Siam Hongsa สนใจติดต่อสอบถามเพิ่มเติมได้ค่ะ🙏

10/08/2026

📢 အလုပ်ခေါ်ယူခြင်း

🏭 သနပ်ခါးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ

👩 အမျိုးသမီးဝန်ထမ်း ၁၀ ယောက် ခေါ်ယူပါသည်

📍 အလုပ်နေရာ — ပထုမ်ธานี (ปทุมธานี)

💰 နေ့စားခ — ၃၇၂ ဘတ်
⏰ အချိန်ပိုကြေး — တစ်နာရီ ၄၆.၅၀ ဘတ်

🌞 နေ့ဆိုင်း / 🌙 ညဆိုင်း ရှိပါသည်။

🏠 အခန်းခ နှင့် မီးဖိုး ကိုယ်တိုင်ကျခံရပါမည်။

✅ အမျိုးသမီးများသာ လက်ခံပါသည်။
✅ ခေါ်ယူမည့် ၁၀ ယောက်ထဲမှ ထိုင်းစကားပြော နားလည်ကျွမ်းကျင်သူ ၂ ယောက်ရှိပါက ဦးစားပေး စဉ်းစားပေးပါမည်။

စိတ်ဝင်စားသူများ အသေးစိတ်သိရှိလိုပါက Page မှတစ်ဆင့် မေးမြန်းနိုင်ပါသည်။

29/07/2026

📢 အလုပ်ခေါ်စာ

🏨 Peninsula Bangkok Hotel တွင် အလုပ်လုပ်ရန် ဝန်ထမ်းအလိုရှိသည်။

📌 ရာထူး : Laundry Attendant (အဝတ်လျှော်/မီးပူဝန်ထမ်း)

👨 လိုအပ်သူ
✅ အမျိုးသား (၅) ဦး
✅ ထိုင်းဘာသာစကား ပြောဆိုဆက်သွယ်နိုင်မှု ၄၀%–၅၀% ခန့်ရှိရမည်။

💰 လစာနှင့် ခံစားခွင့်
• အခြေခံလစာ – ၁၂,၀၀၀ ဘတ်
• အစားအသောက်စရိတ် – ၂,၀၀၀ ဘတ်
• OT (အချိန်ပိုကြေး) ရရှိမည်

🏠 နေထိုင်ရေး
• အဆောင်စီစဉ်ပေးသည်။
• ရေဖိုး၊ မီးဖိုးကို ဝန်ထမ်းမှ မိမိဘာသာ ကျခံပေးရမည်။

📍 အလုပ်နေရာ – Peninsula Bangkok Hotel

📩 စိတ်ဝင်စားသူများ Messenger (သို့) ဖုန်းဖြင့် ဆက်သွယ်မေးမြန်း၍ လျှောက်ထားနိုင်ပါသည်။

ဆက်သွန်ရန်-0813721911☎️

28/07/2026

29-7-2026
Wednesday ရုံးတစ်ရက်ပိတ်ပါတယ်ရှင့်🥰🤗

Edit-၁။ မီးဖိုချောင်အကူ  (၁ ဦး)၂။ ပန်းကန်ဆေး (၁ ဦး) သာလိုပါတော့သည်။ 📢 ဝန်ထမ်းအလိုရှိပါသည်Rim Khlong Moo Krata (Bang Phli...
08/07/2026

Edit-၁။ မီးဖိုချောင်အကူ (၁ ဦး)

၂။ ပန်းကန်ဆေး (၁ ဦး) သာလိုပါတော့သည်။

📢 ဝန်ထမ်းအလိုရှိပါသည်

Rim Khlong Moo Krata (Bang Phli Branch) မှ အောက်ပါရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်

၁။ မီးဖိုချောင်အကူ (၁ ဦး)

၂။ ပန်းကန်ဆေး (၁ ဦး)

၃။ ဆိုင်ရှေ့ဝန်ဆောင်မှု/စားပွဲထိုး (၂ ဦး)

📌ဆိုင်ရှေ့ဝန်ဆောင်မှု/စားပွဲထိုးရာထူးများအတွက်သာ... ကျွန်ုပ်တို့သည် ရုပ်ရည်နှင့် စရိုက်လက္ခဏာကို ဦးစားပေးပါသည်။

ဤရာထူးအတွက်၊ ကျေးဇူးပြု၍ လက်ရှိဓာတ်ပုံတစ်ပုံ/အသက်/အရပ်/ကိုယ်အလေးချိန်အရင်ပို့ပေးပါ

၄။ မီးဖိုချောင်ဝန်ထမ်း (၁ ဦး) (ချက်ပြုတ်အတွေ့အကြုံရှိရမည်)

လျှောက်ထားသူအသေးစိတ်အချက်အလက်များ
အသက်: ၁၈ နှစ်မှ ၅၀ နှစ်

🗒️လိုအပ်သောစာရွက်စာတမ်းများ

• passport

• work permit ကဒ်

• ၁ လက်မ သို့မဟုတ် ၂ လက်မပတ်စပို့ဓာတ်ပုံ

•ပန်းရောင်ကဒ် (မရှိလဲ ရပါတယ်)

•ထိုင်းစကားအနည်းငယ်ပြောတက်ရမည်။

လစာသည် ရာထူးနှင့် အတွေ့အကြုံပေါ် မူတည်သည်။

ဘတ် ၄၀၀ မှ ၅၀၀ အထိ စတင်သည်။

🎁အကျိုးခံစားခွင့်များ
ယူနီဖောင်းနှင့် အခမဲ့ထမင်း ထောက်ပံ့ပေးသည်။

နေထိုင်ရန်နေရာ မပေးထားပါ။ ဝန်ထမ်းများကိုယ်ပိုင်အိမ်ရာကို စီစဉ်ရမည်။

လူမှုဖူလုံရေး(Social Security) ရရှိနိုင်ပြီး လက်ရှိတွစီမံဆောင်ရွက်ဆဲဖြစ်ပါသည်။

⏰အလုပ်ချိန်
ညနေ ၃ နာရီမှည၁၂ နာရီအထိ (စုစုပေါင်း ၉ နာရီ၊ ၁ နာရီနားချိန်အပါအဝင်)။

စောရောက်ခြင်း သို့မဟုတ် နောက်ကျထွက်ခြင်းကို အချိန်ပိုအဖြစ် သတ်မှတ်မည်။

💵 လစာပေးချေမှု
တစ်လလျှင် (2) ကြိမ်၊ လစဉ် ၁ ရက်နေ့နှင့် ၁၆ ရက်တွင် ပေးချေသည်။

နုတ်ထွက်လိုပါက အနည်းဆုံး ၇ ရက်ကြိုတင်၍ ရေးသားအကြောင်းကြားရမည်။

📍အလုပ်နေရာ

Rim Khlong Moo Krata (Bang Phli Branch)
Rak Khun Market Project
197/3 Moo 6, Lad Wai Rd
Bang Phriang, Bang Bo
Samut Prakan 10560

ဆက်သွယ်ရန်-
Tel. 081-372-1911
Tel. 062-082-6881
Line:0813721911

Edit- လူရသွားပါပြီး🤗📢 ဝန်ထမ်းအမြန်လိုသည်  👥 အလိုရှိသော ရာထူးနှင့် ဦးရေ ရေခဲစက်ရုံ အထွေထွေလုပ်သား:အမျိုးသား (၂) ဦး ပစ္စည်...
26/06/2026

Edit- လူရသွားပါပြီး🤗

📢 ဝန်ထမ်းအမြန်လိုသည်

👥 အလိုရှိသော ရာထူးနှင့် ဦးရေ

ရေခဲစက်ရုံ အထွေထွေလုပ်သား:အမျိုးသား (၂) ဦး

ပစ္စည်းအတင်အချ:အမျိုးသား (၁) ဦး(ထိုင်းစကား အနည်းငယ် တတ်ရမည်)

📋 လုပ်ငန်းလိုအပ်ချက်များ
* ကျန်းမာသန်စွမ်းပြီး အလုပ်ကြိုးစားသူ ဖြစ်ရမည်။
* ရေခဲတုံး/ရေခဲအိတ်များ အတင်အချလုပ်ရန် ကိုယ်ကာယ ကြံ့ခိုင်ရမည်။
💰 လစာနှင့် ခံစားခွင့်

လစာနှင့် အခြားခံစားခွင့်များကို အင်တာဗျူးချိန်တွင် အပြန်အလှန် ညှိနှိုင်းပေးပါမည်။

📞 ဆက်သွယ်ရန်
စိတ်ဝင်စားသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
📱 ဖုန်းနံပါတ် -0813721911
#အလုပ်သမားခေါ်ယူခြင်း

📢 ပတ်စပိုစ်စာအုပ် ကိစ္စအတွက် အထူးအရေးကြီး နောက်ဆုံးသတိပေးချက်လာမည့် စနေနေ့ (၂၇-၆-၂၀၂၆) တွင် ပတ်စပိုစ်စာအုပ်ပြုလုပ်ရန် ကျ...
24/06/2026

📢 ပတ်စပိုစ်စာအုပ် ကိစ္စအတွက် အထူးအရေးကြီး နောက်ဆုံးသတိပေးချက်

လာမည့် စနေနေ့ (၂၇-၆-၂၀၂၆) တွင် ပတ်စပိုစ်စာအုပ်ပြုလုပ်ရန် ကျန်ရှိနေသူများကို ရုံးမှ ဖုန်းဆက်အကြောင်းကြားပေးပြီး ဖြစ်ပါသည်။

⚠️ အကယ်၍ မိမိထံသို့ ဖုန်းဆက်အကြောင်းကြားလာခြင်း မရှိသေးပါက:
ယနေ့မှစတင်၍ ရုံးသို့ အမြန်ဆုံး လာရောက်ဆက်သွယ် အကြောင်းကြားပေးပါရန် နှိုးဆော်အပ်ပါသည်။

⏳ အချိန်ကန့်သတ်ချက်
ယခုလကုန်အထိသာ အချိန်ရတော့သဖြင့် အလွန်အရေးကြီးပြီး အချိန်မရှိတော့ပါ။

⏰Ciသွားထုတ်ရန် ရုံးချိန်းအချိန်
စနေနေ့ နံနက် (၆:၀၀) နာရီတိတိ အရောက် လာရပါမည်။
📂 ယူဆောင်လာရမည့် အထောက်အထားများနှင့် ပစ္စည်းများ
1. 🪪 မှတ်ပုံတင် (မူရင်း)
2. 🏠 အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)
3. 💵 ပေးရန်ကျန်ရှိသည့် ကျန်ငွေများ
(တစ်ခါတည်း ယူဆောင်လာရပါမည်)

မှတ်ချက်။ ။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက မိမိတို့၏ အခွင့်အရေးများ ဆုံးရှုံးနိုင်သဖြင့် ပေါ့ဆမှုမရှိဘဲ အလေးအနက်ထား ဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်**

22/06/2026

ရက်၉၀ တုံးတွေ တိုးဖို့မေ့နေကြပြီးလား🙄🙄

အားလုံး မင်္ဂလာပါရှင့် အရေးကြီး သတိပေးခြင်း🚨🚨🚨Work permit ကဒ်ထုတ်ဖိုကျန်တဲ့သူများအတွက် (work permit ကဒ်မိမိရက်ချိန်းမဟုတ...
17/06/2026

အားလုံး မင်္ဂလာပါရှင့်
အရေးကြီး သတိပေးခြင်း🚨🚨🚨
Work permit ကဒ်ထုတ်ဖိုကျန်တဲ့သူများအတွက် (work permit ကဒ်မိမိရက်ချိန်းမဟုတ်ပဲ သွားထုတ်ရန် အမြန်ကြေးဖြင့် ဝင်ရောက်သူများ)သတိထားရန်

11-6-2026 ရက်နေ့မှာ ရုံးမှ Work permit ကဒ် သွားထုတ် တဲ့နေ့ ရုံးက Appointment from စာရွက်ဖြင့် စာရွက်အတုများဖမ်းဆီးမိခြင်း

ဖြစ်စဉ် က -ကောင်လေးနှင့်ကောင်မလေး မှာ တစ်ရက်ထဲ တစ်ချိန်ထဲ ထုတ်နေစဉ်ရုံးမှ ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်
စစ်ဆေးကြည့်တော့ေကာင်လေး ဘက်က ရက်ချိန်းစာရွက် အမှန်ဖြစ်ပြီးကောင်မလေးမှာ အမြန်ကြေးဖြင့် ဝင်ရောက် ထားတယ်လို သိရပါတယ်
ကောင်မလေးရဲ့ work permit No.မှာ 7925 ဖြင့် Appointment from စာရွက်မှာ 4529 ဖြင့်သွားရောက်ထုတ်ခဲ့ပါတယ်

ရက်ချိန်း ဝေးတယ်ဆိုပြီး မိမိတင်ထားတဲ့အေဂျင်စီမဟုတ်ဘဲတခြား‌ေအဂျင်စီ ဖြင့်ဝင်ရောက်၍မရနိုင်ပါ ဒါကြောင့်မို့ စျေးကြီးပေးပြီးတခြားအေဂျင်စီဖြင့်
Appointment from အမြန်ထုတ်ခြင်ကိုအထူးသတိထားပါ

မိမိအင်ဂျင်စီ မှသာ အကြောင်းအမျိုးမျိုးကြောင့်မသွားဖြစ်သော တစ်ယောက်ယောက်နေရာမှ တခြားတစ်ယောက်အစားထိုးလုပ်ဆောင်ပေးခြင်းများကိုသာ လုပ်ဆောင်ပေးလို ရပါတယ်

ဈေးကြီးပေးပြီး တခြားအင်ဂျင်စီဖြင့် လုပ်ခြင်းကို သတိထား ကြပါရန်
သတိပေးပါတယ်ရှင့်
#နောက်လူများမဖြစ်စေရန်သတိပေးခြင်း

📢 အသိပေးကြေညာချက်ကျွန်ုပ်တို့ရုံးမှ ပတ်စပို့စ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး သင်္ကြန်ပိတ်ရက်အတွက် ရုံးအား (၃...
08/04/2026

📢 အသိပေးကြေညာချက်

ကျွန်ုပ်တို့ရုံးမှ ပတ်စပို့စ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး သင်္ကြန်ပိတ်ရက်အတွက် ရုံးအား (၃) ရက် ပိတ်မည်ဖြစ်ပါသည်။

ထို့ကြောင့် ၁၂ ရက်နေ့မတိုင်မီ ရုံးသို့လာရောက် တင်ထားသော ပတ်စပို့စ်စာအုပ်များကို အမြန်လာရောက်ယူဆောင်သွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အဆင်ပြေစေရန် ကြိုတင်စီစဉ်လာရောက်ယူကြပါရန် ကျေးဇူးတင်ရှိပါသည်။

သက်တမ်းတိုး မမှီလိုက်တဲ့သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းကတော့ April 7ရက်နေ့ကနေ April 21ရက်နေ့အထိ အချိန် 15ရက် ထပ်တိုးပေး...
04/04/2026

သက်တမ်းတိုး မမှီလိုက်တဲ့သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းကတော့ April 7ရက်နေ့ကနေ April 21ရက်နေ့အထိ အချိန် 15ရက် ထပ်တိုးပေးလိုက်ပါပြီး....
သို့သော်ငြား အချက်အလက်မရှိတဲ့ သူတွေနဲ့ ကျန့်အော့်သေသွားတဲ့ သူတွေ မပါပါဘူးရှင်
ပါမစ်ဖိုး ငွေသွင်း မမှီသူများ အတွက်သာ ဖြစ်ပါတယ်

ที่อยู่

178 16, Khlong Dan, Bang Bo District, Samut Prakan
Changwat Samut Prakan
10550

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Siam Hongsaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์