27/08/2025
သတိပေးချက် –
ထိုင်းနိုင်ငံတွင် ရွေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များသည် တရားဝင်အထောက်အထားမရှိသော်လည်း ပညာ သင်ယူခွင့်ရှိပါသည်။ သို့သော် တချို့သော သင်ကြားရေးဆရာ/ဆရာမများက လက်မခံချင်ကြောင်း၊ ငြင်းဆိုမူများ ရှိနေပါသည်။
ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအား ကျောင်းအပ်ခြင်းကို တာဆီးငြင်းဆန်းပါက ဤထုတ်ပြန်ချက်ကို ပြသ၍ မေတ္တာရပ်ခံနိုင်ပါသည်။
Credit by အလွတ်သဘောဘာသာပြန်၊ ကိုသောမတ်စ် ( Migrnat Times)
“ ပညာရေးသည်အားလုံးအတွက်ဖြစ်ရမည်”
အခြေခံပညာရေးဆိုင်ရာ ကော်မတီ ရုံး
ပညာရေးဝန်ကြီးဌာန – ဘန်ကောက် ၁၀၃၀၀
26/08/2025
အကြောင်းအရာ – အထောက်အထားမရှိသောနှင့် နိုင်ငံမဲ (နိုင်ငံသားမရှိသေးသည့်) ကလေးငယ်များအတွက် ကျောင်းအပ်လက်ခံခြင်း ညွှန်ကြားချက်
သို့ –
မြို့နယ်ပညာရေးမှူး ဒေသ၊ အားလုံး
၁။ ထိုင်းနိုင်ငံရှိ ကျောင်းအပ်လက်ခံခြင်းဆိုင်ရာ ပညာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (၁) စုံ။
၂။ အထောက်အထားမရှိခြင်းနှင့် နိုင်ငံမဲ့ (နိုင်ငံသားလက်မှတ်မရှိသေးသည့်) ကလေးငယ်များအတွက် ကျောင်းအပ်လက်ခံခြင်း ညွှန်ကြားလွှာ အမှတ် ၃၁ (တူလာခွုမ် ၂၅၆၈ ခုနှစ်) (၁) စုံ။
၃။ အခြေခံပညာရေးဆိုင်ရာ ကော်မတီရုံး၏ ထုတ်ပြန်ကြေညာချက် အမှတ် ၀၄၀၀၆/၀ ၂၈၁၃ (၁) စုံ။
၄။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းမျဉ်းအရ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ဖြည့်စွက်ခြင်း (သို့) ပညာရေးဆိုင်ရာတွင် ပြည်နယ်၊ပြင်ပနယ်ကျော် သွားလာခွင့်ပြုချက်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း (သက္ကရာဇ် ၂၅၅၃ ခုနှစ်)။
ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အခြေခံပညာရေးဆိုင်ရာ ကော်မတီ၏ အတည်ပြုပြဋ္ဌာန်းချက်အရ အထောက်အထားမရှိသေးသောနှင့် နိုင်ငံသားလက်မှတ်မရှိသေးသည့် ကလေးငယ်များအားလည်း အခြေခံပညာ သင်ယူခွင့်ပေးရမည်ဟု သတ်မှတ်ထားပါသည်။
အခြေခံပညာဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ကလေးများအား ကျောင်းအပ်လက်ခံပေးပါရန် တိုက်တွန်းအပ်ပါသည်။
မူဝါဒနှင့် အခြေခံပညာရေးဌာန
ပညာရေးပံ့ပိုးကူညီခြင်းအစီအစဉ်