုံမှားသောစာမှာ
စာအရသာ ပျက်သည်။
ယခု ဖော်ပြထားသော စကားလုံးများမှာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားများ မှားလေ့ရှိသော၊
မှားလျှင် အမှတ်လျော့နိုင်သော
စာလုံးပေါင်းတချို့ ဖြစ်ပါသည်။
စာရလျက်၊ ဖြေနိုင်လျက်
သတ်ပုံကြောင့် အမှတ်ဝက်မျှမရသော
အဖြစ် မကြုံ ကြစေရန်
ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။

Credit.....
#ကူးယူဖော်ပြပေးပါတယ်။

ဂုဏ်ယူပါတယ်ဗျား🥰🥰
05/07/2025

ဂုဏ်ယူပါတယ်ဗျား🥰🥰

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เบอร์โทรศัพท์

+959259214793

เว็บไซต์

ngs

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ နီးဖူဆာ-𝐍𝐞𝐞𝐩𝐡𝐮𝐬𝐚𝐫ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์