30/11/2024
ထိုင်းနိုင်ငံအစိုးရ လက်ရှိကြေငြာထားတဲ့ အထောက်ထားမဲ့နှင့် သက်တမ်းတိုးသူများအတွက်ထုတ်ပြန်ကြေငြာချက်
ထိုင်းနိုင်ငံ၀န်ကြီးချုပ်နဲ့ ပြည်ရေး၀န်ကြီးသတင်းထုတ်ပြန်ကြေငြာချက်
လာမည့် 13.2.2025 ရက်နေ့ Vasi work permit
သက်တမ်းကုန်မည့်အုပ်စု ကိုသက်တမ်းပြန်တိုးပေးဖို့ နဲ့ MOU
စနစ် ဖြင့်သက်တမ်းတိုးရမယ်လို့ကြားသိရပါတယ်
လုပ်ဆောင်ရမည့်အဆင့်တွေအနေနဲ့ကတော့
1. လက်ရှိသူဌေးဟောင်း / သူဌေးသစ် စာရွက်စာတမ်းနှင့် အလုပ်သမားအချက်လက်များပူးတွဲ၍ namelist အရင်တင်သွင်းရမှာဖြစ်ပါတယ်။
2. Namelist ကျလာပြီးရရှိပြီစိုတာနဲ့ သက်ဆိုင်ရာဌာန သံရုံးများမှာ အခွန်ပေးစောင်ရမယ်လို့ကြားသိရပါတယ်။
3.သွေးစစ် / ကျန်းမာရေးပကန်၀ယ် work permit 2နှစ်သက်တမ်းလျှောက်ထားလို့ရမှာဖြစ်ပါတယ်။
4.ထိုင်းလ၀က တောမော မှာ Visa နှစ်လျှောက်ထားရမှာဖြစ်ပါတယ်။
မှတ်ချက် ။ ။CI (သို့မဟုတ်) PJ စာအုပ်သက်တမ်း ၂နှစ်မပြည့်ပါက စာအုပ်ကြိုတင်လဲထားပါရန်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် နဲ့ ပြည်ထဲရေး၀န်ကြီးရဲ့ကြေငြာချက်မှာတော့ အထောက်ထားမဲ့များကို ဒီဇင်ဘာလကုန်ထိ အဖမ်းစီးမရှိကင်းလွတ်ခွင့်ပေးထားပါတယ်လို့ကြောငြာချက်မှာပါရှိပါသည်။
‼️သိပြုရန်မှာ‼️
ထောက်ထားမဲ့နေထိုင်သူများ အတွက် ထုတ်ပြန်ထားသည့်ကြေငြာချက်တွင် 28.11.2024 မှ 30.12.2025 ထိဖမ်းစီးခွင့်မရှိ စစ်စေးခွင့်ရှိသည် ဖမ်းစီးကင်းလွတ်ခွင့်ပေးထားတယ်လို့ကြေငြာချက်မှာပါရှိပါသည်။
အထောက်ထားမဲ့နေထိုင်သည်မှလွှဲ၍အလုပ်လုပ်ခွင့်မရှိ
ထိုင်းနိုင်ငံဥပဒေနဲ့မညီ ပြစ်မှုမကျူးလွန်ရ ကိုယ့်နိုင်ငံသားတွေအနေနဲ့လဲ အိမ်ရှင်ကဖြေလျှော့ပေးပေမယ့်လဲ ကိုယ်တွေကဧည့်သည်ဖြစ်တဲ့အတွက် အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကိုလေးစားလိုက်နာပြီးဥပဒေဘောင်အတွင်းကနေတာအကောင်းဆုံးပေါ့
ဖြေလျှော့ပေးသည်စိုပေမယ့်လဲ သတိစိုတာပိုတယ်မရှိ အရေးကြီးကိစ္စတစ်စုံတစ်ရာမရှိပါကအပြင်မထွက်တာအကောင်းဆုံးပေါ့ ။
ကျောက်နထိတွေ နဲ့တွေ့ပါကလဲ ထိုင်း၀န်ကြီးချုပ် နဲ့ ထိုင်းပြည်ထဲရေး၀န်ကြီးတို့ ထုတ်ပြန်ထားတဲ့စာရွက် 3ရွက်ကိုဖုန်းထဲ Save ထားပြီးပြနိုင်ပါသည်။
နောက်ဆုံးရ ဘတ်သတင်းတွေ နဲ့ ဆောင်ရန်ရှောင်ရင်များကိုစေတဏာဖြင့်သိသမျှ မျှဝေပေးသွားပါမည်။