21/08/2026
Speaker Announcement 📢
ပွဲလုပ်မယ့်ရက်လည်း နီးကပ်လာပြီဆိုတော့ ပွဲနေ့မှာ ဆွေးနွေးပေးသွားမယ့် နောက်ထပ် Speaker တစ်ယောက်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။
ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ Speaker ကတော့ Citrus Business Group ရဲ့ Founder & CEO တစ်ယောက်လည်းဖြစ်၊ Corporate & Compliance Consultant တစ်ယောက်လည်းဖြစ်တဲ့ Ma Nwat Derli Zaw ဖြစ်ပါတယ်။
အစ်မ နွဲ့ဒါလီဇော် ဟာ —
- လက်ရှိတွင် Citrus Business Group ရဲ့ Founder & CEO အဖြစ်လည်းကောင်း၊
- Professional Career အဖြစ် ထိုင်းနိုင်ငံမှာ လုပ်ငန်းစတင်လုပ်ကိုင်လိုသူတွေအတွက် Business Setup & Compliance Expertise တွေနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပေးလျက်ရှိတဲ့ Consultant တစ်ယောက်အဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။
- ဂျပန်နိုင်ငံ ထိပ်တန်း Developer (၃) ဦး စာရင်းဝင် Kajima Corporation (Japan) ကုမ္ပဏီတွင်လည်း Board & Corporate Secretary အဖြစ် (၄) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
- နိုင်ငံတကာနှင့် ဒေသတွင်း အသိအမှတ်ပြုမှုများ ရရှိထားပြီး ASEAN Magazine Feature တွင်လည်း ဖော်ပြခြင်းခံရသော အာဆီယံလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။
Seminar မှာ အစ်မ ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့ "ထိုင်းနိုင်ငံသို့ အခြေချခြင်း၊ ဗီဇာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးစတင်ခြင်း" အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေ၊ ကြိုတင်ပြင်ဆင်ထားရမယ့်အချက်အလက်တွေကို ထိုင်းနိုင်ငံမှာ ကုမ္ပဏီပေါင်း (၈၀) ကျော်ကို အောင်မြင်စွာ တည်ထောင်ပေးခဲ့တဲ့အတွေ့အကြုံတွေနဲ့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ပွဲနဲ့ပတ်သက်ပြီး ကိုယ်လိုအပ်တာတွေ အားလုံးကို ဂဃနဏ သေသေချာချာ သဘောပေါက် နားလည်သွားမှာမို့ အခုပဲ Seminar ကို တက်ရောက်ဖို့ အကြံပေးလိုက်ပါတယ်။
ပွဲအစီအစဉ် အသေးစိတ်
~~~~
ရက်စွဲ: 6 September 2026 (တနင်္ဂနွေနေ့)
အချိန်: နေ့လယ် 1:00 PM မှ ညနေ 5:00 PM (ဂျပန်စံတော်ချိန်)
နေရာ: Meeting Space AP (Nihonbashi), Tokyo (Nihonbashi / Tokyo Station မှ ၅ မိနစ် လမ်းလျှောက်)
📌 ဂျပန်နိုင်ငံမှာမရှိတဲ့ တခြားနိုင်ငံကသူများလည်း တက်ရောက်နိုင်အောင် Online ပါ စီစဉ်ပေးထားတာဖြစ်လို့ လက်လွှတ်မခံဘဲ အခုပဲ လာရောက် စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။
Registration Fee: တစ်ဦးလျှင် 5,000 Yen
Dress Code: Business Casual
လူဦးရေ ကန့်သတ်ထားတာမို့ စိတ်ဝင်စားရင် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါရစေ။
စာရင်းပေးသွင်းရန် Registration Link : https://forms.gle/D86zwsmy4Ck1PMn97
#ထိုင်းဂျပန်ဘယ်မှာအခြေချမလဲ