10/07/2026
"သူများတွေ သုံးလို့ သုံးလိုက်တဲ့ System နဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီအောင် အချိန်ပေး တည်ဆောက်လိုက်တဲ့ System ဘာကွာလဲ?"
ခုရက်ပိုင်း အလုပ်လေးတွေ ရှုပ်နေတာနဲ့ Page မှာ Sharing post လေးတွေ မတင်ဖြစ်တာ ကြာသွားတယ်...
ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ လက်ရှိလူတိုင်း ကြားဖူးနေကြတဲ့ — "ကိုယ့်လုပ်ငန်းအတွက် AI ခေတ်ကြီးမှာ လူကိုယ်တိုင် ပါဝင်နေဖို့မလိုတဲ့ System တစ်ခု တည်ဆောက်ပါ" ဆိုတဲ့ အချက်လေးပဲ ဖြစ်ပါတယ်ဗျာ။
ခုရက်ပိုင်း အလုပ်လေးတွေ ရှုပ်နေတာနဲ့ Page မှာ Sharing post လေးတွေ မတင်ဖြစ်တာ ကြာသွားတယ်...
ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ လက်ရှိလူတိုင်း ကြားဖူးနေကြတဲ့ — "ကိုယ့်လုပ်ငန်းအတွက် AI ခေတ်ကြီးမှာ လူကိုယ်တိုင် ပါဝင်နေဖို့မလိုတဲ့ System တစ်ခု တည်ဆောက်ပါ" ဆိုတဲ့ အချက်လေးပဲ ဖြစ်ပါတယ်ဗျာ။
ဒီအကြောင်းအရာက တကယ်လည်း လက်ရှိကာလမှာ လုပ်ငန်းတိုင်းအတွက် လိုအပ်ပြီး လုပ်သင့်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဒီနေရာမှာ ယေဘုယျအားဖြင့် လုပ်ငန်းရှင် ၂ မျိုးကို တွေ့ရတတ်ပါတယ်...
၁။ ပထမတစ်မျိုးကတော့ —
သူများတွေ လုပ်နေလို့ ငါလည်း လုပ်မယ်ဆိုပြီး ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှု ရှိ/မရှိ သေချာမကြည့်ဘဲ အလွယ်တကူ System တစ်ခုကို ကောက်သုံးလိုက်တဲ့သူ။
၂။ ဒုတိယတစ်မျိုးကတော့ —
ကိုယ်ချမှတ်ချင်တဲ့ ပုံစံ၊ ကိုယ့်လုပ်ငန်းရဲ့ သဘာဝနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ပုံစံမျိုးကို သေချာနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေရှည်အတွက်ပါ အသုံးအဝင်ဆုံးဖြစ်မယ့် Format တစ်ခုကို အချိန်ပေး တည်ဆောက်လိုက်တဲ့သူ။
💡 ဉပမာလေးတစ်ခုနဲ့ ကြည့်ရအောင်...
ဘာ System (POS) မှ မသုံးသေးတဲ့ အရောင်းဆိုင် ၂ ဆိုင် ရှိတယ်ဆိုပါစို့။
ဆိုင် (A) : ဈေးကွက်ထဲမှာ အလွယ်တကူ ရနိုင်တဲ့ POS System တစ်ခုကို ဝယ်ပြီး ပါတဲ့ Function အတိုင်းပဲ ပုံသေ သုံးလိုက်တယ်။
ဆိုင် (B) : ဈေးကွက်ထဲက POS System ကိုပဲ ကိုယ့်လုပ်ငန်းအတွက် ဘယ်လို ပိုပြီး အသုံးတည့်အောင် Function တွေ ထပ်ဖြည့်/ပြင်ဆင်လို့ ရမလဲဆိုတာ သေချာလေ့လာတယ်။ ကိုယ်တကယ်လိုအပ်တဲ့ Format မျိုး ရဖို့အတွက် အချိန်ရော၊ ငွေရော ရင်းနှီးပြီး သုံးစွဲခဲ့တယ်။
🤔 ကဲ... ဒီဆိုင် ၂ ဆိုင်ဟာ System စသုံးပြီး နောက် ၆ လ ဒါမှမဟုတ် ၁ နှစ်အကြာမှာ ဘာတွေ ကွာခြားသွားမလဲ?
လူကြီးမင်းတို့ရဲ့ အမြင်လေးတွေကို Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဗျာ။
ကျွန်တော် နောက် Post တစ်ခုမှာ ဒီဆိုင် ၂ ဆိုင်ရဲ့ ကွာခြားချက် ရလဒ်တွေကို ထပ်ပြီး မျှဝေပေးသွားပါမယ်။ အဲ့ဒီအခါ လူကြီးမင်းတို့ရဲ့ Comment တွေနဲ့ ဘယ်လောက်အထိ တိုက်ဆိုင်မှု ရှိမလဲဆိုတာ ပြန်ပြီး ဆွေးနွေးကြတာပေါ့။
အဆုံးထိ ဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
📩 နိဂုံးချုပ်အနေနဲ့ —
ကိုယ့်လုပ်ငန်းအတွက် System တစ်ခု ချမှတ်တော့မယ်၊ ဘာတွေ လိုအပ်မလဲဆိုတာမျိုး အသေးစိတ် သိချင်တယ်ဆိုရင်တော့ ပထမဆုံးအကြိမ် Free Consultation ရယူပြီး အားမနာတမ်း ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါတယ်ဗျာ။