28/06/2026
💞 မင်မင်ရဲ့ဝန်ဆောင်မှုနဲ့ဘဲ အမြဲခရီးသွားတဲ့ ဦးထွန်းနဲ့အန်တီမီးတို့ မိသားစုနဲ့အတူ Thailand ရဲ့ နာမည်ကြီး Tourist Attraction နေရာတွေထဲက ဘန်ကောက်နဲ့ မနီးမဝေးမှာရှိတဲ့
🚂 Mae Khlong Railway Market 🚂
🛶 Damnoen Saduak Floating Market 🛶
တို့ကို လိုက်လံပို့ဆောင်ပေးခဲ့တဲ့ နေ့လေးကို အမှတ်တရအနေနဲ့ မင်မင် မှတ်တမ်းတင်လိုက်ပါတယ်ခင်ဗျ။🙏
🤔 Mae Khlong Railway Market ဆိုတာဘယ်လိုနေရာလဲ..?
🚂 လူစည်ကားနေတဲ့ စျေးထဲကနေ ရထားတိုးထွက်လာခါမှ အချိန်ကိုက်ကပ်ခါ ရှောင်ရတာမျိုးအပြင် ကိုယ်ထိုင်နေတဲ့ ကော်ဖီဆိုင်စားပွဲခုံဘေးကနေ ရထားစစ်စစ်တစ်စီးက ကပ်ပြီးဖြတ်သွားတဲ့ အတွေ့အကြုံမျိုးဆိုတာ ပြောပြလို့မရလောက်အောင် ရင်ခုန်စရာပါ။ 🤩
🚂 ရထားလာချိန်ရောက်တာနဲ့ ဈေးသည်တွေက ခေါင်မိုးတွေ၊ စားပွဲတွေကို အချိန်တိုအတွင်း သိမ်းဆည်းတာက အဲ့နေရာရဲ့အသက်မို့ အခုအောက်မှာ မင်မင် video ထည့်ပေးထားလိုက်ပါတယ်နော်… 📸
🛶 Damnoen Saduak Floating Market 🛶
🐲 ဒီတစ်ခုကလည်း Thailand ရဲ့ နာမည်အကြီးဆုံး Floating Market တွေထဲက တစ်ခုဖြစ်ပြီး လှေပေါ်ကနေပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ ထိုင်းတို့ရဲ့ရိုးရာယဉ်ကျေးမှုကို အနီးကပ်တွေ့မြင်နိုင်မှာပါ။
🌊 ရေကြောင်းတစ်လျှောက် လက်မှုပစ္စည်းကအစ အဝတ်အထည်၊ ဒေသထွက်အစားအစာတွေအပြင် လတ်ဆတ်တဲ့သစ်သီးဝလံတွေကို ရေထဲကလှေတွေပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စည်ကားနေတဲ့ဆိုင်တွေရဲ့ လှပပြီးသဘာဝဆန်မှုတွေက လာရောက်တဲ့သူတိုင်းကို သဘောကျစေတာလည်း ဖြစ်ပါတယ်ခင်ဗျ။✨
👩❤️👨 အခု ဒီခရီးစဉ်မှာ အန်ကယ်တို့မိသားစုအတွက် အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ပေးရင်း နေရာအနှံ့ကို အတူတူလည်ပတ်ခဲ့ကြတာတွေကို အမှတ်တရအပြည့်နဲ့ မှတ်တမ်းတင်လိုက်ပါတယ်ခင်ဗျ…။❤️
🙏 ကျွန်တော်တို့ ဝန်ဆောင်မှုကို အမြဲရွေးချယ်အားပေးပြီး ယုံကြည်မှုပေးလို့လည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။🙏
🚗 Bangkok မြို့ထဲဖြစ်ဖြစ်၊ အနီးအနားမြို့တွေကိုပဲဖြစ်ဖြစ် လည်ပတ်ချင်တဲ့နေရာရှိရင် Chat Box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။💞
💰 ဈေးနှုန်းအဆင်ပြေအောင် ညှိနှိုင်းပေးဖို့နဲ့ အသေးစိတ်အချက်အလက်တွေအတွက်ကိုတော့ မင်မင့် တာဝန်ထားလိုက်နော်…😁
☎️ Ph - 0814530203 (viber, Whatsapp, telegram)
☎️ Ph - 0619618994
🟩 Line ID - akm545820
💻 Gmail - [email protected]
🌐 page - Bangkok Tour and Delivery Service
☘️အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျ။🍀