Ning Naing Ling

Call Directions Contact the business

Ning Naing Ling ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များအတွက်
မွေးမြူရေးသတင်းအချက်အလက်ပိုင်း၊ နည်းပညာပိုင်း မျှဝေပေးနေပါတယ်။

မွေးမြူရေးလောကမှာလည်း  AI နည်းပညာကြောင့် အပြောင်းအလဲတေစလာပါပြီ။New Zealand အခြေစိုက် Halter ကုမ္ပဏီဟာ “Cowgorithm” လို့ခ...
08/07/2026

မွေးမြူရေးလောကမှာလည်း AI နည်းပညာကြောင့် အပြောင်းအလဲတေစလာပါပြီ။
New Zealand အခြေစိုက် Halter ကုမ္ပဏီဟာ “Cowgorithm” လို့ခေါ်တဲ့ နွားတွေအတွက်သီးသန့်ထုတ်ထားတဲ့ AI နည်းပညာကြောင့် ဒေါ်လာ ၂ ဘီလီယံတန် ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။
အဓိကတော့ နွားလည်ပင်းမှာ smart collar ပတ်ထားပြီး ဖုန်း app ကနေ နွားအုပ်ကို စောင့်ကြည့်နိုင်မယ်။ virtual fencing နဲ့ ထိန်းချုပ်နိုင်မယ်။ ခြံစည်းရိုးခတ်ခ သက်သာရုံတင်မက စားကျက်ကို အပိုင်းလိုက် ခွဲခြားအသံုးပြုလာနိုင်မယ်။ နွားတစ်ကောင်ချင်းစီရဲ့ အပြုအမူနဲ့ ကျန်းမာရေးအခြေအနေကိုလည်း data နဲ့ စောင့်ကြည့်နိုင်မယ်။
အမေရိကမှာ ဒီနည်းပညာနဲ့ virtual fencing မိုင်ပေါင်း ၆၀,၀၀၀ ကျော် အသုံးပြုနေပြီလို့ ဆိုပါတယ်။ အနည်းဆုံးတော့ မွေးမြူရေးလုပ်ငန်းမှာ လူအင်အားအများကြီး မလိုတော့ဘူးပေါ့။
Source: https://www.inc.com/.../this-startup-just-raised.../91321971
#နွားမွေးမြူရေး

နွေရာသီရောက်တိုင်း မျိုးဝက်မများ သားအောင်နှုန်းကျဆင်းတာ ဘာကြောင့်လဲ?မိမိခြံမှာ နွေရာသီရောက်တိုင်း မျိုးဝက်မများ ကိုယ်ဝန်...
08/05/2026

နွေရာသီရောက်တိုင်း မျိုးဝက်မများ သားအောင်နှုန်းကျဆင်းတာ ဘာကြောင့်လဲ?

မိမိခြံမှာ နွေရာသီရောက်တိုင်း မျိုးဝက်မများ ကိုယ်ဝန်မရခြင်း၊ သားပြန်တောင်းခြင်း (Return to Heat) တွေ ပုံမှန်ထက်များနေတာကို သတိထားမိဖူးပါသလား? ဒါဟာ မွေးမြူရေးလုပ်ငန်းရှင်အများစု နွေရာသီတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ရာသီအလိုက် မျိုးအောင်နှုန်းကျဆင်းခြင်း ပဲဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အကြောင်းရင်းနှင့် ကာကွယ်နည်းများကို ပြည်တွင်းဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် မျှဝေပေးချင်ပါတယ်။

ပတ်ဝန်းကျင် အပူချိန် လွန်ကဲခြင်းကြောင့် အပူဒဏ်( heat stress) ခံစားရခြင်း

ရာသီအလိုက် မျိုးအောင်နှုန်းကျဆင်းစေတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ပတ်ဝန်းကျင်ရဲ့ အပူချိန် မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ နွေရာသီအပူချိန်မြင့်လာတဲ့အခါ မျိုးဝက်မတွေဟာ အပူဒဏ်ကိုခံစားရပြီး အစာစားနှုန်းကျဆင်းခြင်း၊ ကိုယ်တွင်းဟော်မုန်းပြောင်းလဲခြင်းတို့ကြောင့် သားအောင်ခြင်း လျော့နည်းတတ်ပါတယ်။ဝက်ခြံအတွင်း အပူချိန်မြင့်တက်နေရင် မျိုးဝက်မများ (၂၁) ရက်အတွင်း အပူပြန်လာခြင်း (21-day Returns to Heat) ကို ပုံမှန်ထက် ပိုမိုတွေ့ရတတ်ပြီး ကိုယ်ဝန်ရရှိနှုန်းလည်း ကျဆင်းသွားနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့ နည်းလမ်းများ

• ဝက်ခြံအတွင်း လေဝင်လေထွက် ကောင်းမွန်အောင် စီစဉ်ပေးခြင်း

• ပန်ကာ၊ Cooling Pad၊ Drip Cooler များအသုံးပြုပြီး အပူချိန်ကိုလျှော့ချပေးခြင်း

• သန်းရှင်းလတ်ဆတ်တဲ့ သောက်ရေကို ၂၄ နာရီ အချိန်ပြည့်ရရှိအောင် လုပ်ဆောင်ပေးခြင်း

• (၅၀) ရက်မှ (၆၀) ရက်အတွင်း ဒုတိယအကြိမ် ကိုယ်ဝန်စစ်ဆေးမှု (Second Pregnancy Check) ကို နောက်တစ်ကြိမ်လုပ်ဆောင်ခြင်း

• မျိးဝက်မများ သားတောင်းမတောင်း စစ်ဆေးခြင်း (Heat Checking) ကို ပုံမှန်ထက် ပိုမိုဂရုစိုက်ပေးခြင်း

ဒါ့ကြောင့် နွေရာသီမှာ မျိုးဝက်မတွေ မျိုးပွားနှုန်းကျဆင်းတာဟာ ပုံမှန်တွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် အပူချိန်စီမံခန့်ခွဲမှု၊ ကိုယ်ဝန်စစ်ဆေးမှုနဲ့ ခြံစီမံခန့်ခွဲမှုကောင်းမွန်ရင် ဆုံးရှုံးမှုကို သိသိသာသာလျှော့ချနိုင်ပါတယ်။

#ဝက်မွေးမြးရေး #မျိုးဝက်မ #သားအောင်နှုန်း #အပူဒဏ်

မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး လေ့လာရန် အကောင်းဆုံး Website များပုံမှန်အားဖြင့် ပြည်တွင်းမှာ မွေးမြူရေးနှင့်ပတ်သက်တဲ...
06/25/2024

မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး လေ့လာရန် အကောင်းဆုံး Website များ

ပုံမှန်အားဖြင့် ပြည်တွင်းမှာ မွေးမြူရေးနှင့်ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ရှာဖတ်ဖို့ ရှားတဲ့အတွက် နောက်ဆုံးရမွေးမြူရေး သတင်း ဖတ်ချင်သူတွေအတွက် အကောင်းဆုံး Website တွေကို မျှဝေပေးလိုက်ပါတယ်။ မွေးမြူရေးလုပ်ငန်းထဲစတင်ဝင်ရောက်တုန်းက မွေးမြူရေးနှင့် ပတ်သက်တဲ့ content တွေ ရေးတဲ့အခါ၊ မွေးမြူသူတွေနဲ့ဆွေးနွေးတဲ့အခါ အထောက်အကူဖြစ်ပါတယ်။

ကြက်မွေးမြူရေးနှင့် ပတ်သက်ပြီး စိတ်ဝင်စားသူတွေအတွက်
Poultry World - https://www.poultryworld.net/
The Poultry Site - https://www.thepoultrysite.com/

ဝက်မွေးမြူရေးလုပ်ငန်းစိတ်ဝင်စားသူတွေအတွက်
Pig Progress - https://www.pigprogress.net/
The Pig Site - https://www.thepigsite.com/

တိရစ္ဆာန်အစာနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူတွေအတွက်
All About Feed - https://www.allaboutfeed.net/

နွားမွေးမြူရေးကို စိတ်ဝင်စားသူတွေအတွက်
The Cattle Site - https://www.thecattlesite.com/

နို့စားနွားမွေးမြူရေးကို စိတ်ဝင်စားသူတွေအတွက်
Dairy Global - https://www.dairyglobal.net/
The Dairy Site - https://www.thedairysite.com/

နည်းပညာအကူအညီကြောင့် ပြောင်းလဲတိုးတက်လာတဲ့ မွေးမြူရေးသတင်းဆောင်းပါးကို စိတ်ဝင်စားတဲ့သူအတွက်
Future Farming - https://www.futurefarming.com/

အခြားမွေးမြူရေးနှင့်ပတ်သက်တဲ့ Websites များ
Feed Strategy - https://www.feedstrategy.com/
WattPoultry - https://www.wattagnet.com/
USDA - https://www.usda.gov/topics/animals/animal-production

မွေးမြူရေးနှင့် ပတ်သက်ပြီး ပြောင်းလဲတိုးတက်နေတဲ့သတင်း၊ နောက်ဆုံးရမွေးမြူရေးသတင်းကို လေ့လာဖတ်ရှုလိုသူတွေအတွက် ဝေမျှပေးခြင်း ဖြစ်ပါတယ်။

ယခုလက်ရှိ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းဟာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရသလဲ? ပြည်တွင်း...
12/11/2021

ယခုလက်ရှိ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းဟာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရသလဲ?

ပြည်တွင်း မငြိမ်သက်မှု/ မတည်ငြိမ်မှုတေွဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် အဘက်ဘက်မှ စိန်ခေါ်မှုတွေရှိစေပါတယ်။
ဥပမာအနေနဲ့ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်
• သွင်းကုန်/ပို့ကုန်လုပ်ငန်းများ နှောင့်နှေးခြင်း
• ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း
• ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်ခြင်းနှင့်
• ငွေကျပ်တန်ဖိုးများကျဆင်းခြင်း
• တိရစ္ဆာန်အစာဈေးနှုန်းမြင့်တက်ခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။

ဒါ့ကြောင့် နောက်ဆက်တွဲ အနေနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းလည်း မြင့်တက်လာရပါတယ်။ ယခုလို မတည်ငြိမ်တဲ့ အခြေအနေမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု၊ ငွေကျပ်တန်ဖိုးကျဆင်းမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုများဟာ ပြည်တွင်းမှာ အလွန်စိုးရိမ်စရာ အခြေအနေသို့ ကြီးထွားလာစေပါတယ်။

09/17/2020

မြန်မာနိုင်ငံအတွင်း တစ်ပိုင်တစ်နိုင်ကြက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ?

ယခုလက်ရှိအနေအထားမှာတော့ တစ်ပိုင်တစ်နိုင်ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် ဈေးကွက်မတည်ငြိမ်မှုကို အဓိကရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအတွင်း တစ်ပိုင်တစ်နိုင်မွေးမြူလုပ်ငန်းရှင်တွေအနေဖြင့် အောက်ပါအချက်တွေဟာ အဓိက စိန်ခေါ်မှုအဖြင့် ရင်ဆိုင်နေရတယ်လို့မြင်ပါတယ်။
(၁) လယ်ယာမြေသုံးစွဲခွင့်
(၂) မွေးမြူရေးကဏ္ဍမှာ ပြည်ပမှရင်းနှီးမြှပ်နှံသူများ၏ ဈေးကွက်ကိုချုပ်ကိုင်မှု
(၃) အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် အေးခဲကြက်သားများဝင်ရောက်လာမှု
(၄) ဈေးကွက် မတည်ငြိမ်မှု

မြန်မာနိုင်ငံ၏ မွေးမြူရေးတိရစ္ဆာန် သန်ခေါင်စာရင်းအသားတိုးကြက်၊ ဥစားကြက်နှင့် တိုင်းရင်းကြက်                             ...
08/24/2020

မြန်မာနိုင်ငံ၏ မွေးမြူရေးတိရစ္ဆာန် သန်ခေါင်စာရင်း

အသားတိုးကြက်၊ ဥစားကြက်နှင့်
တိုင်းရင်းကြက် : ၃၈၈သန်း
ခိုင်းနွား : ၉.၅သန်း
နို့စားနွား : ၀.၁၁သန်း
ကျွဲ : ၁.၈သန်း
သိုး၊ ဆိတ် : ၂.၁သန်း
ဝက် : ၅.၄သန်း

*မှတ်ချက်။ ။ COVID-19 ကာလအတွင်း သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဖေ့စ်ဘုတ်အကောင့်မှ တိုက်ရိုက်ထုတ်လုပ်မှုကို ပြန်လည်ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။

Address

Southport
Indianapolis, IN
46227

Telephone

+959966981871

Website

Alerts

Be the first to know and let us send you an email when Ning Naing Ling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ning Naing Ling:

Shortcuts

Share