Ko Nway - Business Coach & Trainer

โทร เส้นทาง ติดต่อ ธุรกิจของเรา

Ko Nway - Business Coach & Trainer Design Your Life
Decorate Your Business

Business Systemization Online Class ရဲ့ ၃ ရက်တာ သင်ယူမှုခရီးစဉ်လေး ဒီနေ့မှာ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါပြီ။ 🎓✨Business တစ...
27/09/2026

Business Systemization Online Class ရဲ့ ၃ ရက်တာ သင်ယူမှုခရီးစဉ်လေး ဒီနေ့မှာ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါပြီ။ 🎓✨

Business တစ်ခုဆိုတာ နေ့စဉ်အလုပ်တွေ လည်ပတ်နေခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

Owner တစ်ယောက်တည်းကို မမှီခိုဘဲ၊
Process တွေ၊ People တွေ၊ Management တွေနဲ့ System တွေ ချိတ်ဆက်ပြီး စနစ်တကျ လည်ပတ်နိုင်တဲ့ Business တစ်ခု ဖြစ်လာဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဒီ ၃ ရက်တာမှာ—

📌 Day 1 – Business Action Planning & Business Model Canvas

Idea → Action ဖြစ်လာအောင် ဘယ်လို Planning ချမလဲ၊ Business Model ကို ဘယ်လို ရှင်းလင်းအောင် တည်ဆောက်မလဲဆိုတာတွေကနေ စတင်လေ့လာခဲ့ကြပါတယ်။

📌 Day 2 – Management Master Class

ဒုတိယနေ့မှာတော့ Management & Leadership ကို အဓိကထားပြီး—

Team ကို ဘယ်လို Manage လုပ်မလဲ၊
Manager တစ်ယောက်အနေနဲ့ ဘယ်လို Lead လုပ်မလဲ၊ လုပ်ငန်းရဲ့ Goal တွေကို Team နဲ့ ဘယ်လိုချိတ်ဆက်မလဲ—

စတဲ့ လက်တွေ့ကျတဲ့ အကြောင်းအရာတွေကို ဆွေးနွေးလေ့လာခဲ့ကြပါတယ်။

📌 Day 3 – AI for Business & Business System Dashboard

တတိယနေ့မှာတော့ AI ကို Business မှာ ဘယ်လိုအသုံးချပြီး အလုပ်တွေကို ပိုမိုမြန်ဆန်၊ ထိရောက်အောင် လုပ်ဆောင်မလဲ ဆိုတာကနေ

မိမိတို့ Business ရဲ့ လုပ်ငန်းစဉ်တွေ၊ KPI တွေ၊ တာဝန်ယူမှုတွေကို တစ်နေရာတည်းကနေ ကြည့်ရှုစီမံနိုင်ဖို့ Business System Dashboard တစ်ခုကို တည်ဆောက်အသုံးပြုနည်းအထိ လေ့လာခဲ့ကြပါတယ်။

⸻

ဒီ ၃ ရက်တာမှာ စိတ်အားထက်သန်စွာနဲ့ အတူတူလေ့လာခဲ့ကြ၊ မေးခွန်းတွေမေးခဲ့ကြ၊ အတွေ့အကြုံတွေမျှဝေခဲ့ကြပြီး တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ လုပ်ငန်းရှင် သင်တန်းသူ/သားများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🙏

🔰Ma Mon Natural Products
🔰Luxion Construction
🔰S.I.R Private High School
🔰Cosmetic Shop
🔰Hsi Kham 2 Gold & Jewelry
🔰Lynn Yaung Thit Eyecare & Eyewear
🔰စိန်သမာဓိ ပိုးထည် ကြာထည်ဆိုင်
🔰ကပြာကယာ အလှကုန်နှင့် ကျန်းမာရေး ဓါတ်စာလက်လီလက်ကား ရောင်းဝယ်ရေး
🔰Daw Khaing Su Aung & Associate Co.,Ltd
🔰Heyo 22
🔰Beauty Link Co.,Ltd
🔰Htet Myat Mobile
🔰Focus Value Co.,Ltd
🔰Sunshine Pet Spa & Accessories
🔰SSS Ko Phyo & Son Co.,Ltd
🔰လားရှိုးသူ စားသောက်ကုန်
🔰Eyecare Optical
🔰Double K Financial Solutions
🔰Kaung Thu Kha Bo Bo Dynamo & Motor

သင်တန်းက ဒီနေ့မှာ ပြီးဆုံးသွားပေမယ့်—

Learning Journey ကတော့ ဒီမှာ မပြီးသေးပါဘူး။

သင်တန်းထဲမှာ သိရှိခဲ့တဲ့ Knowledge တွေကို လုပ်ငန်းထဲမှာ ပြန်လည်အသုံးချတဲ့အခါမှသာ တကယ့်ရလဒ်တွေ စတင်ပေါ်လာမှာ ဖြစ်ပါတယ်။

Knowledge → Action → System → Sustainable Growth

ဒီ ၃ ရက်တာအတွင်း ရရှိခဲ့တဲ့ Knowledge တွေကို Action အဖြစ် ပြောင်းလဲနိုင်ကြပါစေ။

Action တွေကို System အဖြစ် တည်ဆောက်နိုင်ကြပါစေ။

ပြီးတော့ အဲ့ဒီ System တွေကနေ
ရေရှည်တည်တံ့ပြီး ပိုမိုကောင်းမွန်တဲ့ Business Growth တွေကို ဖန်တီးနိုင်ကြပါစေ။ 🚀

သင်တန်းပြီးတာက အဆုံးမဟုတ်ပါဘူး။
မိမိတို့ Business ကို ပြောင်းလဲတည်ဆောက်မယ့် ခရီးစဉ်ရဲ့ အစပါ။

လေးစားစွာဖြင့်
ကိုနွေ






ဒီနေ့ စပြီနော် ❕Business Systemization online သင်တန်း စတင်ဖို့ အချိန်ပိုင်းပဲ လိုပါတော့တယ် ခင်ဗျာ ကျနော်ကတော့ သင်ခန်းစာမ...
25/09/2026

ဒီနေ့ စပြီနော် ❕

Business Systemization online သင်တန်း စတင်ဖို့ အချိန်ပိုင်းပဲ လိုပါတော့တယ် ခင်ဗျာ

ကျနော်ကတော့ သင်ခန်းစာများမျှဝေဖို့ အဆင်သင့်ဖြစ်နေပါပြီ

သင်တန်းသားမိတ်ဆွေများရော Ready ပဲလား

အားလုံးနဲ့ ညနေ ၆ နာရီမှာ ဆုံတွေ့ပါမယ် ခင်ဗျာ 🤗

Bye for now
Ko Nway

ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆရာပြေခိုင်ရဲ့ Step Up & Lead (Batch 94) နှစ်ရက်တာ သင်တန်းမှာ Assistant Trainer အနေ...
23/09/2026

ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆရာပြေခိုင်ရဲ့ Step Up & Lead (Batch 94) နှစ်ရက်တာ သင်တန်းမှာ Assistant Trainer အနေနဲ့ ပါဝင်ကူညီခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။

သင်တန်းသားတွေရဲ့ energy ကတော့ အံ့မခမ်းပါပဲဗျာ။

နောက်နှစ် သင်တန်းတွေမှာလဲ အားလုံးနဲ့ ပြန်ဆုံချင်ပါတယ် ခင်ဗျာ

လေးစားစွာဖြင့်

ကိုနွေ





20/09/2026

“ Business Systemization “

ယနေ့ညမှာ “Business Symphony” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အခမဲ့ မျှဝေမှုလေး ပြုလုပ်ပေးခဲ့ပါတယ် ခင်ဗျာဒီနေ့ Seminar လေးမှာ - 💡 ...
18/09/2026

ယနေ့ညမှာ “Business Symphony” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အခမဲ့ မျှဝေမှုလေး ပြုလုပ်ပေးခဲ့ပါတယ် ခင်ဗျာ

ဒီနေ့ Seminar လေးမှာ -
💡 Motivation ဆိုတာ ဘာလဲ?
• လုပ်ငန်းခွင်မှာ ဘာကြောင့် လိုအပ်တာလဲ?
• ကိုယ်တိုင်ရော၊ လုပ်ငန်းခွင်ထဲမှာပါ Motivation ဆိုတဲ့ အရာက တကယ်ပဲ ရှိဖို့ လိုအပ်တယ်လို့ ထင်ပါသလား?
• လူတစ်ယောက်ကို ရှေ့ဆက်ဖို့ တွန်းအားပေးမယ့် လောင်စာဆီက ဘာဖြစ်မလဲ?”

💎“ရာထူးရှိသူ” ကနေ “Result ထုတ်ပေးနိုင်တဲ့ Leader” ဖြစ်စေနိုင်မယ့် Management Skill

• လုပ်ငန်းခွင် စီမံခန့်ခွဲမှု (Management Skills) နဲ့ ပတ်သက်ပြီး လက်တွေ့နယ်ပယ်မှာ ချက်ချင်းလက်တွေ့ အသုံးချလို့ရမယ့် အတွေးအမြင်သစ်တွေ မျှဝေပေးခဲ့ပါတယ်။

"ခေါင်းဆောင်ကောင်းဆိုတာ ရာထူးကြောင့် မဟုတ်ဘဲ သူတို့ထုတ်ပေးနိုင်တဲ့ ရလဒ်တွေကြောင့်သာ ပိုပြီးထင်ရှားပါတယ်။"

ဒီနေ့ညမျှဝေမှုလေးက မိတ်ဆွေတို့အတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Seminar လေးကို အလေးထား တက်ရောက်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

သာယာအေးချမ်းတဲ့ ညချမ်းလေး ဖြစ်ပါစေ။
စီးပွါးရေးလုပ်ငန်းတွေမှာလဲ တိုးတက်အောင်မြင်ကြပါစေခင်ဗျာ။

လေးစားစွာဖြင့်
ကိုနွေ






သီချင်းတစ်ပုဒ်ကို Orchestra တစ်ခုလုံးက တီးတဲ့အခါ လူတိုင်းက ကိုယ်တီးချင်သလို တီးနေရင်… 🎻🎺🥁အသံတွေများပေမယ့် သီချင်းကောင်းတ...
17/09/2026

သီချင်းတစ်ပုဒ်ကို Orchestra တစ်ခုလုံးက တီးတဲ့အခါ လူတိုင်းက ကိုယ်တီးချင်သလို တီးနေရင်… 🎻🎺🥁
အသံတွေများပေမယ့် သီချင်းကောင်းတစ်ပုဒ် ဖြစ်လာမှာမဟုတ်ပါဘူး။

Business တစ်ခုမှာလည်း အတူတူပါပဲ။

Sales က သူရောင်းချင်သလို ရောင်းတယ်
Marketing က သူ လုပ်ချင် သလိုလုပ်နေတယ်
Operation က သူ အဆင်ပြေသလို မီးစင်ကြည့်ကလိုက်တယ်
Staff တစ်ယောက်ချင်းစီက ကိုယ့်နည်းကိုယ့်
ဟန်နဲ့… တယောက်တပေါက်တွေ လုပ်နေကြတယ်။

လုပ်ငန်းရှင် ကကြတော့
“ဘာလို့ ငါမရှိရင် အလုပ်တွေက ရပ်နေတာလဲ?”
“Staff ပြောင်းလိုက်တိုင်း ဘာလို့ အစက ပြန်သင်နေရတာလဲ?”
“ဝန်ထမ်းများလာတာနဲ့ ဘာလို့ ပြဿနာတွေ ပိုများလာတာလဲ?”

ဆိုပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းနေရတယ်။

ဒါဟာ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေ မကောင်းလို့ မဟုတ်ပါဘူး။
Business မှာ Symphony ဖြစ်အောင် တီးပေးမယ့် System မရှိသေးလို့ပါ။

====================

Business Symphony ဆိုတာ ဘာလဲ?

Business တစ်ခုမှာ—

🎻 People — ဘယ်သူက ဘာတာဝန်ယူမလဲ
🎺 Process — အလုပ်တွေကို ဘယ်လိုလုပ်မလဲ
🥁 System — အလုပ်တွေကို ဘယ်လိုချိတ်ဆက်မလဲ
🎹 Standard — ဘယ်လို Result ရရမလဲ
🎼 Leadership — အားလုံးကို ဘယ်လို Direction တစ်ခုတည်းနဲ့ ဦးဆောင်မလဲ

ဒီအရာတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့အခါ…

Business System တစ်ခုလုံးက Harmony ဖြစ်အောင် လည်ပတ်လာပါတယ်။

ဒီလို အောင်မြင်တဲ့ Business System တည်ဆောက်ချင်တယ်ဆိုရင် လာမယ့် သောကြာနေ့ မှာ ပြုလုပ်မယ့် “Business Symphony “ အခမဲ့ Seminar မှာ လုပ်ငန်းတစ်ခုကို ရေရှည်တိုးတက်စေမယ့် အတွေးအမြင်များ၊ လက်တွေ့အသုံးချနိုင်မယ့် Strategies များနဲ့ Business Success ကို ဖန်တီးနိုင်မယ့် Framework များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

လူ အကန့်အသတ် ရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။

====================

🗓 Date : 18 September 2026 (Friday)
⏰ Time : 8:00 PM – 9:30 PM
💻 Place : Zoom Application

စိတ်ပါဝင်စားသော မိတ်ဆွေများအနေဖြင့်
👉 m.me/konwaycustomerservice ကိုနှိပ်ပြီး Page Message Box ထဲကို
“Sym” လို့ ပို့ပေးပါ။

Zoom Link ကို Page Message Box ကနေတစ်ဆင့် ပြန်လည်ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ကိုနွေ






ကမ္ဘာတစ်ဝန်း ဆိုင်ခွဲပေါင်း ထောင်သောင်းချီရှိတဲ့ 🍔☕ McDonald’s နဲ့ Starbucks ကို ကြည့်ပါ။ ဘယ်နိုင်ငံ၊ ဘယ်ဆိုင်ခွဲကို ရော...
12/09/2026

ကမ္ဘာတစ်ဝန်း ဆိုင်ခွဲပေါင်း ထောင်သောင်းချီရှိတဲ့ 🍔☕ McDonald’s နဲ့ Starbucks ကို ကြည့်ပါ။ ဘယ်နိုင်ငံ၊ ဘယ်ဆိုင်ခွဲကို ရောက်ရောက် Quality, Service နဲ့ Operation Standard တွေကို တစ်ပြေးညီ ထိန်းထားနိုင်ပါတယ်။

ဘာကြောင့်လဲ?

သူတို့ဟာ လူကို မမှီခိုဘဲ “System” ကို အခြေခံပြီး Business ကို မောင်းနှင်နေလို့ပါ။

❌ System မရှိတဲ့ Business တွေမှာ—

🔺 Owner ကိုယ်တိုင် နေ့စဉ်ပြဿနာတွေ လိုက်ဖြေရှင်းနေရခြင်း
🔺 ဝန်ထမ်းအပြောင်းအလဲနဲ့အတူ Quality & Service ပြောင်းလဲခြင်း
🔺 SOP မရှိလို့ ဝန်ထမ်းသစ်တိုင်းကို ပြန်လည်သင်ကြားနေရခြင်း
🔺 Business ကို Scale Up လုပ်ဖို့ ခက်ခဲခြင်း
🔺 အချိန်၊ ငွေကြေးနဲ့ Resource တွေမှာ Control ပိုင်းဆိုင်ရာ ယိုပေါက်များရှိခြင်း

ဒီလိုပြဿနာတွေက Business ကြီးထွားလာတဲ့အခါ လုပ်ငန်းရှင်အများစု ကြုံတွေ့ရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

🍔McDonald’s က Burger တစ်ခုတည်းကို မရောင်းပါဘူး။

သူတို့က “Burger ရောင်းတဲ့ System” ကို တည်ဆောက်ခဲ့တာပါ။

ဒါကြောင့် လူတွေ ပြောင်းလဲသွားပေမယ့်—

Standard မပြောင်းဘူး။
Quality မပြောင်းဘူး။
လုပ်ငန်းလည်ပတ်မှုပုံစံ မပြောင်းဘူး။

ဒီအချက်ကပဲ Systemized Business ရဲ့ အရေးကြီးဆုံးတန်ဖိုးတစ်ခု ဖြစ်ပါတယ်။

💡 Business Systemization Master Class
=============================
ဒီ Master Class မှာ သင့် Business ကို Owner တစ်ဦးတည်းကို မှီခိုနေရတဲ့ Business ကနေ System နဲ့ လည်ပတ်နိုင်တဲ့ Business ဖြစ်လာအောင် လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းမှာ လေ့လာရမယ့် အဓိကအကြောင်းအရာများ

🔸SOP & Standard Operating Procedures
(လုပ်ငန်းလုပ်ဆောင်ပုံတွေကို စနစ်တကျ ရေးဆွဲတည်ဆောက်နည်း)

🔸Automated Operational Flow
(Owner မရှိတဲ့အချိန်မှာပါ လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်မယ့် System တည်ဆောက်နည်း)

🔸KPI & Control Systems
(ဝန်ထမ်း Performance နဲ့ လုပ်ငန်းရဲ့ ယိုပေါက်တွေကို တိကျစွာ တိုင်းတာထိန်းချုပ်နည်း)

🔸Scalable Business Framework
(ဆိုင်ခွဲတိုးချဲ့ခြင်း၊ Scale Up ပြုလုပ်ခြင်းနဲ့ Franchise အထိ တည်ဆောက်နိုင်မယ့် Framework)
စတဲ့ သင်ခန်းစာတွေကို Theory မဟုတ်ဘဲ
လက်တွေ့ကျတဲ့ Framework နဲ့ ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🔰 Business Systemization Master Class
=============================
📅 25 / 26 / 27 September 2026 (3 Days)
🗓 Friday / Saturday / Sunday
⏰ 6:00 PM – 10:00 PM
💻 Online – Zoom Meeting

သင်တန်းက Online ဖြစ်တဲ့အတွက် —
✔️ မည်သည့်နေရာကမဆို တက်ရောက်နိုင်ပါတယ်
✔️ အလုပ်ချိန်ပြင်ပဖြစ်လို့ လုပ်ငန်းခွင်ကို မထိခိုက်ဘဲ သင်ယူနိုင်ပါတယ်
✔️ Business Owner တွေအတွက် လက်တွေ့အသုံးချနိုင်မယ့် System Tools များကို လေ့လာနိုင်မှာ ဖြစ်ပါတယ်

=============================

သင်တန်းကြေးအနေဖြင့် Business Owner များအတွက် Special Offer အဖြစ်
💰 ၉၉၀,၀၀၀ ကျပ်တည်းဖြင့် တက်ရောက်နိုင်မယ့် အထူးအခွင့်အရေး ရရှိမှာဖြစ်ပါတယ်။

🚀 “Business ကြီးထွားဖို့ Owner က ပိုပင်ပန်းဖို့ မလိုပါဘူး။
System ပိုကောင်းဖို့ပဲ လိုအပ်ပါတယ်။”

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ Message ပို့ပြီး စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်

ကိုနွေ





11/09/2026

A One Machinery Trading Co.,Ltd ရဲ့ Business Systemization Program အတွက် On-Ground Checking ဝင်ရောက်ရင်း Department Head တွေနဲ့ Team Meeting လေး ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။

လုပ်ငန်းတစ်ခု System တည်ဆောက်တဲ့အခါ စာရွက်ပေါ်မှာ System ရှိရုံနဲ့ မပြီးပါဘူး။ လက်တွေ့လုပ်ငန်းခွင်မှာ Team က ဘယ်လိုအလုပ်လုပ်နေကြလဲ၊ Department တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်နေကြလဲ၊ ဘယ်နေရာတွေမှာ Bottleneck ဖြစ်နေလဲဆိုတာကို On-Ground မှာ သေချာကြည့်ရှုဖို့လိုပါတယ်။

ဒီ Team Meeting မှာလည်း—

🔹 လက်ရှိလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ခြင်း
🔹 Department အချင်းချင်း Coordination ပိုကောင်းလာစေရန် ဆွေးနွေးခြင်း
🔹 လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ Challenges တွေကို ဖော်ထုတ်ခြင်း
🔹 Responsibility & Accountability တွေ ပိုမိုရှင်းလင်းစေရန် ဆွေးနွေးခြင်း
🔹 System တည်ဆောက်ရာမှာ Team တစ်ခုလုံးရဲ့ ပါဝင်မှုကို မြှင့်တင်ခြင်း

စတဲ့အချက်တွေကို အတူတကွ ဆွေးနွေးခဲ့ကြပါတယ်။

Business Systemization ဆိုတာ Process တွေ ရေးထားရုံမဟုတ်ပါဘူး။
လူ + Process + Communication + Accountability တွေ အားလုံး ချိတ်ဆက်ပြီး လုပ်ငန်းက လူတစ်ယောက်ချင်းစီပေါ် အလွန်အမင်း မမှီခိုဘဲ စနစ်တကျ လည်ပတ်နိုင်အောင် တည်ဆောက်ခြင်းပါ။

A One Machinery Trading Co.,Ltd နဲ့အတူ
“အလုပ်လုပ်နေတဲ့ System” တစ်ခု တည်ဆောက်ဖို့ ဆက်လက်အကောင်အထည်ဖော်သွားမှာပါ။ 🚀

လေးစားစွာဖြင့်

ကိုနွေ








ที่อยู่

The Plus B Condo Chiangmai
Chiang Mai
50230

เบอร์โทรศัพท์

+959444493336

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ko Nway - Business Coach & Trainer โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Nway - Business Coach & Trainer:

ทางลัด

แชร์