02/05/2026
ပွဲစားခ တစ်ပြားမှ မကုန်ဘဲ ထိုင်းမှာ အလုပ်ရှာနည်း (အဆင့်ဆင့် လမ်းညွှန်)
ထိုင်းမှာ အလုပ်ရှာဖို့ ပွဲစားကို ငွေတွေ ပေးနေတုန်းပဲလား? ဒီနည်းလမ်းအတိုင်းသာ လုပ်ကြည့်ပါ။ အလုပ်ရရှိရန် အခွင့်အလမ်းများစွာ တိုးလာစေမည့် နည်းလမ်းကောင်းများကို မျှဝေပေးပါ့မယ်။ ကိုယ်အားကိုယ်ကိုးပြီး အလုပ်ရှာတာက လိမ်ခံရမယ့် ဘေးကလည်း ကင်းဝေးစေပါတယ်။
အဆင့် ၁: လျှောက်လိုသည့် အလုပ်၏ Line ID သို့မဟုတ် Email ကို ရှာဖွေပါကိုယ်လျှောက်ချင်တဲ့ အလုပ်ရဲ့ Line ID ဒါမှမဟုတ် Email ကို အရင်ရှာပါ။
အဆင့် ၂: သေသပ်သော CV နှင့် ထိုင်းဘာသာဖြင့် ကိုယ်ရေးအချက်အလက်များ ပြင်ဆင်ပါစာပို့တဲ့အခါမှာ မူရင်းအလုပ်ခေါ်စာ၊ သေသပ်တဲ့ CV Form နဲ့ ထိုင်းလို ရေးထားတဲ့ ကိုယ်ရေးအချက်အလက်တွေ ထည့်ရေးပါ။ထိုင်းစာ မရေးတတ်လို့ စိတ်မပူပါနဲ့။ ဒီနည်းလမ်း ၂ ခုထဲက ကြိုက်ရာကို သုံးလို့ရပါတယ်။
1.Google Translate: https://translate.google.com/ ကို အသုံးပြုခြင်း: အရင်ဆုံး ကိုယ်ပြောချင်တာကို မြန်မာလို အရင်စဉ်းစားပါ။ ပြီးရင် Google Translate ထဲမှာ 'Myanmar to Thai' ပြောင်းပြီး ဘာသာပြန်ပါ။
2.ChatGPT: https://chat.openai.com/ သို့မဟုတ် AI ကို အကူအညီတောင်းပါ: အခုခေတ်မှာ ChatGPT လိုမျိုး AI တွေကို 'ငါက ဒီအလုပ်အတွက် အတွေ့အကြုံရှိတယ်၊ ထိုင်းလို ယဉ်ယဉ်ကျေးကျေး စာတစ်စောင် ရေးပေးပါ' လို့ ခိုင်းလို့ရပါတယ်။ သူတို့က HR သဘောကျမယ့် စာသားမျိုးကို စက္ကန့်ပိုင်းအတွင်း ရေးပေးပါလိမ့်မယ်။ထိုင်းလိုရေးရင် ကိုယ်လျှောက်မယ့်ရာထူး၊ အတွေ့အကြုံ၊ အလုပ်လုပ်နိုင်တဲ့အချိန်နဲ့ ဘာသာစကား ကျွမ်းကျင်မှုတွေ ထည့်ရေးပါ။ ဥပမာ- "ကိုယ်က Central Food Court မှာ General Worker လုပ်ဖူးတယ်၊ Full-time လျှောက်ချင်တယ်" စသဖြင့် ယဉ်ယဉ်ကျေးကျေး ရေးပါ။HR က ပြန်ပို့တဲ့စာကို နားမလည်ရင်လည်း Google Translate: https://translate.google.com/သုံးပြီး ပြန်ပို့လို့ရပါတယ်။
အဆင့် ၃: ထိုင်းဘာသာစကား၏ အရေးပါပုံ
ထိုင်းမှာ အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ အလုပ်ရနိုင်လား? အဖြေကတော့ 'ရတယ်၊ ဒါပေမယ့် အခွင့်အလမ်း အရမ်းနည်းပါတယ်'။အင်္ဂလိပ်စာ တစ်ခုတည်းဆိုရင် အလုပ် ၁၀ ခုမှာ ၂ ခုလောက်ပဲ လျှောက်လို့ရပြီး များသောအားဖြင့် မြို့ထဲက Hotel နဲ့ Bar တွေမှာ အလုပ်ရနိုင်ပေမယ့်၊ ထိုင်းစကားပါ အခြေခံရထားရင်တော့ ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်ပေါင်းစုံကို စိတ်ကြိုက် ရွေးချယ်လျှောက်နိုင်ပါတယ်။ထိုင်းစကား အခြေခံ (၁ လလောက် လေ့ကျင့်ထားရင်) အလုပ်ရဖို့ရာခိုင်နှုန်းများသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးမယ့် Manager တွေက ထိုင်းလူမျိုးတွေ ဖြစ်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် ထိုင်းလို မိတ်ဆက်နိုင်ရင်တောင် နေရာကောင်း၊ လစာကောင်း ရဖို့ အခွင့်အရေးများသွားပါပြီ။ ထိုင်းစကား အခြေခံကို နေ့တိုင်း လေ့ကျင့်ပါ။
အဆင့် ၄: CV ကိုက်ညီမှုနှင့် ထိုင်းနာမည်
ထည့်သွင်းခြင်း
ဘာလို့ ငါလျှောက်တာ အလုပ်မရသလဲလို့ တွေးနေလား? ပြဿနာက ကိုယ့်ရဲ့ CV ဖြစ်နေနိုင်ပါတယ်။ ကိုယ်လျှောက်မယ့်အလုပ်နဲ့ CV ကိုက်ညီဖို့လိုပါတယ်။ စားသောက်ဆိုင် လျှောက်မှာကို ရုံးလုပ်ငန်း CV သွားပြလို့ မရပါဘူး။CV မှာ ထိုင်းနာမည် (Thai Nickname) လေး ထည့်ထားပါ။ ထိုင်းလူမျိုးတွေက ပိုသဘောကျတတ်ပါတယ်။
အဆင့် ၅: အလုပ်ရှာဖွေရေး ပလက်ဖောင်းများ အသုံးပြုခြင်း
အလုပ်ရှာရင် Line အပြင် Facebook Group တွေမှာ 'รับสมัครงาน' (အလုပ်ခေါ်စာ) ဆိုပြီး ရိုက်ရှာပါ။ TikTok နဲ့ JobThai: https://www.jobthai.com/တွေကိုလည်း သုံးကြည့်ပါ။ JobsDB Thailand: https://th.jobsdb.com/ နှင့် LinkedIn: https://www.linkedin.com/ တို့သည်လည်း ထိုင်းနိုင်ငံတွင် အလုပ်ရှာဖွေရန် အသုံးဝင်သော ပလက်ဖောင်းများ ဖြစ်ပါသည်။
အဆင့် ၆: လျှောက်လွှာတင်ခြင်းနှင့် Follow-up
အလုပ်လျှောက်ရင် HR တွေ အလုပ်လုပ်တဲ့ ရုံးချိန် (မနက် ၉ နာရီ ကနေ ၅ နာရီအတွင်း) ပဲ စာပို့ပါ။ စာပို့ပြီး ၂ ရက်လောက်နေရင် Follow-up ပြန်မေးကြည့်ဖို့ မမေ့နဲ့ဦးနော်။
လိမ်လည်မှုများမှ ကာကွယ်ခြင်း: အလုပ်အကိုင်ရှာဖွေရာတွင် ကြိုတင်ငွေတောင်းခံခြင်း၊ အလွန်အကျွံ လစာ သို့မဟုတ် အကျိုးခံစားခွင့်များ ကတိပေးခြင်း စသည့် လိမ်လည်မှုများကို သတိထားပါ။
အကိုတို့အမတို့ကော
ထိုင်းမှာ အလုပ်ရှာရတာ ဘယ်လိုအခက်အခဲတွေရှိလဲ? ကိုယ့်ရဲ့အတွေအကြုံတွေကို ကောမန့်မှာရေးခဲ့လို့ရပါတယ်ရှင့် အားလုံးပဲ အဆင်ပြေကြပါစေရှင်။
အသေးစိတ်ကို Page Messenger မှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
#ထိုင်းဗီဇာဝန်ဆောင်မှု #ထိုင်းရောက်မြန်မာ