AG-7 Trading Company Limited

AG-7 Trading Company Limited Rubber

16/11/2023
17.4.2023 မြန်မာနှစ်ဆန်း(၁)ရက်နေ့ AG-7 Trading Company Limited တွင် ပရိတ်တရားတော်ပူဇော်သောကြောင့် နတ်၊လူ၊သတ္တဝါအားလုံး ဿ...
17/04/2023

17.4.2023 မြန်မာနှစ်ဆန်း(၁)ရက်နေ့ AG-7 Trading Company Limited တွင် ပရိတ်တရားတော်ပူဇော်သောကြောင့် နတ်၊လူ၊သတ္တဝါအားလုံး ဿဓု အနုမောတနခေါ်စေသော်။

-7 AG Seven Trading

Thiha Maung

်ကရင်နှစ်သစ်ကူး နေ့ဘယ်နေ့လဲ။ကရင်နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန်အရ မြန်မာပြက္ခဒိန်အရ ပြာသိုလ်လဆန်းတစ်ရက်နေ့တွင် ကျင်းပသေ...
22/12/2022

်ကရင်နှစ်သစ်ကူး နေ့ဘယ်နေ့လဲ။

ကရင်နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန်အရ မြန်မာပြက္ခဒိန်အရ ပြာသိုလ်လဆန်းတစ်ရက်နေ့တွင် ကျင်းပသော အစိုးရရုံးပိတ်ရက်ဖြစ်သည်။ ဆိုလိုသည်မှာ အနောက်ပြက္ခဒိန်တွင် ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီတွင် ကျရောက်လေ့ရှိပြီး တစ်နှစ်တည်းတွင် လနှစ်လအတွင်း ဖြစ်ပေါ်နိုင်သည် သို့မဟုတ် အချို့နှစ်များတွင် လုံးဝမဖြစ်နိုင်ဟု ဆိုလိုသည်။

ကရင်နှစ်သစ်ကူး ဓလေ့

ကရင်နှစ်သစ်ကူးပွဲတော်သည် ကရင်လူမျိုးများကျင်းပသည့် အဓိကအားလပ်ရက်များထဲမှ တစ်ခုဖြစ်သည်။ ကရင် သို့မဟုတ် ကရင်ဟုလည်း ခေါ်ကြသည့် ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် တတိယမြောက် လူဦးရေအများဆုံး တိုင်းရင်းသားဖြစ်ပြီး လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်ရှိသည်။

အာရှအလယ်ပိုင်းမှ မူလအစ ကရင်လူမျိုးများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀ ခန့်က ယခု မြန်မာ (မြန်မာ) ဟု ခေါ်သည့်နေရာသို့ ရောက်ရှိခဲ့ကြသည်။

နှစ်သစ်တွင် ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကဲ့သို့သော အခြားဘာသာများကို လက်ခံကျင့်သုံးခဲ့ကြသော်လည်း ဤနှစ်သစ်သည် သဘာဝတွင် ဘာသာရေးထက် စိုက်ပျိုးမှုပိုမိုများပြားသည်။

စပါးရိတ်သိမ်းမှု မပြုမီတွင် ပြီးစီးသည်နှင့် ကရင်ရိုးရာ ဘာသာရေး ဓလေ့ထုံးစံအရ ကောက်ပဲသီးနှံသစ် စားသုံးရန် ပွဲတော်ကို ကျင်းပရမည်။

နောက်သီးနှံတစ်ခုစတင်မည့်ရက်ကို သတ်မှတ်ရမည့်အချိန်လည်းဖြစ်သည်။

ပုံမှန်အားဖြင့်၊ နှစ်၏ဤအချိန်သည် အိမ်အသစ်ဆောက်သည့်အခါတွင်လည်း ထုံးစံအတိုင်း အိမ်အသစ်တစ်ခုပြီးမြောက်အောင် ကျင်းပလေ့ရှိသည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံတွင် 1938 ခုနှစ်တွင် စတင်ကျင်းပခဲ့သော်လည်း 2009 ခုနှစ်မှစတင်၍ အများပြည်သူအားလပ်ရက်အဖြစ် ဗြိတိသျှအစိုးရမှ ကရင်အမျိုးသားနေ့ကို တွန်းအားပေးဆောင်ရွက်ခဲ့ကြသော ကရင်လူမျိုးများအား နှစ်သိမ့်စေသော နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပါသည်။

ကရင်နှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံရှိ ကရင်လူမျိုးများ၏ တမူထူးခြားသော ယဉ်ကျေးမှု လက္ခဏာများ မြောက်မြားစွာ ပါဝင်ဆင်နွှဲနိုင်သည့် အရေးပါသော အချိန်ဖြစ်သည်။ နှစ်သစ်ရောက်တာနဲ့အမျှ ကရင်တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ စာပေပွဲတော်တွေကို ကရင်ရိုးရာ ဟွန်းသံ၊ ဗုံသံတွေ ကြားနေရပေမယ့် ကရင်တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေတွေကို အဓိကထား ကျင်းပကြပါတယ်။

အကပြိုင်ပွဲနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများကို ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။

နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများကလည်း ကမ္ဘာတဝှမ်းတွင် ကျင်းပကြသည်။

ဝါခေါင်လပြည့်နေ့ ဥပုသ်ဆွမ်း အလှူလေးကို ကျွန်တော်တို့နှင့်အတူ ကုသိုလ် ထပ်တူယူနိုင်ကြပါစေ။ ဿာဓု ဿာဓု ဿာဓု အနုမောတနခေါ်ဆိုန...
11/08/2022

ဝါခေါင်လပြည့်နေ့ ဥပုသ်ဆွမ်း အလှူလေးကို ကျွန်တော်တို့နှင့်အတူ ကုသိုလ် ထပ်တူယူနိုင်ကြပါစေ။ ဿာဓု ဿာဓု ဿာဓု အနုမောတနခေါ်ဆိုနိုင်ကြပါစေခင်ဗျား။

ကျေးဇူးရှင် တောင်သူဦးကြီးများ မင်္ဂလာနေ့မြတ်မှာ စီးပွားရေး လာဘ်လာဘများ တိုးတက်ကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးရင်း ကျွ...
08/06/2022

ကျေးဇူးရှင် တောင်သူဦးကြီးများ မင်္ဂလာနေ့မြတ်မှာ စီးပွားရေး လာဘ်လာဘများ တိုးတက်ကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးရင်း ကျွန်တော်တို့ကုမ္ပဏီ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျား။

16/01/2022

ပြာသိုလပြည့် အမေများနေ့ကိုဂုဏ်ပြုပါသည်။

ရာဘာခြံငယ်ရှင်များဗဟုသုတရစေရန် မှိုင်းခံရာဘာအတန်းအစားများအကြောင်းအားလုံးမင်္ဂလာပါဒီနေ့ ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတ...
15/12/2021

ရာဘာခြံငယ်ရှင်များဗဟုသုတရစေရန် မှိုင်းခံရာဘာအတန်းအစားများအကြောင်း

အားလုံးမင်္ဂလာပါ

ဒီနေ့ ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာခြံငယ်ရှင်များဗဟုသုတရစေမဲ့ မှိုင်းခံ ရာဘာအတန်းအစားများဖြစ်တဲ့ RSS-1, RSS-2, RSS-3, RSS-4, RSS-5 နဲ့ပက်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။

၂၀၂၀ မှတ်တမ်းမျာအရ ကမ္ဘာမှာ ရာဘာကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် အဓိကနိုင်ငံပေါင်း (၁၅) နိုင်ငံရှိပြီး အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပါသည်။ ဒုတိယတင်ပို့ ရောင်းချသည့်နိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံကတော့ အမှတ်စဉ် (၈) တွင်တည်ရှိနေပါသည်။

ရာဘာကိုအဓိကအများဆုံး ဝယ်ယူတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။
မှိုင်းခံရာဘာပြားများနှင့်ပက်သက်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ သတ်မှတ်ချက်များ အနည်းငယ် ကွာဟချက်များမှလွဲ၍ အဓိကအခြေခံအချက်များကတော့ အတူတူပင်ဖြစ်ပါသည်။ ဝယ်ယူသူ၏ လိုအပ်ချက်နှင့်အညီ သတ်မှတ်ချက်များအပေါ် အခြေခံပြီးလည်း ရောင်းဝယ် ကြပါသည်။

အောက်တွင်ဖော်ပြထားသော သတ်မှတ်ချက်များသည် မှိုင်းခံရာဘာပြား အဆင့် ၁ မှ ၅ အထိ စံသတ်မှတ်ချက်များဖြစ်ကာ မလေးရှားနိုင်ငံထုတ် Rubber Plantation and Processing Technologies စာအုပ်မှ International Rubber Quality and Packing Conference (IRQPC) စံနှုန်းသတ်မှတ်ချက်ကို အခြေခံပြီး ဘာသာပြန်ဆိုထားပါသည်။

မှိုင်းခံရာဘာအဆင့် (၁) RSS-1

(၁) ရော်ဘာပြားသည် ‌ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု ၊အခေါက်အစအန ၊ သဲ ၊ အမှိုက်၊ မှို၊ ဖေါင်းကြွအဖု၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး၊ အမည်းကွက်၊ အစွန်းအပြောက်ငယ် ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေးများ ပြန့်ကျဲပါဝင်နေခြင်းကို လက်ခံနိုင်ပါသည်။

မှိုင်းခံရာဘာအဆင့် (၂) RSS-2

(၁) ရော်ဘာပြားသည် ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီ
ရပါမည်၊
(၂) ရော်ဘာပြားသည် မီးလောင်ဖု ၊အခေါက်အစအန ၊ သဲ၊ ၊ အမှိုက်၊ မှို၊ ဖောင်းကြွဖု ၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး၊ အမည်းကွက် ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေးနှင့် အစွန်းအပြောက်ငယ် အနည်းငယ်ပါဝင်မှု
ကို လက်ခံနိုင်ပါသည်။

မှိုင်းခံရော်ဘာအဆင့် (၃) RSS-3

(၁) ရော်ဘာပြားသည် ခြောက်သွေ့ သန့်ရှင်း ခိုင်ခန့်၍ အရောင်ကြည်လင်ပြီး မှိုင်းကျက်ညီ
ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ သဲ၊ ၊ အမှိုက်၊ မှို၊ ဖောင်းကြွအဖု၊ လေပူပေါင်း၊ အစွန်းအထင်း၊ သံချေး ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော၊ မှိုင်းကျက်လွန်သော၊ စေးကပ်သော၊ အရောင်မကြည်လင်သော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေး၊ အစွန်းအပြောက်ငယ်နှင့် အမည်းကွက် အနည်းငယ်ပါဝင်မှုကို လက်ခံနိုင်ပါသည်။

မှိုင်းခံရော်ဘာအဆင့်(၄) RSS-4

(၁) ရော်ဘာပြားသည် ခြောက်သွေ့ပြီး မှိုင်းကျက်ညီ ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ အခေါက်အစအန ၊သဲ၊ အမှိုက်၊ မှို၊ ဖောင်းကြွအဖု နှင့် လေပူပေါင်း ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော၊ မှိုင်းကျက်မညီသော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်းငယ်လေး၊ အစွန်းအပြောက်ငယ်၊ အမည်းကွက်၊ အစွန်းအထင်း၊ သံချေး၊ အရောင်မကြည်လင်ခြင်း၊ အနည်းငယ် စေးကပ်ခြင်းနှင့် မှိုင်းကျက် လွန်ခြင်းကို လက်ခံနိုင်ပါသည်။

မှိုင်းခံရော်ဘာအဆင့်(၅) RSS-5

(၁) ရော်ဘာပြားသည် ခြောက်သွေ့ပြီး မှိုင်းကျက်ညီ ရပါမည်။
(၂) ရော်ဘာပြားသည် မီးလောင်ဖု၊ သဲ၊ အခေါက်အစန ၊ အမှိုက်နှင့် မှို ကင်းစင်ရပါမည်။
(၃) မီးလောင်ကျွမ်းသော ရော်ဘာပြား မဖြစ်ရပါ။
(၄) အပ်ခေါင်းအရွယ် လေပူပေါင်း၊ အစွန်းအပြောက်ငယ်၊ အမည်းကွက်၊ အစွန်းအထင်း၊ သံချေး၊ လေပူပေါင်း၊ ဖောင်းကြွအဖု ၊ အရောင်မကြည်လင်ခြင်း၊ အနည်းငယ် စေးကပ်ခြင်း၊ မှိုင်းကျက်လွန်ခြင်းနှင့် အနည်းငယ် အကျက်မညီခြင်းကို လက်ခံနိုင်ပါသည်။

ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။ တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။

ရာဘာမိသားစုဝင်များအားလုံး ကျန်းမာချမ်းသာ၍ စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း

ထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉ ၂၆၃၆၅၄၈၂၇)
ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉၇၆၇၄၈၇၂၂၅)

ထွက်တိုး ဒေါင်းလုပ်ရယူရန် - www.bit.ly/fbhtwettoe

အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

၁၅.၁၁.၂၀၂၁ ရက်နေ့တွင် တနင်္သါရီမြို မုတ်ဆိတ်ကွင်းကျေးရွာရှိ ဓမ္မသိင်္ဂီကျောင်းတိုက်၌တတိယအကြိမ်ကျွန်တော်တို့ကုမ္ပဏီမှ ကထိ...
15/11/2021

၁၅.၁၁.၂၀၂၁ ရက်နေ့တွင် တနင်္သါရီမြို မုတ်ဆိတ်ကွင်းကျေးရွာရှိ ဓမ္မသိင်္ဂီကျောင်းတိုက်၌
တတိယအကြိမ်ကျွန်တော်တို့ကုမ္ပဏီမှ ကထိန်ခင်းအလှူတော်မင်္ဂလာပွဲကို အောင်မြင်စွာကျင်းပပြီးအောင်မြင်ပါသောကြောင့် မိတ်ဆွေများဖြစ်ကြသော တောင်သူဦးကြီးများ နှင့်တကွ နတ်၊လူ၊သတ္တဝါများအားလုံး ဿာဓုအနုမောဓနသာရ ခေါ်ဆိုနိုင်ကြပါစေခင်ဗျား။

ဒုတိယအကြိမ်ကထိန်အလှူတော်မင်္ဂလာကိုအောင်မြင်ပြီးမြောက်သောကြောင့်နတ်၊လူ၊သတ္တဝါများအားလုံးဿာဓုအနုမောဓနသာရခေါ်ဆိုနိုင်စေကြော...
05/11/2021

ဒုတိယအကြိမ်ကထိန်အလှူတော်မင်္ဂလာကိုအောင်မြင်ပြီးမြောက်သောကြောင့်နတ်၊လူ၊သတ္တဝါများအားလုံးဿာဓုအနုမောဓနသာရခေါ်ဆိုနိုင်စေကြောင်း မျှဝေလိုက်ပါတယ်ခင်ဗျား။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ...
20/10/2021

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

Source - wikipedia.org

20.10.2021 သီတင်းကျွတ် လပြည့်နေ့တွင် ဥပုတ်ဆွမ်းတစ်နေ့တာ အလှူရေစက်ချတရားတော် အောင်မြင်စွာ လှူတမ်းခဲ့ပါတယ်ခင်ဗျား။ နတ်၊လူ ...
20/10/2021

20.10.2021 သီတင်းကျွတ် လပြည့်နေ့တွင် ဥပုတ်ဆွမ်းတစ်နေ့တာ အလှူရေစက်ချတရားတော် အောင်မြင်စွာ လှူတမ်းခဲ့ပါတယ်ခင်ဗျား။ နတ်၊လူ အားလုံး ဿာဓု အနုမောတရ ခေါ်ဆိုနိုင်ကြပါစေခင်ဗျား။

19/10/2021

ရာဘာအပေါင်းအသင်းတစ်ယောက်က နေလှမ်းပြားတွေဆိုပီး တလွဲဆံပင်ကောင်း
နေကြတာကို ဆွေးနွေးပေးပါလို့ ဆိုဖူးတယ်
တကယ်တော့ လေသလပ်ပြား (air dry sheet) ပဲဖြစ်ရမှာပါ နေတိုက်ရိုက်မထိပဲ
အရိပ်ရပီးလေဝင်လေထွက်ကောင်းတဲ့
နေရာမှာ ရေစစ်ပီး သဘာဝအတိုင်း သွေ့ခြောက်သွားစေတာပါ
သည်လိုတစ်ရက်နှစ်ရက် ရထားတာကို
နေရာကျယ်ကျယ် အမိုးအကာအောက်မှာ
ဆက်ထားပေးနိုင်ရင် အဆင့်ရှိ အရောင်အသွေးလှတဲ့ ရာဘာပြားများရပါမယ်
နေရောင်တိုက်ရိုက်ပေးထိရင် စေးကပ်မယ်
အရောင်ပျက်မယ် oxidized ဖြစ်ပီး မဲတတ်ပါတယ်
ခြံကြီးတွေကတော့ ဘယ်လိုဖြစ်ဖြစ်
မှိုင်းရုံထဲမသွင်းခင် dripping shed မှာ ရေစစ်ပီး လေသလပ် သွေ့စေရပါမယ်
ခြံငယ်လေးတွေကတော့ နေလှမ်းပြားမဟုတ်
လေသလပ်ပြားဖြစ်အောင် အရိပ်ထဲမှာ
လှမ်းပေးစေလိုပါတယ် ရက်(၂၀) လောက်တော့ စိတ်ရှည်ရပါမယ် ခင်ဗျာ
ကျေးဇူးရှင်တောင်သူဦးကြီးများ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ

ที่อยู่

Ranong
85000

เบอร์โทรศัพท์

+959450753408

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ AG-7 Trading Company Limitedผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์