စီးပြားေရးအခြင့္အလမ္းေကာင္းမ်ား

စီးပြားေရးအခြင့္အလမ္းေကာင္းမ်ား ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก စီးပြားေရးအခြင့္အလမ္းေကာင္းမ်ား, บริการอุปกรณ์เกี่ยวกับธุรกิจ, สมุทรปราการ, Samut Prakan.

18/02/2023
ကြၽန္ေတာ္တို႔ေနထိုင္တဲ့ကမၻာေပၚမွာ ႏွစ္ေတြေျပာင္းလဲလာတာနဲ႕အမွ် နည္းပညာေတြလည္း ဖြံ႕ၿဖိဳးတိုးတက္လာပါတယ္။ နည္းပညာတစ္ခုတည္းသာ...
17/02/2023

ကြၽန္ေတာ္တို႔ေနထိုင္တဲ့ကမၻာေပၚမွာ ႏွစ္ေတြေျပာင္းလဲလာတာနဲ႕အမွ် နည္းပညာေတြလည္း ဖြံ႕ၿဖိဳးတိုးတက္လာပါတယ္။ နည္းပညာတစ္ခုတည္းသာမကပဲ ပညာေရးနဲ႕အလုပ္အကိုင္အခြင့္အလမ္းေတြ၊ လူမႈေရးနဲ႕စီးပြားေရးက႑နယ္ပယ္အသီးသီးဟာလည္း လူငယ္ေတြကို စိန္ေခၚမႈအသစ္ေတြနဲ႕ ႀကိဳဆိုလ်က္ရွိပါတယ္။ ဒီအေျပာင္းအလဲေတြကို အမွီလိုက္နိုင္ဖို႔အတြက္ လိုအပ္တဲ့အရည္အေသြးေတြ၊ Skills Set ေတြနဲ႕အတူ အသင့္ျပင္ဆင္ထားဖို႔လည္း လိုအပ္ပါတယ္။ အထူးသျဖင့္ ဘြဲ႕ရၿပီးတာနဲ႕ လုပ္ငန္းခြင္ဝင္ဖို႔စဥ္းစားေနတဲ့ လူငယ္ေတြအေနနဲ႕ ကိုယ့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကိုအေရာက္သြားဖို႔ဆိုရင္ ျပင္ဆင္မႈေတြအမ်ားႀကီးလိုအပ္ပါတယ္။ ဒီအေၾကာင္းအရာနဲ႕ပတ္သက္ၿပီး ေကာင္းမြန္တဲ့အလုပ္အကိုင္လမ္းေၾကာင္းေပၚသြားတဲ့ေနရာမွာ အေထာက္အကူရေစနိုင္ဖို႔ ေအာက္မွာေဖာ္ျပထားတဲ့အႀကံေပးခ်က္ေလးေတြကိုဆက္ၿပီးဖတ္ၾကည့္ေပးပါဦး...

၁။ Find your passion

ဘာကိုမွစမလုပ္ခင္ အရင္ဆုံးအေျဖရွာရမွာတစ္ခုက ကိုယ္ဘယ္အရာကိုတကယ္ဝါသနာပါလဲ၊ ဘာလုပ္ခ်င္တာလဲ၊ ဘာျဖစ္ခ်င္တာလဲဆိုတာပါပဲ။ ဥပမာ ကိုယ္ကသြက္သြက္လက္လက္ေနတတ္ၿပီး စကားေျပာေကာင္းတဲ့သူ၊ ေဖာ္ေ႐ြတတ္တဲ့သူဆိုရင္ ေန႕စဥ္လူအမ်ားနဲ႕ေျပာဆိုဆက္ဆံရျခင္းမ်ိဳးမရွိတဲ့အလုပ္မ်ိဳးကိုေ႐ြးမိတဲ့အခါ ေရရွည္မွာ ဘယ္နည္းနဲ႕မွေပ်ာ္နိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္အခ်ိန္တစ္ခုေပးၿပီး ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကိုခ်မွတ္ဖို႔ရာ အရင္ဆုံးႀကိဳးစားသင့္ပါတယ္။ ခ်က္ခ်င္းႀကီးကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာ မသိနိုင္ေသးဘူးဆိုလည္း စိတ္ဓာတ္က်ရာမလိုပါဘူး။ လုပ္ရင္းနဲ႕ဝါသနာပါသြားတာမ်ိဳးလည္းျဖစ္နိုင္တဲ့အတြက္ ဒီတိုင္းထိုင္မေနဘဲ တစ္ခုခုကို စလုပ္ၾကည့္ဖို႔ေတာ့အႀကံေပးခ်င္ပါတယ္။

၂။ Know your limit

ကိုယ္ရဲ႕လုပ္နိုင္စြမ္းအားကို အၿမဲဆန္းစစ္ပါ။ တစ္ခါတစ္ေလက်ရင္ ကိုယ္က ၁၀ ေလာက္ပဲလုပ္နိုင္မယ္လို႔ ထင္ထားေပမယ့္ တကယ္တမ္းမျဖစ္မေနလုပ္ရတဲ့အခါ ၉၀၊ ၁၀၀ ေလာက္ထိလည္း လုပ္နိုင္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါေၾကာင့္ မျဖစ္နိုင္ပါဘူးေလ ဆိုၿပီး စိတ္ေလွ်ာ့လိုက္မယ့္အစား အနည္းဆုံး တစ္ေခါက္ေလာက္ေတာ့ Try ၾကည့္သင့္ပါတယ္။ သတိထားရမွာတစ္ခုက အခြင့္အေရးေတြေပၚလာတဲ့အခါတိုင္း ကိုယ္ဒီတစ္ေခါက္ Reject ျဖစ္သြားခဲ့ရင္ ေနာက္ထပ္တစ္ေခါက္ထပ္ႀကိဳးစားတဲ့အခါ ကိုယ္ဘယ္ေနရာမွားေနလဲ၊ လိုအပ္ေနလဲဆိုတာေတြရွာၿပီး ပထမတစ္ေခါက္ထက္ပိုေကာင္းေအာင္ျပင္ဆင္ၿပီးမွ Try သင့္ပါတယ္။

၃။ Keep learning and developing

ကိုယ္ကဘယ္ေလာက္ပဲ စိတ္အားထက္သန္ေနသည္ျဖစ္ပါေစ၊ ကိုယ္မကြၽမ္းက်င္တဲ့နယ္ပယ္တစ္ခုကိုဝင္ဖို႔ စဥ္းစားတဲ့အခါ ပထမဆုံးလုပ္ရမယ့္အလုပ္က သင္ယူဖို႔ပဲျဖစ္ပါတယ္။ တစ္ရက္ထက္တစ္ရက္၊ တစ္ႏွစ္ထက္ တစ္ႏွစ္ ကိုယ္ဘယ္ေလာက္ထိ Absorb လုပ္နိုင္သလဲဆိုတာေပၚမူတည္ၿပီး အခြင့္အေရးေတြကလည္းကြာသြားပါတယ္။ ဒီေန႕ေခတ္မွာဆိုရင္ ပိုက္ဆံမကုန္ပဲသင္လို႔ရတဲ့နည္းေတြ အမ်ားႀကီးပဲရွိေနပါၿပီ။ ဖုန္းထဲမွာအင္တာနက္ရွိ႐ုံနဲ႕ YouTube မွာ၊ Facebook မွာ၊ Google မွာစသျဖင့္ လူေပါင္းမ်ားစြာက အေၾကာင္းအရာမ်ားစြာကို သူတို႔ရဲ႕ အေတြ႕အႀကဳံေတြအရ Sharing လုပ္ေပးထားတာေတြကို ရွာေဖြၾကည့္လို႔ရပါတယ္။

၄။ Be consistent

တစ္ခုကို စမ္းလုပ္ၾကည့္လိုက္တယ္။ မျဖစ္ဘူး။ လက္ေလွ်ာ့ၿပီးေနာက္ထပ္တစ္ခုထပ္လုပ္ၾကည့္တယ္။ မျဖစ္လာျပန္ဘူး။ အဲဒီလိုကိစၥေတြဟာ လူတိုင္းနီးပါးေလာက္ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။ ကိုယ္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ဘာျဖစ္လို႔လူအမ်ားစုကေနာက္မွာက်န္ခဲ့ၿပီး အနည္းစုကသာ ေအာင္ေအာင္ျမင္ျမင္နဲ႕ ေရွ႕ကိုဆက္သြားနိုင္တာလဲဆိုရင္ သူတို႔ကလြယ္လြယ္နဲ႕လက္မေလွ်ာ့လို႔ပါ။ အဲဒီတစ္ခုဆိုရင္တစ္ခုကို ျဖစ္ေအာင္ လုပ္ခ်င္တဲ့စိတ္၊ ဇြဲမေလွ်ာ့တဲ့စိတ္၊ မေျပာင္းလဲတဲ့စိတ္တစ္ခုက သူတို႔ကိုတျခားသူေတြကေန ကြဲျပားေနေစတာ ျဖစ္ပါတယ္။

အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကို ႀကိဳၿပီးစဥ္းစားထားမယ္၊ ျပင္ဆင္ထားမယ္ဆိုရင္ အလုပ္အကိုင္ အခြင့္အလမ္းအတြက္သာမက တျခားေသာကိစၥေတြကို ေဆာင္႐ြက္တဲ့ေနရာမွာလည္း ပိုၿပီး လြယ္ကူစြာနဲ႕ေအာင္ျမင္နိုင္တာကို ေသခ်ာေပါက္ႀကဳံေတြ႕ရမွာျဖစ္ပါတယ္။

UniCoad

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ နည်းပညာတွေလည်း ဖွံ့ဖြိုးတိုးတက်လာပါတယ်။ နည်းပညာတစ်ခုတည်းသာမကပဲ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမှုရေးနဲ့စီးပွားရေးကဏ္ဍနယ်ပယ်အသီးသီးဟာလည်း လူငယ်တွေကို စိန်ခေါ်မှုအသစ်တွေနဲ့ ကြိုဆိုလျက်ရှိပါတယ်။ ဒီအပြောင်းအလဲတွေကို အမှီလိုက်နိုင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေ၊ Skills Set တွေနဲ့အတူ အသင့်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့စဉ်းစားနေတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုအရောက်သွားဖို့ဆိုရင် ပြင်ဆင်မှုတွေအများကြီးလိုအပ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အလုပ်အကိုင်လမ်းကြောင်းပေါ်သွားတဲ့နေရာမှာ အထောက်အကူရစေနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့အကြံပေးချက်လေးတွေကိုဆက်ပြီးဖတ်ကြည့်ပေးပါဦး...

၁။ Find your passion
ဘာကိုမှစမလုပ်ခင် အရင်ဆုံးအဖြေရှာရမှာတစ်ခုက ကိုယ်ဘယ်အရာကိုတကယ်ဝါသနာပါလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာပါပဲ။ ဥပမာ ကိုယ်ကသွက်သွက်လက်လက်နေတတ်ပြီး စကားပြောကောင်းတဲ့သူ၊ ဖော်ရွေတတ်တဲ့သူဆိုရင် နေ့စဉ်လူအများနဲ့ပြောဆိုဆက်ဆံရခြင်းမျိုးမရှိတဲ့အလုပ်မျိုးကိုရွေးမိတဲ့အခါ ရေရှည်မှာ ဘယ်နည်းနဲ့မှပျော်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အချိန်တစ်ခုပေးပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုချမှတ်ဖို့ရာ အရင်ဆုံးကြိုးစားသင့်ပါတယ်။ ချက်ချင်းကြီးကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မသိနိုင်သေးဘူးဆိုလည်း စိတ်ဓာတ်ကျရာမလိုပါဘူး။ လုပ်ရင်းနဲ့ဝါသနာပါသွားတာမျိုးလည်းဖြစ်နိုင်တဲ့အတွက် ဒီတိုင်းထိုင်မနေဘဲ တစ်ခုခုကို စလုပ်ကြည့်ဖို့တော့အကြံပေးချင်ပါတယ်။

၂။ Know your limit
ကိုယ်ရဲ့လုပ်နိုင်စွမ်းအားကို အမြဲဆန်းစစ်ပါ။ တစ်ခါတစ်လေကျရင် ကိုယ်က ၁၀ လောက်ပဲလုပ်နိုင်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်းမဖြစ်မနေလုပ်ရတဲ့အခါ ၉၀၊ ၁၀၀ လောက်ထိလည်း လုပ်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် “မဖြစ်နိုင်ပါဘူးလေ” ဆိုပြီး စိတ်လျှော့လိုက်မယ့်အစား အနည်းဆုံး တစ်ခေါက်လောက်တော့ Try ကြည့်သင့်ပါတယ်။ သတိထားရမှာတစ်ခုက အခွင့်အရေးတွေပေါ်လာတဲ့အခါတိုင်း ကိုယ်ဒီတစ်ခေါက် Reject ဖြစ်သွားခဲ့ရင် နောက်ထပ်တစ်ခေါက်ထပ်ကြိုးစားတဲ့အခါ ကိုယ်ဘယ်နေရာမှားနေလဲ၊ လိုအပ်နေလဲဆိုတာတွေရှာပြီး ပထမတစ်ခေါက်ထက်ပိုကောင်းအောင်ပြင်ဆင်ပြီးမှ Try သင့်ပါတယ်။

၃။ Keep learning and developing
ကိုယ်ကဘယ်လောက်ပဲ စိတ်အားထက်သန်နေသည်ဖြစ်ပါစေ၊ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုကိုဝင်ဖို့ စဉ်းစားတဲ့အခါ ပထမဆုံးလုပ်ရမယ့်အလုပ်က သင်ယူဖို့ပဲဖြစ်ပါတယ်။ တစ်ရက်ထက်တစ်ရက်၊ တစ်နှစ်ထက် တစ်နှစ် ကိုယ်ဘယ်လောက်ထိ Absorb လုပ်နိုင်သလဲဆိုတာပေါ်မူတည်ပြီး အခွင့်အရေးတွေကလည်းကွာသွားပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် ပိုက်ဆံမကုန်ပဲသင်လို့ရတဲ့နည်းတွေ အများကြီးပဲရှိနေပါပြီ။ ဖုန်းထဲမှာအင်တာနက်ရှိရုံနဲ့ YouTube မှာ၊ Facebook မှာ၊ Google မှာစသဖြင့် လူပေါင်းများစွာက အကြောင်းအရာများစွာကို သူတို့ရဲ့ အတွေ့အကြုံတွေအရ Sharing လုပ်ပေးထားတာတွေကို ရှာဖွေကြည့်လို့ရပါတယ်။

၄။ Be consistent
တစ်ခုကို စမ်းလုပ်ကြည့်လိုက်တယ်။ မဖြစ်ဘူး။ လက်လျှော့ပြီးနောက်ထပ်တစ်ခုထပ်လုပ်ကြည့်တယ်။ မဖြစ်လာပြန်ဘူး။ အဲဒီလိုကိစ္စတွေဟာ လူတိုင်းနီးပါးလောက် ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့လူအများစုကနောက်မှာကျန်ခဲ့ပြီး အနည်းစုကသာ အောင်အောင်မြင်မြင်နဲ့ ရှေ့ကိုဆက်သွားနိုင်တာလဲဆိုရင် သူတို့ကလွယ်လွယ်နဲ့လက်မလျှော့လို့ပါ။ အဲဒီတစ်ခုဆိုရင်တစ်ခုကို ဖြစ်အောင် လုပ်ချင်တဲ့စိတ်၊ ဇွဲမလျှော့တဲ့စိတ်၊ မပြောင်းလဲတဲ့စိတ်တစ်ခုက သူတို့ကိုတခြားသူတွေကနေ ကွဲပြားနေစေတာ ဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကို ကြိုပြီးစဉ်းစားထားမယ်၊ ပြင်ဆင်ထားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းအတွက်သာမက တခြားသောကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာလည်း ပိုပြီး လွယ်ကူစွာနဲ့အောင်မြင်နိုင်တာကို သေချာပေါက်ကြုံတွေ့ရမှာဖြစ်ပါတယ်။

Success.............ေအာင္ျမင္မႈလမ္းေပၚ ေလွၽာက္လွမ္းေနသူေတြရဲ႕ဘဝဟာဘယ္ေတာ့မွမေခ်ာေမြ႔ၾကဘူးဆိုေပမဲ့ေအာင္ျမင္ခ်င္ၾကေတာ့လည္းအ...
27/10/2020

Success.............

ေအာင္ျမင္မႈလမ္းေပၚ ေလွၽာက္လွမ္းေနသူေတြရဲ႕
ဘဝဟာဘယ္ေတာ့မွမေခ်ာေမြ႔ၾကဘူးဆိုေပမဲ့
ေအာင္ျမင္ခ်င္ၾကေတာ့လည္းအ႐ႈံးမေပးႏိုင္ဘူး​ေလ

​တစ္ခ်ိန္က်ရင္ေအာင္ျမင္မွဳရဲ႕ေႂကြးေၾကာ္သံနဲ႔
ကမၻာေျမျပင္ကို ကိုင္လႈပ္ပစ္မယ္
ပတ္ဝန္းက်င္က ကဲ့ရဲ႕ေဝဖန္သူတိုင္း
ေအာင္ျမင္မႈေႂကြးေၾကာ္သံနဲ႔"ဆြံ႕အ"သြားေစရမယ္

ငါေမြးဖြားလာတာဆင္းရဲဖို႔မဟုတ္ဘူး
ငါေမြးဖြားလာတာ သူမ်ားေန႔စားအလုပ္လုပ္ဖို႔မဟုတ္ဘူး
ငါေမြးဖြားလာတာအက်ိဳးမဲ့သက္သက္မဟုတ္ဘူး

သူလည္းလုပ္ႏိုင္တယ္ ငါလည္းလုပ္ႏိုင္တယ္
မင္းလည္းလုပ္ႏိုင္ရမယ္ မင္းေတြေဝမေနနဲ႔
အခုခ်က္ခ်င္းငါ့ဆက္သြယ္လာၿပီး
အခုခ်က္ခ်င္းထလုပ္လိုက္

07/05/2020
 #စိတ္ထားေလးေတြျပင္လိုက္ၾကရေအာင္ယခုတင္​ျပသည္​့ အရည္​အခ်င္​း ၃ ရပ္​ရွိမွသာခ်မ္​းသာႏုိင္​မည္​ ျဖစ္​ပါတယ္​။၁။ ေငြရွာကြၽမ္​း...
06/05/2020

#စိတ္ထားေလးေတြျပင္လိုက္ၾကရေအာင္

ယခုတင္​ျပသည္​့ အရည္​အခ်င္​း ၃ ရပ္​ရွိမွသာ
ခ်မ္​းသာႏုိင္​မည္​ ျဖစ္​ပါတယ္​။

၁။ ေငြရွာကြၽမ္​းက်င္​ရမည္​။ ✅
၂။ ေငြစုတတ္​ရမည္​။✅
၃။ ရင္​းႏွီးတတ္​ရမည္​။✅

ပထမဆုံး ေျပာခ်င္​တဲ့အခ်က္​က ေငြစုျခင္​းပါ။
ဘာေၾကာင္​့ ေငြစုရတဲ့ အေၾကာင္​းရင္​း ေျပာရတာလဲ ဆုိေတာ့။

အကယ္​၍
ေငြဘယ္​ေလာက္​ပဲ ကြၽမ္​းက်င္​စြာ ရွာႏုိင္​ပါေစ။
ေငြဘယ္​ေလာက္​ပဲ ၀င္​ပါေစ။
ေငြေတြ စုမထားႏုိင္​ရင္​ = ေငြမက်န္​
ေငြမက်န္​ေတာ့ = အရင္​းအႏွီးလဲ လုပ္​စရာမရွိ။

👉လူတုိင္​း အလုပ္​စလုပ္​ၾကတယ္​။
👉လစာ ေတြလဲ တေျဖးေျဖးတုိးလာမယ္​၊
👉ေနာက္​ကေန အၿမဲတမ္​းလုိက္​တုိးေနတဲ့
အရာတစ္​ခုက အသုံးစရိတ္​ေတြပါပဲ။

လစာတုိးလာေတာ့
လူေနမႈပုံစံ(life style)ကုိ ျမင့္တင္​လုိက္​တယ္​၊😎
၀င္​ေငြနဲ႔အညီ လုိက္​ၿပီးေျပာင္​းလဲတယ္​။
မွားယြင္​းပါတယ္​။😢

လူတုိင္​းနည္​းပါး ျဖစ္​ေနသည္​့ ျပသနာပါ။😢
စာေရးသူကုိယ္​တုိင္​လဲ ျဖစ္​ဖူးပါတယ္​။😢

😍ယခုေခတ္​ အသုံးအေဆာင္​မ်ား၊
😍ပစၥည္​းမ်ားစြာကလဲ မက္​ေမာစရာေတြပါ။
😍ေနရာတုိင္​းမွာလဲ ေၾကာ္​ညာေတြခ်ီးပဲ၊
😍တစ္​မ်ဳိးၿပီးတမ်ဳိး မရုိးႏုိင္​ေအာင္​
😍ေၾကာ္​ညာေတြ
ခဏခဏေတြ႕ပါမ်ားလာေတာ့။

ဦးေႏွာက္​ရဲ႕ အေတြးအေခၚလဲေျပာင္​း၊
ကုိယ္​ပဲ အဲ့ဒီအရာကုိ မရွိမျဖစ္​
လုိအပ္​ေနသလုိလုိ၊😰
အဲ့ဒီ အသုံးအေဆာင္​ကုိ သုံးႏုိင္​မွ၊😰
အဲ့ဒီ အရာကုိ ရွိမွ၊ ဆုိသည္​့
စိတ္​ေတြေပၚေပါက္​လာတယ္​၊😰

ဒီလုိ လုိခ်င္​တပ္​မက္​မႈက
👉ေငြမၿမဲေစ၊
👉ေငြကုန္​သြားေစတဲ့ အေၾကာင္​းရင္းပါ၊
👉စိတ္​ခုိင္​မာဖုိ႔ လုိအပ္​ပါတယ္​။

အေရးႀကီးဆုံး အခ်က္​(၃)ခ်က္​။
၁။ ကုိယ္​့ကုိ သူမ်ားနဲ႔ မႏႈိင္​းယွဥ္​ပါနဲ႔။✅
၂။ လုိခ်င္​တပ္​မက္​မႈကုိ ပယ္​ထားပါ။✅
၃။ လစာတုိးလာေပမဲ့
လူေနမႈပုံစံ၊ အသုံးအေဆာင္​ေတြကုိ
မေျပာင္​းလဲပဲ ဘ၀ကုိ အရင္​အတုိင္​းပဲ
ဆက္​လက္​ျဖတ္​သန္​းသြားပါ။✅

ေငြသုံးတာ မေလာက္​ဘူးေတြ၊ ဘာေတြ မေျပာပါနဲ႔။

လူဆုိတဲ့ အမ်ဳိးက ၀င္​ေငြနည္​းသည္​ျဖစ္​ေစ၊
မ်ားသည္​ျဖစ္​ေစ၊ ေငြဘယ္​ေလာက္​ရွိရွိ၊
ေငြ အကုန္​လုံးသုံးတတ္​တဲ့ ပညာကုိယ္​စီ
ရွိေနက်တာပါပဲ။

လစဥ္​လတုိင္​း ကုိယ္​့ရဲ႕၀င္​ေငြကုိ
✅၅ ပုံ = ၁ ပုံ ျဖစ္​ျဖစ္​
✅၅ ပုံ = ၂ ပုံ ျဖစ္​ျဖစ္​ စုျဖစ္​ေအာင္​စုပါ။
✅မျဖစ္​မေနစုပါ၊ ေရရွည္​စုပါ၊
✅အရင္​းအႏွီး အတြက္​ထားပါ။

🔻🔻
⬛️◼◼️️◾️◾
၂။ေငြရွာ ကြၽမ္းက်င္​ရမည္​။

ေငြရွာတဲ့ အပုိင္​းမွာလဲ အေရးႀကီးလွပါတယ္​။
လူတစ္​ေယာက္​ရဲ႕
👉ဘ၀ စတင္​ဖုိ႔
👉ဘ၀ ေျပာင္​းလဲသြားဖုိ႔အတြက္​
👉ေငြရွာျခင္​းက အဓိကက်ပါတယ္​။

လူတစ္​ေယာက္​ အတြက္​
ေငြရွာ မကြၽမ္​းက်င္​ရသည္​့
အေၾကာင္​းရင္​း (၂)ခ်က္​ရွိပါတယ္​။

၁။
⛔️ကုိယ္​့ကုိယုံၾကည္​မႈမရွိျခင္​း၊
⛔️အရည္​အခ်င္​းရွိရပ္​နဲ႔ သတၱိမရွိျခင္​း
⛔️ကုိယ္​့အရည္​ခ်င္​းကုိ အထင္​ေသးျခင္​း၊
⛔️လက္​ရွိအလုပ္​ကလြဲၿပီး၊ က်န္​တာ ဘာမွ
ထက္​လုပ္​လုိသည္​့ စိတ္​မရွိျခင္​း၊
⛔️ငပ်င္​းက်ျခင္​း။

ဟုတ္​ကဲ့။
အသစ္​အစမ္​းေတြ အခ်ိန္​ရွိရင္​
ရွိသလုိ လုပ္​ၾကည္​့ပါ။✅
ကုိယ္​ပုိင္​ကြၽမ္​းက်င္​မႈကုိ လက္​ေတြ႕အသုံးခ်ပါ။✅
စမ္းသပ္​လုပ္​မယ္​ ဆုိတဲ့အေတြးနဲ႔ မလုပ္​ပါနဲ႔၊✅
တကယ္​လုပ္​ပါ၊✅
က်ဆုံးတုိင္​း ျပန္​လည္​ႏုိးထပါ။✅

၂။
ေငြရွာမကြၽမ္​းက်င္​ရသည္​့
ေနာက္​တစ္​ခ်က္​ကေတာ့၊
⛔️လူကုိယ္​တုိင္​ကုိက မေတာ္​လုိ႔၊
⛔️ဘာမ်ွမသိ၊
⛔️ဟုိႏွစ္​က သိၿပီးသားဟာကုိ
ဒီႏွစ္​မွာျပန္​လာလုပ္​။
⛔️ဒီႏွစ္​က သိၿပီးသားလဲ ေနာက္​ႏွစ္​မွ ျပန္​လုပ္​၊
⛔️မေျပာင္​းမလဲ ဒီလုိသာ ျဖတ္​သန္​း၊
⛔️ေလ့လာဖုိ႔ စိတ္​ကူးမရွိ၊ ဘာပညာမွ မတတ္​၊

ဟုတ္​ကဲ့။
ေငြရွာကြၽမ္​းက်င္​ဖုိ႔။✅
ဘာေတြေလ့လာဖုိ႔လုိအပ္​သလဲ။✅
ဘယ္​အလုိ အရည္​အခ်င္​းရွိရမလဲ။✅
ရွာေဖြပါ၊ သင္​ယူပါ၊ ေျပာင္​းလဲလုိက္​ပါ။✅

👉လက္​ရွိ ၀င္​ေငြ ဘယ္​ေလာက္​ပဲမ်ားမ်ား၊
👉၀င္​ေငြ တစ္​လႈိင္​းထဲသာ ရွိေနျခင္​းက
👉သိပ္​မေကာင္​းပါဘူး။

အပုိ၀င္​ေငြ ၂ လႈိင္​း၊ ၃ လႈိင္​း၊ ရွိႏုိင္​ဖုိ႔ကလဲ
အေတာ္​ ႀကိဳးစားရယူမည္​့ အရာပါ။

အပုိ၀င္​ေငြ စရွာျခင္​းက။
👉လစာေလာက္​ေတာ့ ေငြရမည္​မဟုတ္​။

သုိ႔ေသာ္​
👉အေတြ႕အၾကဳံသစ္​ေတြေတာ့ ရလာမွာပါ။

အပုိ၀င္​ေငြရွာျခင္​းက။
👉စိတ္​ပင္​ပန္​း၊ လူပင္​ပန္​းေစမွာပါ။
👉ပင္​ပန္​းမွာ မေၾကာက္​ပါနဲ႔၊
👉ဘ၀က မေအးခ်မ္​းေနေသးသ၍
👉သာယာမႈကုိလဲ မႏွစ္​သက္​ေသးသင္​့ပါ။

ပင္​ပန္​းမႈဟာ မေသေစႏုိင္​ပါဘူး၊
ပင္​ပန္းမႈဟာ ႀကီးပြားေစမည္​့အရာျဖစ္​ပါတယ္​။

၀င္​ေငြကြၽမ္​းက်င္​စြာရွာႏုိင္​သည္​့ လူေတြရဲ႕
အရည္​အခ်င္​း (၃)ခ်က္​ ရွိပါတယ္​။

၁။ လူေတာ္​ျဖစ္​ၿပီး၊ ဗဟုသုတမ်ား အၿမဲေလ့လာေနျခင္​း။

၂။ သူတုိ႔ရဲ႕ အရည္​အခ်င္​း လုပ္​ရည္​ကုိင္​ရည္​ေတြဟာ ေစ်းကြက္​လုိအင္​အားျဖစ္​ေနျခင္​း။ လူအမ်ားရဲ႕ ျပသာနာကုိ ေျဖရွင္​းေပးႏုိင္​ျခင္​း။
လူအမ်ားရဲ႕ လုိအပ္​ခ်က္​ကုိ ျဖည္​့စြမ္​းေပးႏုိင္​ျခင္​း။

၃။ကုိယ္​့ကုိ ေၾကာ္​ျငာတတ္​ျခင္​း။
ကုိယ္​့အရည္​အခ်င္​း၊ ကုိယ္​့ကြၽမ္​းက်င္​မႈဟာ လူအမ်ားဆီသုိ႔ မည္​သုိ႔၊ မည္​ပုံ အၾကဳိးျပဳႏုိင္​ေၾကာင္​း အသိေပးႏုိင္​ျခင္​းတုိ႔ပဲ ျဖစ္​ပါတယ္​။

🔻🔻🔻
⬛️◼◼️️◾️◾
၃။ ရင္​းႏွီးတတ္​ရမည္​။

အရင္​းအႏွီးပုိင္​းမွာလဲ အေရးႀကီးလွပါတယ္​။

👉အသက္​အ႐ြယ္​ ျကီးသြားခ်ိန္​၊
👉အလုပ္​လုပ္​ဖုိ႔ အားအင္​ေတြ၊
👉မရွိေတာ့တဲ့အခ်ိန္​မွာ၊

ေငြအားႏွင္​့ ညဏ္​အားေတြ
ရင္​းႏွီးႏုိင္​ဖုိ႔ေတာ့ လုိအပ္​ပါတယ္​။

လူအမ်ားပုိင္​း
✅ပထမအ႐ြယ္​ ေငြရွာဖုိ႔၊ ေငြရဖုိ႔အတြက္​၊
✅လူအား၊ ညဏ္​အား၊ အခ်ိန္​တုိ႔ကုိ
✅လဲလည္​ရတယ္​၊ ရင္​းႏွီးရတယ္​။

ေငြရဖုိ႔။
(၁)ရက္​စာ အခ်ိန္​ႏွင္​့ လဲတယ္​။
(၁)လစာ အခ်ိန္​ႏွင္​့ လဲတယ္​။
(၁)ႏွစ္​စာ အခ်ိန္​ႏွင္​့ လဲတယ္​။
တာေတြဟာလဲ ရင္​းႏွီးရတဲ့အရာေတြပါ။

အသက္​ႀကီးသြားခ်ိန္​မွာ
🚫ခႏၵာကုိယ္​အင္​အားေတြ မရွိေတာ့ေပမဲ့၊
✅ေငြအား၊ ညဏ္​အားတုိ႔ကုိ အသုံးျပဳၿပီး
✅ျပန္​လည္​ ရင္​းႏွီးႏုိင္​ဖုိ႔ လုိအပ္​ပါသည္​။

အရင္​းႏွီးဆုိတာ။
ေငြကုိ အလုပ္​ျပန္​ခုိင္​းဖုိ႔
ညဏ္​သုံးတတ္​ရင္​ ေအာင္​ျမင္​မွာပါ။

ရင္​းႏွီးမႈ ကြၽမ္းက်င္​ဖုိ႔၊
ပထမဆုံး
ကုိယ္​့ကုိ အရင္​ရင္​းနွီးထားရတယ္​။

ကုိယ္​့ကုိဘာေၾကာင္​့ ရင္​းနွီးရတာလဲ
ကုိယ္​့ကုိရင္​းနွီးမႈဆုိတာ ဘာလဲ???

အနာဂတ္​ ပုိင္​ဆုိင္​ခ်င္​တဲ့လုပ္​ငန္​း
ဥပမာ
ေကာ္​ဖီဆုိင္​
ထမင္​းဆုိင္​
စတုိးဆုိင္​
အက်ႌဆုိင္​
ကားအုံနာ
အိမ္​ၿခံေျမ

အကႌ်ဆုိင္​ ဖြင္​့မယ္​ဆုိပါေတာ့၊
အခုပဲ ခ်က္​ခ်င္​းရင္​းနွီးႏုိင္​ဖုိ႔
သိန္​း(၇၀)ေပးလုိက္​မယ္​။

အခုပဲ လုပ္​ငန္​းစခုိင္​းမယ္​။
ကဲ........
🏠ဆုိင္​ရွာရမယ္
👗ကုန္​ပစၥည္​းအမ်ဳိးအစား ရွာရမယ္​
💭ဘယ္​လုိဟာ ေရာင္​းရမလဲ
💲ဘယ္​ေလာက္​အျမတ္​ယူရမလဲ
💲ေရာင္​းအားေကာင္​းေအာင္​
ဘယ္​လုိလုပ္​ရမလဲ
📊အျခားဆုိင္​နဲ႔ ဘယ္​လုိၿပိဳင္​ဆုိင္​ရမလဲ

ဒီအခ်က္​ေတြနဲ႔တင္​
ေခါင္​းရူပ္​့သြားလိမ္​့မယ္​။
ၾကဳိတင္​ျပင္​ဆင္​မႈ ဘာမ်ွမရွိေတာ့
အရင္​းနွီး့ျပဳတ္​ဖုိ႔က မ်ားေနတယ္​။
ျမန္​မလား၊ ေႏွးမလားပဲကြာတယ္​။

ကုိယ္​့ကုိယ္​ကုိ ရင္​းႏွီးမႈဆုိတာ
👉ကုိယ္​မသိေသးတဲ့ အရာကုိ၊ သိေအာင္​လုပ္​
👉ကုိယ္​သိဖုိ႔လုိအပ္​တဲ့အရာကုိ ရေအာင္​ရွာ
👉ကုိယ္​့လုပ္​မယ္​့ လုပ္​ငန္​းရဲ႕
အားနည္​းခ်က္​၊ အားသာခ်က္​ကုိ
သိေအာင္​လုပ္​၊ ဒါပါပဲ။

ကုိယ္​ပုိင္​လုပ္​ငန္​း မရင္​းနွီးခင္​မွာ
ကုိယ္​့ကုိရင္​းႏွီးထားမႈက အေရးႀကီးပါတယ္​။

တခ်ဳိ႕ အရင္​းႏွီးလုပ္​ငန္းမွာလဲ
ေငြ ျပန္​ရဖုိ႔ အခ်ိန္​အတုိင္​းအတာ တစ္​ခု
ယူရတာေတြ ဘာေတြရွိပါတယ္​။

ခ်က္​ခ်င္​းရင္​းႏွီး ခ်က္​ျခင္​းရခ်င္​သည္​့
လူေတြ အတြက္​ေတာ့ ကုိက္​ညီမွာမဟုတ္​။

ဘယ္​လုိ ရင္​းႏွီးမႈကုိသေဘာက်သလဲဆုိတာ
အခုပဲ စတင္​ေလ့လာပါ။

✅✅✅✅✅
ဟုတ္​ကဲ့။
ဘာပဲလုပ္​လုပ္​ 'စမ္​းလုပ္​ၾကည္​့မယ္​'ဆုိတဲ့
အေတြးေတြ မထားပါႏွင္​့။

အဲ့ဒီအေတြးေတြဟာ
တစ္​ေန႔မွာ ဒီလုပ္​ငန္​း၊ ဒီအလုပ္​၊
က်ရႈံးမွာပဲ ဆုိသည္​့၊
ၾကဳိတင္​ ခန္​႔မွန္​းထားတာႏွင္​့ တူပါတယ္​။

တကယ္​လုပ္​ပါ။
👉ရည္​မွန္​းခ်က္​ ခ်ၿပီးမွလုပ္​ပါ။
👉ေခတ္​ကုိ အၿမဲေလ့လာပါ။
👉က်ရႈံးတုိင္​း ျပန္​လည္​ႏုိးထတဲ့ စိတ္​
ေမြးထားပါ။
👉က်ရႈံးရတဲ့ အေၾကာင္​းရင္​းကုိ
အေျဖရွာၿပီး ျပဳျပင္​ပါ။

အားလုံး ေငြေရးေၾကးေရးအဆင္​ေျပက်ပါေစ။

မိမိတုိ႔ရဲ႕ အျမင္​ကုိလဲ
comment ေပးျခင္​းျဖစ္​
ဗဟုသုတေတြ ျပန္​လည္​မ်ွေ၀ေပးၾကပါ။

ဒီစာက သင္​့အတြက္​ အက်ဳိးရွိေစတယ္​ဆုိရင္​။
Like & shear လုပ္​သြားၾကပါလုိ႔။
Credit.

#စိတ်ထားလေးတွေပြင်လိုက်ကြရအောင်

ယခုတင်​ပြသည်​့ အရည်​အချင်​း ၃ ရပ်​ရှိမှသာ
ချမ်​းသာနိုင်​မည်​ ဖြစ်​ပါတယ်​။

၁။ ငွေရှာကျွမ်​းကျင်​ရမည်​။ ✅
၂။ ငွေစုတတ်​ရမည်​။✅
၃။ ရင်​းနှီးတတ်​ရမည်​။✅

ပထမဆုံး ပြောချင်​တဲ့အချက်​က ငွေစုခြင်​းပါ။
ဘာကြောင်​့ ငွေစုရတဲ့ အကြောင်​းရင်​း ပြောရတာလဲ ဆိုတော့။

အကယ်​၍
ငွေဘယ်​လောက်​ပဲ ကျွမ်​းကျင်​စွာ ရှာနိုင်​ပါစေ။
ငွေဘယ်​လောက်​ပဲ ၀င်​ပါစေ။
ငွေတွေ စုမထားနိုင်​ရင်​ = ငွေမကျန်​
ငွေမကျန်​တော့ = အရင်​းအနှီးလဲ လုပ်​စရာမရှိ။

👉လူတိုင်​း အလုပ်​စလုပ်​ကြတယ်​။
👉လစာ တွေလဲ တဖြေးဖြေးတိုးလာမယ်​၊
👉နောက်​ကနေ အမြဲတမ်​းလိုက်​တိုးနေတဲ့
အရာတစ်​ခုက အသုံးစရိတ်​တွေပါပဲ။

လစာတိုးလာတော့
လူနေမှုပုံစံ(life style)ကို မြင့်တင်​လိုက်​တယ်​၊😎
၀င်​ငွေနဲ့အညီ လိုက်​ပြီးပြောင်​းလဲတယ်​။
မှားယွင်​းပါတယ်​။😢

လူတိုင်​းနည်​းပါး ဖြစ်​နေသည်​့ ပြသနာပါ။😢
စာရေးသူကိုယ်​တိုင်​လဲ ဖြစ်​ဖူးပါတယ်​။😢

😍ယခုခေတ်​ အသုံးအဆောင်​များ၊
😍ပစ္စည်​းများစွာကလဲ မက်​မောစရာတွေပါ။
😍နေရာတိုင်​းမှာလဲ ကြော်​ညာတွေချီးပဲ၊
😍တစ်​မျိုးပြီးတမျိုး မရိုးနိုင်​အောင်​
😍ကြော်​ညာတွေ
ခဏခဏတွေ့ပါများလာတော့။

ဦးနှောက်​ရဲ့ အတွေးအခေါ်လဲပြောင်​း၊
ကိုယ်​ပဲ အဲ့ဒီအရာကို မရှိမဖြစ်​
လိုအပ်​နေသလိုလို၊😰
အဲ့ဒီ အသုံးအဆောင်​ကို သုံးနိုင်​မှ၊😰
အဲ့ဒီ အရာကို ရှိမှ၊ ဆိုသည်​့
စိတ်​တွေပေါ်ပေါက်​လာတယ်​၊😰

ဒီလို လိုချင်​တပ်​မက်​မှုက
👉ငွေမမြဲစေ၊
👉ငွေကုန်​သွားစေတဲ့ အကြောင်​းရင်းပါ၊
👉စိတ်​ခိုင်​မာဖို့ လိုအပ်​ပါတယ်​။

အရေးကြီးဆုံး အချက်​(၃)ချက်​။
၁။ ကိုယ်​့ကို သူများနဲ့ မနှိုင်​းယှဉ်​ပါနဲ့။✅
၂။ လိုချင်​တပ်​မက်​မှုကို ပယ်​ထားပါ။✅
၃။ လစာတိုးလာပေမဲ့
လူနေမှုပုံစံ၊ အသုံးအဆောင်​တွေကို
မပြောင်​းလဲပဲ ဘ၀ကို အရင်​အတိုင်​းပဲ
ဆက်​လက်​ဖြတ်​သန်​းသွားပါ။✅

ငွေသုံးတာ မလောက်​ဘူးတွေ၊ ဘာတွေ မပြောပါနဲ့။

လူဆိုတဲ့ အမျိုးက ၀င်​ငွေနည်​းသည်​ဖြစ်​စေ၊
များသည်​ဖြစ်​စေ၊ ငွေဘယ်​လောက်​ရှိရှိ၊
ငွေ အကုန်​လုံးသုံးတတ်​တဲ့ ပညာကိုယ်​စီ
ရှိနေကျတာပါပဲ။

လစဉ်​လတိုင်​း ကိုယ်​့ရဲ့၀င်​ငွေကို
✅၅ ပုံ = ၁ ပုံ ဖြစ်​ဖြစ်​
✅၅ ပုံ = ၂ ပုံ ဖြစ်​ဖြစ်​ စုဖြစ်​အောင်​စုပါ။
✅မဖြစ်​မနေစုပါ၊ ရေရှည်​စုပါ၊
✅အရင်​းအနှီး အတွက်​ထားပါ။

🔻🔻
⬛️◼◼️️◾️◾
၂။ငွေရှာ ကျွမ်းကျင်​ရမည်​။

ငွေရှာတဲ့ အပိုင်​းမှာလဲ အရေးကြီးလှပါတယ်​။
လူတစ်​ယောက်​ရဲ့
👉ဘ၀ စတင်​ဖို့
👉ဘ၀ ပြောင်​းလဲသွားဖို့အတွက်​
👉ငွေရှာခြင်​းက အဓိကကျပါတယ်​။

လူတစ်​ယောက်​ အတွက်​
ငွေရှာ မကျွမ်​းကျင်​ရသည်​့
အကြောင်​းရင်​း (၂)ချက်​ရှိပါတယ်​။

၁။
⛔️ကိုယ်​့ကိုယုံကြည်​မှုမရှိခြင်​း၊
⛔️အရည်​အချင်​းရှိရပ်​နဲ့ သတ္တိမရှိခြင်​း
⛔️ကိုယ်​့အရည်​ချင်​းကို အထင်​သေးခြင်​း၊
⛔️လက်​ရှိအလုပ်​ကလွဲပြီး၊ ကျန်​တာ ဘာမှ
ထက်​လုပ်​လိုသည်​့ စိတ်​မရှိခြင်​း၊
⛔️ငပျင်​းကျခြင်​း။

ဟုတ်​ကဲ့။
အသစ်​အစမ်​းတွေ အချိန်​ရှိရင်​
ရှိသလို လုပ်​ကြည်​့ပါ။✅
ကိုယ်​ပိုင်​ကျွမ်​းကျင်​မှုကို လက်​တွေ့အသုံးချပါ။✅
စမ်းသပ်​လုပ်​မယ်​ ဆိုတဲ့အတွေးနဲ့ မလုပ်​ပါနဲ့၊✅
တကယ်​လုပ်​ပါ၊✅
ကျဆုံးတိုင်​း ပြန်​လည်​နိုးထပါ။✅

၂။
ငွေရှာမကျွမ်​းကျင်​ရသည်​့
နောက်​တစ်​ချက်​ကတော့၊
⛔️လူကိုယ်​တိုင်​ကိုက မတော်​လို့၊
⛔️ဘာမျှမသိ၊
⛔️ဟိုနှစ်​က သိပြီးသားဟာကို
ဒီနှစ်​မှာပြန်​လာလုပ်​။
⛔️ဒီနှစ်​က သိပြီးသားလဲ နောက်​နှစ်​မှ ပြန်​လုပ်​၊
⛔️မပြောင်​းမလဲ ဒီလိုသာ ဖြတ်​သန်​း၊
⛔️လေ့လာဖို့ စိတ်​ကူးမရှိ၊ ဘာပညာမှ မတတ်​၊

ဟုတ်​ကဲ့။
ငွေရှာကျွမ်​းကျင်​ဖို့။✅
ဘာတွေလေ့လာဖို့လိုအပ်​သလဲ။✅
ဘယ်​အလို အရည်​အချင်​းရှိရမလဲ။✅
ရှာဖွေပါ၊ သင်​ယူပါ၊ ပြောင်​းလဲလိုက်​ပါ။✅

👉လက်​ရှိ ၀င်​ငွေ ဘယ်​လောက်​ပဲများများ၊
👉၀င်​ငွေ တစ်​လှိုင်​းထဲသာ ရှိနေခြင်​းက
👉သိပ်​မကောင်​းပါဘူး။

အပို၀င်​ငွေ ၂ လှိုင်​း၊ ၃ လှိုင်​း၊ ရှိနိုင်​ဖို့ကလဲ
အတော်​ ကြိုးစားရယူမည်​့ အရာပါ။

အပို၀င်​ငွေ စရှာခြင်​းက။
👉လစာလောက်​တော့ ငွေရမည်​မဟုတ်​။

သို့သော်​
👉အတွေ့အကြုံသစ်​တွေတော့ ရလာမှာပါ။

အပို၀င်​ငွေရှာခြင်​းက။
👉စိတ်​ပင်​ပန်​း၊ လူပင်​ပန်​းစေမှာပါ။
👉ပင်​ပန်​းမှာ မကြောက်​ပါနဲ့၊
👉ဘ၀က မအေးချမ်​းနေသေးသ၍
👉သာယာမှုကိုလဲ မနှစ်​သက်​သေးသင်​့ပါ။

ပင်​ပန်​းမှုဟာ မသေစေနိုင်​ပါဘူး၊
ပင်​ပန်းမှုဟာ ကြီးပွားစေမည်​့အရာဖြစ်​ပါတယ်​။

၀င်​ငွေကျွမ်​းကျင်​စွာရှာနိုင်​သည်​့ လူတွေရဲ့
အရည်​အချင်​း (၃)ချက်​ ရှိပါတယ်​။

၁။ လူတော်​ဖြစ်​ပြီး၊ ဗဟုသုတများ အမြဲလေ့လာနေခြင်​း။

၂။ သူတို့ရဲ့ အရည်​အချင်​း လုပ်​ရည်​ကိုင်​ရည်​တွေဟာ ဈေးကွက်​လိုအင်​အားဖြစ်​နေခြင်​း။ လူအများရဲ့ ပြသာနာကို ဖြေရှင်​းပေးနိုင်​ခြင်​း။
လူအများရဲ့ လိုအပ်​ချက်​ကို ဖြည်​့စွမ်​းပေးနိုင်​ခြင်​း။

၃။ကိုယ်​့ကို ကြော်​ငြာတတ်​ခြင်​း။
ကိုယ်​့အရည်​အချင်​း၊ ကိုယ်​့ကျွမ်​းကျင်​မှုဟာ လူအများဆီသို့ မည်​သို့၊ မည်​ပုံ အကြိုးပြုနိုင်​ကြောင်​း အသိပေးနိုင်​ခြင်​းတို့ပဲ ဖြစ်​ပါတယ်​။

🔻🔻🔻
⬛️◼◼️️◾️◾
၃။ ရင်​းနှီးတတ်​ရမည်​။

အရင်​းအနှီးပိုင်​းမှာလဲ အရေးကြီးလှပါတယ်​။

👉အသက်​အရွယ်​ ကြီးသွားချိန်​၊
👉အလုပ်​လုပ်​ဖို့ အားအင်​တွေ၊
👉မရှိတော့တဲ့အချိန်​မှာ၊

ငွေအားနှင်​့ ညဏ်​အားတွေ
ရင်​းနှီးနိုင်​ဖို့တော့ လိုအပ်​ပါတယ်​။

လူအများပိုင်​း
✅ပထမအရွယ်​ ငွေရှာဖို့၊ ငွေရဖို့အတွက်​၊
✅လူအား၊ ညဏ်​အား၊ အချိန်​တို့ကို
✅လဲလည်​ရတယ်​၊ ရင်​းနှီးရတယ်​။

ငွေရဖို့။
(၁)ရက်​စာ အချိန်​နှင်​့ လဲတယ်​။
(၁)လစာ အချိန်​နှင်​့ လဲတယ်​။
(၁)နှစ်​စာ အချိန်​နှင်​့ လဲတယ်​။
တာတွေဟာလဲ ရင်​းနှီးရတဲ့အရာတွေပါ။

အသက်​ကြီးသွားချိန်​မှာ
🚫ခန္ဒာကိုယ်​အင်​အားတွေ မရှိတော့ပေမဲ့၊
✅ငွေအား၊ ညဏ်​အားတို့ကို အသုံးပြုပြီး
✅ပြန်​လည်​ ရင်​းနှီးနိုင်​ဖို့ လိုအပ်​ပါသည်​။

အရင်​းနှီးဆိုတာ။
ငွေကို အလုပ်​ပြန်​ခိုင်​းဖို့
ညဏ်​သုံးတတ်​ရင်​ အောင်​မြင်​မှာပါ။

ရင်​းနှီးမှု ကျွမ်းကျင်​ဖို့၊
ပထမဆုံး
ကိုယ်​့ကို အရင်​ရင်​းနှီးထားရတယ်​။

ကိုယ်​့ကိုဘာကြောင်​့ ရင်​းနှီးရတာလဲ
ကိုယ်​့ကိုရင်​းနှီးမှုဆိုတာ ဘာလဲ???

အနာဂတ်​ ပိုင်​ဆိုင်​ချင်​တဲ့လုပ်​ငန်​း
ဥပမာ
ကော်​ဖီဆိုင်​
ထမင်​းဆိုင်​
စတိုးဆိုင်​
အကျႌဆိုင်​
ကားအုံနာ
အိမ်​ခြံမြေ

အင်္ကီျဆိုင်​ ဖွင်​့မယ်​ဆိုပါတော့၊
အခုပဲ ချက်​ချင်​းရင်​းနှီးနိုင်​ဖို့
သိန်​း(၇၀)ပေးလိုက်​မယ်​။

အခုပဲ လုပ်​ငန်​းစခိုင်​းမယ်​။
ကဲ........
🏠ဆိုင်​ရှာရမယ်
👗ကုန်​ပစ္စည်​းအမျိုးအစား ရှာရမယ်​
💭ဘယ်​လိုဟာ ရောင်​းရမလဲ
💲ဘယ်​လောက်​အမြတ်​ယူရမလဲ
💲ရောင်​းအားကောင်​းအောင်​
ဘယ်​လိုလုပ်​ရမလဲ
📊အခြားဆိုင်​နဲ့ ဘယ်​လိုပြိုင်​ဆိုင်​ရမလဲ

ဒီအချက်​တွေနဲ့တင်​
ခေါင်​းရူပ်​့သွားလိမ်​့မယ်​။
ကြိုတင်​ပြင်​ဆင်​မှု ဘာမျှမရှိတော့
အရင်​းနှီး့ပြုတ်​ဖို့က များနေတယ်​။
မြန်​မလား၊ နှေးမလားပဲကွာတယ်​။

ကိုယ်​့ကိုယ်​ကို ရင်​းနှီးမှုဆိုတာ
👉ကိုယ်​မသိသေးတဲ့ အရာကို၊ သိအောင်​လုပ်​
👉ကိုယ်​သိဖို့လိုအပ်​တဲ့အရာကို ရအောင်​ရှာ
👉ကိုယ်​့လုပ်​မယ်​့ လုပ်​ငန်​းရဲ့
အားနည်​းချက်​၊ အားသာချက်​ကို
သိအောင်​လုပ်​၊ ဒါပါပဲ။

ကိုယ်​ပိုင်​လုပ်​ငန်​း မရင်​းနှီးခင်​မှာ
ကိုယ်​့ကိုရင်​းနှီးထားမှုက အရေးကြီးပါတယ်​။

တချို့ အရင်​းနှီးလုပ်​ငန်းမှာလဲ
ငွေ ပြန်​ရဖို့ အချိန်​အတိုင်​းအတာ တစ်​ခု
ယူရတာတွေ ဘာတွေရှိပါတယ်​။

ချက်​ချင်​းရင်​းနှီး ချက်​ခြင်​းရချင်​သည်​့
လူတွေ အတွက်​တော့ ကိုက်​ညီမှာမဟုတ်​။

ဘယ်​လို ရင်​းနှီးမှုကိုသဘောကျသလဲဆိုတာ
အခုပဲ စတင်​လေ့လာပါ။

✅✅✅✅✅
ဟုတ်​ကဲ့။
ဘာပဲလုပ်​လုပ်​ 'စမ်​းလုပ်​ကြည်​့မယ်​'ဆိုတဲ့
အတွေးတွေ မထားပါနှင်​့။

အဲ့ဒီအတွေးတွေဟာ
တစ်​နေ့မှာ ဒီလုပ်​ငန်​း၊ ဒီအလုပ်​၊
ကျရှုံးမှာပဲ ဆိုသည်​့၊
ကြိုတင်​ ခန်​့မှန်​းထားတာနှင်​့ တူပါတယ်​။

တကယ်​လုပ်​ပါ။
👉ရည်​မှန်​းချက်​ ချပြီးမှလုပ်​ပါ။
👉ခေတ်​ကို အမြဲလေ့လာပါ။
👉ကျရှုံးတိုင်​း ပြန်​လည်​နိုးထတဲ့ စိတ်​
မွေးထားပါ။
👉ကျရှုံးရတဲ့ အကြောင်​းရင်​းကို
အဖြေရှာပြီး ပြုပြင်​ပါ။

အားလုံး ငွေရေးကြေးရေးအဆင်​ပြေကျပါစေ။

မိမိတို့ရဲ့ အမြင်​ကိုလဲ
comment ပေးခြင်​းဖြစ်​
ဗဟုသုတတွေ ပြန်​လည်​မျှေ၀ပေးကြပါ။

ဒီစာက သင်​့အတွက်​ အကျိုးရှိစေတယ်​ဆိုရင်​။
Like & shear လုပ်​သွားကြပါလို့။
Credit.

ที่อยู่

สมุทรปราการ
Samut Prakan

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စီးပြားေရးအခြင့္အလမ္းေကာင္းမ်ားผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์