AdaptSquad Business and Management Consultant

👉😀 အင်တာဗျူးမှာ "အရင်အလုပ်ကနေ ဘာလို့ထွက်တာလဲ" ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အခြေအနေ ၁၀ မျိုးအတွက် ဖြေဆိုနည်းပေါင်းချုပ်📌...
22/08/2026

👉😀 အင်တာဗျူးမှာ "အရင်အလုပ်ကနေ ဘာလို့ထွက်တာလဲ" ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အခြေအနေ ၁၀ မျိုးအတွက် ဖြေဆိုနည်းပေါင်းချုပ်

📌 အကြောင်းအရင်း (၁) - မကောင်းတဲ့ မန်နေဂျာ/ခေါင်းဆောင်နဲ့ တိုးလို့
❌ မဖြေသင့် - "ကျွန်တော့် မန်နေဂျာက အင်မတန် ဆိုးတာ၊ စိတ်ညစ်အောင် လုပ်လွန်းလို့ ထွက်လာတာပါ။"
✅ ဖြေသင့် - "ကျွန်တော်က ရည်မှန်းချက်ရှင်းလင်းပြီး တိုးတက်မှုကို အဓိကထားတဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ချင်လို့ပါ။"
💡 အနှစ်ချုပ် - အတိတ်က အဆင်မပြေမှုကို အပြစ်တင်မည့်အစား မိမိရှာဖွေနေသည့် အနာဂတ်တိုးတက်မှုကိုသာ ဦးတည်ပြောပါ။
📌 အကြောင်းအရင်း (၂) - ဝန်ထမ်းအလျှော့ခံရခြင်း (Layoffs)
❌ မဖြေသင့် - "သူတို့က ဝန်ထမ်းတွေကို လျှောက်လျှော့ပစ်လိုက်တာပါ။"
✅ ဖြေသင့် - "ကုမ္ပဏီရဲ့ ပြန်လည်ဖွဲ့စည်းပုံ ပြောင်းလဲမှုကြောင့် ကျွန်တော့်ရာထူး ပါသွားခဲ့လို့ အခွင့်အလမ်းသစ်တွေ ရှာဖွေနေတာပါ။"
💡 အနှစ်ချုပ် - ရှည်ရှည်ဝေးဝေး ရှင်းပြစရာမလိုဘဲ အပြောင်းအလဲဖြစ်ပွားခဲ့ပုံကို တိုတိုတုတ်တုတ်နှင့် ပရော်ဖက်ရှင်နယ်ဆန်စွာ ပြောပါ။
📌 အကြောင်းအရင်း (၃) - ကုမ္ပဏီ အခြေအနေမကောင်းခြင်း
❌ မဖြေသင့် - "ကုမ္ပဏီက ပျက်စီးတော့မှာမို့လို့၊ စိတ်မချရတော့လို့ ထွက်လာတာပါ။"
✅ ဖြေသင့် - "ကျွန်တော် ရေရှည်ပါဝင်နိုင်ပြီး အတူတူတိုးတက်နိုင်မယ့် ကုမ္ပဏီမျိုးမှာ အလုပ်လုပ်ချင်လို့ပါ။"
💡 အနှစ်ချုပ် - ထွက်ပြေးသည့်သဘော မသက်ရောက်စေဘဲ မိမိ၏ ရေရှည်အမြင်နှင့် ဆုံးဖြတ်ချက်ကို ပြသပါ။
📌 အကြောင်းအရင်း (၄) - ရာထူးမှ အလုပ်ထုတ်ခံရခြင်း
❌ မဖြေသင့် - "ကျွန်တော့်ကို အလုပ်ဖြုတ်လိုက်တာပါ၊ ဒါပေမဲ့ ကျွန်တော့်အပြစ်တော့ မဟုတ်ပါဘူး။"
✅ ဖြေသင့် - "ကျွန်တော့်ရဲ့ ရာထူးနေရာကို ဖျက်သိမ်းလိုက်တယ်၊ အဲ့ဒါနဲ့ကျွန်တော်နောက်ထပ် ဘာဆက်လုပ်ချင်လဲဆိုတဲ့ လမ်းကြောင်းကို သေချာပြန်စဥ်းစားပြီး ရှာဖွေခဲ့တယ်၊ ကိုယ့် career မှာဖြစ်ချင်တာတွေလဲ ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ပါတယ်။"
💡 အနှစ်ချုပ် - ကာကွယ်ပြောဆိုခြင်းက သံသယဖြစ်စေနိုင်သဖြင့် တည်ငြိမ်စွာ လက်ခံပြီး အနာဂတ်ကို ရှေ့ရှုပြောပါ။
📌 အကြောင်းအရင်း (၅) - ယာယီ/စာချုပ်ဝန်ထမ်း ရာထူးပြီးဆုံးခြင်း
❌ မဖြေသင့် - "ဒါက စာချုပ်ဝန်ထမ်း သက်သက်ပါပဲ။"
✅ ဖြေသင့် - "ကျွန်တော့်ရဲ့ ယာယီတာဝန် ပန်းတိုင်အတိုင်း ပြီးဆုံးသွားပြီမို့ အမြဲတမ်းရာထူးတစ်ခုကို ရှာဖွေနေတာပါ။"
💡 အနှစ်ချုပ် - ရာထူးကို ပေါ့ပေါ့တန်တန်မပြောဘဲ မိမိ၏ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့မှုကို ပေါ်လွင်အောင် ပြောပါ။
📌 အကြောင်းအရင်း (၆) - ရာထူးတိုးရန် အခွင့်အလမ်း မရှိတော့ခြင်း
❌ မဖြေသင့် - "အလုပ်မှာ ဘာမှ တိုးတက်မှုမရှိဘဲ နှစ်ပေါင်းများစွာ တစ်ခုထဲ လုပ်နေရလို့ပါ။"
✅ ဖြေသင့် - "လက်ရှိရာထူးမှာ သင်ယူစရာတွေ ကုန်ဆုံးသွားပြီမို့ စိန်ခေါ်မှုသစ်တွေ ရယူဖို့ အသင့်ဖြစ်နေပါပြီ။"
💡 အနှစ်ချုပ် - "စိတ်ပျက်တယ်" မဟုတ်ဘဲ "တိုးတက်လိုစိတ် ကြိုးစားချင်စိတ်ရှိတယ်" ဆိုသည်ကို ပြသပါ။
📌 အကြောင်းအရင်း (၇) - လစာ ကာလပေါက်စျေးထက် နည်းနေခြင်း
❌ မဖြေသင့် - "ကျွန်တော်နဲ့ တန်တဲ့လစာကို သူတို့ မပေးချင်ကြလို့ပါ။"
✅ ဖြေသင့် - "ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းအတိုင်းအတာနဲ့ ပိုမိုကိုက်ညီမယ့် ရာထူးကို ရှာဖွေနေတာပါ။"
💡 အနှစ်ချုပ် - မကျေနပ်ချက်အဖြစ် မပြောဘဲ ဈေးကွက်တန်ဖိုးကို အခြေခံပြီး ယဉ်ကျေးစွာ ပြောဆိုပါ။
📌 အကြောင်းအရင်း (၈) - အလုပ်ပင်ပန်းပြီး ပင်ပန်းနွမ်းနယ်နေခြင်း (Burnout)
❌ မဖြေသင့် - "အလုပ်ဝန်ထုတ်ဝန်ပိုးက အရမ်းများလွန်းလို့ စိတ်ကုန်လှပါပြီ။"
✅ ဖြေသင့် - "ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံးထုတ်သုံးနိုင်ပြီး စဉ်ဆက်မပြတ် ရေရှည်လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းကို ရှာနေတာပါ။"
💡 အနှစ်ချုပ် - ညည်းတွားခြင်းမပြုဘဲ မိမိ၏ အလုပ်စွမ်းဆောင်ရည်နှင့် ကျန်းမာရေးမျှတမှုအပေါ် အဓိကထား ပြောပါ။
📌 အကြောင်းအရင်း (၉) - အရာသစ်တစ်ခုကို စိန်ခေါ်ချင်ခြင်း
❌ မဖြေသင့် - "ဒီအလုပ်က ပျင်းစရာကောင်းလာလို့ ပုံစံသစ်တစ်ခုခု လုပ်ချင်လို့ပါ။"
✅ ဖြေသင့် - "ဒီနေရာမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီးပြီမို့ နောက်ထပ် ကျွမ်းကျင်မှုသစ်တွေ တိုးတက်လာဖို့ ပြင်ဆင်နေတာပါ။"
💡 အနှစ်ချုပ် - "ပျင်းတယ်" ဆိုသည်ထက် "ကျွမ်းကျင်မှု ရရှိပြီးပြီ" ဆိုသည့် သဘောကို ဖော်ပြပါ။
📌 အကြောင်းအရင်း (၁၀) - မြို့သစ်/နေရာသစ်သို့ ပြောင်းရွှေ့ခြင်း
❌ မဖြေသင့် - "ဒီမြို့ကနေ ထွက်သွားချင်လို့ပါ။"
✅ ဖြေသင့် - "နေရာသစ်ကို ပြောင်းရွှေ့တော့မှာဖြစ်လို့ ဒီဒေသမှာ ရေရှည်လက်တွဲနိုင်မယ့် အခွင့်အလမ်းကို ရှာဖွေနေတာပါ။"
💡 အနှစ်ချုပ် - နေရာဟောင်းကို မကြိုက်ကြောင်း၊ အရင်လူကြီးမကောင်းကြောင်း မပြောဘဲ ပြောင်းရွှေ့ရသည့် အကြောင်းအရင်းကိုသာ အဓိကထားပါ။

ကဲ မိတ်ဆွေတို့ကော ဘယ်လိုအခြေနေတွေကြုံဖူးလဲ? နောက် post တွေမှာ ဘာတွေသိချင်လဲ မန့်ခဲ့ပေးနော် ။

#အင်တာဗျူးဖြေနည်း #ထိုင်းနိုင်ငံအလုပ်အကိုင်

Disclaimer: LinkedIn မှ Reno Perry ၏ post ကိုကိုးကား၍ မြန်ာမမိတ်ဆွေများအတွက် ဖတ်နိုင်ရန်ပြန်လည်ရေးသားမျှဝေထားခြင်းဖြစ်သည်။

27/07/2026

Apple Vs. Samsung ... Is it even real ? 🧐

မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ လုပ်ရတဲ့ အလုပ်က တို့ရဲ့ "Side Project" ပဲ... 💡✨အံ့ဩသွားပြီလား? ဟုတ်ပါတယ်။အဓိကအလုပ်ကို မကြို...
22/07/2026

မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ လုပ်ရတဲ့ အလုပ်က တို့ရဲ့ "Side Project" ပဲ... 💡✨
အံ့ဩသွားပြီလား? ဟုတ်ပါတယ်။
အဓိကအလုပ်ကို မကြိုးစားခိုင်းတာ မဟုတ်ဘူးနော်။ အလုပ်လုပ်တဲ့အခါ တာဝန်ကျေအောင်၊ အကောင်းဆုံးဖြစ်အောင် အပြည့်အဝ လုပ်ရမယ်။ ဒါပေမဲ့ အဲဒီ 9-to-6 အလုပ်တစ်ခုတည်းကပဲ တို့ဘဝတစ်ခုလုံး မဟုတ်ဘူးဆိုတာ မေ့မသွားပါနဲ့။

တကယ်တော့... 😎🪂
✨ တို့ရဲ့ အိမ်မက်၊ ဝါသနာနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အပါအဝင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ရင်းနှီးမြှုပ်နှံမှုတွေကမှ တို့ဘဝရဲ့ "Main Project" ပါ။
တစ်နေ့တစ်နေ့ သူများအလုပ်တွေကို လုပ်ပေးနေရင်း ကိုယ်ရဲ့ ဝါသနာတွေကို မမေ့ပါနဲ့၊ ဥပမာ ကချင်တာလား၊ pilates စမ်းကြည့်ချင်တာလား၊ ဒါမှမဟုတ် food vlogger လုပ်ချင်နေတာလား၊ ပန်းချီဆွဲချင်တာလား ။ဒါတွေလုပ်နိုင်ဖို့ ဘာလိုအပ်တဲ့ စကေးတွေဖြည့်ရမလဲ၊ ဘယ်လိုဖြည့်မလဲ သေချာစဉ်းစားပြီးစလုပ်သင့်ပါတယ်။ တချို့ကိစ္စတွေက ပိုက်ဆံကုန်မှမဟုတ်ဘဲ ဒ္ခေတ်ကြီးထဲမှာ အသုံးချလို့ရတဲ့ free resources တွေရှိနေတယ်လေ။

"Main Project" ဆိုတဲ့နေရာမှာ ဝါသနာတွေ အိမ်မက်တွေကို အကောင်အထည်ဖော်တာတင် မကပါဘူး...
🏃🚴ခန္ဓာကိုယ်ကို ဂရုစိုက်တာ: တစ်နေကုန် ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှား နေတာ၊ လေ့ကျင့်ခန်း လုပ်တာ

🧘🛌ကျန်းမာရေးကို အချိန်ပေးတာ: Office Syndrome တွေ၊ ရောဂါတွေရပြီး ဆေးရုံ၊ ဆေးခန်း ရောက်မသွားရအောင် အစားအသောက်နဲ့ နေထိုင်မှုကို ဂရုစိုက်တာ

🛀🧖စိတ်ရော ကိုယ်ပါ ကျန်းမာစေတာ:** ဒါတွေဟာလည်း တို့ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။

😇🧘Work-Life Balance ဆိုတာ ဘာလဲသိလား?
အလုပ်ချိန်မှာ တာဝန်ကျေအောင် လုပ်ရင်း... အလုပ်ပြီးသွားရင်တော့ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်အိမ်မက်တွေကို အချိန်ပေးပြီး ပြုစုပျိုးထောင်တာပါပဲ။
9-to-6 အလုပ်ဆိုတာ တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တို့ရဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ အိမ်မက်တွေကမှ တို့ရဲ့ ဘဝတစ်ခုလုံးပါ။ ❤️

ဒီနေ့ကစပြီး တို့ရဲ့ "Main Project" ဖြစ်တဲ့ ကိုယ့်ကျန်းမာရေးနဲ့ အိမ်မက်တွေကို အချိန်ပေးဖြစ်အောင်ပေးလိုက်ပါတော့နော် ။ 🔥🚀

24/06/2026

27/05/2026

AI ကို Enterprise Level မှာ လုံခြုံစွာသုံးနိုင်ဖို့ ကုမ္ပဏီတွေဘယ်လိုပြင်ဆင်နေရသလဲ ဆိုတာ Ko David နဲ့ Ma Katie ကဆွေးနွေးထားပါတယ်။

26/05/2026

23/05/2026

ထိန်းချုပ်ထားတဲ့ စည်းဘောင်ကျော်ပြီး AI တွေ လုပ်ချင်ရာလုပ်လို့ ဖြစ်သွားတဲ့ case တစ်ခု

20/05/2026

ကျွန်တော်တို့ AdaptSquad team က Ma Katie က AI governance နဲ့ပတ်သက်တာကို ရေနွေးကြမ်းဝိုင်း - YNGW မှာ intro လေးပြောထားပါတယ်။

16/05/2026

Agentic AI ခေတ်ထလာတာကြောင့် SaaS Company တွေနဲ့ pricing model တွေဘယ်လိုပြောင်းလဲနေလဲဆိုတာကို ကျွန်တော်တို့ Team AdaptSquad က Ma Katie က ရေနွေးကြမ်းဝိုင်း - YNGW မှာ ဆွေးနွေးထားပါတယ်။

14/05/2026

လက်ရှိ Artificial intelligence က မနှစ်ကလို ကိုယ်က မေးခွန်းသွားမေး သူကပြန်ဖြေ အဆင့်မဟုတ်တော့ဘဲ ကိုယ့်ကိုယ်စား အလုပ်တွေလုပ်ပေးနေတဲ့ agentic AI အဆင့်ရောက်နေပါပီ။ ကျွန်တော်တို့ AdaptSquad ရဲ့ Ko David ကနေ AI agent အချင်းချင်းဘယ်လိုလက်ဆင့်ကမ်းအလုပ်လုပ်နေလဲဆိုတာ ရှင်းပြထားပါတယ်။

ที่อยู่

Bangkok City
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ AdaptSquadผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

แชร์