Alpha LEO - Business Corporate & Consultancy Firm

Alpha LEO - Business Corporate & Consultancy Firm ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Alpha LEO - Business Corporate & Consultancy Firm, ที่ปรึกษาทางธุรกิจ, Phra Khanong.

ထိုင်းနိုင်ငံမှာ ကုမ္ပဏီစတည်ထောင်ချိန်မှစပြီး လုပ်ငန်းလည်ပတ်နိုင်သည့်အချိန်အထိ ဝန်ဆောင်မှုအပြည့်ရှိတဲ့ _ Your most trusted Business Consultation & Corporation Partner.

🌊  ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ကမ်းခြေမြို့လေး - Hua Hin (ဟွာဟင်း) ✨️ဘန်ကောက်မြို့ပြရဲ့ ရှုပ်ထွေးဆူညံမှုတွေနဲ့ ...
04/08/2026

🌊 ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ကမ်းခြေမြို့လေး - Hua Hin (ဟွာဟင်း) ✨️

ဘန်ကောက်မြို့ပြရဲ့ ရှုပ်ထွေးဆူညံမှုတွေနဲ့ မွန်းကြပ်လာတဲ့အခါ ဘန်ကောက်သားတွေဟာ ကားနဲ့ ၂ နာရီခွဲ​လောက်ပဲ မောင်း​ရတဲ့ Hua Hin (ဟွာဟင်း) ဆိုတဲ့ ကမ်းခြေမြို့လေးဆီ ပြေးလာတတ်ကြပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေအများစု အငြိမ်းစားဘဝနဲ့ အခြေချတဲ့မြို့လေးလဲဖြစ်ပါတယ်။

​📍ဘယ်နားမှာရှိပြီး ဘယ်လိုသွားရတာလဲ?

ထိုင်းနိုင်ငံအလယ်ပိုင်း Gulf of Thailand ရဲ့ အနောက်ဘက်ကမ်းရိုးတန်း Prachuap Khiri Khan ခရိုင်မှာ တည်ရှိပါတယ်။ ဘန်ကောက်မြို့ကနေ တောင်ဘက်ကို ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) လောက်ပဲ ဝေးတာမလို့ ကား သို့မဟုတ် ရထားနဲ့ လွယ်လွယ်ကူကူ သွားလို့ရပါတယ်။ ကားနဲ့ဆိုရင်တော့ ၂ နာရီခွဲကနေ ၃ နာရီခန့်ပဲ မောင်းရတာမို့ ပိတ်ရက်ခရီးတိုအတွက် တော်တော်လေးအဆင်ပြေတဲ့ ကမ်းခြေမြို့လေးဖြစ်ပါတယ်။

​✨️ Hua Hin ရဲ့ ထူးခြားချက်က ဘာလဲ?

တခြားကမ်းခြေမြို့တွေဖြစ်တဲ့ ပတ္တယား ဒါမှမဟုတ် ဖူးခက်တို့နဲ့ ကွဲထွက်နေတဲ့အချက်ကတော့ Nightlife နဲ့ ဆူညံပွက်လောရိုက်နေတဲ့ ကမ်းခြေမျိုး မဟုတ်တဲ့အချက်ပါ။
Hua Hin မှာက အေးအေး​ဆေး​ဆေး​နဲ့ ပရီမီယံဆန်တဲ့ Vibe မျိုးကို ရရှိနိုင်တာကြောင့် တခြားကမ်းခြေတွေနဲ့ လုံးဝမတူတဲ့ ငြိမ်းချမ်းမှုမျိုးကို ခံစားရစေပါတယ်။ နောက်ပြီး Hua Hin ကို Royal Resort City လို့ တင်စား​ခေါ်ဝေါ်​ကြပါတယ်။

​🏰 ဘာလို့ "Royal Resort City" လို့ ခေါ်တာလဲ?

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် (၁၉၂၀ ပြည့်လွန်နှစ်များ) ကတည်းက ထိုင်းဘုရင် Rama VI နဲ့ Rama VII တို့ နွေရာသီစံအိမ်တော် (Klai Kangwon Palace) ဆောက်ပြီး အနားယူခဲ့ကြတာပါ။ နန်းတွင်းမိသားစုတွေနဲ့ အထက်တန်းလွှာ သူဌေးတွေ အဓိက အပန်းဖြေစခန်းအဖြစ် အသုံးပြုခဲ့ကြလို့ "Royal Resort City" လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

​📸 Hua Hin ရဲ့ နာမည်ကြီးနေရာတချို့
• ​Hua Hin Railway Station: အနီရောင် ၊ အဝါနုရောင် စပ်ထားတဲ့ သစ်သားဗိသုကာလက်ရာတွေနဲ့ ဆောက်လုပ်ထားပြီး ထိုင်းနိုင်ငံရဲ့ အလှဆုံးနဲ့ ရှေးကျဆုံး မီးရထားဘူတာရုံ ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေ ဟွားဟင်းရောက်ရင် မဖြစ်မနေသွားကြတဲ့ နေရာပါ။
• ​Cicada Market: သာမန် ညဈေးတွေနဲ့ မတူဘဲ အနုပညာပစ္စည်းတွေ၊ Handmade လှလှလေးတွေနဲ့ ပင်လယ်လတ်လတ်ဆက်ဆက်တွေကို မီးရောင်လှလှအောက်မှာ ခင်းကျင်းထားတဲ့ ညဈေးပါ။
• ​Black Mountain Golf Club: ဂေါက်ရိုက်ဝါသနာပါသူတွေကြားထဲမှာ နာမည်ကြီးတဲ့ ကမ္ဘာ့အဆင့်မီ ဂေါက်ကွင်းကြီးတွေ ရှိပါတယ်။

🏡 ဘယ်လိုလူတွေ အဓိက နေထိုင်ကြသလဲ?

အေးအေးဆေးဆေး အနားယူနေထိုင်ချင်ကြတဲ့ ဥရောပက အငြိမ်းစား ပင်စင်စား (Retirees) တွေနဲ့ Digital Expats တွေ အများဆုံး နေထိုင်ကြတဲ့ Slow-living မြို့လေးပါ။ ထိုင်း​လူမျိုး အထက်တန်း​လွှာ​တွေလဲ အနားယူနေထိုင်ဖို့အိမ် ဝယ်ထားပြီး လာရောက်အပန်းဖြေကြပါတယ်။

​📌 ဘယ်လိုလူတွေ နေထိုင်သင့်လဲ?

နောက်ပိုင်းမှာ ဘန်ကောက်ရဲ့ မွန်းကြပ်မှုကို မကြိုက်ဘဲ ကလေးတွေအတွက် International School ထားချင်သူတွေ၊ သက်ကြီးပိုင်း မိဘတွေအတွက် အဆင့်မြင့် ဆေးရုံ/ဆေးခန်း ကောင်းကောင်း (ဥပမာ- Bangkok Hospital Hua Hin) နဲ့ အေးအေးဆေးဆေး Second Home အဖြစ် အခြေချချင်သူတွေ နေထိုင်ဖို့ရွေးချယ်သင့်ပါတယ်။

ချင်းမိုင်​လို​မျိုး Slow-living မြို့ငယ်လေးကိုမှ တောင်တန်းတွေထက် ပယ်လယ်ကမ်းခြေကို ပိုကြိုက်တယ်ဆိုရင် Hua Hin က အကောင်းဆုံး နေထိုင်ရာမြို့လေးဖြစ်ပါလိမ့်မယ်။ ဘန်ကောက်ကို အလွယ်တကူသွားနိုင်တာကလဲ သူ့ရဲ့အားသာချက်တစ်ခုလို့ ပြော​လို့ရပါတယ်

ဘဝရဲ့ အမောတွေကို ပင်လယ်လေနဲ့အတူ ခါထုတ်ပစ်ရင်း အေးအေးလူလူ ဇိမ်နဲ့ နေထိုင်ချင်သူတွေအတွက်တော့ Hua Hin ဟာ ရွေးချယ်သင့်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်... 🌊

✅ နောက်လဲ ထိုင်းနိုင်ငံရဲ့ အခုလို နာမည်ကြီးနေရာတွေရဲ့ အကြောင်းအရာလေးတွေကို တင်ပေးသွားဦးမှာမလို့ Page ကို Like & Follow လေးနှိပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော်။





#ဟွာဟင်း

04/08/2026

🌿Ekkamai Area အနီးမှာ Nature Lifestyle နဲ့အတူ အနားယူနေထိုင်မှုမျိုးကို ပေးစွမ်းနိုင်တဲ့ကွန်ဒို ✨

🌿 Supalai Parc Ekkamai-Pattanakarn

ဘန်ကောက်ကိုလာပြီး အနားယူနေထိုင်ဖို့ ကွန်ဒိုရှာနေတယ်ဆိုရင် ဒီကွန်ဒိုကအသင့်တော်ဆုံးဖြစ်မှာ သေချာပါတယ်။ Supalai ရဲ့ Project ဖြစ်တာနဲ့အညီ အခန်းကျယ်ကျယ်ကိုမှ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မှာဖြစ်လို Green Area အများကြီး ထည့်သွင်းဆောက်လုပ်ထားတာမလို့ အေးအေးဆေးဆေး အနားယူနေထိုင်နိုင်မှာဖြစ်ပါတယ်။

📍Location အနေအထားမှာတော့ Pattanakarn လမ်းမကြီးပေါ်မှာတည်ရှိပြီး သုဝဏ္ဏဘူမိလေဆိပ်ကနေ မြို့ထဲကိုပြေးဆွဲတဲ့ ရထားလိုင်းကြီး Airport Rail Link ရဲ့ Ramkhamhaeng ဘူတာနဲ့ 800m သာကွာဝေးပါတယ်။ ကွန်ဒိုကနေ ဘူတာကိုသွားဖို့ Shuttle Bus လဲစီစဥ်ပေးထားပါသေးတယ်။

✨Airport Rail Link ဆိုတာက BTS Green Line , MRT Blue Line နဲ့ MRT Yellow Line တို့လို ရထားလိုင်းကြီးတွေနဲ့ ချိတ်ဆက်ထားတာမလို့ ဘန်ကောက်ရဲ့မြို့အနှံကို အလွယ်တကူသွားလာနိုင်မှာဖြစ်ပါတယ်။

✨ ကွန်ဒိုဘေးကပ်ရပ် 300m မှာလဲ Chalong Rat အဝေးပြေးလမ်းကြီးရှိတာမလို့ ကားပိတ်မှာကိုစိတ်ပူစရာမလိုပဲ ဘန်ကောက်မြို့တွင်း ၊ မြို့ပြင်ကို အလွယ်တကူသွားလာနိုင်ဦးမှာဖြစ်ပါတယ်။

🌿 Green Area အနေနဲ့ 4 rai ကျော်အထိ ပါဝင်သွားမယ့်အပြင် Sky Garden အပါအဝင် Facilities ပေါင်း 40 ကျော်အထိ ပါဝင်သွားဦးမှာဖြစ်ပါတယ်။

📌 အခန်းအမျိုးအစားအနေနဲ့
◽️ Studio - 30 Sqm
◽️1 Bed - 35.5 Sqm
◽️1 Bed Plus - 40.5 Sqm
◽️2 Bed - 56 Sqm
ဆိုပြီး စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

🌟 စျေးနှုန်းအနေနဲ့ 1 Sqm ကို ဘတ် ၈ သောင်းကျော်ကနေ စတင်တာမလို့ အခန်းကျယ်ကျယ်ကို စျေးသက်သက်သာသာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ထိုွးဘတ် ၂.၄ သန်း ၊ မြန်မာငွေကျပ် သိန်း ၃၀၀၀ ၊ စင်ကာပူဒေါ်လာ ၁ သိန်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

📌 Payment Plan အနေနဲ့ Down-Payment 30% ပေးချေပြီး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကျန် 70% ကိုတော့ Project ပြီးဆုံးမယ့် 2026 Dec မှသာ ပေးချေရန်လိုပါတယ်။

✨ ဒီကွန်ဒိုက နေထိုင်ဖို့အတွက် လုံးဝအဆင်ပြေတဲ့ကွန်ဒိုဖြစ်သလို 2 Bedroom ကိုတောင်မှ ဘတ် ၄ သန်းကျော်လောက်နဲ့ ဝယ်ယူနိုင်မှာဆိုတော့ စိတ်ဝင်စားတယ်ဆိုရင် Alpha LEO မှာ Project အသေးစိတ်ကို လာရောက်စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါပြီနော်။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။





✨ မြန်မာငွေကျပ်သိန်း ၂၆၀၀ ဝန်းကျင်နဲ့ ဟန်ဒုန်းဧရိယာထဲက အဆင့်မြင့်နေထိုင်မှု ❗️ချင်းမိုင်မှာ နေထိုင်မှုအတွက် မြန်မာငွေကျပ...
03/08/2026

✨ မြန်မာငွေကျပ်သိန်း ၂၆၀၀ ဝန်းကျင်နဲ့ ဟန်ဒုန်းဧရိယာထဲက အဆင့်မြင့်နေထိုင်မှု ❗️

ချင်းမိုင်မှာ နေထိုင်မှုအတွက် မြန်မာငွေကျပ်သိန်း ၂၆၀၀ ဝန်းကျင်နဲ့ လုံးချင်းအိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ပါပြီ။

Diya Valley ဆိုတာ Thippirom Property ရဲ့ နာမည်ကြီး Series တစ်ခုဖြစ်တာမလို့ Design ပိုင်းနဲ့ Quality ပိုင်းပြောစရာမလိုသလို ပိုင်ဆိုင်မှုပိုင်းမှာလဲ စိတ်ချရပါတယ်။

📍Project Location အနေနဲ့ လူကြိုက်များပြီး နေထိုင်ဖို့ရွေးချယ်ကြတဲ့ ဆိတ်ငြိမ် Hang D**g Area လေးထဲမှာ တည်ရှိတာဖြစ်ပါတယ်။ HangD**g District ကိုမှ အချက်အချာနေရာမှာတည်ရှိသလို HangD**g Road ကို 300m သာကွာဝေးပါမယ်။
📍Location အရ ဒီဧရိယာတဝိုက်မှာ နေထိုင်မှုအတွက် အကောင်းဆုံးအနေအထားလို့ ပြောလို့ရပါတယ်။
▫️HangD**g Hospital ကို 650m
▫️HangD**g Food Market ကို 700m
▫️Big C HangD**g ကို ၆ မိနစ်
▫️North Chiang Mai University ကို ၉ မိနစ်နဲ့ တခြားသော International School တွေကို ၁၀ မိနစ်လောက်နဲ့ ရောက်ရှိပါမယိ။
▫️အနီးနားတဝိုက်မှာလဲ စားသောက်ဆိုင်ကောင်းတွေအများကြီးရှိပါဦးမယ်။

✨ Design ပိုင်းမှာ European Country Style နဲ့ အသေးစိတ် ဖန်တီးတည်ဆောက်ထားပါတယ်။
▫️အိမ်ရာအတွင်းမှာ ပန်းခြံကျယ်ကြီးနဲ့ သဘာဝရေကန်ကျယ်ကြီး ပါဝင်မှာဖြစ်လို့ ညနေဘက် လမ်းလျောက်အနားယူနိုင်ပါမယ်။
▫️Swimming Pool , Fitness , Common Area စသဖြင့် Facilities အစုံပါဝင်မှာဖြစ်သလို 24hr Security , Key Card , CCTV တို့နဲ့ လုံခြုံမှုအပြည့်အဝပေးထားပါတယ်။

🏡 House Type အနေနဲ့
▫️SPELLO : 63 Sqm (Single-Storey)
•2 Bed, 2 Bath, 1 Parking

▫️BARI-C : 142 Sqm (Two-Storey)
•4 Bed, 3 Bath, 2 Parking
ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

🌟 စျေးနှုန်းအနေနဲ့ ထိုင်းဘတ် ၂ သန်း ၊ မြန်မာငွေကျပ် သိန်း ၂၆၀၀ ၊ စင်ကာပူဒေါ်လာ ၈ သောင်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။

📌 Payment Plan အနေနဲ့တော့ Booking Fee ဘတ် ၁ သိန်းပေးသွင်းပြီး ရက် ၃၀ အတွင်းမှာ 30% ပေးချေရပါမယ်။ ကျန် 70% ကို ရက် ၆၀ အတွင်းမှာ ပေးချေရပါမယ်။

⬆️ Ready to move! Fully Fitted.

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။




#ချင်းမိုင်အိမ်ရာ #ချင်းမိုင်လုံးချင်း
**g2 **gHousing

03/08/2026

✨️ ဘတ် ၂ သန်းကျော်နဲ့ ပိုင်ဆိုင်ရမယ့် Onnut လမ်းမကြီးပေါ်က Pet-Friendly Condo ❗️

✨️ Lumphini Park On Nut 19

ဘန်ကောက်မှာ မြို့ထဲကိုလဲသွားလာရလွယ်ကူရမယ် ၊ နေထိုင်ဖို့အတွက်လဲ အဆင်ပြေရမယ် ၊ စျေးအနေနဲ့ကလဲ တခြားနေရာတွေနဲ ယှဥ်ရင်သက်သာရမယ် စတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့အပြင် Pet-Friendly ပါဖြစ်တဲ့ ကွန်ဒိုကောင်းတစ်လုံးကို မြန်မာငွေကျပ် သိန်း ၃၀၀၀ အောက်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

📍Location
▫️ဒီ Lumphini Park On Nut 19 ဆိုတဲ့ ကွန်ဒိုအသစ်လေးက လူစည်ကားတဲ့ On Nut လမ်းမကြီးပေါ်မှာတည်ရှိပါတယ်။
▫️On Nut လမ်းမကြီးဆိုတာ BTS အစိမ်းလိုင်းရှိတဲ့ Sukhumvit လမ်းမကြီးကနေ MRT အဝါလိုင်းရှိတဲ့ Srinagarindra လမ်းမကြီးကို တည့်ပေါက်ပြီးတော့ သုဝဏဘူမိလေဆိပ်အထိ သွားနိုင်မှာဖြစ်ပါတယ်။
▫️On Nut Area ဖြစ်တာမလို့ Shopping Mall ၊ Fresh Market ၊ Night Market ၊ School ၊ Hospital ၊ စားသောက်ဆိုင်ကောင်းတွေနဲ့ ဝန်းရံလျက်ရှိပါတယ်။
▫️Thonglor - Ekkamai တို့လို နေရာတွေနဲ့ ၂ မှတ်တိုင်သာကွာဝေးတယ်ဆိုပေမယ့် ကွန်ဒိုစျေးယှဥ်ကြည့်မယ်ဆိုရင် တော်တော်လေးသက်သာတာကို တွေ့ရပါလိမ့်မယ်။
▫️နောက်ပြီး Phra Khanong စျေးကြီးနဲ့လဲ ကပ်နေတာမလို့ နေထိုင်ဖို့အတွက် တော်တော်လေး Location ကောင်းတဲ့ ကွန်ဒိုတစ်လုံးပဲဖြစ်ပါတယ်။

✨️Design & Facilities

📊 Lumphini ရဲ့ Project ဖြစ်တာမလို့ Design ပိုင်းနဲ့ Quality ကတော့ ပြောစရာမလိုအောင် ရရှိမှာဖြစ်ပါတယ်။ Low-rise Condo ကိုမှ Tower A , B , C ဆိုပြီးပါဝင်ပါမယ်။ Tower တွေရဲ့ အလယ်မှာ Pool & Garden ထည့်သွင်းထားတာမလို့ ကျစ်ကျစ်လစ်လစ်နေထိုင်ရသလို ခံစားရစေပါတယ်။
🌿 Lumphini ရဲ့ ' Park ' series ဖြစ်တာနဲ့အညီ Green Area များများနဲ့ သဘာဝကိုခံစားရအောင်ဆောက်လုပ်ထားပါတယ်။
🐩 Pet-Friendly Condo ဖြစ်တာမလို့ တိချစ်သူတွေအတွက် ရွေးချယ်ဝယ်ယူသင့်တဲ့ ကွန်ဒိုတစ်လုံးပဲဖြစ်ပါတယ်။

📌 Price & Room Type

အခန်းအမျိုးအစားအနေနဲ့ကတော့
▫️Studio - 25 Sqm
▫️1 Bedroom - 26~30 Sqm
▫️2 Bedroom - 38~46 Sqm
ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

🌟 စျေးနှုန်းအနေနဲ့ကတော့ ထိုင်း ၂.၃ သန်း ၊ မြန်မာငွေကျပ် သိန်း ၃ ထောင် ၊ စင်ကာပူဒေါ်လာ ၉ သောင်းခွဲ ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

📌 Payment Plan အနေနဲ့ကတော့ Booking Fee နဲ့ Down Payment 30% ပေးချေပြီး ကျန် 70% ကိုတော့ Project ပြီးဆုံးမယ့် 2027 November မှသာ ပေးချေရန်လိုပါတယ်။

✨️ ဒီလိုမျိုးBTS အစိမ်းလိုင်းပေါ် ၊ လူစည်ကားရာနေရာက Pet-Friendly Condo ကို မြန်မာငွေကျပ် သိန်း ၃၀၀၀ အောက်နဲ့ ဝယ်သူနိုင်မှာမလို့ လက်လွှတ်မခံသင့်တဲ့ Project ပဲဖြစ်ပါတယ်။

✅️ တကယ်လို့ ဒီကွန်ဒိုလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ AlphaLEO_Business နဲ့ဆက်သွယ်ပြီး အသေးစိတ်ကို စုံစမ်း​မေးမြန်းလို့ရပါတယ်။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။





✨ CBD Rama9 Area မှာ Rental Yield ကောင်းကောင်းနဲ့ ရင်းနှီးမြှပ်နှံသူတွေအကြိုက် Vay Rama9 Condo❗️ 🌟 Vay Rama9 ဆိုတာ မြို့...
03/08/2026

✨ CBD Rama9 Area မှာ Rental Yield ကောင်းကောင်းနဲ့ ရင်းနှီးမြှပ်နှံသူတွေအကြိုက် Vay Rama9 Condo❗️

🌟 Vay Rama9 ဆိုတာ မြို့လယ်ခေါင် CBD Area ဖြစ်တဲ့ Rama9 Area ထဲမှာကိုမှ ဘတ် ၃ သန်းဝန်းကျင်နဲ့ ဝယ်ယူနိုင်မယ့်အပြင် အထပ်နိမ့်ကိုမှ အခန်းအရေအတွက်ကလဲ 171 ခန်းပဲ ရှိတာမလို့ Low-densiy living ကိုပါ ခံစားနိုင်မယ့်ကွန်ဒိုပဲဖြစ်ပါတယ်။

📊 Vay ဆိုတာက Sansiri ရဲ့ လူကြိုက်များတဲ့ Project တစ်ခုဖြစ်ပြီးတော့ သင်တင့်တဲ့စျေးနှုန်းနဲ့ ကောင်းမွန်တဲ့နေထိုင်မှုပုံစံကို ဦးစားပေးပြီး ဖန်တီးထားပါတယ်။ Vay Series တွေဖြစ်တဲ့ Vay Chinnakhet , Vay AYUTTHAYA , VAY AMATA စတဲ့ Project တွေတုန်းကဆိုရင်လဲ ၂ ပတ်အတွင်း အကုန် Sold Out ဖြစ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

📍Location အရ Rama9 လို CBD Area ထဲမှာဆိုတော့ နေထိုင်ဖို့အတွက် တော်တော်လေးအဆင်ပြေစေမှာဖြစ်ပါတယ်။
🏢 Head-Office တွေစုစည်းတည်ရှိရာ G-Tower , IT ပိုင်းနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ Fortune Town , Central Rama9 Shopping Mall ကြီးတို့က အနားမှာရှိနေပါတယ်။
🏥 ဆေးရုံဆိုလဲ မြန်မာစကားပြန်တွေအထိ ဝန်ဆောင်မှုပေးတဲ့ Rama 9 Hospital နဲ့ Bangkok Hospital တို့က အနီးနားမှာတင် တည်ရှိနေပါတယ်။
🎓 ပညာရေးအတွက်လဲ နာမည်ကြီး Shrewsbury International School , Central International School တို့က အနားမှာတင်ရှိနေပါသေးတယ်။

🚝 အသစ်ဆောက်လုပ်နေတဲ့ MRT Orange Line ကြီးဖွင့်တဲ့အခါ ဘူတာအသစ် MRT Wat Rama9 Station က ကွန်ဒိုနဲ့ 750m သာ ကွာဝေးမှာဖြစ်ပါတယ်။ ရထားလိုင်းတည်ဆောက်နေတာလဲ ပြီးစီးတော့မှာဖြစ်ပြီးတော့ 2027-2028 မှာ စတင်ဖွင့်လှစ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ကြရင်လဲ စျေးတက်လာနိုင်ခြေရှိတာကြောင့် ရင်းနှီးမြုပ်နှုံမှုအတွက်ပါ ကောင်းတဲ့ကွန်ဒိုပဲဖြစ်ပါတယ်။

📈 Rama9 Area ဆိုတာက ရုံးခန်းတွေ၊ ဆေးရုံတွေ ပေါများတာနဲ့အတူ Employee ပေါင်းများစွာ အလုပ်လုပ်နေတဲ့ Area ဖြစ်တာမလို့ အခုလိုစျေးသင်တဲ့ကွန်ဒိုတစ်လုံးက ပြန်ရောင်းတာ ၊ အငှားချတာတွေမှာလဲ အလွယ်တကူပြုလုပ်လို့ရမှာဖြစ်ပါတယ်။

📈 ဒါ့ကြောင့် Sansiri ဘက်ကနေ One Bed အခန်းငယ်တစ်ခန်းရဲ့ အငှားစျေးနှုန်းက ဘတ် ၁၂၀၀၀ ကနေ ၁၃၀၀၀ ၊ Rental Yield အနေနဲ့ 6% အထိရရှိမယ်လို့ အာမခံထားပါတယ်။

📌 Room Type
◽️1 Bed - ( 25.5 ~ 27.5 Sqm )
◽️1 Bed Plus - ( 34.5 ~ 42.5 Sqm )

🌟 စျေးနှုန်းအနေနဲ့ ထိုင်းဘတ် ၃ သန်း ၊ မြန်မာငွေကျပ် သိန်း ၃၈၀၀ ၊ စင်ကာပူဒေါ်လာ ၁ သိန်း ၂ သောင်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

⬆ Ready to move. Fully Furnished.

📌 Payment Plan အနေနဲ့ Booking Fee ဘတ် ၅ သောင်း ပေးသွင်းပြီး ၁၄ ရက်အတွင်းမှာ SPA Payment 30% ပေးချေရမှာဖြစ်ပါတယ်။ ကျန်တဲ့ 70% ကိုတော့ SPA အပြီး ရက် ၃၀ အတွင်းမှာ ပေးချေရမှာဖြစ်ပါတယ်။

✨ ဒီလို ဘန်ကောက်မြို့လည်ခေါင် CBD Rama9 Area မှာ အထပ်နိမ့်ကိုမှ 171 ခန်းပဲပါဝင်တဲ့ Low-Density Living ကို ရရှိမှာဆိုတော့ လက်လွှတ်မခံသင့်တဲ့ ကွန်ဒိုကောင်းတစ်လုံးပဲဖြစ်ပါတယ်။ Foreign Quota အနေနဲ့ 75 ခန်းပဲရှိတာမလို့ အခုပဲ Alpha LEO နဲ့ ဆက်သွယ်ပြီး အသေးစိတ်ကို စုံးစမ်းမေးမြန်း ဝယ်ယူလိုက်တော့နော်။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။



✨ ဘန်ကောက်မှာ စျေးနှုန်းသင့်တင့်ပြီး အနာဂတ်တန်ဖိုးခိုင်မာတဲ့ ကွန်ဒိုကိုရှာနေတယ်ဆိုရင် 💯 ဘန်ကောက်ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ ...
02/08/2026

✨ ဘန်ကောက်မှာ စျေးနှုန်းသင့်တင့်ပြီး အနာဂတ်တန်ဖိုးခိုင်မာတဲ့ ကွန်ဒိုကိုရှာနေတယ်ဆိုရင် 💯

ဘန်ကောက်ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ Sukhumvit လမ်းမကြီးနဲ့ 500m အကွာ ၊ Rama4 လမ်းမကြီးပေါ်ကနေ ကျောက်ဖုရားမြစ်ကွေ့အလှကို ဘတ် ၃ သန်းဝန်းကျင်နဲ့ ခံစားရမယ်ဆိုရင် စိတ်ဝင်စားကြလား။

ဒီကွန်ဒိုက အဓိကလမ်းမကြီး ၂ ခုဆုံရာ နာမည်ကြီး Phra Khanong Area ထဲမှာတည်ရှိတဲ့အပြင် စျေးနှုန်းအနေနဲ့ကလဲ အရမ်းကိုတန်လွန်းနေတာမလို့ အခုမှမဝယ်ဖြစ်ရင်နောင်တရမယ့် ကွန်ဒိုကောင်းတစ်လုံးပဲဖြစ်ပါတယ်။

📍Location အရ ကွန်ဒိုတည်ရှိတဲ့ Phra Khanong Area ဆိုတာက နာမည်ကြီးစားသောက်ဆိုင်တွေ ၊ Shopping Mall တွေ ၊ Fresh Market တွေနဲ့ တော်တော်လေးစည်ကားတဲ့ Area တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနာမည်ကြီးစားသောက်ဆိုင်တွေ အများကြီးစုနေပြီးတော့ မြန်မာဆိုင်တွေရှိတဲ့ Phra Khanong စျေးကြီးကြောင့် မြန်မာတွေကြားမှာပါ နာမည်ကြီးနေတာပဲဖြစ်ပါတယ်။

📍အဓိကရထားလိုင်းကြီးဖြစ်တဲ့ BTS အစိမ်းလိုင်းကြီးကိုလဲ 550m သာ ကွာဝေးသလို ကွန်ဒိုတည်ရှိတဲ့ Rama4 လမ်းမကြီးဆိုတာကလဲ တော်တော်လေးအရေးပါတဲ့ လမ်းမကြီးဖြစ်ပါတယ်။ နောက်ပြီး ဘန်ကောက်ရဲ့အဆုတ်လို့ပြောလို့ရတဲ့ အောက်ဆီဂျင်အများဆုံးထုတ်လွှတ်ပေးရာ ကျောက်ဖုရားမြစ်ကွေ့ Bang Krachong ရဲ့ အလှကိုပါခံစားနိုင်ဦးမှာဖြစ်ပါတယ်။

📌 အဲ့လို Rama4 လမ်းမကြီးနဲ့ Sukhumvit လမ်းမကြီးဆုံရာ မြန်မာစားသောက်ဆိုင်တွေပေါတဲ့ Phra Khanong Area ကိုမှ ရထားဘူတာနဲလဲနီးသလို ကျောက်ဖုရားမြစ်ကွေ့ View ကိုပါ ရရှိဦးမှာဆိုတော့ Location ပိုင်းမှာက တော်တော်လေးအဆင်ပြေနေပါပြီ။

🌟 စျေးနှုန်းပိုင်းအနေနဲ့ ထိုင်းဘတ် ၃ သန်း ၊ မြန်မာငွေကျပ် သိန်း ၃၈၀၀ ၊ စင်ကာပူဒေါ်လာ ၁ သိန်း ၂ သောင်း ဝန်းကျင်ကနေ စတင်ဝယ်ယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။စျေးနှုန်းအနေအထားက Lacation နဲ့ယှဥ်ရင် တော်တော်လေးတန်တယ်လို့ ပြောလို့ရပါတယ်။

📊 " Life " series ဆိုတာကလဲ Top3 Developer AP Thai ရဲ့ Mid- Range Project ဖြစ်တာမလို့ Design ပိုင်းနဲ့ Quality ပိုင်းမှာလဲ မနိမ့်တဲ့အနေအထားပဲဖြစ်ပါတယ်။

📌 အခန်းအမျိုးအစားအနေနဲ့
◽️1 Bedroom
◽️1 Bedroom Plus
◽️2 Bedroom
ဆိုပြီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

🌟 ကြိုပွိုင့်ကွန်ဒိုဖြစ်တာမလို့ Booking Fee နဲ့ Down Payment 15% ပေးချေထားပြီး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ 85% ကိုတော့ Project ပြီးဆုံးမယ့် 2028 Feb မှသာ ပေးချေရမှာဖြစ်ပါတယ်။

💥 ယခုအချိန်မှာတော့ ဝယ်လိုအားများနေတာကြောင့် အလွှာအသစ်တွေ မှာပါစျေးထပ်ဖွင့်လာပြီးတော့ River View ရရှိမယ့် အနောက်အလှည့်နဲ့တောင်အလှည့် အခန်းတွေကို Special Discount 3% ပေးသွားဦးမှာဖြစ်ပါတယ်။

💥 Special Discount က အခန်းအရေအတွက်အကန့်အသက်နဲ့မလို့ အခုပဲ Alpha LEO မှာ အသေးစိတ်ကို လာရောက်စုံစမ်းမေးမြန်းပြီး ဝယ်ယူလိုက်တော့နော်။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။




✨ ချင်းမိုင်မှာ ထွက်လာတိုင်းလုဝယ်နေရတဲ့ The Next series ရဲ့ အသစ်ထွက်လာတဲ့ပရောဂျက် ❗️ ချင်းမိုင်မှာ The Next series ဆိုတာ...
01/08/2026

✨ ချင်းမိုင်မှာ ထွက်လာတိုင်းလုဝယ်နေရတဲ့ The Next series ရဲ့ အသစ်ထွက်လာတဲ့ပရောဂျက် ❗️

ချင်းမိုင်မှာ The Next series ဆိုတာ ထွက်လာပြီး လပိုင်းအတွင်းမှာတင် Sold Out သွားတတ်တဲ့ နာမည်ကြီး ပရောဂျက်ဖြစ်ပါတယ်။

အခုချိန်မှာတော့ The Next Jedyod 4 ဆိုပြီး ထပ်မံထွက်ရှိလာပါပြီ။ အရင်နှစ်ကထွက်ခဲ့တဲ့ The Next Jedyod 3 ဟာဆိုရင်လဲ ခနလေးနဲ့ အကုန် Sold Out သွားခဲ့တာမလို့ အခုတခေါက်ကိုတော့ မြန်မြန်လေးဝယ်မှ ရပါမယ်။

📍Location
ချင်းမိုင်ရဲ့ မြို့လယ်ခေါင် ၊ လူစည်ကားတဲ့ Nimman Area နဲ့ Maya Shopping Mall ကို ၅ မိနစ်ဝန်းကျင်ပဲ ဝေးပါတယ်။ Super Highway အနီး Jedyod Area အတွင်းမှာဖြစ်ပြီးတော့ တော်တော်လေးအချက်အချာကျတဲ့ Location ကို ပိုင်ဆိုင်ထားပါတယ်။

📊 သူရဲ့ Location က Old Town , Nimman Area အနီးဆိုတော့ အငှားစျေးကွက်မှာအရမ်းသွက်တာကို တွေ့ရပါတယ်။ အခန်းရဖို့တောင်မလွယ်တဲ့အထိ Demand များတာမလို့ ပြန်လည်အငှားချမယ်ဆိုရင်လဲ အရမ်းကောင်းတဲ့ ပရောဂျက်ဖြစ်ပါတယ်။။

📌 Room Type အနေနဲ့
◽️1 Bedroom ( 30 ~ 36 Sqm )
◽️1 Bed Plus ( 37 ~ 43 Sqm )
ကိုမှ Swimming Pool View , Mountain View , City View ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါမယ်။

🌟 စျေးနှုန်းအနေနဲ့ ထိုင်းဘတ် ၂.၉ သန်း ၊ မြန်မာငွေကျပ် သိန်း ၃၇၀၀ ၊ စင်ကာပူဒေါ်လာ ၁၁၆၀၀၀ ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

📌 Payment Plan အနေနဲ့ ကနဦး Booking Fee နဲ့ Down-Payment 30% ပေးချေရပါမယ်။ ပြီးရင် 2026 Nov မှာ 20% တကြိမ် ၊ 2027 April မှာ 20% တကြိမ် ၊ Project ပြီးဆုံးမယ့် 2027 Oct မှာကျန်တဲ့ 30% ဆိုပြီး ၃ ကြိမ်ခွဲပေးချေရပါမယ်။

⬆️ Fully Furnished.

📆 Completion : 2027 Oct

✨ Pre-Sale ကာလမလို့ First Price နဲ့ ဝယ်ယူနိုင်မှာဖြစ်သလို ခနလေးနဲ့ Sold Out မယ့် Projct ဖြစ်တာမလို့ စိတ်ဝင်စားရင် အခုပဲ Alpha LEO နဲ့ ဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းလိုက်ပါ။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။





#ချင်းမိုင်ကွန်ဒို

🚨 CBD Rama9 ဧရိယာထဲမှာ သေချာတဲ့အမြတ်တစ်ခုနဲ့အတူ လစဥ်ဝင်ငွေရနေမယ့် ကွန်ဒိုကို ပိုင်ဆိုင်ရမယ်ဆိုရင် ❓ဘန်ကောက်မှာ Property ...
01/08/2026

🚨 CBD Rama9 ဧရိယာထဲမှာ သေချာတဲ့အမြတ်တစ်ခုနဲ့အတူ လစဥ်ဝင်ငွေရနေမယ့် ကွန်ဒိုကို ပိုင်ဆိုင်ရမယ်ဆိုရင် ❓

ဘန်ကောက်မှာ Property Investment ကောင်းကောင်းလုပ်နိုင်မယ့် အခွင့်အလမ်းတစ်ခု Rama9 ဧရိယာထဲမှာ ရှိလို့နေပါတယ်။

◽️အဲ့တာကတော့ Rama9 လမ်းမကြီးပေါ်က Hotel License ရထားတဲ့ Siamese Condo ပဲဖြစ်ပါတယ်။ Hotel Service ပါဝင်တဲ့ Hotel Style Condo ဖြစ်တာမလို့ နေထိုင်မယ်ဆိုရင်လဲ အဆင်ပြေသလို ၊ ပြန်လည်အငှားချမယ်ဆိုရင် Developer ဘက်ကနေ တာဝန်ယူပြီး Hotel လိုမျိုး ပြန်လည်အငှားချပေးမှာဖြစ်ပါတယ်။

◽️Hotel အဖြစ်ပြန်အငှားချမယ်ဆိုရင် Developer နဲ့ 15 years Contract ချုပ်ရမှာဖြစ်ပြီးတော့ ပထမ ၅ နှစ်မှာ Rental Yield အနေနဲ့ 5% အတိရရှိဖို့ အာမခံထားပါတယ်။ ကျန်နှစ်ကိုတော့ 90%/10% profit sharing နဲ့ တက်လာတဲ့ Rental Yield အတိုင်းရရှိမှာပါ။

◽️ ၁၅ နှစ်စာချုပ်ပြီးသွားတဲ့အခါမှာတော့ မိမိအခန်းကို နေထိုင်တာပဲဖြစ်ဖြစ် ၊ ထပ်အငှားချတာပဲဖြစ်ဖြစ် စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

◽️ကွန်ဒိုရဲ့ တည်နေရာကလဲ CBD Rama9 Area ထဲမှာမလို့ အချက်အချာကြသလို Rental Yield အနေနဲ့လဲ နှစ်စဥ်တက်နေတာကြောင့် ပြန်လည်အငှားချထားပြီး သေချာတဲ့ Passive Income ကောင်းတစ်ခုကို ရရှိနိုင်မှာပါ။

◽️ကိုယ်ကဘန်ကောက်မှာ Investment ကောင်းကောင်းတစ်ခုအတွက် Property တစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် Siamese Rama9 က အကောင်းဆုံး အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

◽️Rental Demand အတော်လေးများသလို အသစ်ဆောက်လုပ်နေတဲ့ MRT Orange Line ရဲ့ဘူတာနဲ့ 350m သာကွာဝေးမှာဖြစ်ပါတယ်။ ရထားလိုင်းကြီးက ၂၀၂၇ အကုန် ၂၀၂၈ မှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပြီးတော့ ရထားလိုင်းကြီး ပြီးစီးတဲ့အခါကျရင် စျေးတက်လာဦးမယ့်ကွန်ဒို ဖြစ်ပါတယ်။

✨ အခန်းပုံစံက High Ceiling Loft အခန်းကိုမှ Open-Well Layout နဲ့ မလို့ အလင်းရောင်ကောင်းကောင်းရပြီး CBD City View နဲ့ အကောင်းဆုံးနေထိုင်မှုကို ရရှိမှာဖြစ်ပါတယ်။

✨ Facilities တွေကိုလဲ Premium Facilities ကိုသာအသုံးပြုထားပြီးတော့ Sky Pool , Sky Bar , Sky Gym , Sky Jogging စသဖြင့် အကောင်းဆုံးနေထိုင်မှုရအောင် ပံ့ပိုးပေးထားပါတယ်။

📌 အခန်းအမျိုးအစားအနေနဲ့
◽️1 Bedroom - ( 36 ~ 45.5 Sqm )
◽️2 Bedroom - ( 57 ~ 63 Sqm )
ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

🌟 စျေးနှုန်းအနေနဲ့ ထိုင်းဘတ် ၅ သန်း ၊ မြန်မာငွေကျပ် သိန်း ၆၅၀၀၀ ၊ စင်ကာပူဒေါ်လာ ၂ သိန်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

✨ကိုယ်တိုင်ထိန်းသိမ်းစရာမလိုပဲ ဝင်ငွေတွေရနေမယ် ၊ အခန်းလဲပိုင်ဆိုင်ရမယ် ၊ သေချာတဲ့အမြတ်တစ်ခုဖြစ်တာမလို့ ဘန်ကောက်မှာ Property Investment အတွက် အကောင်းဆုံးအခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။

✨ Rental Contract , Payment Plan , Floor , Unit စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ Alpha LEO နဲ့ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါပြီ။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။




✨ ချင်းမိုင်မှာ မြန်မာငွေကျပ် သိန်း ၃၀၀၀ ဝန်းကျင်နဲ့ လုံးချင်းအိမ်တစ်လုံး ဝယ်ယူနိုင်ပါတယ် ❗️ချင်းမိုင်မှာ မိသားစုတွေနေထိ...
31/07/2026

✨ ချင်းမိုင်မှာ မြန်မာငွေကျပ် သိန်း ၃၀၀၀ ဝန်းကျင်နဲ့ လုံးချင်းအိမ်တစ်လုံး ဝယ်ယူနိုင်ပါတယ် ❗️

ချင်းမိုင်မှာ မိသားစုတွေနေထိုင်ဖို့အတွက် လုံးချင်းအိမ်တစ်လုံးရှာနေတယ်ဆိုရင် ကွန်ဒိုစျေးလောက်နဲ့ဝယ်ယူနိုင်မယ့် အိမ်လေးကို ပြပေးပါမယ်။

📍Location အနေနဲ့က ချင်းမိုင်ရဲ့ ဆိတ်ငြိမ်ရက်ကွက်လေးဖြစ်တဲ့ သရဖီရက်ကွက်လေးထဲမှာကိုမှ အဓိကကျတဲ့ Chiang Mai - Lamphun အဝေးပြေးလမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပါတယ်။
ဒီဧရိယာတဝိုက်မှာက အိမ်ရာတွေများပြီးတော့ နေ့စဥ်လိုအပ်ချက်တွေအတွက်လဲ အဆင်ပြေပါတယ်။ ၁၅ မိနစ်အတွင်းမှာ ဆေးရုံ ၊ ကျောင်း ၊ Shopping Mall အပြင် 🏌️‍♂️Golf Club တွေကိုပါ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

🌿တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အနားယူရင်းနေထိုင်မယ် ၊ သားသားမီးမီးတွေ ပညာရေးအတွက် အနီးနားမှာ ကျောင်းထားရင် နေထိုင်မယ်ဆိုရင် ရွေးချယ်သင့်တဲ့ အိမ်လေးဖြစ်ပါတယ်။

✨ ဒီအိမ်ယာလေးက Sap-Ing-Sith (Blue Title) နဲ့ ရရှိမှာမလို့ အိမ်ကိုစိတ်ကြိုက်ပြင်ဆင်တာ ၊ အမွေဆက်ခံနိုင်တာ ၊ ပြန်လည်အငှားချတာ ရောင်းချတာမျိုးတွေကို လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

🌟 စျေးနှုန်းအနေနဲ့ ကွန်ဒိုစျေးနှုန်းလောက်နဲ့ ရရှိမှာဖြစ်ပါတယ်။ ထိုင်းဘတ် ၂.၅ သန်း ၊ မြန်မာငွေကျပ်သိန်း ၃၀၀၀ ကျော် ၊ စင်ကာပူဒေါ်လာ ၁ သိန်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

🌟 စျေးတန်တန်နဲ့ ဝယ်ယူနိုင်မှာဖြစ်သလို Quality ကလဲ မနိမ့်တဲ့အနေအထားဖြစ်ပါတယ်။ Common Facilities တွေအစုံနဲ့ကိုမှ အိမ်ရဲ့ Design ပိုင်း ၊ Quality ပိုင်းကလဲ ထူးခြားပြီး စိတ်ချရပါတယ်။

🏡 အိမ်အမျိုးအစားအနေနဲ့က
▫️PRATO : 104 Sqm ( 2 Bed, 2 Bath, 2 Parking )
▫️LUCCA : 112 Sqm ( 3 Bed, 2 Bath, 2 Parking )
▫️PISA : 136 Sqm ( 3 Bed, 2 Bath, 2 Parking )
ဆိုပြီးရွေးချယ်ဝယ်ယူနိုင်ပါမယ်။

⬆️ Ready to Move!

📌 Payment Plan အနေနဲ့ကတော့ အရင်ဆုံး Booking Fee ဘတ် ၁ သိန်းနဲ့ ရက် ၃၀ အတွင်း 30% Down-Payment ပေးချေရပါမယ်။ ကျန် 70% ကိုတော့ ရက် ၆၀ အတွင်းမှာ ပေးချေပေးရပါမယ်။

Project Visit ကြည့်ချင်တယ်ဆိုရင်လဲ ချင်းမိုင်မှာရှိတဲ့ Alpha LEO Team ကအမြဲအဆင်သင့်ရှိနေတာမလို့ အခုပဲ Alpha LEO နဲ့ဆက်သွယ်လိုက်တော့နော်။

✅ Property ၀ယ်ယူခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် ၊ စျေးနှုန်း နဲ့ ၀ယ်ယူမှုလုပ်ငန်းစဥ်များကို AlphaLEO_Business မှ အစကနေ အဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ပေးနေပါတယ်။




#ချင်းမိုင်အိမ်ရာ #ချင်းမိုင်လုံးချင်း

ที่อยู่

Phra Khanong

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Alpha LEO - Business Corporate & Consultancy Firmผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์