10/24/2024
ချစ်ရ သော မိတ်ဆွေ အပေါင်း တို့ ရှင့်…
You are all invited!
Ariyamagga Vihara Buddhsit Center
11/03/2024 Sunday
@10 am to 3 pm
334 Bender Ln., Glenmont , NY 12177
မြန်မာ့ ရိုးရာ ..တစ်နှစ် မှာ တစ်ခါ ကထိန် သင်္ဃန်း ကပ် လှူ ပူဇော် ပွဲ ကျင်းပ ရန် အချိန် ကျရောက်လာပါပြီ ရှင့်…
(အချန်တွေ က မြန်လိုက်တာ နော့်… မနေ့ က လိုလိုပဲ)
အားလုံး သိကြပြီးသား မို့…
လိုရင်း တိုရှင်း စွာဖြင့်…
ချစ် မိတ်ဆွေ နှင့် တစ်ကွ…
မိသားစု ၊ဆွေမျိုး ၊သူငယ်ချင်း၊ မိတ်ဆွေ များ အားလုံးကို …
သိ သူကော. မသိသူများ ကို ပါ…
စိတ်ရော ကိုယ်ပါ… လှိုက်လှိုက် လှဲလှဲ ..
ရိုသေလေးစား စွာဖြင့်..
အောက်ပါ ဖိတ်စာ အတိုင်း..
ဖိတ်ကြားအပ်ပါသည် ရှင့်…
စုပေါင်းဝိုင်းဝန်း ဆွမ်း ကပ်မှာ မို့…
(သံဃာတော်ဘုရား ၁၀ ပါး မှ ၁၂ ပါး ခန့် မှန်း ထားပါသည် ရှင့်.. )
ချစ်မိတ်ဆွေ များ မှ တစ်အိမ် လျှင် ၊ မိမိ အနှစ်သက်ဆုံးဆွမ်း ဟင်း တစ်အိုး ဗန်းကြီး တစ်ဗန်း ချက် လာပေးပါရန် မေတ္တာ ရပ်ခံပါသည် ရှင့်…
မိမိ နှစ်သက်ရာများ လဲ လှူဒါန်းနိုင်ပါသည် ရှင့်…
၂၀၂၄ နှစ် ကထိန်မတည် သည့် ကိုရဲကြီး နှင့် မယဉ်မင်းအောင် မိသားစု မှ ဝက်သားနှင့် မျှစ်ချဉ် ရခိုင် ချက် ၊ ချက်ပါမည်..
ကိုဇော်ကြီး နှင့် Capital Thai Restaurant မှ ထိုင်း မုန့်ဟင်းခါး အိုးကြီး တစ်အိုး လှူဒါန်း ပါမည်။
ကျမ နှင့် ကျမ အစ်မ နန်းဟွမ် မှ..
ဗုဒ္ဓ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်များအား ဦးထိပ်ထား ၍ …
နိုဝင်ဘာ လ ၃ ရက်နေ့တွင် ဘဝ တစ်ပါးသို့ ပြောင်းသွားသော ကျေးဇူးရှင် မိခင်ကြီး (၂၄ နှစ်ပြည့် ) ၊
စက်တင်ဘာ လ ၂၆ ရက်နေ့တွင် ဘဝ တစ်ပါး သို့ ပြောင်းသွားသော ကျေးဇူးရှင် ဖခင်ကြီး (၃၄ နှစ် ပြည့် )
ဂျူလိုင်လ ၂၆ ရက်နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားသော ကျေးဇူးရှင် ဘိုးဘိုး ဘုရား (၃၈ နှစ်ပြည့်) နှင့်
ဘဝ တစ်ပါးသို့ ပြောင်းသွားကြကုန်သော ဘိုးဘွား ဆွေမျိုး မောင်နှမ များ အား ရည်စူး ၍…
ကြွရောက်လာကြသော သံဃာတော် ဘုရား များ နှင့် ဧည့် ပရိတ်သါတ် လူကြီးမင်းများ အား.. သက်သတ်လွတ် ဟင်းထုပ်၊ ဝက်သားဟင်းထုပ် ဖြင့်..
အာရုဏ်ဆွမ်း ဆက်ကပ် လှူ ဒါန်းပါမည် ရှင့်…
ချစ်မိတ်ဆွေများ မှ ကျေးဇူးပြု၍ မိမိ နှစ်သက်ရာ ဟင်းလျှာများဖြင့် .. ဗန်းကြီး တစ်ဗန်းစီ ဆက်လက် အားဖြည့် လှူဒါန်း ပေး ကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည် ရှင့်..
ကျေးဇူးတင်ပါသည် ရှင့်..
မှတ်ချက်..
ချစ်မိတ်ဆွေများမှ မလှူနိုင် လို့ ဆိုပြီး စိတ်အားမငယ်ပါနှင့် ရှင့်… မလာပဲလဲ မနေပါနှင့်.. နော့်…
လုပ်အား အလှူ ဖြင့် ဖြည့် ဆည်းပေးပါရန် လဲ လှိုက်လှိုက် လှဲလှဲ ကြိုဆို ပါတယ်ရှင့်…
ချစ်မိတ်ဆွေများ အိမ်သို့ .. အဝေးမှ မိတ်ဆွေ သူငယ်ချင်း များ ရောက်နေလို့ မလာတော့ ဘူး မလုပ်ပါနဲ့ ရှင့်…
အားလုံး ကိူ ခေါ်လာပါရန် နွေးထွေးသော မေတ္တာ ရှေ့ထား ပြီး ဖိတ်ခေါ်ပါတယ် ရှင့်…
ချစ်မိတ်ဆွေများမှ လာချင်ပေမဲ့ လဲ ကားအဆင်မပြေ လို့ မလာပဲ မနေပါနှင့် ရှင့်…
တတ်နိုင် သမျှ ကားစီစဉ် ပြီး လာကြို ပေးပါ မည် ရှင့်..
ရောက်အောင် သာလာခဲ့ပါ.. နော့်…
စိတ်သာရှင် စော ဘုရားဟော ဆိုတဲ့ အတိုင်း…
စိတ်ထဲ မှာ “ချင်” စိတ်သာ ရှိ နေပါစေ…
ကောင်းမှု ကုသိုလ် ရနေပါ တယ် ရှင့်..
Thanks again!
Please come and join with us!