29/12/2025
⭕ Derma Roller အသုံးပြုပုံ
Micro Needling အပ်သေးသေးလေး
တွေပါတဲ့ လက်ကိုင်ပါ ဒလိမ့်တုံးပါ။
အရေးအကြောင်းတွေ ဝက်ခြံကြောင့်ဖြစ်တဲ့
အမာရွတ် အပေါက်တွေကို ကာကွယ်ဖို့နဲ့
ပျောက်ကင်းဖို့ အမျိုးသမီးအများစု
သုံးကြပါတယ်။
အမျိုးသားများလည်း beardအတွက်
သုံးနိုင်ပါတယ်။
▪skin care စိမ့်ဝင်မှုကို 80%
ပိုမိုအားကောင်းစေပါတယ်။
▪တင်းတိတ် မှဲ့ခြောက် များ
လျော့ပါးလာစေခြင်း။
▪အရေးအကြောင်းများ လျော့နည်းစေခြင်း။
▪မျက်နှာပေါ်ရှိ အမဲစက်များနှင့်
ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်များ
ပျောက်ကင်းစေခြင်း။
▪မျက်နှာပေါ်ရှိ Cell အသေများကို
ဖယ်ရှားပေးပြီး Collagen များကို
နှိုးဆွပေးခြင်း။
▪မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းများနှင့် ကျီးခြေရာကဲ့သို့ လိုင်းများအား သက်သာစေခြင်း။
▪လည်ပင်းရှိ အရေးအကြောင်းများကို လျော့နည်းစေခြင်း။
⭕ Derma Roller ဘယ်လိုအလုပ်လုပ်တာလဲ?
Derma Roller က
အသေးစားဒဏ်ချက်လေးတွေ
ဖြစ်စေတာပါ။ ထိခိုက်ရှနာတစ်ခုဖြစ်ရင်
ခန္ဓာကိုယ်က healing process လုပ်ပါတယ်၊
အဲ့တော့ အဲ့ဒဏ်ချက်လေးတွေကို Heal ဖို့
ခန္ဓာကိုယ်က Collagen နဲ့ Keratin
ထုတ်ရပါတယ်။
အာဟာရနဲ့ ဟော်မုန်းဓာတ်ပြည့်ဝတဲ့
သွေးတွေကို ဒဏ်ရာရတဲ့ နေရာမှာ ရှိတဲ့
သွေးကြောလေးတွေမှာ
ပြည့်ဝစေပါတယ်။ (ရှင်းရှင်းပြောပြရင်
သွေးလည်ပတ်မှူအားကောင်းစေတာပေါ့)။
ဒီလုပ်ငန်းစဉ်တစ်ခုလုံးက
အသားအရေ ကိုနုပျိုစေပီး
အမွှေးအမျှင်တွေ တိုးလာဖို့ အတွက်အသုံးကြစေတာပါ။ အမျိုးသားတွေ Beard (or)
Hair Growth အတွက်
အသုံးပြုဖို့လည်း အရမ်း အဆင်ပြေပါတယ်။
⭕ Derma Roller ဘယ်ဆိုဒ် သုံးရမလဲ?
Beard အတွက် အသင့်လျှော်ဆုံးက
0.5mmပါ။
ဘာလို့လဲ?
0. နောက်က mm ဆိုတာ ပါတဲ့အပ်လေးတွေရဲ့
အရှည် မီလီမီတာ ပါ။ ကျွန်တော်တို့ Derma Roller
သုံးတာ အပေါ်ကပြောသလို ဒဏ်ရာလေးတွေရဖို့ပါ။
0.3mm နဲ့ရတဲဲ့ ဒဏ်ရာအတွက် Heal ဖို့ ၂၄နာရီ
0.5mm နဲ့ရတဲဲ့ ဒဏ်ရာအတွက် Heal ဖို့ ၃ရက်
0.7mm နဲ့ရတဲဲ့ ဒဏ်ရာအတွက် Heal ဖို့ ၁ပတ်
အချိန်ပျမ်းမျှ လိုအပ်ပါတယ်။ခန္ဓာကိုယ်က
Heal နေတဲ့ကာလမှာ နောက်တစ်ခေါက်
အနာတရထက် မပေးရပါဘူး။
ဒါကြောင့်
0.3mm ကို နေစဉ် ၊
0.5mm ကို တပတ်၂ကြိမ်၊
0.7mm ကို တပတ်တကြိမ် သုံးလို့ရပါတယ်။
⭕ Derma Roller သုံးရင် အားနဲ့ ဖိပီးလှိမ့်ရမလား?
နာရီဝက်လောက် လှိမ့်ရလား?
မဖိရပါဘူး။ လမ်းကြောင်းတစ်ခုကို ၁၀ကြိမ်ဆိုလုံလောက်ပါပီ။
⭕ ဘာတွေ သိထားသင့်လဲ? အရေးကြီးလဲ?
အရေပြားပိုးဝင်တာ၊ ဝက်ခြံပေါက်တာ၊
သွေးထွက်တာတွေ ရှိတတ်ပါတယ်။
Roller ကို အရက်ပြန်နဲ့ ပိုးသတ်ပေးပါ။
roller ကို ဘော်ဒါတွေနဲ့ မျှမသုံးပါနဲ့။
သုံးပီးနောက်နေ့ နေပူတာ ဖုန်ထူတာတွေ
ရှောင်ပါ။
(ညဘက်လှိမ့်ရင်တော့ အိပ်ရုံပဲဆိုတော့
ပိုအဆင်ပြေပါတယ်)။
အားမရလို့ ခဏခဏလှိမ့်တာ အချိန်ကြာကြာလှိမ့်တာ needle size ကြီးတာတွေ နဲ့လှိမ့်တာတွေ ရှောင်ပါ။
⭕ (စာကြွင်း) Derma Roller ကို ခြောက်လ တစ်ကြိမ် လဲလှယ် ပေးသင့်ပါတယ်။ (All In 1 )Stamper ကို အသုံးပြုမယ်ဆိုရင်တော့ နှစ်ပေါက်တဲ့ အထိ အသုံးပြုနိုင်ပါတယ်။