Justice & Legal Aid Network-J&LAW

Justice & Legal Aid Network-J&LAW “We stand with you for justice "

ယခု မေးခွန်းအရ ပြစ်မှုကိုတရားစွဲဆိုနေစဉ်အတွင်း တရားမမှု(နစ်နာကြေးအတွက်)တရားစွဲလို့ရသလားဟူသောမေးခွန်းဖြစ်ပင်လိမ့်မယ် ? ဒီ...
31/07/2026

ယခု မေးခွန်းအရ ပြစ်မှုကိုတရားစွဲဆိုနေစဉ်အတွင်း တရားမမှု(နစ်နာကြေးအတွက်)တရားစွဲလို့ရသလားဟူသောမေးခွန်းဖြစ်ပင်လိမ့်မယ် ?
ဒီမေးခွန်းအားဖြေရမည်ဆိုလျှင်
အမှုအခင်းများတွင် ပြစ်မှုကြောင်းအရ အရေးယူခြင်းနှင့် တရားမကြောင်းအရ နစ်နာကြေး/လျော်ကြေးတောင်းဆိုခြင်းတို့သည် သီးခြားစီ ဖြစ်ပါသည်။
⚖ ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း ပုဒ်မ/အမှု ပေါ်မူတည်၍** တရားမကြောင်းအရ လျော်ကြေးတောင်းဆိုရန် သီးသန့် သတ်မှတ်ထားခြင်း ရှိ/မရှိ ကွဲပြားပါသည်။
"ဒေါက်တာမြင့်အောင် (၎င်း၏အခွင့်ရကိုယ်စားလှယ် ဒေါက်တာမင်းစိုးအောင်)
နှင့်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ပါ (၃)" စီရင်ထုံးတွင်
ပြစ်မှုဆိုင်ရာ တရားရုံး၏ စီရင်ချက်သည် တရားမရုံးနှင့် မသက်ဆိုင်သလို၊ တရားမရုံးအပေါ် အတည်မဖြစ်ပါ။
ထို့အတူ တရားမရုံးမှ ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည်လည်း ပြစ်မှုဆိုင်ရာ တရားရုံးတွင် အတည်မဖြစ်ပါ။

ထို့အ​ပြင်တရားမကြောင်းအရ နစ်နာကြေး/လျော်ကြေးတောင်းဆိုသည့်အခါ မည်သည့်အချိန်မှ စတင်၍ ကာလစည်းကမ်းသတ် ရေတွက်ရမည်နည်းဆိုသည်မှာ အလွန်အရေးကြီးပါသည်။
ကာလစည်းကမ်းသတ် အက်ဥပဒေ အပိုဒ် (၂၂) အရ နစ်နာမှုဖြစ်စေသည့် အကြောင်းအတွက် လျော်ကြေးငွေ ရလိုမှုကို နစ်နာစေသည့် နေ့ရက်မှစ၍ (၁) နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်သည်ကို သတိထားရမည်ဖြစ်ကြောင်း မျှဝေအပ်ပါသည်။

#ဥပဒေအသိမျှဝေခြင်း #တရားမကျင့်ထုံးဥပဒေ #ကာလစည်းကမ်းသတ်ဥပဒေ #တရားရုံးစီရင်ထုံး &LAW

⚖️ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့၏ လင်မယားကွာရှင်းနိုင်သော အချက်များယခင်နေ့က "ခရစ်ယာန်ဘာသာဝင်များ၏ ကွာရှင်းခြင်း" အကြောင်းက...
19/06/2026

⚖️ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့၏ လင်မယားကွာရှင်းနိုင်သော အချက်များ
ယခင်နေ့က "ခရစ်ယာန်ဘာသာဝင်များ၏ ကွာရှင်းခြင်း" အကြောင်းကို မျှဝေခဲ့ပြီးပြီဖြစ်လို့ ဒီနေ့မှာတော့ ဗုဒ္ဓဘာသာဝင်များ နှင့် အစ္စလာမ်ဘာသာဝင်များ ၏ ဥပဒေ/တရားဓလေ့အရ လင်မယားကွာရှင်းနိုင်သည့် အချက်များကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ရှင့်

ဗုဒ္ဓဘာသာဝင်များ (မြန်မာဓလေ့ထုံးတမ်းဥပဒေ)
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ပြတ်စဲရန် အဓိက အကြောင်းအရင်း (၃) မျိုး ရှိပါသည်။

၁။ နှစ်ဦးသဘောတူ ကွာရှင်းခြင်း
ဗုဒ္ဓဘာသာ လင်နှင့်မယားတို့သည် နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်ပါသည်။

စာချုပ်စာတမ်းဖြင့် ရေးသား၍ ကွာရှင်းရမည်ဟု ဓလေ့ထုံးတမ်းဥပဒေတွင်လည်းကောင်း၊ လက်ရှိဥပဒေများတွင်လည်းကောင်း အတိအကျပြဋ္ဌာန်းထားခြင်း မရှိပါ။

သို့သော်လည်း နောင်တွင် အရှုပ်အထွေးများ ပေါ်ပေါက်လာပါက အခိုင်လုံဆုံး သက်သေခံအထောက်အထား ဖြစ်စေရန်အတွက် စာချုပ်စာတမ်း ပြုလုပ်၍ ကွာရှင်းခြင်းက အကောင်းဆုံး ဖြစ်ပါသည်။

၂။ လင်ဖြစ်သူ ရဟန်းပြုခြင်း
အိမ်ထောင်ရေးကို စွန့်ပယ်ကာ တစ်သက်ပန်ရဟန်းပြုခြင်းကို ဆိုလိုခြင်းဖြစ်ပြီး၊ ရက်အပိုင်းအခြားမျှ ယာယီဝတ်သည့် ဒုလ္လဘရဟန်းပြုခြင်းနှင့် မသက်ဆိုင်ပါ။

၃။ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း
အိမ်ထောင်ရေးပြစ်မှုကို (၂) မျိုး ခွဲခြားနိုင်ပါသည်။

သာမန်အိမ်ထောင်ရေးပြစ်မှု (၅) မျိုး

(က) ရက်စက်မှု

(ခ) လင်၏ ဖောက်ပြန်မှု

(ဂ) ဒုတိယမယားယူမှု

(ဃ) စွန့်ပစ်မှု

(င) လီဆယ်မှု

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု (၂) မျိုး

(က) မယား၏ ဖောက်ပြန်မှု

(ခ) ကြီးလေးသော ရက်စက်မှု

🕌 အစ္စလာမ်ဘာသာ (အစ္စလာမ်တရားဥပဒေ)
အစ္စလာမ်တရားဥပဒေအရ အောက်ပါကွာရှင်းခြင်း အမျိုးအစားများကို တရားဝင်အသိအမှတ်ပြု လက်ခံထားပါသည်။

(၁) လင်၏ဆန္ဒအရ ကွာရှင်းခြင်း (Talaq)

(၂) လင်၏ လွှဲအပ်မှုကြောင့် မယားက ကွာရှင်းခြင်း (Talaq-e-Tafweez)

(၃) နှစ်ဦးသဘောတူ ကွာရှင်းခြင်း (Khula / Mubarat)

(၄) အီလာ၊ ဇီဟာရ် နှင့် လီအန် (Ila, Zihar & Lian)

(၅) တရားရုံးမှ အမိန့်ဒီကရီရယူ၍ ကွာရှင်းခြင်း (Dissolution of Muslim Marriages Act)

(၆) အစ္စလာမ်ဘာသာကို စွန့်လွှတ်သဖြင့် လင်ခန်းမယားခန်း ပြတ်စဲခြင်း (Apostasy)

💡 နောက်ရက်များတွင်လည်း အများပြည်သူ သိရှိစေရန် အခြားသော ဘာသာ၏လင်မယားကွာရှင်းခြင်း ပြဋ္ဌာန်းချက်များနှင့် ဥပဒေဗဟုသုတများကို ဆက်လက်မျှဝေပေးသွားပါမည်ရှင့်
ကိုးကားချက်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ(ဉီးမြ)

#ဥပဒေဗဟုသုတ #လင်မယားကွာရှင်းခြင်း #မြန်မာဓလေ့ထုံးတမ်းဥပဒေ #အစ္စလာမ်ဥပဒေ

10/06/2026

ဖြတ်ထုံးနဲ့ စီရင်ထုံးရဲ့ ခြားနားပုံကိုလည်း သိထားဖို့ လိုအပ်ကြောင်းကို မျှဝေပေးဖြစ်ပါတယ်။
​"မသိတာက အပြစ်မဟုတ်ဘူး၊ ဒါပေမဲ့ သိခွင့်ရှိပါလျက်နဲ့၊ သိနိုင်တဲ့လမ်းကြောင်းတွေ ရှိပါလျက်နဲ့ သိအောင်မလုပ်တာကတော့ ကိုယ့်ဘဝအတွက် အကြီးမားဆုံးအပြစ် ပဲ ဖြစ်ပါတယ်။"
​အထူးသဖြင့် ဥပဒေရေးရာတွေမှာ "မသိလို့ပါ" ဆိုတဲ့ ဆင်ခြေက ကိုယ့်ကို ဘာအကာအကွယ်မှ ပေးနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်က သိအောင်မလုပ်ဘဲ မျက်ကွယ်ပြုထားမိရင် တစ်နေ့မှာ ကိုယ့်ရဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ၊ သူတစ်ပါး လှည့်ဖြားတာ ခံရတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။
​ဒါကြောင့်မို့လို့ မိမိတို့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ဥပဒေအသိပညာတွေကို ဒီ Page ကနေပြီးတော့ ပုံမှန် မျှဝေပေးဖြစ်ပါတယ်။
​ဒီ Page လေးကို Like & Follow လုပ်ထားပြီး ပုံမှန်လေး ဝင်ရောက်ဖတ်ရှုခြင်းအားဖြင့် သင့်အတွက် နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် ဥပဒေအသိအမြင်နဲ့ ဗဟုသုတတွေ တိုးပွားရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မျှဝေပေးလိုက်ရပါတယ်ဗျာ။ 🙏
​ #ဥပဒေဗဟုသုတ #ဖြတ်ထုံးနှင့်စီရင်ထုံး
&LAW

🕴"ဒီလိုဥပဒေပြဌာန်းချက်ရှိနေတာကို အမျိုးသားများ ​သိထားပြီးပြီလား?မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေ ပုဒ်မ ၃၄ အရ အိမ်ထော...
08/06/2026

🕴"ဒီလိုဥပဒေပြဌာန်းချက်ရှိနေတာကို အမျိုးသားများ ​သိထားပြီးပြီလား?
မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေ ပုဒ်မ ၃၄ အရ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ပွားတဲ့အခါ ဇနီးသည်ကို ကွာရှင်းခွင့် လျှောက်ထားရုံတင်မကဘဲ မိမိအိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တဲ့ ဖောက်ပြန်သူ (တတိယလူ) ဆီကနေပါ တရားဝင် လျော်ကြေးငွေ ကို တရားရုံးကတစ်ဆင့် တောင်းဆိုပိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။
⚖️ ဥပဒေအရ ဘယ်လိုအခြေအနေမျိုးမှာ တောင်းလို့ရသလဲ?
၁။ ကွာရှင်းပြတ်စဲခွင့် လျှောက်ထားချိန်တွင် တောင်းခံခြင်း
• လင်ယောက်ျားဖြစ်သူက မိမိတို့ရဲ့ ထိမ်းမြားခြင်းကို ပယ်ဖျက်ပေးဖို့ တရားရုံးမှာ လျှောက်လွှာတင်သွင်းတဲ့အခါမှာ ဖြစ်စေ။
၂။ တရားရုံးသို့ သီးခြားလျှောက်လွှာတင်၍ တောင်းခံခြင်း
ခရိုင်တရားရုံး (သို့မဟုတ်) သက်ဆိုင်ရာ တရားလွှတ်တော်သို့ ဤလျော်ကြေးကိစ္စရပ်အတွက် သီးခြားလျှောက်လွှာ တင်သွင်းပြီးတော့လည်း ဖြစ်စေ တောင်းခံနိုင်ပါကြောင်းမျှဝေ အပ်ပါသည်။
ကိုးကားချက်။ ​မောင်စိန်(ဥပဒေ)၊ ခရစ်ယာန်ဘာသာ
🏷️ &LAW #အိမ်ထောင်ရေးနှင့်ဥပဒေ #ဥပဒေဗဟုသုတ #လျော်ကြေးတောင်းပိုင်ခွင့်

မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေ (The Divorce Act) ပုဒ်မ ၁၃ အရ  တရားရုံးမှာ လျှောက်ထားတဲ့အခါ အောက်ပါအချက်တွေထဲက တစ်ခ...
07/06/2026

မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေ (The Divorce Act) ပုဒ်မ ၁၃ အရ တရားရုံးမှာ လျှောက်ထားတဲ့အခါ အောက်ပါအချက်တွေထဲက တစ်ခုခု ပေါ်ပေါက်လာရင် တရားရုံးက ထို လျှောက်လွှာကို ပယ်ရမှာ ဖြစ်ပါတယ်။

❌ တရားရုံးက လျှောက်လွှာကို ပယ်ရမယ့် အကြောင်းရင်းများ -
၁။ သက်သေမခိုင်လုံခြင်း

တင်ပြတဲ့ သက်သေခံအထောက်အထားတွေအရ လျှောက်ထားသူရဲ့ အမှုဟာ မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားမှု မရှိရင်။

၂။ ဖောက်ပြန်မှု မထင်ရှားခြင်း

တစ်ဖက်သားက အခြားသူတစ်ယောက်နဲ့ ဖောက်ပြန်ကျူးလွန်ပါတယ်ဆိုတဲ့ အချက်ဟာ ခိုင်လုံပေါ်လွင်ခြင်း မရှိဘူးလို့ တရားရုံးက ယူဆရင်။

၃။ ပူးပေါင်းကြံစည်မှုရှိနေခြင်း

လျှောက်ထားသူကိုယ်တိုင်က ပေါင်းသင်းနေထိုင်စဉ်အတွင်း အဆိုပါ အိမ်ထောင်ရေးကိုလည်းကောင်း၊ တစ်ပါးသူနဲ့ ဖောက်ပြန်ကျူးလွန်မှုကိုလည်းကောင်း (အကွက်ဆင်ပြီး) ပူးပေါင်းကြံစည်ပြုလုပ်ခဲ့တာ ပေါ်ပေါက်ရင်။

၄။ ခွင့်လွှတ်ခဲ့ပြီးဖြစ်ခြင်း

တစ်ပါးသူနဲ့ ဖောက်ပြန်ကျူးလွန်ခဲ့တာကို လျှောက်ထားသူက (အရင်က) သိရှိပြီးသားဖြစ်ပြီး ခွင့်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရင်။

၅။ တရားပြိုင်နှင့် တိုင်ပင်၍ အမှုဆင်ခြင်း

ဤကွာရှင်းခွင့်လျှောက်လွှာကို တရားပြိုင် (သို့မဟုတ်) တစ်ဦးဦးနဲ့ ကြိုတင်ပူးပေါင်းတိုင်ပင်ပြီး (အချင်းချင်း ညှိနှိုင်း၍) လာရောက်စွဲဆိုထားခြင်းဖြစ်ကြောင်း တွေ့ရှိရရင် စသော အချက်များပါရင် တရားရုံးက လျှောက်ထားချက်ကို ပယ်ရမည်ဖြစ်ပါသည် ။

❓ မေးခွန်အရ ဖြေရမယ်ဆိုရင် လျှောက်လွှာကို တရားပြိုင်တစ်ဉီးဉီးနဲ့ပူးပေါင်းတိုင်ပင်ပြီး လာရောက်စွဲဆိုရင် ပယ်ရမှာဖြစ်တဲ့အတွက် ခရစ်ယာန်ဘာသာ
ဝင် နှစ်ဉီးသဘောတူကွာရှင်းခြင်းကို တရားရုံးက လုပ်ပေးလို့မရပါဘူးဆိုတာကို မျှဝေအပ်ပါသည်။
ကိုးကားချက်။ မောင်စိန်(ဥပဒေ)၊ ခရစ်ယာန်ဘာသာဝင်များဆိုင်ရာဥပဒေ နှင့် သိကောင်းစရာများ

Awareness


&LAW

မနေ့ကတော့ ခရစ်ယာန်ဘာသာဝင်များက ကွာရှင်းလိုရင် ဘယ်လိုလျှောက်ထားရမလဲဆိုတာ  မျှဝေခဲ့ပြီး ဒီနေ့မှာတော့ ဘယ်အကြောင်းချင်းရာကြေ...
06/06/2026

မနေ့ကတော့ ခရစ်ယာန်ဘာသာဝင်များက ကွာရှင်းလိုရင် ဘယ်လိုလျှောက်ထားရမလဲဆိုတာ မျှဝေခဲ့ပြီး ဒီနေ့မှာတော့ ဘယ်အကြောင်းချင်းရာကြောင့် လျှောက်ထားလို့ရသလဲဆိုတဲ့အကြောင်းကို မျှဝေပေးပါမယ်။

(၁)ထိမ်းမြားမှု ပယ်ဖျက်ခြင်း ကိစ္စ -

( က ) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ် ပြီးနောက် တစ်ပါးယောကျာ်းနှင့် ဖောက်ပြား ကျူးလွန်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ခ ) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ် ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ် ပြုလုပ်ခဲ့ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ဂ ) သွေးနီးလွန်းသူနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ဃ ) နောက်မယားယူခြင်းနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( င ) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ ၊
( စ ) မုဒိမ်းမှု ၊ ယောက်ျားချင်း မေထုန်မှီဝဲမှု ၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှု ကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ဆ ) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့် ပြုနိုင်လောက်သော ရက်စက်မှု ကျူးလွန်ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ဇ ) မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်း အပြင် ၄င်းအား ( ၂ ) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊

စသည့် အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည်။

(၂)ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -

( က) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါ ရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါ ရှိနေကြောင်း ၊
( ခ ) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း ၊
( ဂ ) ထိမ်းမြားသူ တစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံသူ ဖြစ်ကြောင်း ၊
( ဃ ) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျက် ရှိကြောင်းနှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲ နေလျက်ရှိကြောင်း ၊
စသည့် အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။

(၃)တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း -

( က ) လင်ယောကျာ်း ( သို့ ) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း ၊
( ခ) ရက်စက်မှု ကျူးလွန်ခြင်း
(ဂ ) လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ( ၂ ) နှစ် သို့မဟုတ် ( ၂ ) နှစ် အထက် စွန့်ပစ်ထားခဲ့ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါကြောင်း မျှဝေအပ်ပါသည် ။
ကိုးကားချက်။ ​မောင်စိန်(ဥပဒေ)၊ ခရစ်ယာန်ဘာသာဝင်များဆိုင်ရာဥပဒေ နှင့် သိကောင်းစရာများ

Awareness


&LAW

ကွာရှင်းခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင် ဘာသာကြီး(၄)ရပ်၏ ကွာရှင်းခြင်းကို ခွဲခွဲခြားခြားသိဖို့လိုအပ်ပါတယ...
05/06/2026

ကွာရှင်းခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင် ဘာသာကြီး(၄)ရပ်၏ ကွာရှင်းခြင်းကို ခွဲခွဲခြားခြားသိဖို့လိုအပ်ပါတယ်။

အခုကတော့
ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်း အကြောင်းကို အရင်ဆုံး မျှဝေပေးပါမယ်။
ခရစ်ယာန်ဘာသာဝင် များသည် နှစ်ဦး သဘောတူကွာရှင်းခြင်း ပြုလုပ်ခွင့်မရှိပေ ။
-ကွာရှင်းလိုလျှင် ၁၈၆၉ခုနှစ် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေအရ သာ လျှောက်ထားရမည် ဖြစ်ပါသည်။

⚖️ မည်သည့်တရားရုံးသို့ လျှောက်ထားရမည်နည်း?
-ခရိုင်တရားရုံး(သို့) တိုင်ဒေသကြီး/ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်ပါသည်။
💡တရားရုံးမှတစ်ဆင့် မည်သို့ဆောင်ရွက်နိုင်သနည်း?
အောက်ပါ (၃) နည်းလမ်းအနက် တစ်ခုခုဖြင့်သာ တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။

(က) ထိမ်းမြားမှုအား ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း

(ခ) ထိမ်းမြားမှုအား ပျက်ပြယ်စေရန် လျှောက်ထားခြင်း

(ဂ) တရားရုံး ဒီကရီဖြင့် ခင်ပွန်း (သို့) ဇနီးနှင့် ခွဲခွာနေထိုင်ရန် စသော ခေါင်းစဉ်များဖြင့် လျှောက်ထားနိုင်ပါသည်။
🔔ဥပဒေအရ အိမ်ထောင်ဖက်တစ်ဦးဦးက မည်ကဲ့သို့သော ကျူးလွန်မှုကို ကျူးလွန်လျှင် လျှောက်ထားနိုင်မည့် အကြောင်းအရာများကို နောက် postမှာ မျှဝေပေးသွားပါမယ်ခဗျ။
ကိုးကားချက်။ ​မောင်စိန်(ဥပဒေ)၊ခရစ်ယာန်ဘာသာဝင်များဆိုင်ရာ နှင့် သိကောင်းစရာများ။

&LAW
#ခရစ်ယာန်ဘာသာဝင်များကွာရှင်းခြင်း
#မြန်မာနိုင်ငံလင်မယားကွာရှင်းရေးဥပဒေ

05/06/2026

Send a message to learn more

02/06/2026
02/06/2026

ဥပဒေအသိပညာကို Online(Zoom)ကနေ မျှဝေပေးနေတဲ့အစီစဉ်ဖြစ်ပါတယ်ခဗျ
အားတဲ့အချိန်လေးမှာ Onlineကနေ မျှဝေပေးနိုင်အောင် လည်း အမြဲကြိုးစားနေပါတယ်ခဗျ

Knowledge share
&LAW

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Justice & Legal Aid Network-J&LAWผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์