08/06/2026
စီးပွားရေးကျပ်တည်းနေချိန်မှာ အဝစား ၁၀ ဘတ် နဲ့ လူအများကို ကူညီပေးနေတဲ့ ထိုင်းအမျိုးသမီး1ဦး
ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်မှာ အသက် 45 နှစ်အရွယ် အမျိုးသမီး1ဦး ဖွင့်လှစ်ထားတဲ့ ထမင်းဆိုင်တစ်ဆိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ချီးကျူးမှုများစွာ ရရှိထာပါတယ်
ဆိုင်မှာ စားသုံးသူတွေဟာ ထမင်းဟင်းကို တစ်ပွဲလျှင် 10 ဘတ်သာ ပေးပြီး
အဝစားနိုင်ကြသလို အိမ်ယူစားလိုသူများအတွက်တော့ တစ်ထုပ်လျှင် 20 ဘတ်ဖြင့် ရောင်းချပေးနေပါတယ် ပီတော့ သောက်ရေခဲတစ်ခွက်ကိုလည်း 2 ဘတ်သာ သတ်မှတ်ရောင်းချပေးထာတယ်
ဆိုင်ရှင်က နေ့စဉ် ဟင်းအမျိုးအစား 10မျိုးခန့် ချက်ပြုတ်ရောင်းချပေးနေပြီး အမြတ်အစွန်းများများ မကျန်ကြောင်း သိရှိသော်လည်း အလုပ်သမားများ၊ နေ့စားလုပ်သားများနှင့် ဝင်ငွေနည်းမိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအမျိုးသမီးဟာ ယခင်က “ပလာထူ” ဟုခေါ်သည့် ထိုင်းရိုးရာငါးကင်နှင့် ငါးထွက်ကုန်များ ရောင်းချခဲ့သော်လည်း ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် လုပ်ငန်းပြောင်းလဲကာ ယခုကဲ့သို့ ထမင်းဟင်းဆိုင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
သတင်းထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်အသုံးပြုသူ အများအပြားက သူမရဲ့ စေတနာ၊ မေတ္တာနဲ့ လူမှုအကျိုးပြုစိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ယနေ့ခေတ်လို ကုန်ဈေးနှုန်းမြင့်တက်နေချိန်မှာ အဝစား 10 ဘတ်နဲ့ ရောင်းချပေးတာဟာ အမှန်တကယ် ရှားပါးတဲ့ စေတနာပါ
#ထိုင်းသတင်း #သတင်းစုံ #ထမင်းအဝစား #ထမင်းဆိုင် #တဆယ်ဘတ် #ထိုင်းရောက်ရွှေမြန်မာ
#ထိုင်းငွေလွှဲဝန်ဆောင်မှု #ယုံကြည်စိတ်ချရ #ဝန်ဆောင်ခသက်သာ