04/11/2022
14/09/2022

“ဘေဘီလေးတွေကို ခေါင်းရိတ်ပေးခြင်း”

ကလေးငယ်တွေကို ခေါင်းရိတ်ပေးတာနဲ့ ပတ်သက်ပြီး မိဘတွေမှာ ခံယူချက်အမျိုးမျိုးရှိကြပါတယ်။
တချို့ကသူတို့ရဲ့ ဘာသာရေးထုံးတမ်း အစဉ်အလာအရ ကလေးငယ်မွေးပြီး လအနည်းငယ်အကြာမှာ ခေါင်းရိတ်ပေးကြပါတယ်။
တချို့ကလည်း ဆံပင်ထူပြီး သန်စွမ်းလာစေဖို့
အကြိမ်များစွာ ကလေးကို ခေါင်းရိတ်ပေးကြပါတယ်။
ကလေးငယ်ကို ဘယ်အရွယ်မှာ ခေါင်းရိတ်ပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်တွေက တိတိကျကျသတ်မှတ်ပေးထားတာမျိုး မရှိပါဘူး။ကလေးရဲ့ ဦးခေါင်းခွံ မာကြောလာတဲ့ ဘယ်အချိန်မဆို ခေါင်းရိတ်လို့ရတယ် လို့ပဲ အကြံပြု
ထားပါတယ်။
ခေါင်းရိတ်တာ ကတုံးတုံးတာဟာ ကလေးငယ်ရဲ့
ဆံပင်ကို အရင်ကထက်ပိုပြီး ထူထဲလာစေတာ/ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေပြန်ပေါက်လာစေတာ လုံးဝ မဟုတ်ပါဘူး။ ကတုံးတုံးတာနဲ့ ဆံပင်ထူထဲ သန်မာလာတာ/ဆံပင်သားကောင်းလာတာ လုံးဝ မသက်ဆိုင်ဘူးလို့ ဆရာဝန်တွေက အတိအကျ ပြောထားပါတယ်။
မွေးဆံပင်ကို Vellus hairလို့ခေါ်ပြီး သူဟာ ကလေးလေးလအရွယ်လောက်ကစပြီး ဆံပင်ကျွတ်တတ်ပြီး မွေးဆံပင်နေရာမှာ သန်မာတဲ့ ဆံပင်တွေ အစားထိုးပေါက်လာကြပါတယ်။
ကလေးတွေ ဆံပင် ကောင်းတာ/သန်တာ/ထူတာ
တွေဟာ မွေးဆံပင်ရဲ့ အောက်ခြေ အတွင်းပိုင်း မွှေးညှင်းပေါက်လေးတွေ ကျန်းမာသန်စွမ်းတာနဲ့ သက်ဆိုင်တာပါ။
ဒါဟာ မျိုးရိုးဗီဇနဲ့ဆိုင်သလို ဦးရေ အရေပြားအတွင်းပိုင်း အာဟာရပြည့်ဝမှုနဲ့လည်း သက်ဆိုင်ပါတယ်။
ကတုံးတုံးလို့ သန်မာတဲ့ ဆံပင်တွေ ပြန်ပေါက်
လာတာ လုံးဝ မဟုတ်ပါဘူး။
ကလေးရဲ့ ဦးခေါင်းခွံဟာ နုနယ်တဲ့အပြင် ငယ်ထိပ်
ကလည်း လှုပ်နေသေးတာမို့ ခေါင်းရိတ်မယ်ဆိုရင်
(1)ကျွမ်းကျင်တဲ့ ဆံပင်ညှပ် ပညာရှင်နဲ့ရိတ်သင့်ပါတယ်
(2) ကလေးစိတ်ကြည်နေတဲ့ နေ့ခင်းမှာပဲ ရိတ်သင့်ပါတယ်
(3)ထိုင်တတ်တဲ့အချိန် ဒါမှမဟုတ် မထိုင်တတ်သေးရင်
သက်တောင့်သက်သာ လဲလျောင်းတဲ့ ပုံစံမျိုးဖြစ်သင့်ပါတယ်။
ပုံမှန်အားဖြင့်တော့ ကလေးတွေရဲ့ ငယ်ထိပ်ဟာ
ဦးခေါင်းအနောက်ဖက်မှာ တစ်ခု/ ရှေ့မှာ တစ်ခုရှိပါတယ်။
ဦးခေါင်းအနောက်က ငယ်ထိပ်ကိုတော့ မမြင်နိုင်သလိုစမ်းသပ်လို့လည်း မရပါဘူး။သူက ကလေးမွေးပြီး တစ်လကျော် နှစ်လအတွင်း ပြန်ပိတ်သွားပါတယ်။
ရှေ့က ငယ်ထိပ်ကတော့ ကလေး 7လကနေ တစ်နှစ်နဲ့7လ အတွင်းမှာ ပိတ်သွားတတ်ပါတယ်။တကယ်တော့ ကလေးငယ်ထိပ်လေးခွက်ပြီး ခုန်နေတာဟာ ကလေးရဲ့ဦးခေါင်းခွံအရိုး တစ်ခုနဲ့ တစ်ခု မဆက်သေးလို့ပါပဲ။အရိုးတွေ ဆက်သွားတဲ့အခါ ဦးခေါင်းခွံလည်း မာကြောသွားပြီလို့ ပြောလို့ရပါတယ်။
ကလေးမွေးကင်းစမှာ ဦးခေါင်းမှာ လူကြီးဗောက်ထသလို Cradle capတွေရှိပါတယ်။
အဲဒီ အဖတ်လေးတွေရှိနေတုန်း ခေါင်းရိတ်မယ်ဆိုရင် အရေပြားပိုးဝင်တာဖြစ်တတ်သလို cradle capကို ပိုဆိုးစေနိုင်ပါတယ်။
ကလေးကို ဆံပင်ထူပြီး သန်စွမ်းစေချင်တယ်ဆိုရင်

(1) အစိုဓာတ်ပြည့်ဝတဲ့ (Moisturizer shampoo)ကိုတစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် သုံးပြီး ခေါင်းလျှော်ပေးရပါမယ်။

(2) ကလေးရဲ့ခေါင်းက cradle capတွေပျောက်ဖို့
Soft brush နဲ့ညင်ညင်သာသာဖြီးပေးရပါမယ်

(3) ဦးရေပြား အတွင်းပိုင်းကျန်းမာဖို့အတွက် အာဟာရပြည့်ဝစွာ စားသောက်ပေးရပါမယ်။

(ကိုးကား https/www.parenting.firstcry.com
https/ www.momlovesbest.com )
Crdညနေမိုး(ကလေး)

21/03/2020
12/10/2019
One Day 🥰
17/05/2019

One Day 🥰

16/06/2016

ที่อยู่

Ranong
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May Yor Shinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์

ประเภท