Golden Worker Hub

Golden Worker Hub ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Golden Worker Hub, หน่วยงานให้คำปรึกษา, Withun Damri, Chon Buri.

ထိုင်း ဝန်ကြီးချုပ် ပေတုန်တန် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တို့ ၁၇ မိနစ်ကြာ ဖုန်းပြောထားတဲ့ အသံဖိုင်ရဲ့ ဘ...
20/06/2025

ထိုင်း ဝန်ကြီးချုပ် ပေတုန်တန် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တို့ ၁၇ မိနစ်ကြာ ဖုန်းပြောထားတဲ့ အသံဖိုင်ရဲ့ ဘာသာပြန်

ထိုင်း ဝန်ကြီးချုပ် ပေတုန်တန် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တို့ ၁၇ မိနစ်ကြာ ဖုန်းပြောထားတဲ့ အငြင်းပွားဖွယ် အသံဖိုင်ရဲ့ ဘာသာပြန်ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ ဖုန်းပြောတဲ့အချိန်ဟာ ၁၇ မိနစ်ကြာမြင့်ပါတယ်။

⚾️ ပေတုန်တန် - နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့နှစ်ဦးစလုံး ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်မတို့ကို ဆန့်ကျင်သူတွေရဲ့ စကားကို ဦးလေး နားမထောင်ပါနဲ့။ ထိုင်း ဒုတိယတပ်မတော်နယ်မြေရဲ့ တပ်မှူးတွေအားလုံးက ကျွန်မတို့နဲ့ ဆန့်ကျင်ဘက်ဘက်က လူတွေချည်းပဲ။ သူတို့စကားကို နားထောင်ပြီးရင် စိတ်မပျော်မရွှင်ဖြစ်တာ၊ ဒေါသထွက်တာမျိုး မဖြစ်စေချင်ပါဘူး။ တကယ်တော့ အဲဒါက ကျွန်မတို့ရဲ့ ရည်ရွယ်ချက် လုံးဝမဟုတ်ပါဘူး။ အခုချိန်မှာ သူတို့က ကောင်းတဲ့ပုံရိပ် ပေါ်ချင်ရုံသက်သက်ပဲ၊ ဒါကြောင့် နိုင်ငံအတွက် အကျိုးမရှိတဲ့ စကားတွေကို ပြောနေကြတာပါ။ ဒါပေမဲ့ အမှန်တရားကတော့ နယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ခင် ငြိမ်းချမ်းရေး ဖြစ်စေချင်တာပါ။ ဦးလေး ဟွန်ဆန်၊ တူမလေးကို သနားပေးပါဦး။ ဘာလို့လဲဆိုတော့ လောလောဆယ် ထိုင်းနိုင်ငံက လူတွေက ကျွန်မကို ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ် သွားလုပ်ပါလို့ ပြောနေကြလို့ပါ (ရယ်လျက်)။ ရိုးရိုးသားသားပြောရရင် ဦးလေး လိုချင်တာ တစ်ခုခုရှိရင် ပြောပြလိုက်ပါ။ ကျွန်မ ဆောင်ရွက်ပေးပါ့မယ်။

🥎 ဟွန်ဆန်- အဆင့် ၁ အနေနဲ့ နယ်စပ်ကို ပြဿနာ မဖြစ်ခင်ကလို ပုံမှန်အတိုင်း ပြန်ဖွင့်စေချင်တယ်။

⚾️ ပေတုန်တန်- ကောင်းပါပြီ၊ သဘောတူပါတယ်။

🥎 ဟွန်ဆန်- တကယ်တော့ နယ်စပ်ပိတ်တာက ထိုင်းဘက်က စခဲ့တာပါ။ ဒါကြောင့် ထိုင်းဘက်က အမိန့်ကို ပြန်ရုပ်သိမ်းရင် ကျွန်တော်တို့က လိုက်နာပါ့မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ချောင်ဘွတ် က ပြဿနာကို စိတ်ပျက်ခဲ့ပါတယ်။ ထိုင်းဘက်က လိုချင်တာကို ကျွန်တော်တို့ လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ အခြေအနေကို ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ နောက်ဆုတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ထိုင်းဘက်က စစ်ဆေးရေးဂိတ်တွေကို ဖိအားပေးဖို့ ဆက်လုပ်နေတုန်းပဲ။ ဒါကြောင့် ထိုင်းဘက်က နယ်စပ်ပိတ်တာကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုစေချင်တယ်။ အဲဒီအခါမှာ ကမ္ဘောဒီးယားဘက်က စိုက်ပျိုးရေး ထုတ်ကုန်တွေ တင်သွင်းတာကို ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းပေးပါ့မယ်။

⚾️ ပေတုန်တန်- အခုချိန်မှာ ကျွန်မတို့ အစိုးရက တိုက်ခိုက်မှုတွေ အများကြီး ခံနေရတယ်။ ရေနဲ့ လျှပ်စစ် ဖြတ်တောက်ခဲ့တာ အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ အခုတော့ [ကမ္ဘောဒီးယား] က [ထိုင်း] ရုပ်ရှင်နဲ့ [ထိုင်း] ဇာတ်လမ်းတွဲတွေကို ပိတ်ပင်တာကို လုပ်နေပါတယ်။ တကယ်တော့ နှစ်ဖက်လုံး အဆင်ပြေဖို့ဆိုရင် ကျွန်မတို့ တပြိုင်နက်တည်း သဘောတူညီမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

🥎 ဟွန်ဆန်- တကယ်တော့ ကျွန်တော်က တည်ငြိမ်မှု အရမ်းလိုချင်တယ်။ ဒါပေမဲ့ [ထိုင်း] စစ်တပ်က [နယ်စပ်စစ်ဆေးရေးဂိတ်တွေ] ကို အရင်ပိတ်ခဲ့တာ၊ အရင်ဖိအားပေးခဲ့တာပါ။ ဒါကြောင့် ထိုင်း စစ်တပ်က သူတို့ စစ်ဆေးရေးဂိတ်တွေ ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ပြောရလိမ့်မယ်။

⚾️ ပေတုန်တန်- ကျွန်မတို့ အဆင်သင့်ပါပဲ။ တကယ်တော့ ကျွန်မတို့ ဖွင့်ထားပြီးသား၊ ဒါပေမဲ့ အဲဒါကို ဖွင့်တာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် ကျွန်မက ဆက်ပြီး လက်လျှော့နေရင် ကျွန်မပဲ ဆုံးရှုံးလိမ့်မယ်။

🥎 ဟွန်ဆန်- အဲဒီလိုဆိုရင် ဝန်ကြီးချုပ် အင်း [ပေတုန်တန်ရဲ့ နာမည်ပြောင်]၊ စစ်ဆေးရေးဂိတ်တွေ ပိတ်တာကို ဆွေးနွေးရင် ထိုင်း စစ်တပ်က အရင်စခဲ့တာ။ သူတို့က ကျွန်တော်တို့ တပ်ဖွဲ့တွေကို နောက်ဆုတ်ခိုင်းပြီး လှည့်စားခဲ့ပါတယ်။

ဒါပေမဲ့ မပြီးဆုံးသေးဘူး။ သူတို့က နယ်စပ်ဖြတ်ကျော်ဂိတ်ကို အရင်ပိတ်ခဲ့တယ်၊ ဒါက မျက်နှာကို ရိုက်လိုက်သလိုပဲ။ ဝန်ကြီးချုပ်ကို ဒီကိစ္စကို ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်က စကားတည်တဲ့လူပါ။ ဒါပေမဲ့ ထိုင်းဘက်က အရင်စခဲ့ပြီး ကျွန်တော်တို့ကို လှည့်စားခဲ့တယ်။ ကမ္ဘောဒီးယားက အများကြီး အထိနာခဲ့တယ်။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ လူတွေရှိတယ်။ ဒါကြောင့် ထိုင်းဘက်က စတင်ပြောင်းလဲမယ်ဆိုရင် ၅ နာရီအတွင်း အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ တူမလေးရေ၊ တပ်ဖွဲ့တွေ ကတိတည်ခဲ့ရင် အရာအားလုံး ပုံမှန်ဖြစ်သွားမယ်လို့ ကျွန်တော် ပြောနိုင်တယ်။ ဒါပေမဲ့ ထိုင်းစစ်တပ်က မနက်ဖြန် နယ်စပ်ဖြတ်ကျော်ဂိတ်ကို ဖွင့်မှာမဟုတ်ဘူး။ [ကမ္ဘောဒီးယား] ကလည်း စစ်တပ်ကို ဖိအားပေးဖို့ နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေး ကုန်ပစ္စည်း တင်ပို့တာကို ပိတ်ပင်ခဲ့တယ်။

အခြေအနေက ကျွန်တော် ဝန်ကြီးချုပ်ကို အစီရင်ခံခဲ့သလိုပဲ၊ ချောင်ဘွတ်မှာ တပ်ဖွဲ့တွေ ညှိနှိုင်းခဲ့တုန်းက ပြဿနာ ပြီးဆုံးလိမ့်မယ်လို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် ထိုင်းစစ်တပ်က နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်လိုက်တယ်။ ဒါကြောင့် ကမ္ဘောဒီးယားက ဖြတ်ကျော်ဂိတ် ဖွင့်ဖို့ ညှိနှိုင်းတာက အဆင်မပြေဘူး၊ လုံးဝမသင့်လျော်ဘူး။ ထိုင်းစစ်တပ်က အရင်စခဲ့တာ။ သူတို့ အပြောင်းအလဲလုပ်မယ်ဆိုရင် ၅ နာရီအတွင်း အရာအားလုံး ပုံမှန်ဖြစ်သွားလိမ့်မယ်။ ကျွန်တော်က စကားတည်တဲ့လူပါ။

⚾️ ပေတုန်တန်- ကျွန်မ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စကားပြောဖို့ ကြိုးစားပါ့မယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်မတို့ စကားပြောတဲ့အခါ ဦးလေး ဟွန်ဆန် လိုချင်တာကိုလည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ တခါတလေ ဦးလေး ဖေ့စ်ဘွတ်မှာ တင်တာတွေကို ကျွန်မက လုံးဝ တုံ့ပြန်တာ၊ လက်စားချေတာမျိုး မလုပ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ ဦးလေးကို ချစ်ပြီး လေးစားလို့ပါ။

ဒါကြောင့် တကယ်တော့ ဦးလေး တစ်ခုခုကို တကယ်လိုချင်တယ်ဆိုရင် အင်း [ပေတုန်တန်]ကို တိုက်ရိုက်ပြောပြလိုက်ပါ။ ဖုန်းဆက်ပြီး ပြောပြလိုက်လို့ ရပါတယ်။ တကယ်တော့ ကျွန်မတို့ နှစ်ဦးစလုံးကို မလိုလားတဲ့ လူတွေရှိတယ်။ ဒါက ကျွန်မတို့ အချင်းချင်း တိုက်ခိုက်နေသလို ပုံစံမျိုး ဖြစ်စေတယ်။ တကယ်တော့ မျိုးဆက်သစ်တွေ စစ်မဖြစ်သင့်ဘူး။ မျိုးဆက်သစ်တွေ စစ်ဖြစ်ရင် ဒါက ဆုံးရှုံးမှုပဲ။ ဦးလေးရဲ့သား ဟွန်မာနက်လည်း မျိုးဆက်သစ်ပဲ။

🥎 ဟွန်ဆန်- Facebook က ပို့စ်တွေနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ပြည်သူတွေအတွက် ရှင်းပြရုံသက်သက်ပါ။ ထိုင်းနိုင်ငံကို အများကြီး မထိခိုက်ပါဘူး။ ဒါပေမဲ့ အခုတော့ အဆင်ပြေပါပြီ။ ဝန်ကြီးချုပ်က နယ်စပ်ဖြတ်ကျော်ဂိတ် ပုံမှန်ဖွင့်တဲ့ ကိစ္စကို ဖြေရှင်းပေးမယ်ဆိုရင် တခြား ဘာမှမရှိပါဘူးလို့ သဘောတူပါတယ်။ ပြီးပါပြီ။

⚾️ ပေတုန်တန်- ဟုတ်ကဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သွားပြောပြီး အကြောင်းပြန်ပါ့မယ်။ ကျွန်မ အရင်ဆုံး စစ်တပ်နဲ့ သွားပြောမယ်။ ကျွန်မတို့ ချက်ချင်း အမိန့်ပေးပါ့မယ်။ ဒါပေမဲ့ အင်းက ၁၀၀% သေချာမှ ဦးလေးကို အကြောင်းကြားပါ့မယ်။ ဘာလို့လဲဆိုတော့ ၁၀၀% မသေချာသေးဘဲ ဦးလေးကို မပြောချင်လို့ပါ။

🥎 ဟွန်ဆန်- နယ်စပ်ဖြတ်ကျော်ဂိတ်အကြောင်း မညှိနှိုင်းသင့်ဘူးလို့ ထပ်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းဘက်က ပိတ်ခဲ့တာပါ။ သူတို့က ကျွန်တော်တို့ တပ်ဖွဲ့တွေကို နောက်ဆုတ်ခိုင်းပြီး ပိတ်ခဲ့တာပါ။ ဒါပြီးသွားပြီ၊ အရာအားလုံး ပြီးဆုံးပြီး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ ရုတ်တရက် ထိုင်းစစ်တပ်က နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်လိုက်တယ်။ ဒါကြောင့် ထိုင်းစစ်တပ်က ပိတ်ထားတာကို ပယ်ဖျက်ရမယ်။ သူတို့ ပြောင်းလဲမှုလုပ်ရင် ခမာဘက်က လိုက်နာပါ့မယ်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ တခြား ဘာမှမရှိပါဘူး။

⚾️ ပေတုန်တန်- ဟုတ်ကဲ့၊ အင်း အမြန်ဆုံး အကြောင်းပြန်ပါ့မယ်။

🥎 ဟွန်ဆန်- ဝန်ကြီးချုပ် အဆင်ပြေပြီဆိုရင် အကြောင်းကြားတာကို ကျွန်တော် စောင့်နေပါ့မယ်။

⚾️ ပေတုန်တန်- ကျေးဇူးအများကြီးတင်ပါတယ်

Ref : Khaosod

ထိုင်းထီပေါက်စဥ်(16.03.2024) ရက်နေ့အတွက်ဖြစ်ပါတယ်။
16/03/2024

ထိုင်းထီပေါက်စဥ်
(16.03.2024) ရက်နေ့အတွက်ဖြစ်ပါတယ်။

ထိုင်းပညာရေးဝန်ကြီးဌာနမှ့ထုတ်ပြန် ချက်…ဒီနိုင်ငံမှာမွေးပြီးမွေးစာရင်းမရှိတဲ့ကလေးတွေ ဒီနိုင်ငံသားမဟုတ်ဘဲဘာအထောက်အထားမှမရှ...
12/03/2024

ထိုင်းပညာရေးဝန်ကြီးဌာနမှ့ထုတ်ပြန် ချက်…
ဒီနိုင်ငံမှာမွေးပြီးမွေးစာရင်းမရှိတဲ့
ကလေးတွေ ဒီနိုင်ငံသားမဟုတ်ဘဲဘာအထောက်အထားမှမရှိတဲ့ကလေးတွေ ရွှေ့ပြောင်းအလုပ်သမားရဲ့ကလေးတွေကို ဘာအထောက်အထားမှမလိုအပ်ဘဲ ကျောင်းအပ်နှံခွင့်ကိုတရားဝင်ခွင့်ပြုလိုက်ပြီးဖြစ်ပါပြီ

🔥🔥 🔥🔥နွားကလေး သေတော့…"အမဲသား"တဲ့။ကြိုက်တဲ့ လူများ မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။ကြက်ကလေး  သေတော့…"ကြက်သား"တဲ့။ပါးစပ်ထဲထည်...
12/03/2024

🔥🔥 🔥🔥
နွားကလေး သေတော့…"အမဲသား"တဲ့။
ကြိုက်တဲ့ လူများ မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။

ကြက်ကလေး သေတော့…"ကြက်သား"တဲ့။
ပါးစပ်ထဲထည့် ပြုံးပျော်လျက်။

ဝက်ကလေး သေတော့…"ဝက်သား"တဲ့။
ပါးစပ်ထဲထည့် ကြည်နူးလျက်။

လူကလေး သေတော့…"မသာ"တဲ့။
အခေါင်းထဲထည့် ငိုယိုလျက်
ထားလို့ မကောင်းဘူးဟဲ့။
အလုပ်ပိုတယ်…
အိမ်ရှုပ်တယ်။
သင်္ချိုင်း အမြန်ပို့ကွယ့်…။

"အသုဘ"ရှိက အိမ်ပူတယ်။
"မသာ"အိမ်ပေါ်က မဆင်းခင်
ဖိတ်စာရိုက် အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ လူတွေ မလာဘဲ နေအုံးမယ်။
အဲဒါမှ ဒုက္ခပိုများမယ်တဲ့။

ကဲ ဘယ်မှာလဲ…?
တန်းဖိုးရှိတယ်ဆိုတဲ့ "လူသား"။
ပညာတွေ ငါဘယ်လောက်တတ်တယ်။
ပိုက်ဆံတွေ ငါဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တက်နေကြတာတွေ…
အာဏာပြနေတာတွေ...
နောက်ဆုံးတော့…
ဘာအသုံးဝင်တော့သေးလဲ……?

ငါ့…အိမ်
ငါ့...ခြံ
ငါ့…တိုက်
ငါ့…လုပ်ငန်း
ငါ့ဟာ…သခင်
ငါ့ဟာ…ဘုရင်ဘဲ ဆိုတဲ့ "လူသား"၊
အခုတော့ ယူသွားဖို့ နေနေသာသာ
အိမ်ပူ အလုပ်ရှုပ် ကျက်သရေ မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး သမုတ်ခံရတာကလွဲလို့
ဘာတွေများ တန်ဖိုးရှိသေးလို့လဲ…?

နောက်ဆုံးတော့လည်း
အုတ်ဂူလေးတောင် ထားလို့မရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့ ခေါင်းတိုင်အပေါ်က
မီးခိုးပျောက်ကွယ်တာနဲ့ ဘာမှသုံးစားလို့မရတဲ့
"ပြာပုံ"ဖြစ်သွားရော့။

တန်ဖိုးရှိပါတယ်ဆိုတဲ့ "လူသား"၊
ဘဝနိဂုံးချုပ်ရတာက"ပြာပုံ"လေးပဲ
မဟုတ်လား…?

ကဲ……နောက်ဆုံး"ပြာ"ဖြစ်မယ့်အတူတူ
ဘာလို့ ပြာယာခတ်နေကြအုံးမှာလဲ…..🙏🙏🙏

Crd

CI လုပ်ငန်းစဉ်နဲ့ပါတ်သတ်တဲ့ လိုအပ်ချက်လေးတွေနဲ့ဈေးနှုန်းလေးတွေမျှဝေပေးသွားပါမယ်ရှင့်။CI စာအုပ်လုပ်ရန်လိုအပ်ချက်တွေကတော့1...
22/02/2024

CI လုပ်ငန်းစဉ်နဲ့ပါတ်သတ်တဲ့ လိုအပ်ချက်လေးတွေနဲ့ဈေးနှုန်းလေးတွေမျှဝေပေးသွားပါမယ်ရှင့်။

CI စာအုပ်လုပ်ရန်လိုအပ်ချက်တွေကတော့

1. ဘတ်ရိုက်စဉ်ကလက်ဗွေနှိပ်ပြီးသား တံဆိပ်တုံးပါစာရွက်
2. (7-Eleven) ငွေချေပြီးစလစ်
3. ကိုယ်တပိုင်းပုံ
4. မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမိတ္ထူ ဒါတွေလိုအပ်မှာဖြစ်ပါတယ်။

ဈေးနှုန်းကတော့

 (၁) ဦးလျှင် ၈၅၀၀ ဘတ် ကျသင့်မှာဖြစ်ပါတယ်။
 (၅) ဦးနှင့်အထက်ဆိုလျှင် =၈၃၀၀ ဘတ်
 (၁၀) ဦးနှင့် အထက်ဆိုလျှင် = ၈၂၀၀ ဘတ်
 (၂၀) ဦးနှင့် အထက်ဆိုလျှင် = ၈၀၀၀ ဘတ်
 (၅၀) ဦးနှင့် အထက်ဆိုလျှင် = ၇၈၀၀ ဘတ် အဖြစ်ဆောင်ရွက်ပေးသွားပါမည်။
အသေးစိတ် သိရှိလိုသိများကို အောက်ပါဖုန်းနံပါတ်များနှင့် Page Messenger သို့ဆက်သွယ်နိူင်ပါသည်။

အထက်ပါဈေးနှုန်းတွေထဲမှာ ဘာဝန်ဆောင်မှုတွေပါမလဲ?
CI လုပ်ငန်းစဉ် process အစဆုံးဖြစ်တဲ့ 7 slip ငွေသွင်းခြင်း ၊ အခွန်ပြေစာ၊
2025 Feb သက်တမ်းရှိ CI စာအုပ်၊ဗီဇာတုံး စတာတွေပါဝင်ပြီးသားဖြစ်ပါတယ်ရှင့်။

CI စာအုပ်ကဘယ်လိုလူတွေလုပ်ရမှာလဲ။
ထိုင်းနိုင်ငံအတွင်းအထောက်ထားတစ်ခုခုနှင့် ဝင်ရောက်နေထိုင်ခြင်းမျိုးမဟုတ်ပဲ ဘတ်ရိုက်ထားပြီး ဗီဇာတုံးထုရန်အတွက် အနီစာအုပ်မရှိသူများ CI အစိမ်းစာအုပ်မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ပါတယ်ရှင်

မကြာခင်အချိန်မှာလည်း Work Permit လုပ်ငန်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် မြန်မာနိုင်ငံသားမိတ်ဆွေများအတွက် အသက်သာဆုံးဈေးနှုန်းများနှင့် ဆောင်ရွက်ပေးသွားပါမယ်။

ที่อยู่

Withun Damri
Chon Buri
BLOCK2

เบอร์โทรศัพท์

+66810148353

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Golden Worker Hubผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์