24/04/2023
✨✨✨
🌱‘’ နှစ်သစ် အသိပညာ လက်ဆောင် ’’
💪🏻နှစ်သစ်ရဲ့အစမှ စတင်ပြီး မိမိကိုယ်ကို တိုးတက်ပြောင်းလဲချင်တဲ့
ခေါင်းဆောင်ကောင်းများအတွက် ဆရာဇင်ဖြိုးပိုင်၏ နောက်ဆုံးထွက်ရှိထားသော ‘’ လူတော် လူကောင်း ခေါင်းဆောင်ကောင်း ‘’ စာအုပ်မှ ခေါင်းဆောင်ကောင်းတို့၏ဩဇာ ( ၇ ) ချက်ကို အနာဂါတ်သစ်ရဲ့ လူတော်လူကောင်းများအတွက် မျှဝေပေးလိုက်ပါရစေ…
🔺ခေါင်းဆောင်ကောင်းတို့၏ ဩဇာ ( ၇ ) ချက်
✴️တည်ငြိမ်စွာ နေထိုင်လှုပ်ရှားပါ
( လူအများ၏ ရှေ့၊ နောက်လိုက်များ၏ အရှေ့မှာ တည်ငြိမ် ဩဇာ နေထိုင်ခြင်းဟာ ဩဇာ ကြီးစေခြင်းဖြစ်ပါတယ်။ )
✴️အမှုအရာတိုင်း ဩဇာ ရှိစေပါ
( မိမိ၏ လုပ်ရှားဦးဆောင်ပုံသည် လေးနက် တည်ငြိမ်ပြီးလူအများအတွက် ချစ်ကြောက်ရိုသေဖွယ်နေထိုင်လျက် ဩဇာ ကြီးစေနိုင်ပါတယ်။
✴️အမှားတိုင်း ကြားခံတာဝန်ယူပါ.
( တခြားသူရှေ့ နောက်လိုက်တစ်ဦး အမှားပြောချိန်မှာ ကြားဝင်ဟန်တားပြီး အမှန်ဖြေရှင်းနိုင်မှုဟာ ဩဇာ ကြီးစေနိုင်ပါတယ်။ )
✴️နည်းနည်းပြော များများလုပ်ပါ
( အများတွေ မလုပ်နိုင်တဲ့ တာဝန်ယူပြီး အလုပ်များများနဲ့ မြန်မြန်လုပ်နိုင်ဖို့ ကြိုးစားနိုင်ခြင်းဟာ ဩဇာ ကြီးစေခြင်းဖြစ်ပါတယ် )
✴️ထိပါးပြောဆိုမှုကို ခံနိုင်မှုရှိပါစေ။
( တခြားသူများ၏ စွပ်စွဲပြောဆို၊ ထိခိုက်ပြောဆိုမှုကို ခံနိုင်ခြင်း၊ သဘောထားကြီးပြခြင်းဟာ အကြီးအကဲဖြစ်စေခြင်းပါပဲ။ )
✴️လိုအပ်လျှင် ရဲဝင့်စွာ သတိပေးပါ
( နောက်လိုက် အမှားလုပ်ချိန်ဖြစ်စေ၊ အပြစ်ရှိလာချိန်ဖြစ်စေ မညီမညွတ်ချိန်ဖြစ်၊ အားလုံးသို့ ဆုံးမ ပြောဆိုနိုင်ခြင်းဟာ ဩဇာ ပိုမိုကြီးစေနိုင်ပါတယ်။
✴️ဩဇာ ကြီးကြောင်းလူသိပါစေ
( လူအများမှ ထိုအကြီးအကဲအပေါ် ဘယ်လောက်လေးစားမှု ရှိကြောင်းကို လူအများသိမှ အထင်ကြီးလေးစားမှာမို့ ဩဇာ ကြီးမားမှုကိုပြသပြောဆိုခြင်းဟာ ဩဇာကြီးမားစေ၏။ )
📣လူတော်လူကောင်းခေါင်းဆောင်ကောင်း စာအုပ်နှင့်ပက်သတ်ပြီး အသေးစိတ်ကို အောက်ပါလင့်မှတဆင့် ဖတ်ရှုနိုင်ပါတယ်…
https://www.facebook.com/100064838132025/posts/601044648733468/
✍🏻လူတော်လူကောင်းခေါင်းဆောင်ကောင်း စာအုပ်ကိုမှာယူချင်ပါက ပေ့ချ်မက်ဆေ့ ဘောက်မှတိုက်ရိုက်မှာယူနိုင်ပါတယ်။
🙏🏻အနာဂါတ်မှာ လူတော်ကောင်းခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျှက် …