
Myanmar passport PJ & PV +visa & Air tickets service ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Myanmar passport PJ & PV +visa & Air tickets service, หน่วยงานให้คำปรึกษา, Ko Samui.

12/09/2019

အချိန်​မ​ရွေးဖုန်းဆက်​လာလို့ရပါတယ်​ ညဘက်​ဆိုရင်​​တော့ စာပို့ထား​ပေးပါ နိုင်​ငံခြားကဆို Viber နဲ့​ခေါ်လာ​ပေးပါ

25/06/2019

ဒီနေ့ကစပြီပြန်ဝန်ဆောင်မူ့ပေးနေပါပြီး ချစ်ဆွေတို့

မြန်မာနိုင်ငံမြိတ် ကျွန်းစုတွေအလည်သွားချင်လည်ပြောပါနော်
18/02/2019

မြန်မာနိုင်ငံမြိတ် ကျွန်းစုတွေအလည်သွားချင်လည်ပြောပါနော်

မင်္ဂလာပါ
13/02/2019

မင်္ဂလာပါ

အားလုံးကိုသတိရပါတယ် မေးစရာတွေမေးထားပေးပါ နောက်မကြာခင်ပြန်ဆက်သွယ်ပါ့မယ်
28/07/2018

အားလုံးကိုသတိရပါတယ် မေးစရာတွေမေးထားပေးပါ နောက်မကြာခင်ပြန်ဆက်သွယ်ပါ့မယ်

16/05/2018

ထိုင်းရောက်မြန်မာအလုပ်သမားများ အလုပ်ပြောင်းရွှေ့မှု ဥပဒေပြောင်းလဲ
===========================================

ထိုင်းနိုင်ငံဆိုင်ရာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းအလုပ် သမားဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ် မစ္စတာဖိချစ် နှင့် ယမန်နေ့(၁၅.၅. ၂၀၁၈) နံနက် ၁၀ နာရီတွင် မြို့တော်ဘန်ကောက်ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံစဉ် ထိုင်းအလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးမှူးညွှန် ချုပ်မစ္စတာဖိချစ်က ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး ကိစ္စများနှင့် စပ်လျဉ်ပြီး ရှေ့ဆက်ဆောင်းရွက်မည့်
လုပ်ငန်းစဉ်များပက်သက်ပြီး တွေ့ဆုံဆွေးနွေးကြကြောင်းသိရသည်။

ထို့သို့တွေ့ဆုံဆွေးနွေးကြရာတွင် မကြာမီလပိုင်းအတွက် ပြောင်းလဲ ကျင့်သုံးမည့် အလုပ်သမားဥပဒေအသစ်အရ CIနှင့်ပက်စပိုစ့် စာအုပ်ကိုင်ဆောင်ထားကြသည့်အလုပ်သမားများ အနေဖြင့် အလုပ် ကိုင်ပြောင်းရွှေ့ရာတွင် ယခင်လို အလုပ်ပြောင်းရွှေ့သည့်စာရွက် စာတမ်းများမလိုအပ်တော့ပဲ အလုပ်ပြောင်းရွှေ့လိုသည့်အလုပ်သမား
အနေဖြင့် မိမိဝပ်ပါမစ်ပြုလုပ်ခဲ့သည့်နယ်မြေရှိ ကျဟာငန်ရုံး သို့သွားရောက်၍မိမိပြောင်းရွှေ့အလုပ်လုပ်ကိုင်မည့် မြို့နယ်နှင့် အလုပ်ရုံတို့ကိုပြောကြားပြီးပြောင်းရွှေ့လို့ရပြီးဖြစ်ကြောင်းနှင့် အလုပ်ကိုင်ပြောင်းရွှေ့ရန်သတင်းပေးပို့ပြီး၁၅ရက်အတွင်
အလုပ်ကိုင်ပြောင်းရွှေ့သည့် နယ်မြေရှိ ကျဟာငန်ရုံးသို့ သွားရောက်သတင်းပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

အလုပ်သမားများအနေဖြင့် အလုပ်ကိုင်ပြောင်းရွှေ့ ရာတွင် ငွေကြေးကုန်ကျ ခံစရာ
မရှိကြောင်းနှင့် အလုပ်သမားဝန်ကြီးဌာန မှငွေကောက်ခံရာတွင် သက်တမ်း၂နှစ်ရရှိမည့်ဝပ်ပါမစ်ပြုလုပ်စဉ် ၁၉၀၀ဘတ်နှင့် ၀ပ်ပါမစ် သက်တမ်း၂နှစ်ထပ်မံတိုးသည့်အချိန် တို့၌သာငွေကြေးပေးဆောင် ရမည်ဖြစ်ကြောင်းသိရသည်။

ထို့သို့ပြောင်းလဲလိုက်သည့် အလုပ်သမားဥပဒေသစ်အရ မြန်မာအလုပ်သမားများ
အနေဖြင့် အလုပ်ကိုင်ပြောင်းရွှေ့ရာတွင်ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

MOUစနစ်ဖြင့်ထိုင်းနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်ကြသည့်မြန်မာ အလုပ် သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့ လိုပါက နှစ်နိုင်ငံ ဘောတူချုပ်ဆိုထားသည့် စာချုပ်ပါ အချက်၅ချက်နှင့် ကိုက်ညီပါက အလုပ်ကိုင်ပြောင်းရွှေ့ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

MOUအလုပ်သမားများအလုပ်ကိုင်ပြောင်းရွှေ့ရန် လိုအပ်သည့် အချက်၅ချက်မှာနိုင်ငံခြားသားအလုပ်သမားများ အလုပ်ပြောင်းလဲ လုပ်ကိုင်ရန်အတွက် အလုပ်ရှင်မှ အောက်ပါအချက်၅ချက်အား ဖောက်ဖျက်ပါက တခြားအလုပ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ပါသည် ။

၁။ အလုပ်ရှင်မှ အလုပ်ထုတ်ခြင်း၊အလုပ်မပေးနိုင်ခြင်းနှင့် အလုပ်ရှင်ဆုံးပါသွားခြင်း။

၂။လုပ်ငန်းရှင်မှကြွေးမှီပြန်မပေးဆပ်နိုင်ခြင်း။

၃။လုပ်ငန်းရှင်မှညှင်းပန်နိုပ်စက်ခြင်းနှင့်ကိုယ်ထိလက်ရောက် အနိုင်ကျင့် ကျူးလွန်ခြင်း။

၎။လုပ်ငန်းရှင်မှ အလုပ်ရှင်အလုပ်သမားစာချုပ် ချိုးဖောက်ခြင်း သို့မဟုတ် အလုပ်သမား ဥပဒေ ချိုးဖောက်ခြင်း။

၅။ လုပ်ငန်းရှင်မှ အလုပ်သမားအား ပါတ်ဝန်းကျင်ထိခိုက်စေသော အလုပ်အားခိုင်းခြင်းနှင့် အလုပ်သမားအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော အလုပ်ခိုင်းစေခြင်း သို့မဟုတ် အသက်အန္တရာယ် ဖြစ်နိုင်သော အလုပ်ခိုင်းစေခြင်းတို့ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို နှစ်နိုင်ငံ တာဝန်ရှိသူများ က၂၀၀၃ ခုနှစ်မှစတင်ကာကိုင်တွယ်ခဲ့ကြပြီ
၂၀၀၄ခုနှစ်မှ စတင်၍ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ MOUစာချုပ်ချုပ်ခဲ့ပြီး
နောက် မြန်မာနိုင်ငံမှ အလုပ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားများသည် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ် ကိုင်နိုင်ခဲ့ကြကြောင်းသိရသည်။

သတင်းများပေးပို့နိုင်ပါရန်ဖိတ်ခေါ်ခြင်း
================================
အလုပ်သမားဟစ်တိုင်သို့ အလုပ်သမားရေးရာသတင်းများ၊
ထူးခြာဖြစ်စဉ်များ အကြံပြုချက်များပေးပို့လိုပါက လှိုက်လှဲစွာကြို ဆိုပါတယ် အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပေးပို့ လာတဲ့ သတင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုများကို ဦးစားပေး ဖော်ပြပေးပါမယ်။

သတင်းပေးပို့လိုပါက Chat box သို့ အချက်အလက်နှင့်
တကွ ပေးပို့ လို့ရပါတယ် . .သတင်းဦး သတင်းထူး များကိုလည်း
အချိန်နှင့် တပြေညီ တက်နိုင်သလောက်တင်ဆက်ပေးသွားပါမယ်....

11/05/2018

အားလုံးသောချစ်ညီအကိုအမညီမများ မေးစရာရှိရင်ကြိုက်တဲ့နေရာမှာရေးပြီးမေးထားပါ အရေးကြီးတယ်ဆို ဖုန်ဆပ်လာပါ ည ၁၂ နောက်ပိုင်းကနေ မနက် ၁၁ နာရီ အချိန်တွင်းတော့မဆပ်ပါနဲ့ဗျာ အားလုံးကို ချစ်တဲ့ Rain
+66626208965

10/05/2018

Hi
မင်္ဂလာပါ

27/04/2018

သတိထားကြပါ

နီပါလီလို့ မပြောကြနဲ့တော့ နိုင်ငံမဲတွေဖြစ်လိမ့်မယ်
03/04/2018

နီပါလီလို့ မပြောကြနဲ့တော့ နိုင်ငံမဲတွေဖြစ်လိမ့်မယ်

သန်းခေါင်းစာရင်းမှာ ဂေါ်ရခါးလူမျိုး ထည့်သွင်းကြဖို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတဲ့အပေါ် ဂေါ်ရခါးလူမျိုးတွေအနေနဲ့ နီပေါ၊ နီပါလီဆိုပြီး မထည့်ကြဘဲ ဂေါ်ရခါးလူမျိုးလို့သာ ထည့်သွင်းကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေက ဂေါ်ရခါးလူမျိုးဆိုပြီး ထည့်သွင်းလို့ရကြောင်း ပြောထားသလို ဂေါ်ရခါးလူမျိုးတွေဘက်ကလည်း မှန်မှန်ကန်ကန် ဖြည့်သွင်းနိုင်အောင် အခုလို တိုက်တွန်းလိုက်ရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုရာဂျန်းလင်ဘူးက ပြောပါတယ်။

“တချို့နယ်တွေမှာ မသိသေးတဲ့ ဂေါ်ရခါးတွေက ဇဝေဇ၀ါဖြစ်ပြီး တချို့မြို့နယ်မှာ နီပေါလို့ ထည့်ထားတယ်၊ တချို့မှာ နီပါလီလို့ ထည့်ထားတယ် အဲ့လိုမျိုးပေါ့နော်၊ တိတိကျကျ ဂေါ်ရခါးလူမျိုးပဲ ထည့်စေချင်တာပေါ့နော်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က ဂေါ်တခါး လူမျိုးတွေကို ဒီကနေ တိုက်တွန်းလိုက်တာပေါ့ဗျာ၊ မထည့်ရသေးတဲ့လူတွေကို ဂေါ်ရခါးလို့ထည့်ပါ ဆိုပြီးမှလေ”

မြန်မာနိုင်ငံမှာ ဂေါ်ရခါးလူမျိုး ၅ သိန်းနီးပါး နေထိုင်နေကြပြီး သူတို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ တောင်ကြီး၊ လွိုင်လင်စတဲ့ ဒေသတွေအပါအ၀င် နေရာအနှံ့အပြားမှာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြောင်းနဲ့ ဂေါ်ရခါးလူမျိုးဆိုတာ ပျောက်ပျက်သွားမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့လည်း ကိုရာဂျန်းလင်ဘူးက ဆက်ပြောပါတယ်။

“ပထမက သူတို့က ၉၀၃ မှာ နီပေါလို့ ထည့်ခိုင်းတာ၊ ကျနော်တို့ လူကြီးတွေကလည်းသွားပြီး တခါသူတို့ တင်ပြခဲ့တယ်ဗျ၊ အဲ့ဒါကို နီပေါ လို့ ထည့်ပါပေါ့နော်၊ နောက်မှ ကျနော်တို့ စဉ်းစားပေးမယ်လို့ ပြောတော့ ကျနော်တို့က အဲ့နောက်မှဆိုတဲ့ဟာကြီးကို မရချင်ဘူးဗျာ၊ အခုကတည်းက ဟိုအရင်ရှိပြီးသား နှစ်ပေါင်း နှစ်ရာနဲ့ နှစ်ဆယ်ကျော်ဆိုတာ နည်းတဲ့ရာဇ၀င် မဟုတ်ဘူးဗျ၊ ကျနော်တို့ရဲ့ ဘိုးဘွားတွေထားခဲ့တဲ့ နာမည်ကောင်းသတင်းကို ပြန်ပြီး ထိန်းသိမ်းချင်တာပေါ့ဗျာ၊ အခုမှလာပြီးတော့ နီပေါလို့ထည့်ခြင်းအားဖြင့် ကျနော်တို့က တိုင်းတပါးသားလို တခါတည်း ခံစားရတယ်ဗျ၊ နီပေါထည့်ရင် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆို ကျနော်တို့ရဲ့ ဂေါ်ရခါးသမိုင်းက ပျောက်သွားမှာကိုလည်း စိုးရိမ်တယ်ဗျ”

ဟိမ၀န္တာတောင်တန်း၊ နီပေါနိုင်ငံ နီပါလီလူမျိုးကနေ ဆင်းသက်လာကြသူတွေကို မြန်မာနိုင်ငံမှာ ဂေါ်ရခါးလို့ လူသိများပြီး သူတို့ဟာ စစ်တိုက်တဲ့ ၀ါသနာထုံသူတွေဖြစ်တဲ့အတွက် ကိုလိုနီခေတ်မှာ ဗြိတိသျှနယ်ချဲ့တွေကနေ ဂေါ်ရခါးတပ်ရင်းတွေဖွဲ့ပေးပြီး မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက်ခဲ့ရာက ဂေါ်ရခါးလူမျိုးတွေ ကျန်ရစ်ခဲ့တာလို့လည်း သိရပါတယ်။

01/04/2018

အလုပ်သမား နှင့် အလုပ်ရှင်တို့သိစေရန်
---------------------------------------

သက်တမ်းတိုးဖို့ နဲ့ စရင်းသွင်းဖို့ နောက်ဆုံးမမှီလိုက်တဲ့သူများကို တရား
မဝင်အလုပ်သမားအဖြစ်သတ်မှတ်လိုက်ပါပြီ။ ဖမ်းမိပါက အလုပ်သမား
တစ်ဦးလျှင် ဒဏ်ငွေ ၅,၀၀၀ - ၅၀,၀၀၀ ဘတ် နှင့် ချက်ချင်းပြန်ပို့ခံရမည်။

အလုပ်ရှင် ဒဏ်ငွေ ၁၀,၀၀၀-၁၀၀,၀၀၀ ဘတ်၊ အကယ်၍ ၁ ခါထပ်မနည်း ဖမ်းမိလျှင် ဒဏ်ငွေ ၅၀,၀၀၀-၂၀၀,၀၀၀ ဘတ်၊ ထောင်ဒဏ် ၁ နှစ်နှင့်
အလုပ်သမားငှားရမ်းခွင့် ၃ နှစ်ပိတ်ပင်ခံရမည်။

http://thainews.prd.go.th/website_th/news/news_detail/TNSOC6104010010016

သတင်း-အိအိချော(FED)
Labour Hittai

ที่อยู่

Ko Samui
84320

เบอร์โทรศัพท์

+959441106298

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar passport PJ & PV +visa & Air tickets serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar passport PJ & PV +visa & Air tickets service:

แชร์