26/06/2025
Google က code မကျတော့ဘူးဆိုရင် ဒီနည်းလမ်းသုံးလို့ရပါတယ် 👇
Google Authenticator ဆိုတဲ့ app ရှိပါတယ်။
သူက OTP code တွေကို Second 30 တိုင်း အရှင် ပြောင်းပေးနေပြီးတော့၊ OTP လိုတဲ့အချိန်တိုင်းမှာ ဒီ app ထဲဝင်ကြည့်ပြီး သုံးလို့ရတဲ့ app ဖြစ်ပါတယ်။
Facebook, Google, Linkin, TikTok စတာတွေနဲ့ link လုပ်ထားလို့လဲရပါတယ်၊
🏴Link လုပ်မယ်ဆိုရင်တော့ app ကိုဝင်၊ Google profile တစ်ခုနဲ့ log in လုပ်ပါ၊
🏴ပြီးရင် အပေါင်းခလုပ်လေးကိုနှိပ်ပါ၊အဲ့မှာ Set up Key ထည့်ပြီး ချိတ်ရသလို Scan ပြီးချိတ်လဲရတယ်လို့ပြနေပါလိမ့်မယ်
🏴ပြီးရင်တော့ ကိုယ်ချိတ်ချင်တဲ့ Account ကို login ဝင်ပြီးသား Browser မှာဖွင့်ပါ၊
🏴Google Account - Security > Authenticator > set up Authenticator ဆိုပြီး အဆင့်ဆင့်သွားလိုက်ရင် scan တစ်ခုကျလာပါလိမ့်မယ်
🏴ဒါဆိုရင် Authenticator App ထဲကိုဝင်ပြီးတော့ ခုနက အပေါင်းလေးနှိပ်ပြီး Scan လုပ်လိုက်ပါ
🏴ဒါဆိုရင် App ထဲမှာ Code တစ်ခုကို ခုန Gmail နာမည်နဲ့ပြနေပါလိမ့်မယ် ( နောက်ပိုင်း ကိုယ်ကစိတ်ကြိုက်နာမည်ထားချင်လဲရပါတယ်)
🏴ဖွင့်ထားတဲ့ Browser မှာ Next ကိုနှိပ်ပြီး၊ App ထဲမှာပြနေတဲ့ code ကိုဖြည့်ပေးလိုက်ပါ၊ ဒါဆိုရင် linkedဖြစ်သွားပါပြီ၊
🏴နောက်တခါ code လိုတိုင်း app ထဲဝင်ကြည့်လိုက်ရုံပါပဲဗျ။
အကောင့်အသစ်ဖွင့်လို့ OTP တောင်းရင်တော့ တခါတလေမှာ Skip > instead email နဲ့ တခြား mail တစ်ခုကို linked လုပ်လို့ရပါတယ်၊ sometimes ပါ 🥹
🏴Facebook အတွက်ကတော့ - Setting Password and Security > Two-Factor Authentication > Authentication App > Add > နာမည်တစ်ခုပေး > Scan နဲ့ Key ပြပေးပါလိမ့်မယ်၊ app မှာ Scan နဲ့ဖြစ်စေ Key နဲ့ဖြစ်စေထည့်ပေးလိုက်ပါ > ပြီးရင် Next နှိပ်ပြီး App မှာပေါ်လာမယ့် Code ထည့်လိုက်ရင် linked ဖြစ်သွားပါပြီ။
🏴TikTok - Menu > Setting and Privacy > Security and Permission > 2 step verification > Authenticator > Password ဖြည့်ပြီး > Key Copy ယူ > အပေါ်ကအတိုင်း App ထဲမှာ paste လုပ်ပြီး Linked လုပ်နိုင်ပါတယ်၊
အဆင်ပြေကြပါစေဗျ၊ ကျေးဇူးပါ 🍎
#မူရင်းတင်ပေးသူကိုCreditပေးပါတယ်
iOS Technologies