Htoo & Lynn

Htoo & Lynn ဘက်ထရီအကြောင်း မျှဝေရုံပါပဲခင်ဗျ။ လက်တလောမှာတော့ ဘက်ထရီမရောင်းသေးပါဘူး။ သိတာလေးတွေ ပြန်မျှဝေရုံသက်သက်ပါခင်ဗျာ။

စက္ကန်းအိုးရှိသေးလားဆိုပြီး ဖုန်းဆက်မေးလာကြလို့...ဆိုင်ပိတ်တာ ၂ နှစ်ကျော်ပါပြီခင်ဗျာဘက်ထရီအကြောင်းလေးတွေ နားထောင်ချင်ရင်...
24/08/2026

စက္ကန်းအိုးရှိသေးလားဆိုပြီး ဖုန်းဆက်မေးလာကြလို့...
ဆိုင်ပိတ်တာ ၂ နှစ်ကျော်ပါပြီခင်ဗျာ
ဘက်ထရီအကြောင်းလေးတွေ နားထောင်ချင်ရင်တော့ YouTube link လေးပါ
https://youtube.com/?si=q89PI3ziapVEQNRV

ဘက်ထရီလေးတွေ ဝယ်ချင်တာဆိုရငိတော့ ကျွန်တော့်အစ်မဆိုင် ရှိပါတယ်ခင်ဗျာ
https://www.facebook.com/share/1JrvjxAkyi/

     https://youtu.be/cT8rqV8Tg88😅
22/08/2026


https://youtu.be/cT8rqV8Tg88

😅

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

ဒီနေ့ညနေမှာတော့ ကျွန်တော် Page စထောင်တုန်းက အတွေးလေးတွေကို မျှဝေပေးမယ်နော်။ကျွန်တော့်မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာလည်း ကို...
21/08/2026

ဒီနေ့ညနေမှာတော့ ကျွန်တော် Page စထောင်တုန်းက အတွေးလေးတွေကို မျှဝေပေးမယ်နော်။

ကျွန်တော့်မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာလည်း ကိုယ်ပိုင်လုပ်ငန်း စထားပေမယ့် Online ပေါ်တင်ဖို့ ဘယ်ကစရမလဲ၊ ဘာကိုအရင်လုပ်ရမလဲ စဉ်းစားမရဖြစ်နေတဲ့သူတွေ ရှိပါတယ်။

Online မှာ ကိုယ့်လုပ်ငန်းကို ပြဖို့ ဒီဇိုင်းအကြီးကြီးတွေ၊ Content အမိုက်စားကြီးတွေ မဖြစ်မနေ မလိုပါဘူး။

ကိုယ့်လုပ်ငန်း Page ကို ကိုယ်တိုင်ကိုင်ချင်ပေမယ့် သိပ်အများကြီး မလုပ်တတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ဖုန်းတစ်လုံးရှိတာနဲ့ စတင်လို့ရပါတယ်။ 📱

ဒီဇိုင်းမလုပ်တတ်ရင် ကိုယ့်ပစ္စည်း ဒါမှမဟုတ် ကိုယ်လုပ်နေတဲ့အလုပ်ကို ဖုန်းနဲ့ လှလှပပ၊ သေသေသပ်သပ် ဓာတ်ပုံရိုက်ပြီး တင်ပါ။

စာရေးမကောင်းရင် Video ရိုက်ပါ။ ကိုယ်လက်တွေ့လုပ်နေတာကို ပြပြီး ကိုယ်ဘာလုပ်ပေးနိုင်သလဲ၊ ဘယ်လို Service ပေးသလဲဆိုတာ ကိုယ်ပြောတတ်သလို ရိုးရိုးရှင်းရှင်း ပြောပြလိုက်ပါ။

အဓိကထားရမှာက—

✅ ရိုးသားမှုနဲ့ မှန်ကန်မှု
✅ ကိုယ်ပေးနိုင်တဲ့ Service ကို ဦးစားပေးပြောပြမှု
✅ ဖောက်သည်သိချင်တာကို နားလည်လွယ်အောင် မျှဝေပေးမှု
✅ မလုပ်ပေးနိုင်တာကို အလွန်အကျွံ ကတိမပေးမှု

နောက်ထပ်အရေးကြီးတာက ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ကိုယ်တိုင်တကယ်သိအောင် လေ့လာထားဖို့ပါ။

ကိုယ်တိုင်သေချာမသိဘဲ ကြားဖူးနားဝနဲ့ မျှဝေတာထက် အချက်အလက်တွေကို စစ်ဆေးပါ။ ကိုယ်တိုင်နားလည်အောင် လေ့လာပါ။ ကိုယ်သေချာနားလည်ထားမှ ဖောက်သည်တွေကိုလည်း မှန်မှန်ကန်ကန်နဲ့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာပါ။

ဒါကြောင့် ကိုယ်ပြောမယ့်အကြောင်းအရာကို သေချာလေ့လာပါ။
ကိုယ်တကယ်ပေးနိုင်တဲ့ Service ကို ဦးစားပေးပြောပါ။
ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ဆက်တိုက်မျှဝေပါ

ဒီဇိုင်းအလှဆုံးဖြစ်ဖို့ထက် ကိုယ့်လုပ်ငန်းက ဘာလုပ်ပေးနိုင်သလဲဆိုတာ ဖောက်သည်တွေ နားလည်သွားဖို့က ပိုအရေးကြီးပါတယ်။

ယုံကြည်မှုဆိုတာ Content တစ်ပုဒ်တည်းနဲ့ ရလာတာမဟုတ်ပါဘူး။ ကိုယ်မျှဝေသမျှ စကားလုံးတိုင်း၊ လုပ်ဆောင်ချက်တိုင်းကနေ တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်ယူရတာပါ။ 💙



ဒီဇိုင်းတွေကလည်း မခက်ဘူးနော်။ ကိုယ် ပြချင်တဲ့ပုံလေးရိုက်၊ ChatGPT ထဲထည့် ငါ့ကို ဒီလိုလေးပြင်ပေး ဆိုပြီး ပြင်ခိုင်းရင် ရည်းစားထက်တောင် စိတ်ရှည်ပြီးအပြောချိုတဲ့ ChatGPT က လိုချင်တာ မရရအောင် ပြင်ပေးပါလိမ့်မယ်။

19/08/2026

Prompt မတတ်သေးလို့ မလုပ်ရဲဘူးဆိုပြီး မတွန့်ဆုတ်နဲ့နော် 😄
အသေးစားလေးကနေ စလုပ်လို့ရတယ်။ မြန်မာလိုပြော မြန်မာလိုရေးပဲ။ ကျွန်တော်လည်း ChatGPT နဲ့ Flow ရဲ့ Free 50 Credits သုံးပြီး စမ်းလုပ်ကြည့်ထားတယ်။

ပိုပြီး cinematic ဆန်ဆန် ဖြစ်ချင်ရင်တော့ “ကောင်မလေးတစ်ယောက် လမ်းလျှောက်နေတယ်” လောက်နဲ့ မပြီးသေးဘူး။
👉 Camera angle ဘယ်ကနေမြင်မလဲ
👉 Camera movement ဘယ်လိုရွေ့မလဲ (pan, tilt, dolly, tracking စတာတွေ)
👉 Lighting / mood ဘယ်လိုထားမလဲ
👉 Scene / environment ဘယ်လိုဖြစ်မလဲ
👉 Character ရဲ့ action & expression ဘာလုပ်မလဲ

ဒီလိုအသေးစိတ်လေးတွေ ထည့်ပေးလေလေ Result က ပိုပြီး ရုပ်ရှင်ဆန်လာလေလေပဲ 🎥🔥

လုပ်တဲ့နည်းလေးကတော့ ဒီမှာပါ ... https://youtu.be/v6Jecv2kArA

အရေးကြီးတာက Prompt ကျွမ်းကျင်ပြီးမှ စမယ်ဆိုတာ မလိုဘူး။
စမ်းရင်းနဲ့ ဘာထည့်ရင် ဘာထွက်လဲ နားလည်လာမှာ။

ပြီးတော့ ChatGPT တစ်ခုပဲမဟုတ်ဘူးနော် — Gemini နဲ့လည်း Prompt ရေးခိုင်းပြီး Flow မှာ သုံးလို့ရတယ်။

အတိုချုပ်ပြောရရင်
Idea → Prompt → Flow → Generate → ပြန်ပြင်
ဒီ Loop လေးနဲ့ပဲ စမ်းသွားပါ။ 😎

ကိုယ်တိုင်စမ်းကြည့်ရင်း Prompt ပိုကောင်းလာတာက အမြန်ဆုံးနည်းပဲ ✨

ပြောမြဲပြောဖြစ်တဲ့အကြောင်းအရာလေးပါပဲ အိမ်သုံးအတွက်တော့Gel သုံးမယ့်အတူတူ Lifepo4 သုံးတာ SLA သုံးတာမျိုးက ပိုအဆင်ပြေပါတယ်ခ...
19/08/2026

ပြောမြဲပြောဖြစ်တဲ့အကြောင်းအရာလေးပါပဲ အိမ်သုံးအတွက်တော့Gel သုံးမယ့်အတူတူ Lifepo4 သုံးတာ SLA သုံးတာမျိုးက ပိုအဆင်ပြေပါတယ်ခင်ဗျာ

Gel Battery တွေကို Pure Sine Wave Inverter နဲ့ အားသွင်းရဲ့သားနဲ့ အိ...

19/08/2026

ပျက်သွားရင် လွှင့်မပစ်နဲံနော် ဆိုင်တွေမှာ ပြန်ရောင်းလို့ရသလို ဒီလိုလေးတွေလည်း လုပ်ကြည့်လို့ရပါတယ်။

18/08/2026
ထောက်နှိုးတွေ လိုက်ဖြစ်ခဲ့ကြတုန်းပေါ့ခင်ဗျာ၁၂ ဗို့ထောက်နှိုးတာက အပေါင်းအပေါင်း အနုတ်အနုတ်ချင်းချိတ်တာဆိုတော့ လွယ်တာပေါ့လ...
16/08/2026

ထောက်နှိုးတွေ လိုက်ဖြစ်ခဲ့ကြတုန်းပေါ့ခင်ဗျာ

၁၂ ဗို့ထောက်နှိုးတာက အပေါင်းအပေါင်း အနုတ်အနုတ်ချင်းချိတ်တာဆိုတော့ လွယ်တာပေါ့လေ။
၂၄ ဗို့ကို ၂၄ ဗို့ပဲ ထောက်ရင်လည်း လွယ်သေးတယ်။

အပြင်က ဘက်ထရီနှစ်လုံးမှာ တစ်လုံးရဲ့အပေါင်းကို စက်ရဲ့အပေါင်းမှာချိတ်၊ နောက်ကျန်တဲ့တစ်လုံးရဲ့အနုတ်ကို စက်ရဲ့အနုတ်မှာ ချိတ်၊ အလယ်မှာလွတ်နေတဲ့ အပေါင်းနဲ့ အနုတ်ကို ပြန်ချိတ်ပေးရုံပေါ့

ဒါပေမဲ့ အဲဒါကိုပဲ အမြင်မှားပြီး အပေါင်းအနုတ် မှားချိတ်ကြတဲ့အခါ အိုးကွဲတာ၊ ခဲတိုင်ပျော်တာတွေ ဖြစ်ကုန်တော့တာပဲ။

တခါတလေကျ လာငှါးတာက တစ်အိုးတည်း၊ ကားဆီလည်းရောက်ရော ၂၄ ဗို့ထောက်တဲ့ကားဖြစ်နေတာမျိုး၊ ဒီကြားထဲ ကားက ဘက်ထရီတွေကလည်း အားလက်ခံမရှိဆိုရင် ပြန်ပြီးနောက်တစ်အိုးယူပေဦးတော့ပဲ။

ချင်းမိုင်မှာ နေရတာ ပျော်ပေမယ့်လည်း ဘက်ထရီနဲ့ပတ်သက်တဲ့ကာလတွေက်ိုလည်း လွမ်းရတာပေါ့ခင်ဗျာ

ယုံယုံကြည်ကြည်အားပေးခဲ့တဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း အမြဲကျေးဇူးတင်ပါတယ်ခင်ဗျ။ 🙏

Address

Yangon
11101

Alerts

Be the first to know and let us send you an email when Htoo & Lynn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo & Lynn:

Shortcuts

Share