20/09/2026
Breaking News ‼️‼️ MRT အပြာလိုင်း ဘူတာအားလုံး ပြေးဆွဲမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ
ဘန်ကောက်၊ စက်တင်ဘာ ၂၀
ယနေ့ နေ့လယ် ၁၂:၃၀ နာရီတွင် ဘန်ကောက် MRT မြေအောက် ရထား အပြာလိုင်း အနေဖြင့် ဘူတာအားလုံးတွင် ရထားပြေးဆွဲမှုများကို ယာယီ ရပ်နားထားကြောင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရပ်ဆိုင်းမှု မတိုင်မီ လူမှုကွန်ရက် မီဒီယာများပေါ်တွင် MRT တောင်ပွန်း (Tao P**n) ဘူတာနှင့် ဘန်ဖိုး (Bang Pho) ဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် မီးပွားများ ထွက်ပေါ်နေသည့် ရုပ်သံဖိုင်များနှင့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ရထားပြေးဆွဲမှုအားလုံးကို ဘေးကင်းလုံခြုံရေးအတွက် ယာယီ ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref Thairath