StarLight Astrology Research and Consulting

StarLight Astrology Research and Consulting နက္ခတ်ဗေဒင်ပညာတွေနဲ့ သင့်အနာဂတ်ကိုကြိုတင်သိနိုင်ဖို့ StarLight Astrology Group မှ ကူညီပါရစေ။

Starlight Astrology Group သည် မြန်မာနိုင်ငံ၏ အကြီးဆုံး Online နက္ခတ်ဗေဒင် အကြံပေး ၀န်ဆောင်မှုများ ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
Starlight Astrology Group သည် နည်းပညာများတိုးတက်ပြောင်းလဲလာ သောခေတ်တွင် နက္ခတ်​ဗေဒင်အကြံပေး ဝန်ဆောင်မှု များကို Website နှင့် Mobile Application မှတစ်ဆင့် လွယ်ကူ လုံခြုံ စိတ်ချစွာ မေးမြန်းနိုင်ရန် စီစဉ်ထားပါသည်။
မိတ်ဆွေတို့ရဲ့ ဇာတာကို အတွေ့အကြုံရင့် ပညာရှင်များက စုပေါင်းသ

ုံးသပ် အဖြေထုတ်ပေးသော စနစ်ကို အသုံးပြုပေးသွားမှာ ဖြစ်ပါသည်။
နက္ခတ်ဗေဒင်မေးသူများ၏ ကိုယ်ရေးအချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှဝေမှာမဟုတ်ဘဲ အခြားသို့မပြန့်ပွားစေရန် အထူး လုံခြုံသောစနစ် ထားရှိ၍ ထိန်းသိမ်းပေးထားသောကြောင့် မိတ်ဆွေတို့၏ လျှို့၀ှက်သော ကိုယ်ရေးကိုယ်တာ ကိစ္စများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

StarLight Astrology Group သည် မိတ်ဆွေတို့ ကြုံတွေ့ရနိုင်တဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ အရေးကိစ္စတွေအတွက် မမျှော်လင့်နိုင်တဲ့ စိန်ခေါ်မှုများကို နက္ခတ်ဗေဒင် ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။
ဘ၀အောင်မြင်မှု ရရှိရေး အတွက် မိတ်ဆွေတို့ရဲ့ ပညာရေးကဏ္ဍများ၊ အလုပ်အကိုင်ကဏ္ဍများ၊ အရောင်းအ၀ယ် ကဏ္ဍများနဲ့ ရင်းနှီးမြှုပ်နှံမှုများကို နက္ခတ်ဗေဒင်ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပါသည်။
အလှူမင်္ဂလာပွဲများ၊ အဆောက်အဦပန္နက်တင် မင်္ဂလာများ၊ အိမ်တက်မင်္ဂလာများ၊ စေ့စပ်၊ ထိမ်းမြားခြင်း မင်္ဂလာများနဲ့ ရင်သွေးရတနာကို ခွဲစိပ်မွေးဖွားရန် ရက်မြတ်နှင့် အချိန်ကောင်း ရွေးချယ်ခြင်း အစရှိတဲ့ ကိစ္စရပ်များကို စကြဝဠာ၏ သဘာဝ စည်းချက်များနှင့် ကိုက်ညီ မွန်မြတ်သော အချိန်ကောင်း အခါမှန်တွေကို ရွေးချယ် အကြံပေးဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။

 #ကောဇာကြာသပတေးဂြိုဟ်ဉုစ်ရာသီသို့ကူးပြောင်းခြင်းနှင့်  #ရာသီလဂ်၁၂ပါးအတွက်ဝိသေသအမြင်ဒဿနအမြင်🌠 #ဗေဒင်ပညာရပ်သည် လူသားတို့၏ ...
06/03/2026

#ကောဇာကြာသပတေးဂြိုဟ်ဉုစ်ရာသီသို့ကူးပြောင်းခြင်းနှင့်
#ရာသီလဂ်၁၂ပါးအတွက်ဝိသေသအမြင်ဒဿနအမြင်

🌠 #ဗေဒင်ပညာရပ်သည် လူသားတို့၏ ကံကြမ္မာကို အပေါ်ယံ ဟောကိန်းထုတ်ရုံသက်သက် မဟုတ်ဘဲ၊ စကြာဝဠာ နှင့် လူသားတို့၏ အတွင်းစိတ်သန္တာန် ဆက်စပ်မှုကို ဒဿနအမြင်ဖြင့် နက်ရှိုင်းစွာ ဆင်ခြင် သုံးသပ်ရသော ပညာရပ်တစ်ခု ဖြစ်ပါသည်။✨📌

#၃၆၀ဒီဂရီရှိသောသဘာဝရာသီစက်ဝန်းကြီး (ကာလချက္ကရ) အား လူသားတို့၏ ဘဝ ရည်မှန်း ချက် ပန်းတိုင်များ အလိုက် တြိဂေါဏ (တြိဂံ) အုပ်စု ၄ စုဖြင့် စနစ် တကျ ဖွဲ့စည်း တည်ဆောက် ထားပါသည်။💯💯📌

💢ဤဖွဲ့တည်မှုများသည် လူသားတို့၏ ဖြစ်တည်မှု၊ ရှင်သန်မှုနှင့် သံသရာမှ လွတ်မြောက်မှု ဟူသော ဘဝ၏ အဆင့်ဆင့်သော အနှစ်သာရများကို ကိုယ်စားပြုဖော်ညွှန်းနေပါသည်။ အဆိုပါ တြိဂေါဏ ၄ မျိုးမှာ
• ဓမ္မတြိဂေါဏ၊
• အတ္တတြိဂေါဏ၊
• ကာမတြိဂေါဏ နှင့်
• မောက္ခတြိဂေါဏ တို့ဖြစ်ကြပါသည်။✅💯📌

❣️ပထမဦးစွာ ဓမ္မတြိဂေါဏ (Dharma Trikona) ဖြစ်သော ၁-၅-၉ ဘာဝအိမ်များသည် မီးရာသီ များ ဖြစ်ကြပြီး၊ လူသားတစ်ဦး၏ မှန်ကန်သော အကျင့်စာရိတ္တ၊ ဘဝ၏ ရည်ရွယ်ချက်၊ ကုသိုလ်ကံ၊ ယုံကြည်မှု နှင့် ဘာသာရေး ဆိုင်ရာ လမ်းကြောင်းများကို ဖော်ဆောင်ပါသည်။✨💢📌

❣️ဒုတိယဖြစ်သော အတ္တတြိဂေါဏ (Artha Trikona) ခေါ် ၂-၆-၁၀ ဘာဝအိမ်များသည် ပထဝီ မြေရာသီများဖြစ်ကာ လောကီလူသားတို့အတွက် မရှိမဖြစ်လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှု၊ စီးပွားရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းနှင့် အရင်းအမြစ်များကို ကိုယ်စားပြုပါသည်။ ✨💢📌

❣️တတိယဖြစ်သော ကာမတြိဂေါဏ ( **aTrikona) ခေါ် ၃-၇-၁၁ ဘာဝအိမ်များသည် ဝါယောလေရာသီများဖြစ်ပြီး လူသားတို့၏ လိုအင်ဆန္ဒများ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အိမ်ထောင်ဘက်နှင့် လူ့အဖွဲ့အစည်းအတွင်း မျှော်မှန်းချက်များကို ပြဆိုပါသည်။✅💢📌

❣️စတုတ္ထမြောက်ဖြစ်သော မောက္ခတြိဂေါဏ ( ) ခေါ် ၄-၈-၁၂ ဘာဝအိမ်များသည် ကာလပုရုသခေါ် သဘာဝရာသီစက်ဝန်း၏ အာပေါရာသီ (ရေရာသီ) များဖြစ်ကြသော ကရကဋ်၊ ဗြိစ္ဆာနှင့် မိန်ရာသီတို့ဖြစ်ကြပါသည်။✅💢📌

#ဤတြိဂေါဏသည် လောကီအာရုံများမှ ရုန်းထွက်ကာ သံသရာမှ လွတ်မြောက်ခြင်း၊ အတ္တကို ပယ်ဖျက်ခြင်းနှင့် အတွင်းစိတ်ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုများကို အဓိကဖော်ဆောင်ပါသည် ။✅💢📌

🍀 ၄ တန့်ဘာဝသည် စိတ်၏ ငြိမ်းချမ်းမှုနှင့် လှုပ်ရှားနေသော စိတ်အစဉ်ကို ငြိမ်သက်စေခြင်း

🍀 ၈ တန့်ဘာဝသည် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် ဘဝကို အသွင်ပြောင်းလဲခြင်းနှင့် လျှို့ဝှက်နက်နဲသော ပညာရပ်များကို ရှာဖွေခြင်း။

🍀၁၂ တန့်ဘာဝသည် အလုံးစုံ စွန့်လွှတ်ခြင်းနှင့် သံသရာမှ အပြီးတိုင် လွတ်မြောက်ခြင်းတို့ကို အသီးသီး ကိုယ်စားပြုကြပါသည် ။

💢ထို့ကြောင့် မောက္ခတြိဂေါဏသည် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများကို ကျော်လွန်၍ ဝိညာဉ်ရေးရာ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းရန် တွန်းအားပေးသော နေရာများ ဖြစ်ပါသည်။✅💢📌

💥 #ယခု၂၀၂၆ခုနှစ်အတွင်းကောဇာဂြိုဟ်ခွင်ရပ်တည်မှုများတွင် အလွန်ထူးခြားသော၊ နှစ်ပေါင်း များစွာကြာမှ တစ်ကြိမ်သာ ကြုံတွေ့ရလေ့ရှိသော ဂြိုဟ်အနေအထားတစ်ရပ် ဖြစ်ပေါ်နေပါသည်။ 💯💯📌

💥ကရကဋ်ရာသီ (၄ တန့်အိမ်) တွင် ကြာသပတေးဂြိုဟ်သည် ဉုစ်အိမ်အဖြစ် ရပ်တည်နေပြီး၊ မိန်ရာသီ (၁၂ တန့်အိမ်) တွင် စနေဂြိုဟ် ရပ်တည်နေပါသည်။ 💯💯📌

💢ဤဂြိုဟ်နှစ်လုံးစလုံးသည် မောက္ခတြိဂေါဏအိမ်များဖြစ်သော အာပေါ (ရေ) ရာသီများတွင် ရပ်တည် နေကြခြင်းဖြစ်ကာ ကရကဋ်ရာသီမှ ကြာသပတေးဂြိုဟ်သည် မိန်ရာသီရှိ စနေဂြိုဟ်အား မိမိ၏ အထူးအမြင် ဖြစ်သော ၉ တန့်အမြင် (ကံကြမ္မာနှင့် တရားဓမ္မကို ကိုယ်စားပြုသော အမြင်) ဖြင့် လှမ်း၍ အပြည့်အဝ အမြင်ကြုံ နေခြင်းဖြစ်ပါသည် ။ ✅💢📌

💢ဤသည်မှာ သာမန် လောကီအကျိုးစီးပွား (Artha) ကိုသာမက လောကုတ္တရာ အကျိုးစီးပွား (Moksha) ကိုပါ ကြီးမားစွာ ဖွင့်လှစ်ပေးလိုက်သော ရှားပါးဂြိုဟ်သွားဂြိုဟ်လာ တစ်ရပ်ပင်ဖြစ်ပါသည်။ ✅💢📌

💢 #ရွှေပဒေသာရာသီအိမ်ဟုတင်စားရလောက်အောင် အကျိုးပေးသန်သော ကရကဋ်ရာသီ၏ အစွမ်းသည် ကြာသပတေးဂြိုဟ်မှတစ်ဆင့် လူသားတို့၏ အသိဉာဏ်ကို တောက်ပစေပါသည်။ ✅💢📌

💢ဗေဒင်ပညာ ရပ်တွင် စနေ၊ ကြာသပတေးနှင့် ကိတ်ဂြိုဟ်တို့သည် လောကုတ္တရာဂြိုဟ်များဟု သတ်မှတ်ထားခြင်းခံရပါသည်။ ၎င်းဂြိုဟ်များသည် သာမန်ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများထက် ဘဝ၏ နက်နဲသော အဓိပ္ပါယ်များကို ရှာဖွေရာတွင် အဓိက ကျပါသည်။ ✅💢📌

💢ကိတ်ဂြိုဟ်သည် စကြာဝဠာ၏ တွင်းနက်ကြီး (Black Hole) ကဲ့သို့ ပြုမူပြီး ရုပ်ပိုင်းဆိုင်ရာ တွယ်တာမှုများကို စုပ်ယူဖျက်ဆီး ကာ အတိတ်ဘဝမှ ပါရမီနှင့် ဝိညာဉ်ရေးရာ အမှန်တရားကို ရှာဖွေပေးသော ဂြိုဟ်ဖြစ်ပါသည်။ ✅💢📌

💥စနေဂြိုဟ်သည် ကံကြမ္မာ၏ တရားသူကြီးဖြစ်ပြီး စည်းကမ်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ခက်ခဲ ကြမ်းတမ်းသော ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများမှတစ်ဆင့် သင်ခန်း စာပေးကာ သံဝေဂရစေသော ဂြိုဟ်ဖြစ်သည် ။✅💢📌

💥 ကြာသပတေးဂြိုဟ်သည် ပညာ၊ တရားဓမ္မ၊ လမ်းပြဆရာ၊ မျှော်လင့်ချက်နှင့် ဘုရားတရား ကြည်ညိုမှုတို့ကို ကိုယ်စားပြုပြီး စိတ်ဝိညာဉ်ကို အလင်းရောင်ပေးသော၊ အကာအကွယ်ပေးသော ဂြိုဟ် ဖြစ်ပါသည် ။✅💢📌

💥ကြာသပတေးဂြိုဟ်၏ ၉ တန့်အမြင်သည် စနေဂြိုဟ်အပေါ်သို့ ကျရောက်သောအခါ စနေ၏ ကြမ်းတမ်းမှု၊ ပိတ်လှောင်မှုနှင့် ဆင်းရဲဒုက္ခပေးမှုများကို ကြာသပတေး ၏ မေတ္တာ၊ ကရုဏာ၊ ပညာတို့ဖြင့် ငြိမ်းချမ်းစေပါသည်။
စနေဂြိုဟ်မှပေးသော ပြင်းထန်သော ကံကြမ္မာ၏ ဒဏ် ခတ်မှုများကို ကြာသပတေးဂြိုဟ်က ဖြေလျှော့ပေးပြီး သံဝေဂဉာဏ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။✅💢📌

💢 အထူးသဖြင့် မိန်ရာသီ (၁၂ တန့်အိမ်) သည် အကန့်အသတ်များကို ကျော်လွန်ခြင်း၊ အတ္တကို ပျော်ဝင်စေခြင်း သဘောတရားကို ဆောင်ရာ ကြာသပတေး ဂြိုဟ်၏ ၉ တန့်အမြင်သည် လူသားတို့အား ကိုယ်ပိုင် စိတ်ခံစားမှုများနှင့် အခြားသူများ၏ စိတ်ခံစားမှုများကို ရှင်းလင်းစွာ ခွဲခြားသိမြင်စေရန် လမ်းပြပေး မည်ဖြစ်သည်။ ✅💯📌

💢ထို့ကြောင့် ဤကာလသည် မိမိကိုယ်ကို တာဝန်ယူမှု၊ မိမိကိုယ်ကို ကိုယ်ချင်းစာနာမှု အပြည့်အဝ ထားရှိပြီး၊ မြင်သာသော အကျိုးအမြတ်များကို မတွေ့ရစေကာမူ ယုံကြည်မှုနှင့် တရားဓမ္မအပေါ် သက် ဝင်ယုံကြည်မှုကို အနက်ရှိုင်းဆုံး အဆင့်အထိ မြှင့်တင်ပေးမည့် အချိန် အခါ ဖြစ်ကြောင်း ကြောင်းကျိုး ဆင်ခြင်တွေ့ရှိရပါသည်။✅💯📌

💚 #၄တန့်ဘာဝကရကဋ်ရာသီ
💚 #မိခင်ဝမ်းကြာတိုက်နှင့်အသိဉာဏ်ပညာရင့်သန်မှု၁၂နှစ်တာစက်ဝန်း

💢သဘာဝရာသီစက် (ကာလချက္ကရ) ၏ ၄ တန့် ဘာဝဖြစ်သည့် ကရကဋ်ရာသီသည် တနင်္လာ ဂြိုဟ် (စိတ်၏ ကာရက) ပိုင်ဆိုင်သော အိမ်ဖြစ်ပြီး ကြာသပတေးဂြိုဟ်ကြီး အမြင့်ဆုံး အစွမ်းထက် မြက်ရာ (ဉုစ်မူရာ) အိမ်ဖြစ်ပါသည်။✅💢📌

💢 ၄ တန့် ဘာဝဆိုသည်မှာ ကျွန်ုပ်တို့ နေထိုင်ရာ “ကမ္ဘာမြေ” သို့မဟုတ် လူသားတစ်ဦး မိခင်၏ ဝမ်းကြာတိုက်မှ “အူဝဲ” ဟူသော အသံဖြင့် လောကကြီးထဲသို့ စတင်ထွက်ပေါ် မွေးဖွားရာ မူလနေရာ လည်း ဖြစ်ပါသည်။✅💢📌

💢၄ တန့်အိမ်သည် အိမ်ဂေဟာ၊ မိခင်၊ အတွင်းစိတ်ငြိမ်းချမ်းမှု၊ အခြေခံ ပညာရေးနှင့် စိတ်ခံစားချက် လုံခြုံမှုတို့ကို ကိုယ်စားပြုပါသည် ။✅💢📌

💢ဤရာသီတွင် ကြာသပတေးဂြိုဟ် ( အသက်၊ ရှင်သန်ခြင်းနှင့် ကြီးထွားမှု) ရပ်တည် လာခြင်းသည် ကလေးငယ်တစ်ဦး မိခင်ရင်ခွင်မှတစ်ဆင့် လောကကြီးအား စတင် ထိတွေ့ရာတွင် ရရှိလာမည့် ကြီးထွားမှုဖြစ်စဉ်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးမှုကို ပုံဖော်ပေးခြင်းဖြစ်ပါသည်။

💢အူဝဲဟု အော်ငိုနေသည့် ကလေးအရွယ်မှ မိခင်၏ ရင်ခွင်ပိုက်အရွယ် ကြီးထွားမှုဖြစ်စဉ်သည် ရုပ်ပိုင်းဆိုင် ရာ ကြီးထွားမှုသာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ကြာသပတေးဂြိုဟ်မှ ဖော်ဆောင် ပေးခြင်း ဖြစ်ပါသည်။

💢ကြာသပတေးဂြိုဟ်သည် ရာသီခွင်တစ်ပတ်ပြည့်ရန် ၁၂ နှစ် အချိန်ယူရသဖြင့် လူသားတစ်ဦး၏ ဘဝတွင် ၁၂ နှစ်ပြည့်တိုင်း ကြာသပတေးဂြိုဟ်သည် မူလနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ဘဝ၏ အသိဉာဏ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ အချိုးအကွေ့များကို ဖန်တီးပေးလေ့ရှိပါသည်။ ✅💢📌

💢ဤ ၁၂ နှစ်တာ အပိုင်းအခြားများသည် အဇ္ဈတ္တ (အတွင်းစိတ်) နှင့် ဗဟိတ္တ (ပြင်ပလောက) ဆက်စပ်မှုများကို အောက်ပါအတိုင်း အဆင့်ဆင့် ပုံဖော်ပါ သည်-

💚 #ပထမစက်ဝန်းအသက်၁၂နှစ်အရွယ်
- ဤအရွယ်သည် ကလေးငယ်ဘဝမှ လူငယ်ဘဝသို့ အကူးအပြောင်းကာလဖြစ်ပါသည်။ အူဝဲဟု အော်ငိုခဲ့သော ကလေးငယ်သည် ၁၂ နှစ်အရွယ်သို့ ရောက်သောအခါ မိမိ၏ အဇ္ဈတ္တ စိတ်သန္တာန်အတွင်း ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း၊ အကြောင်းအကျိုး ခွဲခြားသိမြင်နိုင်စွမ်း စတင် ဖွံ့ဖြိုးလာပါသည်။✅💢📌

-ပြင်ပ ဗဟိတ္တလောကဖြစ်သော ကျောင်း၊ ဆရာသမား၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်တို့နှင့် ထိတွေ့ ဆက်ဆံရာတွင် အခြေခံ အသိပညာများကို စုပ်ယူသော ကာလဖြစ်ပါသည်။ ကြာသပတေး ဂြိုဟ်၏ လွှမ်းမိုးမှုကြောင့် ကျင့်ဝတ်နှင့် စည်းကမ်းများကို စတင်နားလည်လာပြီး လောကကို အကောင်းမြင် စိတ်ဖြင့် စတင်ရှုမြင်တတ်လာပါသည်။✅💢📌

#ဒုတိယစက်ဝန်းအသက်၂၄နှစ်အရွယ်
- လူငယ်ဘဝမှ လူကြီးဘဝသို့ ကူးပြောင်းကာ ဘဝ၏ အတ္တ (Artha) နှင့် ကာမ (K**a) တြိဂေါဏများဆီသို့ စတင်ခြေလှမ်းသော ကာလဖြစ်ပါသည်။ ✅💢📌

-အသက် မွေးဝမ်းကျောင်း လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း၊ ကိုယ်ပိုင်ရပ်တည်မှုအတွက် အုတ်မြစ် ချခြင်း၊ အချစ် ရေး နှင့် လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်လာခြင်းများ ပြုလုပ်ရသဖြင့် ဗဟိတ္တ လောက၏ကြမ်းတမ်း မှုများနှင့် ပြိုင်ဆိုင်မှုများကို စတင်ရင်ဆိုင်ရချိန်ဖြစ်သည်။✅💢📌

💢ဤအချိန်တွင် ကြာသပတေးဂြိုဟ်သည် လောကီရေးရာ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ လက်တွေ့ကျသော ဉာဏ်ပညာကို ရင့်သန်စေပါသည်။ အဇ္ဈတ္တစိတ်တွင် ရည်မှန်းချက်ကြီးမားလာပြီး ဘဝကို ကိုယ်တိုင် ပဲ့ကိုင်လိုစိတ် ပြင်းပြလာစေသည်။💢✅📌

💢 #တတိယစက်ဝန်းအသက်၃၆နှစ်အရွယ်
- ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အပြည့်ဝဆုံး ရင့် ကျက်သည့် ကာလဖြစ်ပါသည်။ အိမ်ထောင်ရေး၊ သား သမီး တာဝန်၊ စီးပွားရေး စသည့် လောကီ တာ ဝန်များကို အပြည့်အဝ ထမ်းဆောင်ရင်း အဇ္ဈတ္တပိုင်းဆိုင်ရာ တည် ငြိမ်မှုကို ရှာဖွေလာတတ်ပါသည်။ ✅💢📌

💢အမှားအမှန်၊ အကောင်းအဆိုးတို့ကို ဒဿနအမြင်ဖြင့် ချင့်ချိန်တတ်လာပြီး လူ့အဖွဲ့အစည်း အပေါ် ပြန်လည်အကျိုးပြုနိုင်သော အသိဉာဏ် ရင့်သန်လာပါသည်။ ကြာသပတေးဂြိုဟ်သည် ဤအရွယ်တွင် ခေါင်း ဆောင်မှု၊ တာဝန်ယူမှုနှင့် မိသားစုအပေါ် စောင့်ရှောက်မှု ကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့ပေးပါသည်။ ✅💢📌

💢ဗဟိတ္တလောက၏ အောင်မြင်မှုများကို အဇ္ဈတ္တ၏ ငြိမ်းချမ်းမှုဖြင့် ချိန်ထိုးတတ်လာသည်။✅💢📌

💢 #စတုတ္ထစက်ဝန်းအသက်၄၈နှစ်အရွယ်နှင့်အထက်
- လောကီအာရုံများမှသည် လောကုတ္တ ရာ (Moksha) ဆီသို့ စိတ်ဝင်စားမှု စတင်ပြောင်းလဲလာသော အချိန်ဖြစ်ပါသည်။ ကြာသပတေးဂြိုဟ်၏ အမြင့်ဆုံး ဒဿနဉာဏ်များ ပွင့်လင်းလာပြီး မိမိ၏ အဇ္ဈတ္တစိတ်ကို ပိုမိုစူးစမ်းလာပါသည်။ ✅💢📌

-ဗဟိတ္တလောက၏ ပြောင်းလဲမှုများ၊ ဆုံးရှုံးမှုများအပေါ် တုန်လှုပ်မှု နည်းပါးလာကာ ငြိမ်းချမ်း ရေး၊ သံသရာမှ လွတ်မြောက်ရေးနှင့် ဝိညာဉ်ရေးရာ ရင့်သန်မှုတို့ကို အလေးထား ရှာဖွေလာသော အရွယ်ဖြစ်ပါသည်။

-ဤစက်ဝန်းများဆက်တိုက် လည်ပတ်ခြင်းဖြင့် လူသားတစ်ဦးသည် အဝိဇ္ဇာ မသိမှု မှသည် အသိဉာဏ်၊ ဆင်ခြင်တုံတရား ဝိဇ္ဇာသို့ တဖြည်းဖြည်း ချဉ်းကပ်လာခြင်း ဖြစ်ပါသည်။✅💢📌

💢ဤဖြစ်စဉ်များတွင် စိတ်နေစိတ်ထား အဇ္ဈတ္တ ဗဟိတ္တ သန္တာန် အရေးကြီးပုံမှာ- ကြာသပတေး ဂြိုဟ်သည် ကရကဋ် (စိတ်ခံစားမှုနှင့် မိခင်၏မေတ္တာစိတ်ကို ကိုယ် စားပြုသော) ရာသီတွင် ရပ်တည်စဉ် အပြင်ပန်း ရုပ်ပိုင်းဆိုင် ရာ တိုးတက်မှု (ဗဟိတ္တ) ထက် အတွင်းစိတ်ပိုင်းဆိုင်ရာ ကြွယ်ဝချမ်းသာမှု၊ မေတ္တာတရားနှင့် သစ္စာတရား (အဇ္ဈတ္တ) ကို ပိုမိုဦးစားပေး ဖော်ဆောင်ခြင်းကြောင့် ဖြစ်ပါသည်။✅💢📌

💢အဇ္ဈတ္တ ခိုင်မာမှသာ ဗဟိတ္တလောက၏ မုန်တိုင်းများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် ဖြစ်ပေ သည်။ စိတ်၏ ငြိမ်းချမ်းမှုမရှိဘဲ ရရှိလာသော ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများသည် အချည်းနှီးသာ ဖြစ်ကြောင်း ကြာသပတေး ဂြိုဟ်က ကရကဋ်ရာသီမှ နေ၍ သတိပေးနေခြင်း ဖြစ်ပါသည်။✅💢📌

📌နှစ်ပေါင်း (၃၀) ဗေဒင်ပညာရပ် မျိုးစုံအား အနီးကပ် စည်းစနစ်တကျ လေ့လာဆည်းပူးခြင်းဖြင့် ဗေဒင်ပညာ ဆိုသည်မှာ “ရှေးဖြစ်ဟောပြောခြင်း” ဆိုသည်ထက် ဇာတာခွင်မှ ညွှန်းဆိုချက်များအား သဘာဝတရားနှင့် အညီ “အကြံပြု ဆွေးနွေးခြင်း” ဘက်သို့ ပိုမို အာရုံဦးညွှတ်စေခဲ့ပေသည်။✅💢📌

💢ဆိုတော့ လူသားတိုင်း၏ ဘဝတိုးတက်ကြီးပွားရေး၊ ပညာဉာဏ်ဖွံ့ဖြိုးရေးနှင့် တရားဓမ္မကိုင်းရှိုင်းရေး တို့အတွက် ကောင်းကျိုးပေးစွမ်းတတ်သော ကြာသပ တေးဂြိုဟ်ကြီးသည် ယနေ့တွင် မိမိ၏ ဂုဏ်သတ္တိနှင့် စွမ်းအားများ အပြည့်အဝ ဖော်ထုတ်နိုင်သည့် ကရကဋ်ရာသီ သို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။✅💢📌

💢ကြာသပတေးဂြိုဟ်သည် ရာသီစက်ဝန်းတစ်ပတ်ကို ပြည့်စုံစွာ လှည့်လည်ရန် (၁၂) နှစ်ခန့် ကြာမြင့်သော ဂြိုဟ်ကြီးဖြစ်ရာ ယခု ကရကဋ်ရာသီသို့ ပြန်လည်ရောက်ရှိလာခြင်းသည် လူသားတို့အတွက် လွန်ခဲ့သော (၁၂) နှစ်တာ ဘဝခရီးလမ်းကို ပြန်လည်သုံးသပ်ဆင်ခြင်ရမည့် အရေးကြီးသော အချိန်ကာလတစ်ရပ် ဖြစ်ပါသည်။
ထိုသို့ ပြန်လည်ဆင်ခြင်ရာတွင်—

💢လွန်ခဲ့သော (၁၂) နှစ်တာကာလအတွင်း
♦️မိမိဘဝတိုးတက်အောင်မြင်ပြည့်စုံလိုသော၊
♦️မိမိကိုယ်ကို ချင့်ချိန်ဝေဖန် ပိုင်းခြားတတ်သော အကြင်သူတော်ကောင်းတို့သည်

🟢မိမိ ကြုံတွေ့ခဲ့ရသော အောင်မြင်မှု၊ ကျရှုံးမှု၊ သင်ခန်းစာများကို သေချာ ပြန်လည်စိစစ်သုံးသပ်ရန်။
🟢အနာဂတ်ဘဝခရီးအတွက် ရည်မှန်းချက်များကို စနစ်တကျ ပုံဖော်ရေးဆွဲရန်။
🟢 အဇ္ဈတ္တနှင့် ဗဟိတ္တဆိုင်ရာ အပြုအမူ၊ အတွေးအခေါ်၊ စိတ်နေသဘောထားများကို ပြန်လည်စိစစ်ပြုပြင်ရန်။
🟢 စီးပွားရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို အကဲဖြတ်၍ ပိုမိုကောင်းမွန်သော လမ်းကြောင်းတစ်ရပ်ကို တည်ဆောက်ရန်။
🟢ဝင်ငွေ၊ ထွက်ငွေ စီမံခန့်ခွဲမှုများကို စည်းကမ်းတကျ ပြန်လည်ညှိနှိုင်းရန်။
🟢မိမိ၏ အနာဂတ်အိပ်မက်များနှင့် ဘဝရည်မှန်းချက်များအတွက် ရေရှည်မဟာဗျူဟာများ ချမှတ်ရန်။
🟢ဘာသာတရား၊ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ ပိုမိုမြင့်မားသော ဘဝတန်ဖိုးများဆီသို့ ဦးတည်ကြိုးပမ်းရန် လိုအပ်ပေသည်။✅💢📌

💥ကြာသပတေးဂြိုဟ်သည် ပညာဉာဏ်၊ အသိတရား၊ သမာသမတ်ရှိမှု၊ ကြီးပွားတိုးတက်မှုနှင့် ကုသိုလ်တရား တို့၏ ကာရကဂြိုဟ်ကြီးဖြစ်သည်။ ထို့ကြောင့် ၎င်း၏ စွမ်းအားသည် လူသားတို့အား ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများ သာမက စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ဉာဏ်ပညာတိုးပွားမှုနှင့် တရားဓမ္မဆိုင်ရာ တိုးတက်မှုများဆီသို့လည်း ဦးဆောင်ပေးလေ့ရှိသည်။✅💢📌

💢ယခုအချိန်တွင် ကြာသပတေးဂြိုဟ်သည် သဘာဝရာသီစက်ဝန်း၏ (၄) တန့်ဘာဝသဘောကို ကိုယ်စားပြု သော ကရကဋ်ရာသီ၌ ကောဇာအားဖြင့် တည်ရှိနေသည့်အတွက် မျှော်မှန်းချက်များ၊ ဆန္ဒများ၊ ရည်မှန်း ချက်များ ပြည့်ဝအောင်မြင်စေရန် တွန်းအားပေးသော စွမ်းအင်တစ်ရပ် ပေါ်ထွန်းနေပါသည်။✅💢📌

💢ထို့အပြင် ကရကဋ်ရာသီ၏ အရှင်သခင်ဖြစ်သော တနင်္လာဂြိုဟ် သည် စိတ်နှလုံး၊ ခံစားမှု၊ အတွင်းစိတ် ကမ္ဘာနှင့် သဘာဝ ရာသီစက်၏ (၄) တန့်ဘာဝဖြစ်သော အခြေခံတန်ဖိုးများ၊ မူဝါဒများ၊ ကျင့်ဝတ်များ၏ ကာရကဂြိုဟ်ဖြစ်သည်။ ✅💢📌

💢ထို့ကြောင့် ယခုကာလသည် မိမိ၏ အတွင်းစိတ်အရင်းအမြစ်များကို ပြန်လည်သုံးသပ်၍ ဘဝ၏ အခြေခံ မူများကို ခိုင်မာစွာ တည်ဆောက်ရမည့် အချိန်ကာလတစ်ခုလည်း ဖြစ်ပါသည်။ ✅💢📌

♦️ကြာသပတေး ဂြိုဟ်၏ ကောင်းမွန် သော စွမ်းအားများသည် လူသားတိုင်းအတွက် အမြဲတမ်း လှည့်ပတ်စီးဆင်းနေသော်လည်း ထိုအခွင့် အလမ်းများကို အသိပညာ၊ သတိတရားနှင့် ကြိုးစားအားထုတ်မှုတို့ဖြင့် လက်ခံအသုံးချနိုင်မှသာ အကျိုးရလဒ်များ ထင်ရှားစွာ ပေါ်ထွက်လာမည် ဖြစ်ပါသည်။✅💢📌

♦️ထို့ကြောင့် ယခုကာလကို မိမိဘဝ၏ အလှည့်အပြောင်းတစ်ရပ်အဖြစ် မှတ်ယူကာ၊
🟢အတိတ်မှ သင်ခန်းစာများ ကို အရင်းအနှီးပြု၍ ၊
🟢အနာဂတ်အတွက် ပိုမိုတောက်ပသော လမ်းကြောင်းတစ်ခုကို
🟢 ပညာဉာဏ်၊ သတိတရားနှင့် ကိုယ်ကျင့် တရားတို့ဖြင့် ပုံဖော်တည်ဆောက်ကြပါစို့

❣️ကျွန်ုပ်ခင်မင်ရပါသော၊ ကျွန်ုပ်ကဲ့သို့သော နက္ခတ္တ ဗေဒင် ပညာရပ် အပေါ် ဝါသနာထုံကြသော ဗေဒင်ဝါသနာရှင်အပေါင်းတို့အား ကျွန်ုပ်၏ နက္ခတ္တဗေဒအပေါ် အမြင်သစ်အား မျှဝေ ပေးအပ်ပါသည်။💯🍀📌

📌 #စာစောင်ဖတ်ပြီးပါကမှတ်ချက်တစုံတရာချန်ခဲ့ပေးပါ့လား

#တိကျမှန်ကန်သေချာသည့်သင့်ရဲ့အနာဂတ်ကံကြမ္မာကိုတိုင်ပင်ဆွေးနွေးလိုပါလျင်....

StarLight Astrology Research and Consulting

#ကိုလတ်( #မွန်းတည့်မျဉ်း)







💢 #ကြာသပတေးဂြိုဟ်ကရကဋ်ရာသီသို့ကောဇာအားဖြင့်ရောက်ရှိခြင်း-💢 #၁၂နှစ်တာခရီးစဉ်နှင့်ကမ္ဘာ့အပြောင်းအလဲများဆိုင်ရာဝိသေသအမြင်  ...
05/26/2026

💢 #ကြာသပတေးဂြိုဟ်ကရကဋ်ရာသီသို့ကောဇာအားဖြင့်ရောက်ရှိခြင်း-

💢 #၁၂နှစ်တာခရီးစဉ်နှင့်ကမ္ဘာ့အပြောင်းအလဲများဆိုင်ရာဝိသေသအမြင်

💢 #၁၂နှစ်တာခရီးစဉ်အဆုံးသတ်နှင့်သံသရာစက်ဝန်းသစ်တစ်ခုအစပျိုးမှု

🍀📌“လောကသစ္စံ နသစ္စံ” ဟု ဆိုအပ်သည့် ပါဋ္ဌိ အနက် ကို ဆင်ခြင်လျက် အောက်ပါ ကျွန်ုပ်၏ ဝိသေသ အမြင်ကို ဖွင့်ဆိုအပ်ပါသည်။

✍️နက္ခတ္တဗေဒင်ပညာရပ်နှင့် ကမ္ဘာ့ရေးရာ (Mundane Astrology) လေ့လာမှုများအရ၊ ကြီးမြတ်သော ကံတရား၊ ဉာဏ်ပညာ၊ ပွားများတိုးတက်မှု၊ ဥပဒေရေးရာ၊ ဘာသာတရားနှင့် အဖိုးတန် ဓနဥစ္စာတို့ကို ကိုယ်စားပြုသည့် ကြာသပတေးဂြိုဟ် (Jupiter) သည် ၎င်း၏ ၁၂ နှစ်တာ ရာသီစက်ခရီးစဉ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိမည့် ကရကဋ်ရာသီ (Cancer Sign) သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၂၄ မိနစ်၊ ၄၃ စက္ကန့်တွင် တရားဝင် ကူးပြောင်းရောက်ရှိမည် ဖြစ်ပါသည်။✍️⚖️👏

🍀ဤအကူးအပြောင်းသည် ပုံမှန် သာမန် ဂြိုဟ်ပြောင်းရွှေ့မှုတစ်ခုမျှသာ မဟုတ်ဘဲ၊ ကမ္ဘာ့လူသားထု တစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ဆေးပညာနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ အားလုံးကို အုတ်မြစ်မှစ၍ လှုပ်ခတ်ပြောင်းလဲစေမည့် ၁၂ နှစ်တာ သံသရာသစ်တစ်ခု၏ ခိုင်မာသော အစပျိုးမှုကြီး ဖြစ်ပါသည်။

🍀ကြာသပတေးဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း အကြီးမားဆုံးသော ဂြိုဟ်ဖြစ်ပြီး၊ ၎င်း၏ လှည့်လည် သွားလာမှုသည် ကမ္ဘာမြေပေါ်ရှိ လူသားတို့၏ စိတ်နေသဘောထားများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ မူဝါဒများနှင့် ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းများကို တိုက်ရိုက် လွှမ်းမိုးလျက်ရှိသည်။

🍀ယခင် မေထုန်ရာသီ (Gemini) တွင် ရပ်တည်ခဲ့သော ကာလများ၌ ကြာသပတေးဂြိုဟ်သည် ယုတ်ညံ့ သောအား (Detriment) ဖြင့် ရပ်တည်ခဲ့ရပြီး၊ သတင်းအချက်အလက် ကစဉ့်ကလျားဖြစ်မှု၊ စီးပွားရေး မတည်ငြိမ်မှုများ၊ လေလွင့်နေသော ဆက်သွယ်ရေး ပြဿနာများနှင့် ဉာဏပိုင်းဆိုင်ရာ အကွဲအပြဲများကို ဖန်တီးခဲ့သည်။ သို့သော် ယခု ကရကဋ်ရာသီသို့ ရောက်ရှိချိန်တွင်မူ မိမိ၏ အမြင့်မြတ်ဆုံးသော ဉုစ်မူရာရာသီ (Exaltation Sign) သို့ ရောက်ရှိသွားခြင်း ဖြစ်သောကြောင့် ၎င်း၏ စွမ်းအင်များသည် အမြင့်မားဆုံးနှင့် အသန့်စင်ဆုံး အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

🍀ကရကဋ်ရာသီတွင် ကြာသပတေးဂြိုဟ် ဉုစ် ရပ်တည်ခြင်းသည် ၁၂ နှစ်လျှင် တစ်ကြိမ်သာ ကြုံတွေ့ရ သော အခိုက်အတန့် ဖြစ်သော်လည်း ဤ ၂၀၂၆ ခုနှစ်၏ ကူးပြောင်းမှုသည် ပုံမှန် မြင်တွေ့ရရိုးရှိသော အကျိုးသက်ရောက်မှုများသာမက၊ အခြားသော အင်အားကြီးဂြိုဟ်များနှင့် ထူးခြားစွာ ဆက်သွယ် နေသော ဝိသေသအမြင် (Special Aspects) များကြောင့် လာမည့်ကာလများသည် သမိုင်းဝင် အချိုးအကွေ့များကို ဖော်ဆောင်မည့် ကာလများအဖြစ် တွေ့ရှိရပါသည်။✨💥

📌အထူးသဖြင့် #အင်္ဂါစနေပလူတိုနှင့်နက်ပကျွန်းကဲ့သို့သော အနှေးသွားဂြိုဟ်ကြီးများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အမြင်ဖလှယ်နေမှုများက ဤ ၁၂ နှစ်တာ ခရီးစဉ်၏ အဆုံးသတ်နှင့် အစပျိုးမှု နှစ်ရပ်စလုံးကို ပြင်းထန်သော အင်အားဖြင့် မောင်းနှင်သွားမည်ဖြစ်သည်။💥✨

🍀ကရကဋ်ရာသီ၏ အခြေခံသဘာဝနှင့် သဘာဝရာသီစက်၏ လွှမ်းမိုးမှုများ

💢နက္ခတ္တဗေဒင် သဘာဝရာသီစက် (Kaal Purusha Kundali) တွင် ကရကဋ်ရာသီသည် (၄) တန့်မြောက် ရာသီအဖြစ် တည်ရှိသည်။ ၄ တန့် ဘာဝသည် အိမ်၊ မိသားစု၊ မိခင်၊ မျိုးချစ်စိတ်ဓာတ်၊ မြေယာ၊ အခြေခံမူဝါဒ၊ စိတ်ခံစားမှု၊ မွေးဖွားရာ ဇာတိမြေနှင့် လူထုတစ်ရပ်လုံး၏ အသည်းနှလုံးကို အဓိက ကိုယ်စားပြုပါသည်။

🍀ထို့ထက်ပို၍ နက်ရှိုင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ ၄ တန့် ဘာဝ (Imum Coeli - IC) သည် အရာခပ်သိမ်းတို့၏ "မြစ်ဖျားခံရာ အစပျိုးမှု" (Roots and Foundations) နှင့် လူသားတို့၏ "အပြီးတိုင် အဆုံးသတ်ရာ သင်္ချိုင်း သို့မဟုတ် ဘဝ၏ နေဝင်ချိန်" (Endings) ဟူသော သဘောတရား နှစ်ရပ်စလုံးကို လွှမ်းခြုံထားသည်။📌💥❣️

🍀ထို့ကြောင့် ဤရာသီသို့ ကြာသပတေးဂြိုဟ် ရောက်ရှိလာချိန်တွင် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ အဟောင်းအမြင် ဖွဲ့စည်းပုံများ၊ ခေတ်ကုန်နေပြီဖြစ်သော နိုင်ငံရေး အယူအဆများနှင့် စီးပွားရေး မူဝါဒဟောင်းများ အားလုံးသည် ၎င်းတို့၏ သက်တမ်းကို အပြီးတိုင် အဆုံးသတ်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ရှင်သန်မှုတို့ကို အခြေခံသော ခေတ်သစ်၊ မူဝါဒသစ်၊ လူမှုအဖွဲ့အစည်းသစ် များ၏ အုတ်မြစ်ချ အစပျိုးမှုများကို စတင်မြင်တွေ့လာရမည်ဖြစ်သည်။💥✨💯

💥📌ကရကဋ်ရာသီသည် ရွေ့လျားမှုနှင့် အစပျိုးမှုကို ကိုယ်စားပြုသော စရရာသီ (Cardinal Sign) ဖြစ်သည်။ စရရာသီများ၏ သဘောသဘာဝမှာ တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ အရေးယူ ဆောင်ရွက်ခြင်း၊ ပြောင်းလဲခြင်းနှင့် ရှေ့သို့ တွန်းအားပေးခြင်းတို့ ဖြစ်သည်။💥📌

🍀💥 #ဤကာလအတွင်းကမ္ဘာတစ်ဝှမ်းရှိအစိုးရများနှင့် အဖွဲ့အစည်းများသည် အချိန်ဆွဲနေသော ပြဿနာများ ကို ရပ်တန့်ကာ ခိုင်မာသော အပြောင်းအလဲသစ်များနှင့် အုပ်ချုပ်ရေးပုံစံသစ်များကို အရှိန်အဟုန် ပြင်းစွာဖြင့် စတင် အကောင်အထည်ဖော်လာကြမည်ဖြစ်သည်။💥📌

🍀တစ်ချိန်တည်းမှာပင်၊ ကရကဋ်ရာသီသည် ရေဓာတ်ကို အပြည့်အဝ ကိုယ်စားပြုသော အာပေါရာသီ (Water Sign) ဖြစ်သောကြောင့်၊ ၎င်းအပြောင်းအလဲများသည် ယုတ္တိဗေဒ သက်သက်၊ တွက်ခြေကိုက်မှု သက်သက်ထက် လူထု၏ နက်ရှိုင်းသော စိတ်ခံစားမှု၊ ရှင်သန်ရပ်တည်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုလားချက်များအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာမည်ဖြစ်သည်။💥📌

🍀ကြာသပတေးဂြိုဟ်၏ ကြီးမားပြန့်ပွားတတ်သော သဘော (Expansion) သည် ဤရေဓာတ် (ခံစားမှု) နှင့် ပေါင်းစပ်သွားသောအခါ လူသားတို့၏ စာနာနားလည်မှု၊ မိသားစုကို ကာကွယ်လိုစိတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို့၏ အခြေခံအုတ်မြစ်များကို စောင့်ရှောက်လိုစိတ်တို့သည် အဆမတန် ကြီးထွားလာမည်ဖြစ်သည်။💥💯

🍀 ထို့ကြောင့် ကရကဋ်ရာသီရှိ ကြာသပတေးဂြိုဟ်သည် တစ်ဖက်တွင် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ကုစားမှုများနှင့် ကရုဏာတရားကို အမြင့်ဆုံးသို့ ရောက်ရှိစေသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိအိမ်ရာကို ကာကွယ်ရန်အတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်ရဲသည့် အစွန်းရောက်သော အမျိုးသားရေး လှုပ်ရှားမှုများကိုပါ မွေးဖွားပေးမည့် အင်အားစုကြီး ဖြစ်လာမည်ဖြစ်သည်ဟု ရှုမြင်မိပါ၏။💥📌

🍀ကရကဋ်ရာသီတွင်းရှိ နက္ခတ်သုံးပါးနှင့် ဘာဝသခင်တို့၏ အချိုးအကွေ့များ

❣️ကြာသပတေးဂြိုဟ်သည် ကရကဋ်ရာသီအတွင်း ဖြတ်သန်းစဉ် နက္ခတ် (၃) လုံး၏ စွမ်းအင် နယ်ပယ်များ ကို အဆင့်ဆင့် ဖြတ်သန်းသွားမည်ဖြစ်ပြီး၊ ၎င်းနက္ခတ်တစ်ခုစီသည် ကမ္ဘာ့ကံကြမ္မာအပေါ် မတူညီသော အကျိုးသက်ရောက်မှုများကို ဖန်တီးမည်ဖြစ်သည်။

🍀 နက္ခတ်များသည် ဂြိုဟ်များ၏ နောက်ကွယ်မှ စွမ်းအင်ပေးသူများ ဖြစ်ကြရာ၊ ကြာသပတေးဂြိုဟ်၏ ဉုစ်အားသည် မည်သည့် လမ်းကြောင်းသို့ စီးဆင်းမည်ကို ဤနက္ခတ်များက အတိအကျ ပဲ့ကိုင်ပေးမည်ဖြစ်သည်။

📌ပထမဦးစွာ ကြာသပတေးဂြိုဟ်သည် ပုဏ္ဏဖုသျှနက္ခတ် (Punarvasu Nakshatra) ပေါ်သို့ စတင် ဝင်ရောက်မည်ဖြစ်သည်။ ဤနက္ခတ်သည် ကြာသပတေးဂြိုဟ် ကိုယ်တိုင် ပိုင်ဆိုင်သော နက္ခတ်ဖြစ်ပြီး၊ သဘာဝရာသီစက်၏ ၉ တန့် (ဓနုရာသီ) နှင့် ၁၂ တန့် (မိန်ရာသီ) ဘာဝသခင်၏ စွမ်းအင်များကို သယ်ဆောင်ထားသည်။

🍀❣️၉ တန့် ဘာဝသည် ဘာသာတရား၊ တရားဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ အဆင့်မြင့်ပညာရေးနှင့် အဝေးခရီးသွားလာခြင်းတို့ကို ကိုယ်စားပြုပြီး၊ ၁၂ တန့် ဘာဝသည် လျှို့ဝှက်သော ကိစ္စရပ်များ၊ သီးခြားခွဲထွက်နေထိုင်ခြင်း၊ ဆေးရုံဆေးခန်းများ၊ ကုသရေးလုပ်ငန်းများနှင့် နိုင်ငံခြားတိုင်းပြည်များကို ကိုယ်စားပြုသည်။ ပုဏ္ဏဖုသျှ၏ သင်္ကေတ အဓိပ္ပါယ်မှာ "အလင်းရောင်များ ပြန်လည်ရောက်ရှိလာခြင်း" သို့မဟုတ် "အဖိုးတန်ရတနာများ ပြန်လည်ရရှိခြင်း" ဖြစ်သည်။💥📌

🍀သို့ဖြစ်၍ ကြာသပတေးဂြိုဟ် ဤနက္ခတ်ပေါ်တွင် ရပ်တည်မည့် ကနဦးကာလများ၌ ဘာသာတရားနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိမည်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး (၉ တန့်) နှင့် လျှို့ဝှက်သော သံတမန်ရေးရာ ကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာ ကုသရေးလုပ်ငန်းများ (၁၂ တန့်) တွင် ကြီးမားသော အပြုသဘောဆောင်သည့် အပြောင်းအလဲများ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ ယခင်က ဆုံးရှုံးခဲ့သော အခွင့်အရေးများနှင့် တရားမျှတမှုများ ပြန်လည်ရရှိမည့် ကာလဖြစ်သည်။💥📌

🍀ဒုတိယအဆင့်အနေဖြင့် ကြာသပတေးဂြိုဟ်သည် ဖုသျှနက္ခတ် (Pushya Nakshatra) သို့ ကူးပြောင်း မည်ဖြစ်သည်။ ဤနက္ခတ်သည် ကရကဋ်ရာသီ၏ အလယ်ဗဟိုတွင် တည်ရှိပြီး စနေဂြိုဟ် ပိုင်ဆိုင်သော နက္ခတ်ဖြစ်သည်။ စနေဂြိုဟ်သည် သဘာဝရာသီစက်၏ ၁၀ တန့် (မကာရရာသီ - ကမ္မဘာဝ၊ အစိုးရ၊ အုပ်ချုပ်ရေး၊ အလုပ်အကိုင်) နှင့် ၁၁ တန့် (ကုံရာသီ - လာဘဘာဝ၊ ဝင်ငွေ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထု) ဘာဝသခင်၏ သတ္တိများကို ပေါင်းစပ်ထားသည်။💥📌

🍀ဖုသျှနက္ခတ်၏ အဓိပ္ပါယ်မှာ "အာဟာရ ဖြည့်တင်းခြင်း၊ ပြုစုပျိုးထောင်ခြင်း" ဖြစ်ပြီး နက္ခတ်အားလုံးတွင် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံး နက္ခတ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ဤကာလအတွင်း ကမ္ဘာ့အစိုးရများသည် လူထုအတွက် ခိုင်မာသော စီးပွားရေး မူဝါဒသစ်များ၊ အခြေခံ အဆောက် အအုံများနှင့် ရေရှည်တည်တံ့မည့် ဥပဒေများကို ပြဋ္ဌာန်းလာမည်ဖြစ်သည်။💥📌

🍀လူထု၏ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုက်ရိုက် ကာကွယ်ပေးမည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာမည်။ စနေဂြိုဟ်၏ လွှမ်းမိုးမှုကြောင့် အောင်မြင်မှုများသည် အလွယ်တကူ ရရှိလာမည် မဟုတ်ဘဲ စည်းကမ်းပြည့်ဝမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် အားထုတ် ကြိုးပမ်းမှုများအပေါ် မူတည်၍ ကြီးကျယ်သော ရလဒ်ကောင်းများကို ရရှိမည့် အချိန်ဖြစ်သည်။📌💥💯

💢နောက်ဆုံးအဆင့်တွင် ကြာသပတေးဂြိုဟ်သည် အဿလိသနက္ခတ် (Ashlesha Nakshatra) သို့ ဝင်ရောက်မည်ဖြစ်သည်။💥📌

🍀ဤနက္ခတ်သည် ဗုဒ္ဓဟူးဂြိုဟ် ပိုင်ဆိုင်ပြီး နဂါး၏ အဆိပ်ပြင်းသော စွမ်းအင်ကို ကိုယ်စားပြုသည်။ သဘာဝရာသီစက်၏ ၃ တန့် (မေထုန်ရာသီ - ဆက်သွယ်ရေး၊ ရဲရင့်မှု၊ မီဒီယာ) နှင့် ၆ တန့် (ကန်ရာသီ - ရန်သူ၊ ရောဂါ၊ အကြွေး၊ အလုပ်သမားရေးရာ) ဘာဝသခင်၏ လွှမ်းမိုးမှု ပါဝင်သည်။💯💥📌

🍀ကြာသပတေးဂြိုဟ် ဤနက္ခတ်ကို ဖြတ်သန်းချိန်တွင်မူ အခြေအနေများသည် ရုတ်တရက် ပြောင်းလဲ သွားမည်ဖြစ်သည်။ အဿလိသနက္ခတ်၏ နောက်ဆုံး အစိတ်အပိုင်းသည် ဂဏ္ဍမူလ (Gandamool) ဟုခေါ်သော ကံကြမ္မာ အကူးအပြောင်း နယ်ပယ်ဖြစ်သောကြောင့်၊ စီးပွားရေး ကမောက်ကမဖြစ်မှုများ၊ ကုန်သွယ်ရေး စစ်ပွဲများ၊ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ အကြပ်အတည်းများ၊ ကူးစက်ရောဂါ အသစ်များနှင့် နိုင်ငံတကာ အကြွေးမြီပြဿနာများ ပြင်းထန်စွာ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးထားသည်။

📌💥 အကြိတ်အနယ် ယှဉ်ပြိုင်ရသော ကာလဖြစ်ပြီး၊ အဆိပ်အတောက် (Toxic) ဖြစ်စေသော မီဒီယာ ဝါဒဖြန့်မှုများနှင့် လျှို့ဝှက်သော သတင်းအချက်အလက် စစ်ပွဲများကို ရင်ဆိုင်ရနိုင်ပေသည်။💥📌

🍀ဝိသေသ အမြင်များ- ကောင်းကင်ယံ ဂြိုဟ်အနေအထားများနှင့် အပြန်အလှန် ချိတ်ဆက်မှု ယန္တရား

📌🍀၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ ကြာသပတေးဂြိုဟ် ကရကဋ်ရာသီသို့ ပြောင်းရွှေ့ချိန်တွင် ကောင်းကင်ယံ၌ ဖြစ်ပေါ်နေမည့် ထူးခြားသော ဂြိုဟ်အနေအထားများနှင့် အပြန်အလှန် အမြင် (Aspects) များသည် သာမန်ကာလများနှင့် မတူညီသော ထူးခြားပြင်းထန်သည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

💢ဤဝိသေသ အမြင်များသည် ၁၂ နှစ်တာ ကာလအတွင်း ကမ္ဘာ့ရေးရာ အခင်းအကျင်းများကို ပုံဖော်ရာတွင် အဓိက အရေးပါသော တွန်းအားများ ဖြစ်လာမည်ဖြစ်သည်။💥📌

💢အင်္ဂါဂြိုဟ်မှ ကြာသပတေးဂြိုဟ်အား (၄) တန့် အထူးအမြင်ဖြင့် မြင်ခြင်း📌

💥ဤအကူးအပြောင်း ကာလတွင် အင်္ဂါဂြိုဟ်သည် မိဿရာသီတွင် ရပ်တည်နေမည်ဖြစ်သည်။ မိဿရာသီသည် အင်္ဂါဂြိုဟ်၏ မိမိပိုင်ရာသီ (Moolatrikona) ဖြစ်သောကြောင့် ၎င်း၏ ရဲရင့်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် အင်အားသုံးခြင်း သတ္တိများသည် အမြင့်ဆုံးနှင့် အားအကောင်းဆုံး တည်ရှိနေမည်ဖြစ်သည်။ 💥📌

💢🍀ထို့အပြင် အင်္ဂါဂြိုဟ်သည် သောကြာဂြိုဟ်ပိုင်ဆိုင်သော ဘရဏီ နက္ခတ်ပေါ်တွင် ရပ်တည်နေသည်။ ဘရဏီနက္ခတ်သည် သေမင်း (Yama) နှင့် သက်ဆိုင်ပြီး သေခြင်း၊ ရှင်ခြင်း၊ ပြင်းထန်သော ဆန္ဒလောဘများနှင့် အစွန်းရောက်သော အပြောင်းအလဲများကို ကိုယ်စားပြုသည်။💥📌

💢ဤကဲ့သို့ ပြင်းထန်သော အင်္ဂါဂြိုဟ်မှ ကရကဋ်ရာသီရှိ ဉုစ်အားဖြင့် ရပ်တည်နေသော ကြာသပတေး ဂြိုဟ်အား (၄) တန့် အထူးအမြင်ဖြင့် လှမ်းမြင်နေခြင်းသည် အင်မတန် အစွမ်းထက်ပြီး အန္တရာယ်များ သော ယန္တရားဖြစ်သည်။ 💥📌

💢၄ တန့် အမြင်သည် နက္ခတ္တဗေဒင်တွင် ကာကွယ်စောင့်ရှောက်ခြင်း၊ အိမ်ရာမြေ ကိစ္စရပ်များ၊ လုံခြုံရေးနှင့် ပြည်တွင်းရေးရာ ပြဿနာများကို အကြမ်းဖက်ဖြေရှင်းခြင်း၊ ပြင်းထန်သော တုံ့ပြန်မှုများကို ပြုလုပ်ခြင်းတို့ကို ဖော်ပြသည်။💥📌

💢💥ကရကဋ် (ရေဓာတ်) နှင့် မိဿ (မီးဓာတ်) တို့၏ ပေါင်းစပ်မှုသည် သဘာဝအားဖြင့် ဆန့်ကျင်ဘက် ဖြစ်ပြီး "ဆူပွက်နေသော ရေ" နှင့် တူညီသည်။💥📌

🍀 ကြာသပတေး၏ ကြီးမြတ်သော အမြင်တရားများ၊ ဥပဒေများနှင့် မူဝါဒများကို အင်္ဂါ၏ လက်နက်အားကိုးဖြင့် အသက်သွင်းမည့် အခြေအနေကို ရှင်းလင်းစွာ ဖော်ပြနေသည်။ 💥📌

🍀နိုင်ငံအစိုးရများသည် ၎င်းတို့၏ ပြည်တွင်းလုံခြုံရေးနှင့် နယ်နိမိတ် ကာကွယ်ရေး အတွက် မည်သည့် အင်အားသုံး ဖြေရှင်းမှုကိုမဆို ဝန်လေးတော့မည် မဟုတ်ပေ။💥💥

🍀ပလူတိုမှ ကြာသပတေးဂြိုဟ်အား (၇) တန့်အမြင်ဖြင့် အပြန်အလှန် မြင်ခြင်း📌

🍀မကာရရာသီ (Capricorn) တွင် ရပ်တည်နေသော ပလူတို (Pluto) သည် ကမ္ဘာ့ရေးရာ နက္ခတ္တ ဗေဒင်တွင် ကြီးမားသော ဖျက်ဆီးမှုနှင့် အသစ်ပြန်လည် တည်ဆောက်မှု (Transformation)၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၊ မြေအောက်လှုပ်ရှားမှုများနှင့် အကြွင်းမဲ့ အာဏာကို ကိုယ်စားပြုသည်။💥📌

🍀 ပလူတိုသည် အစိုးရယန္တရား၊ အဖွဲ့အစည်းများနှင့် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြုသည့် ၁၀ တန့်မြောက် ရာသီဖြစ်သော မကာရရာသီတွင် တည်ရှိနေပြီး၊ ပြည်သူလူထုနှင့် စိတ်ခံစားမှုကို ကိုယ်စားပြုသည့် ကရကဋ်ရာသီရှိ ကြာသပတေးဂြိုဟ်နှင့် (၇) တန့် အမြင် (၁၈၀ ဒီဂရီ မျက်နှာချင်းဆိုင်) ဖြင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့နေသည်။💥📌

🍀ဤအပြန်အလှန် အမြင်သည် အင်အားကြီးမားလှသော အာဏာရှင်ဆန်သည့် ဗျူရိုကရေစီ စနစ်များ (ပလူတို/မကာရ) နှင့် လူထု၏ လွတ်လပ်ခွင့်၊ စောင့်ရှောက်ခံရခွင့်၊ ရိုးရာဓလေ့များ (ကြာသပတေး/ကရကဋ်) တို့အကြား ကြီးမားသော ပွတ်တိုက်မှုများနှင့် စစ်ပွဲများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။💥📌

🍀အစိုးရများသည် အလွန်တင်းကျပ်သော ဥပဒေများကို ပြဋ္ဌာန်း၍ လူထုအား ထိန်းချုပ်ရန် ကြိုးပမ်း မည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း လူထုက ၎င်းတို့၏ အခြေခံအခွင့်အရေးများအတွက် ပြင်းထန်စွာ ပြန်လည်ခုခံ တောင်းဆိုမည့် အခြေအနေကို ဖန်တီးမည်ဖြစ်သည်။💥📌

🍀နိုင်ငံရေးနှင့် ကမ္ဘာ့ရေးရာ နက္ခတ္တဗေဒင် (Mundane Astrology) ရှုထောင့်အရ သဘာဝရာသီစက်၏ (၄) တန့်မြောက် ဘာဝသည် နိုင်ငံတစ်နိုင်ငံ၏ မြေယာ၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အဆိုပါ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသော အခြေခံ အလုပ်သမားများ၊ သတ္တုတွင်း အလုပ်သမားများ အပါအဝင် သာမန်ပြည်သူလူထု တစ်ရပ်လုံးကို အဓိက ကိုယ်စားပြုပါသည်။💥📌

🍀တစ်ဖက်တွင်လည်း ပလူတို (Pluto) ဂြိုဟ်သည် ကြီးမားသော အသွင်ပြောင်းလဲမှု (Transformation)၊ အဟောင်းများကို ဖျက်ဆီး၍ အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ကိုယ်စားပြုပြီး၊ အထူးသဖြင့် ၎င်းသည် နည်းပညာနှင့် ကွန်ရက်များကို ကိုယ်စားပြုသော ကုံရာသီ (Aquarius) သို့ ကူးပြောင်းနေသော ကာလများတွင် Artificial Intelligence (AI) နှင့် စက်ရုပ်နည်းပညာများကို အဆမတန် ကြီးထွားလာစေ ပါသည်။💥📌

💢💯 ဤအချက်များကို အခြေခံ၍ အလုပ်အကိုင် ရှားပါးမှု ပြဿနာများကို အောက်ပါအတိုင်း သုံးသပ်နိုင်ပါသည်-💯📌

၁။ ၄ တန့် အခြေခံ အလုပ်သမားများအပေါ် သက်ရောက်မှု
🧨(၄) တန့် ဘာဝသည် အခြေခံ အလုပ်သမားများနှင့် ရိုးရာလုပ်ငန်းခွင်များကို ကိုယ်စားပြုရာ၊ ပလူတို၏ အရှိန်အဟုန်ပြင်းသော AI နည်းပညာ တိုးတက်မှုကြောင့် လူသားများ ကိုယ်တိုင် လုပ်ဆောင်ရသော အခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းများတွင် စက်ရုပ်များနှင့် AI များက ဝင်ရောက် နေရာယူလာမည် ဖြစ်သည်။ 💯📌

💥ဤနည်းပညာ အသွင်ကူးပြောင်းမှု (Technological Revolution) ကြောင့် အခြေခံ အလုပ်သမားများ အနေဖြင့် ရိုးရာအလုပ်အကိုင်များ ပျောက်ဆုံးခြင်း၊ အလုပ်အကိုင် ရှားပါးမှုနှင့် ကြီးမားသော အလုပ်လက်မဲ့ ပြဿနာများကို မလွဲမသွေ ရင်ဆိုင်လာရမည် ဖြစ်ပါသည်။💯📌

💢၂။ အဆင့်မြင့် ပညာရှင်များအပေါ် သက်ရောက်မှု
ပလူတိုသည် အောက်ခြေအလွှာများကိုသာမက ထိပ်ပိုင်း အုပ်ချုပ်ရေးနှင့် အဆင့်မြင့် ဖွဲ့စည်းပုံများကိုပါ အမြစ်မှစ၍ ကိုင်လှုပ်တတ်သော သဘောရှိပါသည် ။ 💯📌

💢AI နည်းပညာသည် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုသာမက ဉာဏ်ရည်သုံး ခွဲခြမ်းစိတ်ဖြာရသော အဆင့်မြင့် လုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်လာနိုင်ပြီ ဖြစ်သောကြောင့်၊ ယခင်က လုံခြုံသည်ဟု ယူဆခဲ့ရသော အဆင့်မြင့် ပညာရှင်များ (ဥပမာ - စာရင်းအင်း ပညာရှင်များ၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာသူများ၊ ဘဏ္ဍာရေး အကြံပေးများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ) ၏ နေရာများကိုပါ အစားထိုး ဝင်ရောက်လာမည် ဖြစ်သည်။ 💯📌

💢ထို့ကြောင့် အဆင့်မြင့် ပညာရှင် အချို့သည်လည်း နည်းပညာကြောင့် ၎င်းတို့၏ ကျွမ်းကျင်မှုများ လိုအပ်ချက် နည်းပါးသွားကာ အလုပ်အကိုင် ခြိမ်းခြောက်မှုများနှင့် အလုပ်ရှားပါးမှု ပြဿနာများကို ကြီးမားစွာ ကြုံတွေ့ရမည် ဖြစ်ပါသည်။💯📌

💢အချုပ်အားဖြင့်ဆိုသော်၊ (၄) တန့်တွင် ရပ်တည်မည့် ကြာသပတေးဂြိုဟ်က သာမန်ပြည်သူများနှင့် အလုပ်သမားများ၏ ရပ်တည်ရေးကို ကာကွယ်ပေးရန် ကြိုးပမ်းမည် ဖြစ်သော်လည်း၊ ပလူတို၏ AI နည်းပညာ ဖိအားကြောင့် အခြေခံ အလုပ်သမားများမှစ၍ အဆင့်မြင့် ပညာရှင်များအထိ ကမ္ဘာ့အလုပ်အကိုင် ဈေးကွက် (Job Market) တစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲများနှင့် အလုပ်အကိုင် ရှားပါးမှု အကျပ်အတည်းများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သုတေသနပြု တွေ့ရှိရပါသည်။💯📌


🍀ကြာသပတေးမှ စနေနှင့် နက်ပကျွန်းအား (၉) တန့် အထူးအမြင်ဖြင့် မြင်ခြင်း📌💥

🍀ကြာသပတေးဂြိုဟ်သည် ကရကဋ်ရာသီမှနေ၍ မိမိပိုင်ဆိုင်သော မိန်ရာသီတွင် ရပ်တည်နေသည့် စနေ (Saturn) နှင့် နက်ပကျွန်း (Neptune) တို့အား ၎င်း၏ အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးသော (၉) တန့် အထူးအမြင် ဖြင့် လှမ်းမြင်လျက်ရှိသည်။ ၉ တန့် အမြင်သည် ဘာသာတရား၊ ကံတရား၊ ကာကွယ်မှု၊ အသိဉာဏ်ပွင့်လင်းမှုနှင့် ကောင်းချီးမင်္ဂလာတို့ကို သယ်ဆောင်ပေးသည်။💯📌

🍀စနေနှင့် နက်ပကျွန်းတို့သည် မိန်ရာသီ (ရေရာသီ၊ သဘာဝရာသီစက်၏ ၁၂ တန့်) တွင် ပေါင်းဆုံ နေခြင်းသည် ကမ္ဘာကြီး၏ အဟောင်းအမြင်း ဖွဲ့စည်းပုံများ၊ တင်းကျပ်သော စည်းမျဉ်းများ (စနေ) အားလုံး အရည်ပျော်ကျသွားခြင်းနှင့်၊ စိတ်ကူးယဉ်ဆန်သော ယုံကြည်မှုသစ်များ၊ မရေရာသော မျှော်လင့်ချက်များ (နက်ပကျွန်း) မွေးဖွားလာခြင်းကို ပြသသည်။💥📌

❣️ ဤကဲ့သို့ မျက်စိစုံမှိတ် ယုံကြည်မှုများဆီသို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ရှိသော စနေ+နက်ပကျွန်း ပေါင်းစပ်မှုကို ကြာသပတေးဂြိုဟ်က ၎င်း၏ ၉ တန့်အမြင်ဖြင့် ထိန်းကျောင်းပေးလိုက်ခြင်းသည် အလွန်ကံကောင်းသော အချက်ဖြစ်သည်။💯📌

💢ထိုအမြင်ကြောင့် ကမ္ဘာပေါ်တွင် ယုတ္တိကင်းမဲ့သော လှုပ်ရှားမှုများအစား၊ စစ်မှန်သော လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအသစ်များ၊ စာနာထောက်ထားမှု အခြေခံသော ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ နိုးကြားမှုများသည် ယခင်က မရှိခဲ့ဖူးသော အတိုင်းအတာအထိ ကျယ်ပြန့်လာမည်ဖြစ်သည်။💯📌

💢တနင်္လာနှင့် အင်္ဂါတို့၏ ရှုပ်ထွေးသော အမြင်ဆက်သွယ်မှုများ (စန်း၊ အင်္ဂါ၊ ကြာသပတေး သုံးပွင့်ဆိုင်)
ဤအကူးအပြောင်းကာလ၏ အရှုပ်ထွေးဆုံးသော နက္ခတ္တကစားကွက်မှာ ကြာသပတေးဂြိုဟ်၊ တနင်္လာဂြိုဟ် နှင့် အင်္ဂါဂြိုဟ်တို့၏ သုံးပွင့်ဆိုင် အမြင်ဆက်သွယ်မှု ဖြစ်သည်။ ကြာသပတေးဂြိုဟ်သည် ၎င်းရပ်တည်ရာ ကရကဋ်ရာသီ၏ အိမ်ရှင် (ရာသီသခင်) ဖြစ်သော တနင်္လာ (စန်း) ဂြိုဟ်အား (၅) တန့် အထူးအမြင် (ပညာ၊ ဖန်တီးမှု၊ ကုသိုလ်၊ အနာဂတ်အမြင်) ဖြင့် လှမ်းမြင်သည်။💥📌

💥❣️တနင်္လာဂြိုဟ်သည် ဤအချိန်တွင် ဗြိစ္ဆာရာသီတွင် ရပ်တည်နေပြီး နိစ်ဂြိုဟ် (Debilitated) အနေအထားဖြင့် အလွန်အားနည်းနေသည်။ သို့သော် ကြာသပတေး၏ ၅ တန့် အမြင်ကြောင့် တနင်္လာဂြိုဟ်သည် အထိုက် အလျောက် ခွန်အားပြန်လည်ရရှိကာ သက်သာခွင့်ရရှိမည်ဖြစ်သည်။💢📌

🍀သို့သော် တစ်ချိန်တည်းမှာပင်၊ မိဿရာသီရှိ အင်္ဂါဂြိုဟ် (ဗြိစ္ဆာရာသီ၏ သခင်) သည် ထိုတနင်္လာဂြိုဟ်ကို ၎င်း၏ အလွန်ကြမ်းတမ်းသော (၈) တန့် အထူးအမြင် ဖြင့် လှမ်းမြင်နေသည်။ ၈ တန့် အမြင်သည် သေခြင်းတရား၊ လျှို့ဝှက်ချက်၊ ရုတ်တရက် အသွင်ပြောင်းခြင်း၊ စိတ်ဒဏ်ရာနှင့် မြေအောက် လှုပ်ရှားမှုများကို ကိုယ်စားပြုသည်။📌💥

❣️တနင်္လာဂြိုဟ်သည် ပြည်သူလူထု၏ စိတ်ခံစားမှု၊ ငြိမ်းချမ်းရေးနှင့် မိခင်သဘာဝကို ကိုယ်စားပြုရာ၊ ဗြိစ္ဆာရာသီ၏ အဆိပ်အတောက်များကြားတွင် ကြေမွနေသည့်အပြင်၊ အင်္ဂါဂြိုဟ်၏ ၈ တန့် အမြင်ပါ ထပ်မံခံရခြင်းကြောင့်၊ လူထုသည် ရုတ်တရက် အကြောက်တရားများ၊ စိတ်ဒဏ်ရာများ၊ လျှို့ဝှက်သော လုပ်ကြံမှုများနှင့် ဖိနှိပ်ခံရမှုများကို ပြင်းထန်စွာ ရင်ဆိုင်ရမည်ဖြစ်သည်။ ကြာသပတေး၏ ၅ တန့်အမြင်က ကယ်တင်ရန် ကြိုးပမ်းသော်လည်း၊ ဤရှုပ်ထွေးသော အခင်းအကျင်းသည် ပြည်သူလူထုအတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကြီး တစ်ခု ဖြစ်လာမည်ဖြစ်သည်။💥📌

📌💥၁၂ နှစ်တာကာလအတွက် နယ်ပယ်အလိုက် ဝိသေသ အမြင်ဖွင့်ဆိုချက်🍀💯

💢အထက်ဖော်ပြပါ နက္ခတ္တဗေဒင်ဆိုင်ရာ အထောက်အပံ့ အချက်အလက်များနှင့် ဂြိုဟ်တို့၏ တည်နေရာ၊ အပြန်အလှန် အမြင်များကို အခြေခံလျက် လာမည့် ၁၂ နှစ်တာ ကာလအတွင်း ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်လာမည့် အဓိက အပြောင်းအလဲများကို မိုးလေဝသ၊ ဆေးပညာ၊ နည်းပညာ၊ စစ်ရေးနှင့် နိုင်ငံရေး မူဝါဒများဟူ၍ ကဏ္ဍခွဲကာ အောက်ပါအတိုင်း အသေးစိတ် လေ့လာ သုံးသပ် ဖွင့်ဆိုအပ်ပါသည်။💯📌

❣️၁။ နိုင်ငံရေးဆိုင်ရာ အခြေခံမူဝါဒ ပြောင်းလဲမှုများ (Political Policy Shifts)
သဘာဝရာသီစက်၏ ၄ တန့်မြောက်ရာသီဖြစ်သော ကရကဋ်ရာသီသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း "အစပျိုးခြင်းနှင့် အဆုံးသတ်ခြင်း" သဘောတရား နှစ်ရပ်စလုံးကို ကိုင်စွဲထားသည်။📌❣️

🍀 ကြာသပတေးဂြိုဟ် ဤရာသီသို့ ရောက်ရှိလာချိန်တွင်၊ ယခင် ၁၂ နှစ်တာ ကာလ (အထူးသဖြင့် ၂၀၁၄ ခုနှစ် ဝန်းကျင်မှ စတင်ခဲ့သော ကမ္ဘာ့ရေးရာ အခင်းအကျင်းများ) အတွင်း ကျင့်သုံးခဲ့သော နိုင်ငံတကာရေးရာ မူဝါဒ ဟောင်းများ၊ လွတ်လပ်သော ဈေးကွက်စီးပွားရေး မူဝါဒများ (Neoliberalism) နှင့် သမာရိုးကျ အုပ်ချုပ်ရေးယန္တရားများသည် ၎င်းတို့၏ သက်တမ်းကို အပြီးတိုင် အဆုံးသတ်သွားမည်ဖြစ်သည်။

🍀စရရာသီ (Cardinal Sign) ၏ သဘောတရားအရ အပြောင်းအလဲများသည် တဖြည်းဖြည်းချင်း လာမည်မဟုတ်ဘဲ၊ အစိုးရများနှင့် နိုင်ငံရေးသမားများသည် အကျပ်အတည်းများကို စောင့်ကြည့် လေ့လာနေမည့်အစား လက်တွေ့ကျပြီး လျင်မြန်သော ဆုံးဖြတ်ချက်များကို ရုတ်တရက် ချမှတ် လာမည်ဖြစ်သည်။✨📌

🍀🌨️အာပေါရာသီ (Water Sign) ၏ သဘောတရားအရ ထိုချမှတ်လိုက်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများသည် နိုင်ငံ့စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းများ သက်သက်ကို အခြေခံမည်မဟုတ်ဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အမျိုးသားရေး စိတ်ဓာတ်များကို အဓိက အခြေခံလာမည်ဖြစ်သည်။🌨️📌

💢ကမ္ဘာ့နိုင်ငံအသီးသီးသည် "ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု" (Globalization) ဟူသော အယူအဆမှသည် "မိမိနိုင်ငံ၊ မိမိအိမ်တံခါးကို ပိတ်၍ ကာကွယ်ခြင်း" (Protectionism and Nationalism) သို့ အပြည့်အဝ ကူးပြောင်းသွားမည်ဖြစ်သည်။💯📌

🍀ကြာသပတေးဂြိုဟ်၏ ပြန့်ပွားတတ်သော သဘော (Expansion) ကြောင့် ဤအမျိုးသားရေး စိတ်ဓာတ်များနှင့် အကာအကွယ်ပေးရေး မူဝါဒများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကူးစက် ရောဂါတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားမည်ဖြစ်သည်။💥📌

🍀❣️မကာရရာသီရှိ ပလူတိုနှင့် ကြာသပတေးတို့၏ ၇ တန့် အပြန်အလှန် အမြင်ကြောင့်၊ ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား တည်ဆောက်ထားခဲ့သော မဟာမိတ် ဖွဲ့စည်းပုံများ (ဥပမာ - နေတိုးကဲ့သို့သော အဖွဲ့အစည်းများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့များ) သည် လုံးဝ ပြောင်းလဲသွားမည် သို့မဟုတ် ပြိုကွဲ၍ အသစ်ပြန်လည် ဖွဲ့စည်းရမည်ဖြစ်သည်။📌❣️

🍀အခြေခံမူဝါဒ အသစ်များကို အစပြုရာတွင် လူထု၏ စိုးရိမ်ပူပန်မှုများကို အလွန်အကျွံ အသုံးချသော (Populist) ခေါင်းဆောင်များ ပေါ်ထွက်လာမည်ဖြစ်ပြီး၊ ကရကဋ်ရာသီ၏ မိခင်သဘောတရား (Nurturing) အရ အမျိုးသမီးခေါင်းဆောင်များ၊ သို့မဟုတ် စာနာထောက်ထားမှုနှင့် လူမှုဝန်ထမ်း ကိစ္စရပ်များကို ရှေ့တန်းတင်သော အုပ်ချုပ်သူများ၏ နိုင်ငံရေး သြဇာလွှမ်းမိုးမှုသည် အမြင့်မားဆုံးသို့ ရောက်ရှိလာမည်ဖြစ်သည်။💯📌

🍀💢သို့သော် ပလူတို၏ လွှမ်းမိုးမှုကြောင့် ထိုကဲ့သို့သော လူမှုစောင့်ရှောက်ရေး မူဝါဒများ၏ နောက်ကွယ် တွင် တင်းကျပ်သော ဗျူရိုကရေစီ ယန္တရားများနှင့် ပြည်သူကို ဥပဒေဖြင့် စောင့်ကြည့် ထိန်းချုပ်မှုများ လည်း တပြိုင်နက်တည်း ကြီးထွားလာမည်ကို သတိပြုရမည်ဖြစ်သည်။💯📌

💥🍀🌨️၂။ မိုးလေဝသဗေဒင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖွင့်ဆိုချက်များ (Astrometeorology & Natural Disasters)

❣️💢ကြာသပတေးဂြိုဟ်သည် ကြီးမားပြန့်ပွားမှုကို ဖြစ်စေသော ဂြိုဟ်ဖြစ်သည်။ ၎င်းသည် ရေဓာတ်ကို အပြည့်အဝ ကိုယ်စားပြုသော ကရကဋ်ရာသီသို့ ရောက်ရှိချိန်တွင် ကမ္ဘာ့မိုးလေဝသ ယန္တရားများ၊ အထူးသဖြင့် သမုဒ္ဒရာ ရေစီးကြောင်းများအပေါ် ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။💥📌

💥📌အထူးသဖြင့် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) နှင့် အခြားသော မိုးလေဝသ ဌာနများက သတိပေး ထားသော ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း စတင်မည့် "စူပါအယ်နီညို" (Super El Nino) ဖြစ်စဉ်နှင့် ယခု ဂြိုဟ်သွားဂြိုဟ်လာ အခင်းအကျင်းများသည် အံ့မခန်း ကိုက်ညီမှုရှိနေပါသည်။💥🍀

🍀📌နက္ခတ္တဗေဒင်ရှုထောင့်အရ အယ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ ရေပြင်များ ပုံမှန်ထက် ပိုမိုပူနွေးလာသော ဖြစ်စဉ်ဖြစ်သည်။ ကရကဋ် (သမုဒ္ဒရာ/ရေ) ရာသီတွင် ကြာသပတေးဂြိုဟ် ရပ်တည်နေစဉ်၊ မီးဓာတ်အပြည့်အဝရှိသော မိဿရာသီမှ အင်္ဂါဂြိုဟ်က ၎င်းကို ၄ တန့် အမြင်ဖြင့် လှမ်းမြင်နေခြင်းသည် "သမုဒ္ဒရာရေပြင်ကို မီးဖြင့် အောက်မှ အပူပေးနေခြင်း" နှင့် တိုက်ရိုက်တူညီနေသည်။ ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ရေပြင်အပူချိန်များသည် စံချိန်တင် မြင့်တက်လာမည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ ရာသီဥတု ပုံစံများကို ဆိုးရွားစွာ ကမောက်ကမ ဖြစ်စေမည်ဖြစ်သည်။💥🍀🌨️📌

💢ဤကာလအတွင်း ဒေသတစ်ခုနှင့် တစ်ခု အလွန်ကွဲလွဲဆန့်ကျင်သော ရာသီဥတု ဘေးအန္တရာယ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့သော ဒေသများ၊ အထူးသဖြင့် အိန္ဒိယတောင်ပိုင်း၊ တရုတ်နိုင်ငံ၊ သြစတြေးလျနှင့် ဥရောပတိုက် အစိတ်အပိုင်းအချို့တွင် ကြာသပတေးဂြိုဟ်၏ ရေဓာတ် ကြီးထွားမှု ကြောင့် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ဆိုးရွားသော ရေကြီးရေလျှံမှုများနှင့် ဆည်မြောင်းတမံ ကျိုးပေါက်မှုများ ဖြစ်ပေါ်ကာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ကြီးမားစွာ ပျက်စီးဆုံးရှုံးနိုင်သည်။📌💥

💢အခြားတစ်ဖက်တွင် အင်္ဂါဂြိုဟ် (မီး) နှင့် ပလူတို (အပူ၊ ဖျက်ဆီးခြင်း) တို့၏ လွှမ်းမိုးမှု အားကောင်းသော ဒေသများဖြစ်သည့် အရှေ့အလယ်ပိုင်း ဒေသ၊ အာဖရိကတိုက် အချို့နေရာများ၊ သြစတြေးလျ ကုန်းတွင်း ပိုင်းနှင့် ဗဟိုအမေရိက ဒေသများတွင်မူ ဆန့်ကျင်ဘက်အားဖြင့် မိုးခေါင်ရေရှားမှုများ၊ စံချိန်တင် အပူလှိုင်းဖြတ်မှုများနှင့် တောမီးလောင်ကျွမ်းမှုများ စသည့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကို ဆက်တိုက် ရင်ဆိုင်ရမည်ဖြစ်သည်။💥📌

💢ထို့အပြင် တနင်္လာဂြိုဟ်သည် မြေအောက်ကို ကိုယ်စားပြုသော ဗြိစ္ဆာရာသီတွင် အင်္ဂါ၏ ၈ တန့်အမြင် ခံနေရခြင်းကြောင့် ငလျင်လှုပ်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း ကဲ့သို့သော မြေအောက်လှုပ်ရှားမှု ဘေးအန္တရာယ်များသည်လည်း မမျှော်လင့်ဘဲ ရုတ်တရက် ပေါ်ပေါက်လာနိုင်ကြောင်း အထူးသတိပြုရမည်ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု (အထူးသဖြင့် ဆန်၊ ဂျုံ နှင့် နို့ထွက်ပစ္စည်း) များ ထိခိုက်ပြီး ဈေးနှုန်းမတည်ငြိမ်မှုများ ဆက်တိုက် ဖြစ်ပေါ်မည်ဖြစ်သည်။💥🍀

🍀📌၃။ စစ်ရေးဗေဒင်ဆိုင်ရာ ဖွင့်ဆိုချက်များ (Military and Strategic Forecast)
အင်္ဂါဂြိုဟ်သည် မိဿရာသီတွင် မိမိပိုင်အိမ် (Moolatrikona) ၌ ခိုင်မာစွာ ရပ်တည်နေခြင်းသည် စစ်ရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် အင်အားသုံး ဖြေရှင်းလိုသည့် လမ်းကြောင်းသို့ ကမ္ဘာကြီး ဦးတည်သွားနေကြောင်း ပြသနေသည်။ အင်္ဂါဂြိုဟ် ရပ်တည်နေသော "ဘရဏီနက္ခတ်" သည် သောကြာဂြိုဟ်၏ နက္ခတ်ဖြစ်ပြီး၊ သေမင်း (Yama) ၏ အုပ်စိုးမှုအောက်တွင် ရှိသည်။ ထို့ကြောင့် ၎င်းသည် သွေးထွက်သံယိုမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အကြွင်းမဲ့ အာဏာစက်နှင့် အစွန်းရောက်သော တိုက်ခိုက်မှုများကို ကိုယ်စားပြုသည်။💥🍀

🍀📌အင်္ဂါမှ ကရကဋ်ရာသီရှိ ကြာသပတေးကို ၄ တန့် အမြင်ဖြင့် မြင်ခြင်းသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ မြေယာပိုင်ဆိုင်မှုနှင့် ရေပိုင်နက် အငြင်းပွားမှုများအတွက် စစ်ရေးအရ တိုက်ရိုက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာမည်ကို ညွှန်ပြသည်။💯📌

💢၄ တန့်သည် အိမ်နီးချင်းနယ်စပ် သို့မဟုတ် ပိုင်နက်နယ်မြေကို ကိုယ်စားပြုပြီး၊ ကရကဋ်သည် ရေရာသီ ဖြစ်သောကြောင့် လာမည့်ကာလများတွင် ကုန်းတွင်းပိုင်း တိုက်ပွဲများထက် ရေတပ်အင်အား ပြိုင်ဆိုင်မှု များ၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့မှုများ (Naval Blockades)၊ ရေပိုင်နက် အငြင်းပွားမှုများ၊ ကျွန်းစုများ ပိုင်ဆိုင်မှု အငြင်းပွားရာမှ စတင်သော စစ်ရေးပဋိပက္ခများသည် ကမ္ဘာ့အာရုံစိုက်မှု အမြင့်ဆုံးနေရာတွင် ရှိလာမည်ဖြစ်သည်။💯📌

💢ထို့အပြင် စစ်ရေးဗေဒင်တွင် အထူးစောင့်ကြည့်ရမည့် အချက်မှာ ဗြိစ္ဆာရာသီတွင် ရပ်တည်နေသည့် တနင်္လာဂြိုဟ်ကို အင်္ဂါဂြိုဟ်မှ ၈ တန့် အမြင်ဖြင့် လှမ်းမြင်နေခြင်းဖြစ်သည်။ တနင်္လာသည် လူထုကို ကိုယ်စားပြုပြီး၊ ဗြိစ္ဆာသည် လျှို့ဝှက်ချက်၊ မြေအောက်နှ

Address

202 Bay 43rd Street, 2FL
Brooklyn, NY
11214

Alerts

Be the first to know and let us send you an email when StarLight Astrology Research and Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share