30/06/2026
🤔Laptop သုံးရတာ လေးလံလာပြီလား?
🤔File တွေ ပြည့်နေလို့ စိတ်ညစ်နေရပြီလား?
Laptop တစ်လုံးကို အမြဲသွက်လက်နေအောင် စက်ရှင်းတဲ့အခါ ဒါလေးတွေကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။
၁။ အမှိုက် File များ ရှင်းလင်းခြင်း (Clear Temporary Files)
စက်ထဲမှာ အလိုအလျောက် သိမ်းဆည်းနေတဲ့ ယာယီအမှိုက် (Temporary Files) တွေကို ပုံမှန်ဖျက်ပေးပါ။
Windows Run Box (Win + R) ကိုနှိပ်ပြီး temp၊ %temp%၊ နှင့် prefetch ဟု ရိုက်ထည့်ကာ တွေ့သမျှ File အားလုံးကို Select ပေးပြီး ဖျက်ပစ်ပါ။
ပြီးလျှင် Recycle Bin ထဲက အမှိုက်တွေကိုပါ အပြီးတိုင် Clean လုပ်ပေးဖို့ မမေ့ပါနဲ့။
၂။ မလိုချင်သည့် Application များ နှုတ်ထွက်ခြင်း (Uninstalling Apps)
တစ်ခါတလေမှ သုံးဖြစ်တဲ့ သို့မဟုတ် လုံးဝမသုံးတော့တဲ့ ဆော့ဖ်ဝဲလ်တွေ၊ ဂိမ်းတွေကို Control Panel > Program and Features ကနေတစ်ဆင့် Clean အောင် Uninstall လုပ်ပေးပါ။
ဒါမှ Storage Space ရော၊ RAM ရော သက်သာမှာ ဖြစ်ပါတယ်။
၃။ Storage သိမ်းဆည်းမှု စစ်ဆေးခြင်း (Storage Sense)
Windows 10/11 ပါဝင်တဲ့ Storage Sense Feature ကို On ထားပါ။ စက်ထဲက အမှိုက်တွေကို သူက အလိုအလျောက် ပုံမှန်ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။
Drive C ထဲမှာ အရေးကြီး Data တွေ၊ Desktop ပေါ်မှာ File အကြီးကြီးတွေ စုပုံမထားပါနဲ့။
၄။ စက်ဖွင့်လျှင် အလိုအလျောက် ပွင့်လာသော App များ ပိတ်ခြင်း (Startup Apps)
Laptop ဖွင့်ဖွင့်ချင်းမှာ စက်လေးနေရတဲ့ အဓိကအကြောင်းရင်းက နောက်ကွယ်ကနေ App တွေ အပြိုင်ပွင့်လာလို့ ဖြစ်ပါတယ်။
Task Manager (Ctrl + Shift + Esc) ကိုနှိပ်၊ Startup Apps tab သို့သွားပြီး မလိုအပ်တဲ့ App တွေကို Disable လုပ်ထားပါ။
၅။ Browser Cache နှင့် History များ ရှင်းခြင်း
Internet အသုံးများသူတွေအတွက် Web Browser (Chrome, Edge, Safari) တွေထဲက Cache, Cookies နဲ့ History တွေကို တစ်လတစ်ကြိမ်ခန့် ရှင်းလင်းပေးခြင်းက Browser ကို ပေါ့ပါးသွက်လက်စေပါတယ်။
Software ပိုင်းတင်မကဘဲ Laptop ရဲ့ အတွင်းပိုင်းထဲ ဖုန်တွေပိတ်ပြီး အပူလွန်ကဲရင်လည်း စက်လေးတတ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ၁ နှစ် တစ်ကြိမ်တော့ ဆိုင်မှာ ဖုန်ခါပေးတာ၊ Thermal Paste လဲပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
Just Sharing
Laptop Second Dealership